ဖြစ်စဉ်အကျဉ်း
၁။ စွတ်သန်း(ခ) အောင်မျိုးနိုင် (၃၃)နှစ်   -------------           မဝင်းဝင်းသန်းအားလိမ်လည်လှည့်ဖြားခေါ်ဆောင်ပြီး အဓမ္မပြုကျင့်သူ
(မွတ်ဆလင်လူမျိုး)၂၀၀၅ ခုနှစ်တွင် လူသတ်မှုဖြင့် ထောင်(၁၀)နှစ်ကျခဲ့ဘူးသည်။
သမ္မတ၏ လွတ်ငြိမ်းချမ်သာခွင့်အရ( ၁၀)လပိုင်း၂၀၁၁ ခုနှစ်၊ 
ထောင်မှလွတ်လာခဲ့သည်။
၂။ မဝင်းဝင်းသန်း(၂၂)နှစ်၊                  --------------          အဓမ္မပြုကျင့်ခံရသူ ၊ မြန်မာ၊ ဗုဒ္ဓဘာသာ၊ ဘွဲ့ရ ဗိုလ်တစ်ထောင်မြို့နယ်၊၊ City Mart  ဝန်ထမ်းဖြစ်သည်။
၃။ မောင်ဘုန်းထက်ကောင်း၊ (၂၁)နှစ်မဝင်းဝင်းသန်း၏ ချစ်သူ မြန်မာ၊ဗုဒ္ဓဘာသာ(တ)နှစ်(စိတ်ပညာ)
အဓိကဘွဲရ။
၎။ ရဲစခန်းတွင်တိုင်ကြားရက်= ၂-၁၂-၂၀၁၁၊(ပ)၁၇၆/၁၁ ဗိုလ်တစ်ထောင်မြို့နယ်၊ ရဲစခန်း၊ပုဒ်မ-၃၆၆
(က) (၃၀-၁၁-၂၀၁၁)နေ့တွင် တရားခံစွတ်သန်းသည် မဝင်းဝင်းသန်းအား သူမ၏ 
ချစ်သူ မောင်ဘုန်းထက်ကောင်းတို့ တွဲသွားတွဲလာသည်ကို 
မိဘနှင့်အကိုများသိရှိသွား၍ ဒေါသူပုန်ထနေ၍ သူမ၏ 
ချစ်သူနှင့်ခိုးပြေးနိုင်ရန် စီစဉ်ပေးမည်ဟု လိမ်ညာ ပြောဆိုပြီး 
မဝင်းဝင်းသန်းအား City Mart အတွင်း တာဝန်ထမ်းဆောင်နေစဉ် 
ခေါ်ထုတ်သွားပြီးနောက် အအေးတိုက်ကာ သန်လျင်မြို့သို့ လိမ်လည်ခေါ်ဆောင်ပြီး 
အဓမ္မပြုကျင့်သည့်အပြင် ခြိမ်းခြောက်၍ လက်မှတ်ထိုးခိုင်းပြီး အစ္စလမ်ဘာသာသို့
 သွတ်သွင်းခဲ့ပါသည်။
(ခ) တရာခံ စွတ်သန်း မှ မဝင်းဝင်းသန်းအား ခြိမ်းခြောက်ပြောဆိုချက်များမှာ
 နင်မိဘတွေဆီပြန်ပြီး ငါ့ကိုတိုင်မယ် နင့်ရည်းစားနဲ့လက်ထပ်မယ်ဆိုရင် 
ငါထောင်ကျလဲ ငါ့သူငယ်ချင်း ထောင်ထွက်လူမိုက်တွေနဲ့ နင့်အိမ်ကိုဝိုင်းပြီး 
နင့်အဖေနဲ့ နင့်အကို တို့ကို သတ်ခိုင်းမယ်။ အကယ်၍  ငါထောင်ကထွက်လာရင်လည်း 
နင်နဲ့ နင့်ချစ်သူကို အရှင်မထားဘူး ။လူတွေအရှေ့မှာ လက်မှတ်ထိုးရင် 
သဘောတူတယ်လို့ ပြောရမယ်ဟုဆိုကာ နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ခဲ့ပါသည်။
(ဂ) ထိုသို့ ခြိမ်းခြောက်ပြီးနောက် ၂၀၁၁၊ ဒီဇင်ဘာလ (၁)ရက်နေ့တွင် 
ရပ်ကွက်အုပ်ချုပ်ရေးမူးရုံး၊(သန်လျင်မြို့နယ်၊အုတ်ဖိုစုရပ်ကွက်) တွင် 
လက်ထပ်စာချုပ်တွင် လက်မှတ်ရေးထိုးပေးခဲ့ရပါသည်။တရားခံ စွတ်သန်း(ခ) 
အောင်မျိုးနိုင်သည် မှတ်ပုံတင်မရှိသည့်အပြင် ၊ဗုဒ္ဓဘာသာ ဗမာလူမျိုးဟု 
ယုံကြည်ရန် လုံးဝမရှိပါဘဲလျက် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ အထောက်အထားမဲ့ 
အသိသက်သေထိုးပေးခဲ့ပါသည်။တရားခံ စွတ်သန်း(ခ)အောင်မျိုးနိုင် မှ သူသည် 
ဗမာလူမျိုးဖြစ်ပြီး ၊ဗုဒ္ဓဘာသာဝင် ဖြစ်သည်ဟု ဗြောင်လိမ်ညာ 
ထွက်ဆိုသည့်အတိုင်း  ရက်ကွက်အုပ်ချုပ်ရေးမှူး အောင်မိုးကျော် အပါအဝင် ၎င်း 
ရပ်ကွက်နေ ဦးမြင့်ဦး နှင့် ဦးနေလင်းအောင် တို့မှ 
သက်သေလက်မှတ်ရေးထိုးခဲ့ပါသည်။
(ဃ) ၂၀၁၁၊ ဒီဇင်ဘာလ (၅)ရက်နေ့တွင်လည်း ထပ်မံ၍ 
အစ္စလမ်ဓလေ့ထုံးစံအတိုင်း၊နေကာဖတ်ခြင်း၌လည်း 
လက်မှတ်ရေးထိုးပေးခဲ့ရပါသည်။မဝင်းဝင်းသန်း၏ မိဘများအား 
တစ်စုံတရာအသိပေးအကြောင်းကြားခြင်းမရှိသည့်အပြင် မဝင်းဝင်းသန်း၏  
ခွင့်ပြုချက်မပါဘဲ  သူမ၏ အမည်တွင် မွတ်ဆလင်အမည် 
(စမူရာသီ)ထည့်သွင်းရေးသားထားပါသည်။
 ထိုသို့ လက်မှတ်ရေးထိုးခဲ့ရစဉ်အချိန်က 
မူဆလင်ရပ်ကွက်အတွင်းရှိ အိမ်တစ်အိမ်တွင် မူဆလင်ဘာသာဝင် မော်လဝီဆရာ၊ 
မူဆလင်အသိုင်းအဝိုင်းမှ စွတ်သန်း၏ ဆွေမျိုးများသာရှိနေခဲ့ပါသည်။
 မဝင်းဝင်းသန်းဘက်မှ အသိအကျွမ်း၊ ဆွေမျိုးတစ်ဦးမှ မရှိခဲ့ပါ ။ သတို့သမီး၏
 အုပ်ထိန်းသူ ကိုယ်စားလှယ်နေရာတွင် ၎င်းတို့ဘက်မှ ဆွေမျိုးများသာ 
သက်သေထိုးထားပါသည်။ မဝင်းဝင်းသန်းသည် ဗုဒ္ဓဘာသာဝင်၊ 
မြန်မာအမျိုးသမီးဖြစ်ကြောင်း သိရှိပါလျက် ဗုဒ္ဓဘာသာဝင် အဖြစ်အား 
မစွန့်လွတ်ခဲ့ပါလျက် မော်လဝီဆရာ ကိုယ်တိုင်'' 
နေကာ''ဖတ်ခြင်း၊အစ္စလမ်ဘာသာဝင်ကဲ့သို့ လက်ထပ်မှတ်တမ်းပြုခြင်း ခံခဲ့ရပါသည်။
(င)  စွတ်သန်း အပြင်သို့သွားစဉ် မဝင်းဝင်းသန်းသည် လမ်းထိပ်ရှိ  
ဈေးဆိုင်သို့အပြေးသွားရောက်ကာ  မိဘနှင့် အကိုထံ ဖုန်းဆက်၍ အမြန်လာကယ်ရန် 
ပြောကြားခဲ့ပါသည် ။ မိဘ နှစ်ပါးမှ ဗိုလ်တစ်ထောင် ရဲစခန်းသို့ 
အကြောင်းကြားခါ ၊ ၁၈-၁၂-၂၀၁၁  ရက်နေ့ ညနေပိုင်းတွင် 
ပြန်လည်လွတ်မြောက်လာခဲ့ပါသည် ။ စွတ်သန်းအား ယင်းနေ့ညနေပိုင်းတွင် 
ဖမ်းဆီးခေါ်ဆောင်ပြီး ဗိုလ်တစ်ထောင်ရဲစခန်းတွင် တရားစွဲဆိုထားပါသည်။