| တရုတ်နိုင်ငံတွင် နှစ်အနည်းငယ်အတွင်း တံတား ၁၅ စင်း ပြိုကျခဲ့ | 
| Written by မောင်သြ | 
 သြဂတ်စ် ၂၄ ရက်က ပြိုကျသွားသည့် Yangmingtan တံတား
တရုတ်နိုင်ငံတွင်
 လွန်ခဲ့သည့် ၂၀၀၇ ခုနှစ်မှစ၍ ယခု ၂၀၁၂ ခုအထိ တံတားပေါင်း ၁၅ စင်း 
ပြိုကျခဲ့ပြီးဖြစ်ပြီး၊ ယခုနှစ် တစ်နှစ် တည်းတွင်ပင် တံတား ၈ စင်း 
ပြိုကျခဲ့ကြောင်း သိရှိရသည်။ လတ်တလော ပြိုကျခဲ့သည့် တံတားမှာ 
သက်တမ်းအားဖြင့် တစ်နှစ် သာ ရှိသေးသော်လည်း ပြီးခဲ့သည့် သြဂတ်စ်လ ၂၄ ရက် 
(၂၀၁၂) က ထိုပြိုကျမှုကြောင့် လူ ၃ ဦးသေဆုံးကာ၊ ၅ ဦး ဒဏ်ရာရ ရှိခဲ့သည်။ 
အဆိုပါ ပြိုကျခဲ့သည့် တံ တား ၁၅ စင်းထဲတွင် ၃ စင်းသာ ၁၅ နှစ်အထက် 
သက်တမ်းရှိပြီး ကျန် ၁၂ စင်းမှာ လတ် တလောနှစ်များအတွင်း တည်ဆောက်ခဲ့သော 
တံတားများဖြစ်သဖြင့် သက်တမ်းအားဖြင့် နုနယ်သေးသော တံတားများသာ ဖြစ် ကြသည်။ 
Chinese
 Business Daily သတင်းဌာန၏ အဆိုအရ ထိုပြိုကျခဲ့သည့် တံတား၏ ကွန်ကရစ်ထဲတွင် 
တုတ်ချောင်း များနှင့် ကျောက်စရစ်ခဲများကို တွေ့ရှိခဲ့ရပြီး၊ 
တံတားမျက်နှာပြင်တွင် အသုံးပြုထားသည့် သံဝါယာကြိုးများသည်လည်း ကောင်း 
မွန်စွာ ချည်တုတ်ထားခြင်း မရှိ ဟုဆို သည်။ တရုတ်အာဏာပိုင် 
ကျွမ်းကျင်သူများကမူ တံတားနှင့် ပတ်သက်သည့် ဒီဇိုင်း ပိုင်းနှင့် 
ဆောက်လုပ်ရေး လုပ်ငန်းပိုင်းများတွင် ပြစ်ချက် တစ်စုံတစ်ရာ မရှိဘဲ၊ 
တံတားပေါ်တွင် ဖြတ်သန်းသွားလာသည့် သတ် မှတ်တန်ချိန်ထက်ပို၍ သယ်ဆောင်လာသော 
တန်ပို ထရပ်ကား ၄ စင်းကြောင့်ဟု ဆိုသည်။ အလားတူ ကျန်တံတား ၁၄ စင်း လုံး 
ပြိုကျခဲ့ရသည့် အဓိကအကြောင်းအချက်မှာ တန်ပို ထရပ်ကားများကြောင့် 
ပင်ဖြစ်ကြောင်း တုံ့ပြန်ပြောဆိုထားသည်။ တရုတ်ပြည်သူများက "အမယ်မင်း... ယွမ်
 ၁.၈ ဘီလီယျံ ကုန်ကျတဲ့ ဒီတံတားကြီး  ထရပ်ကား ၄ စင်းနဲ့ကျမှ 
ပြိုကျရတယ်လို့" ဟု ရွှတ်နောက်နောက် ပြောဆိုနေကြသည်။ 
တရုတ်-ဥရောပ
 အပြည်ပြည်ဆိုင်ရာ စီးပွားရေး တက္ကသိုလ်၏ ပါမောက္ခဖြစ်သူ Xu Xiaonian က 
"အကျင့်ပျက်ခြစားမှုတွေ ဟာ ယခုခေတ်တရုတ်ပြည်ရဲ့ ရင်းနှီးမြှုပ်နှံမှုပုံစံမှာ
 အခြေခံအုတ်မြစ် ဖြစ်လာနေတာကို ဒီပြိုကျသွားတဲ့တံတားက လက်တွေ့ပြနေ ပါတယ်။" 
ဟု ဆိုထား ပြီး၊ တရုတ်စီးပွားရေး မဂ္ဂဇင်း၏ အကြီးတန်း ဘောဂဗေဒ ပညာရှင် Li 
Xinyue က "အခုနောက်ဆုံး ပြိုကျတဲ့ တံတား ၁၂ စင်းလုံးရဲ့ တရား ခံအဖြစ် 
တန်ပို ထရပ်ကားတွေကို အပြစ်ဖို့တယ်။ ဘယ်တာဝန်ရှိသူကိုမျှ အရေးမယူ သလို၊ 
ဘယ်သူတစ်ဦး တစ်ယောက်ကမျှ ဒီပေါ့ဆမှုအ တွက် ပြစ်ဒဏ်မခံရပါဘူး။ 
တရုတ်အစိုးရထဲမှာ အထက်လူကြီးဖြစ်ရတာ တကယ့်ကို ကံကောင်းတဲ့ အရာပါ" ဟု 
တရုတ်အာဏာပိုင်များ၏ အကျင့်ပျက်ခြစားမှုကြောင့် ဖြစ်ရကြောင်း 
အစီရင်ခံစာတစ်ခု တွင် သုံးသပ်ထားသည်။ 
--- 
Ref: The Epoch Times 
 | 

No comments:
Post a Comment