Tuesday, October 9, 2012

ယနေ့လေဖိအားနည်းရပ်ဝန်းဆက်လက်တည်ရှိနေ။

အောက်တိုဘာလ (၈)ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂၃၀ နာရီတွင် ရရှိသည့် NRL data များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်လျှက်ရှိသည့်
လေဖိအားနည်းဆဲလ် 93B သည် ဆက်လက်တည်ရှိနေပြီး အိန္ဒိယနိုင်ငံ သြရိသပြည်နယ်၊ Bhubanesawar မြို့ အရှေ့တောင်ဘက် ၁၄၅ မိုင်ခန့်၊
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အရှေ့-အရှေ့မြောက်ဘက် မိုင် ၃၈၀ ခန့် ပင်လယ်ပြင်တွင် ဗဟိုပြုနေပြီး လွန်ခဲ့သည့် ၆ နာရီအတွင်းက
အိန္ဒိယနိုင်ငံ အရှေ့ဘက် ကမ်းခြေနှင့် အပြိုင် အနောက်တောင်ဘက်သို့ တစ်နာရီလျှင် ၇ မိုင်နှုန်း ခန့်ဖြင့် ရွေ့လျားခဲ့ပါသည်
 
လေဖိအားနည်းဆဲလ် 93B ဆက်လက်တည်ရှိမှုနှင့် ရွေ့လျားမှု အခြေအပြေပုံ(အပေါ်) အောက်တိုဘာလ ၈ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၄၀၀ နာရီတွင် တွေ့မြင်ရသည့် လေဖိအားနည်းဆဲလ် ဖြစ်ပေါ်ရာဒေသတွင် တိမ်တိုက် စုဖွဲ့ ဖြစ်ပေါ်နေမှု အခြေအနေပြပုံ(အောက်)
မြန်မာနိုင်ငံတောင်ပိုင်း ဧရာဝတီတိုင်းဒေသကြီးနှင့် ကပ္ပလီ ပင်လယ်ပြင် မြောက်ပိုင်းတွင် ဖြစ်ပေါ်လျှက်ရှိသည့် တိမ်တိုက် အခြေအနေကို တွေ့မြင်နိုင်ပါသည်။




No comments: