Friday, October 12, 2012

မန္တလေးမြို့မှ သံဃာတော်များ














မြန်မာနိုင်ငံတွင် OIC (အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ) ရုံးခန်းလာရောက်ဖွင့်လှစ်မည်ကို လက်မခံနိုင်ကြောင်း မန္တလေးမြို့မှ သံဃာတော်များက အောက်တိုဘာလ ၁၂ ရက်နေ့မွန်းလွဲတစ်နာရီဝန်းကျင်ခန့်က စီတန်း လှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ဆန္ဒဖော်ထုတ်ရာတွင် ထောင်ဂဏန်းရှိသော သံဃာတော်များသည် ချမ်းမြသာစည်မြို့နယ် ဦးပွားဆုတောင်းပြည့်ဘုရားကြီးဝင်းအတွင်းမှစတင်၍ စီတန်းထွက်ခွာခဲ့ပြီး စစ်ကိုင်း-မန္တလေးလမ်းခွဲမှတစ်ဆင့် စစ်ကိုင်း-မန္တလေးလမ်း၊ ၈၄ လမ်း၊ ၄၂ လမ်း၊ ၇၈ လမ်း၊ ရန်ကုန်-မန္တလေးလမ်းမှ ဦးပွားဘုရားဝင်းအတွင်းသို့ ပြန်လည်ဝင်ရောက်ကာ ညနေသုံးနာရီခွဲအချိန်တွင် လေးပြင်လေးရပ်ရှိ မိမိတို့၏ကျောင်းတိုက် များအသီးသီးသို့ ပြန်ကြွခဲ့ကြောင်း သိရှိရသည်။

No comments: