တောင်ကိုရီးယားနိုင်ငံ၌ ဆောက်လုပ်ဆဲ တံတားတစ်စင်းပြိုကျ နှစ်ဦးသေဆုံး ၁၂ ဦးဒဏ်ရာရ
ဆိုးလ် စက်တင်ဘာ ၂၃
တောင်ကိုရီးယား နိုင်ငံ ပါဂျူမြို့ မြောက်ပိုင်း၌ စက်တင်ဘာ ၂၂  ရက်က
 ဆောက်လုပ်ဆဲ တံတားတစ်စင်း ပြိုကျခဲ့ရာ အလုပ်သမား နှစ်ဦး သေဆုံး၍ အခြား ၁၂
 ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံ မီဒီယာ များ၏ ထုတ်ပြန် ကြေညာချက် အရ 
သိရသည်။
ဖြစ်ပွားပုံမှာ
 အရှည် ၅၃၉ မီတာ ရှည်လျားသည့် အမ်ဂျင်မြစ်ကူး တံတား၏ အရှည်၅၅ မီတာရှိ တံတား
 အစိတ်အပိုင်း တစ်ခုကို အလုပ်သမား များက ဆောက်လုပ်နေစဉ်  ပြိုကျခဲ့ခြင်း ဖြစ်ပြီး အလုပ်သမား များသည် အောက်ဘက်ရှိ ကျောက်ဆစ်မြေနှင့် ရွှံ့မြေပေါ်သို့ ပြုတ်ကျခဲ့ကြောင်း သိရသည်။
ဒဏ်ရာရရှိ
 သူများအနက် အချို့မှာ စိုးရိမ်ရသည့် အနေအထားတွင် ရှိကြောင်းနှင့် အဆိုပါ 
တံတား ပြိုကျ ရခြင်း နှင့် စပ်လျဉ်း၍ ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးလျက် 
ရှိကြောင်း သိရသည်။  
No comments:
Post a Comment