အီဂျစ်နိုင်ငံက
 ပိရမစ်ကြီးတွေဟာ ထူးဆန်းအံ့သြဖို့ကောင်းတဲ့ ရှေးခေတ်အဆောက်အဦး တွေပေါ့..။
 ပိရမစ်ကြီးတွေ နဲ့ ပတ်သက်ပြီး အမြဲလိုပညာရှင်တွေအငြင်းပွားနေရပါတယ်..။ 
အထူးသဖြင့် မြေကြီးရဲ့ အပေါ်ပိုင်းကို အရင်တည်ဆောက်ပြီးမှ အောက်ခြေ under 
ground ကိုတည်ဆောက်တယ်..။ တချို့ကလည်း အောက်ခြေကိုတည်ဆောက်ပြီးမှ 
အပေါ်ပိုင်းကို တည်ဆောက်တယ်..။ တန်ချိန် နှစ်ရာဝန်းကျင်လေးတဲ့ 
ကျောက်တုံးတွေကို ပေ 400 ရောက်အောင် ၀န်ချီစက် အကူအညီမပါပဲ.. 
တင်ဖို့ဆိုတာမဖြစ်နိုင်ဘူး..။ နောက်ပြီး အဆောက်အဦးထဲက အလင်းဝင်ဖို့ 
ပြုလုပ်ထားခဲ့တဲ့ အပေါက်တွေဟာ ဂြိုလ်တွေနဲ့ ဆက်စပ်မှုရှိတယ်..။ ဒါကြောင့် 
လူသားတွေတည်ဆောက်ခဲ့တာမဖြစ်နိုင်ဘူး..။ တခြားဂြိုလ်က ဂြိုလ်သားတွေလာပြီး 
တည်ဆောက် ခဲ့တာ...စသဖြင့်အမျိုးမျိုးပြောဆိုနေကြဆဲပါ...။
အခုလဲ
 အင်္ဂါဂြိုလ်ပေါ်က ကမ်းပါးတစ်ခုမှာ အီဂျစ်ပိရမစ်ကြီးတွေမှာသာတွေ့ရတဲ့ 
ရုပ်တုကဲ့သို့ ပုံသဏ္ဍန်ကိုတွေ့ခဲ့ရတယ်လို့ အထောက်အထားတွေ နဲ့ 
ငြင်းခုံနေကြပြန်ပြီ...လေ..။ ဟုတ်တယ်.. 
မဟုတ်ဘူး..ဖြစ်နိုင်တယ်..မဖြစ်နိုင်ဘူး..ဆိုတာတောစာရေးသူတို့လဲ လက်လှမ်း 
မီနိုင်တာ မဟုတ်တော့ စိတ်ဝင်စားစရာ အဖြစ်နဲ့သာ သိထားကြတာပေါ့...။ 
အင်္ဂါဂြိုလ်ကပေးပို့လိုက်တဲ့ မူရင်းဓါတ်ပုံပါ http://pancam.astro.cornell.edu/pancam_instrument/images/Sol1167B_P2419_L257atc.jpg ..ဒါကတော့ ရိုက်တဲ့အချိန် နဲ့ နေရာကိုလိုက်ပြီး အဖြစ်နိုင်ဆုံးသော ပုံဖြစ်အောင် ကာလာပြန်ထည့် ထားတာပါ.. http://pancam.astro.cornell.edu/pancam_instrument/images/Sol1167B_P2419_L257F.jpg ..ဒီမှာကတော့ အီဂျစ်ပိရမစ်မှာတွေ့နေကျ ရုပ်ထု တွေရဲ့ပုံ နဲ့ video ပါ.. http://www.marsanomalies.com/egyptianstatue
 ..။ ဒီကိစ္စနဲ့ ပတ်သက်ပြီး post တစ်ခုမှာ comment ပါင်း 800 ၀န်းကျင်လောက် 
ဝင်ပြီးဖတ်ကြည့်တာနဲ့တင် မူးသလိုလိုတောင်ဖြစ်လာပါတယ်..။ ထုံးစံအတိုင်း 
ငြင်းကြ ပြောကြဆိုကြပေါ့...။ ဒါဟာလိမ်လည်မှုဖြစ်တယ်..။ 
ယုံနိုင်စရာမရှိဘူး..စသဖြင့်ပေါ့...။  
အရင်တုန်းကလည်း
 လကမ္ဘာပေါ် လူတွေခြေချခဲ့တာ အမေရိကန်လူမျိုးတွေကလိမ်တာ..။ 
လပေါ်မှာရိုက်ခဲ့တဲ့ ဓါတ်ပုံတွေဟာ ယုတ္ထိမရှိဘူး..။ လပေါ်မှာ လေမရှိပဲ 
အမေရိကန်တွေ စိုက်ထားတဲ့ အလံဟာ လွှင့်နေတယ်... စသဖြင့်ပေါ့..ပုံ http://starchild.gsfc.nasa.gov/Images/StarChild/space_level2/apollo11_flag_big.gif ..။ ဒါပေမဲ့ လူသားတွေဟာ တကယ် လပေါ်ခြေချနိုင်ခဲ့တယ်ဆိုတာ ဟာတကယ်ပါပဲ..။ လပေါ်ဆင်းခဲ့ပြီး လမ်းလျှောက်ခဲ့တာကို video ကြည့်ချင်ရင်: http://www.universetoday.com/97046/watch-neil-armstrongs-first-steps-on-the-moon/ ဒါ့အပြင် မိုင်းပေါင်း သန်ပေါင်း ၃၅၀ ကွာဝေးတဲ့ အင်္ဂါဂြိုလ်ပေါ်ကိုလည်း ရှေ့ပြေးယာဉ်တွေကို အောင်မြင်စွာခြေချစေနိုင်ခဲ့ပြီလေ..   
စာရေးသူတို့မြင်နေရတဲ့
 ကောင်းကင်ဆိုတဲ့ လေဟာနယ်ကြီးထဲမှာလည်း အကာသစခန်းကြီး ဆိုတာကို 
တည်ဆောက်ထားပြီလေ...။ ဒါတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ ရာဝန်းကျင်က 
တစ်နေ့ ဒီလိုဖြစ်လာနိုင်တယ်လို့ ပြောရင် လူတွေက အရူးလို့ပြောကြမှာပဲလေ...။
 
 
No comments:
Post a Comment