ဒုံးပျံများအား တင်ဆောင်ပစ်ခတ်နိုင်သည့် မောင်းသူမဲ့လေယာဉ် Shahed 129 အီရန်ထုတ်လုပ်
ရိုးရာလေး . ၂၆ရက်နေ့ စက်တင်ဘာ ၂၀၁၂
အီရန်နိုင်ငံက ပြည်တွင်း ၌ပင်
အသစ် တည်ဆောက် ထားသော Shadhed 129 အမျိုးအစား မောင်းသူမဲ့ လေယာဉ်များသည်
ဒုံးပျံများ တပ်ဆင် အသုံးပြုနိုင်စွမ်း ရှိသည်ဟု အီရန်တော်လှန်ရေး
အစောင့်တပ်ဖွဲ့၏ အကြီးအကဲ မိုဟာမက်အလီဂျက်ဖရီက စက်တင်ဘာလ ၁၆ ရက်နေ့တွင်
ထုတ်ဖော် ပြောကြားခဲ့ကြောင်း Newsnow သတင်းတစ်ရပ်အရ သိရှိရပါသည်။
၎င်းမောင်းသူမဲ့ လေယာဉ်များသည် ၂၄ နာရီကြာ ပျံသန်းနိုင်ပြီး စောင့်ကြည့်
ထောက်လှမ်းမှုများ လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်းနှင့် တာဝေး ပစ်မှတ်များအား
တိုက်ခိုက်နိုင်စွမ်း ရှိကြောင်း သိရှိရပါသည်။
အီရန်နိုင်ငံသည် Karrar အမျိုးအစား မောင်းသူမဲ့ လေယာဉ်ကို ၂၀၁၀
ခုနှစ်တွင် ထုတ်လုပ်ခဲ့ကြောင်း ဒုံးပျံများ တင်ဆပ်လျက်ရှိကြောင်းနှင့်
အဆိုပါ မောင်းသူမဲ့ လေယာဉ်သည် ၁၀၀၀ ကီလိုမီတာ (၆၁၂) မိုင်အထိ
ပျံသန်းနိုင်ကြောင်း အီရန်ဒုတိယ ကာကွယ်ရေးဝန်ကြီး မိုဟာမက်အက်စလာမီက
ပြောကြားခဲ့ပါသည်။
အီရန်နိုင်ငံအနေဖြင့် စောင့်ကြည့် ထောက်လှမ်းရေး စနစ်များနှင့်
ဗုံးများတင်ဆင်နိုင်သည့် ပြည်တွင်းလုပ် မောင်းသူမဲ့ လေယာဉ် ၂ စင်းအား
ထုတ်လုပ်နိုင်ခဲ့သည်ဟု ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် တရားဝင် ထုတ်ပြန်
ကြေညာခဲ့ကြောင်း သိရှိရသည်။
No comments:
Post a Comment