ဂျပန်နိုင်ငံအတွင်း အမေရိကန် ဒုံးကျည် ကာကွယ်ရေး ရေဒါစနစ် ထပ်မံဖြန့်ချမှု အပေါ် ရုရှားစိုးရိမ်
ဂျပန်နိုင်ငံအတွင်း အမေရိကန် ဒုံးကျည် ကာကွယ်ရေး ရေဒါစနစ် ထပ်မံဖြန့်ချမှု အပေါ် ရုရှားစိုးရိမ်

ရိုးရာလေး . ၂၆ရက်နေ့ စက်တင်ဘာ ၂၀၁၂  
အမေရိကန် ပြည်ထောင်စုသည် 
ဂျပန်နိုင်ငံ အတွင်း ဒုံးကျည် ကာကွယ်ရေး ရေဒါစနစ် ထပ်မံဖြန့်ချမှုနှင့် 
စပ်လျဉ်း၍ စိုးရိမ်မိကြောင်း  ဒုံးကျည် ကာကွယ်ရေး စနစ် ဟန်ချက်ညီမျှမှု 
ရှိရန်နှင့် အခြားနိုင်ငံ၏ လုံခြုံရေး ဆိုင်ရာ အကျိုးစီးပွားကို 
ပျက်စီးစေခြင်းမှ ရှောင်ရှားရန် အမေရိကန် ပြည်ထောင်စု အပေါ် 
တောင်းဆိုခဲ့ကြောင်း ရုရှားနိုင်ငံက စက်တင်ဘာ (၁၇) ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန် ပြည်ထောင်စုနှင့် ဂျပန်နိုင်ငံတို့သည် 
မြောက်ကိုရီးယားနိုင်ငံမှ ဒုံးကျည်အန္တရာယ်ကို စောင့်ကြည့် ကာကွယ်ရန် 
ဂျပန်နိုင်ငံအတွင်း ဒုံးကျည်ကာကွယ်ရေး ရေဒါစနစ်များ ဒုတိယအကြိမ်မြောက် 
ဖြန့်ချရန် သဘောတူညီမှု ရရှိခဲ့ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး 
လီယွန်ပန်နက်တာက စက်တင်ဘာ ၁၇ ရက် စောပိုင်းတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဂျပန်နိုင်ငံအတွင်း ဒုတိယအကြိမ်မြောက် ဒုံးကျည်ကာကွယ်ရေး ရေဒါစနစ်များ 
ဖြန့်ချမှုသည် အာရှ-ပစိဖိတ် ဒေသအတွင်း အမေရိကန် ဒုံးကျည်ကာကွယ်ရေးစနစ် 
စွမ်းဆောင်ရည်ကို မြှင့်တင်ရန်အတွက် ဖြစ်ကြောင်း ရုရှားကာကွယ်ရေး 
ဝန်ကြီးဌာနက အစီရင်ခံစာတွင် ပြောကြားခဲ့သည်။
သို့ရာတွင် ဂျပန်နိုင်ငံတွင် ဖြန့်ချထားသည့် အမေရိကန်ဒုံးကျည် 
ကာကွယ်ရေးစနစ်သည် ရုရှားနိုင်ငံ၏ မဟာဗျူဟာအပေါ် ခြိမ်းခြောက်မှု မရှိကြောင်း 
ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ် မိုက်ကယ်လ်မက်ခ်ဖယလ်က ၎င်း၏ 
ဝက်ဘ်ဆိုက် စာမျက်နှာတွင် စက်တင်ဘာ (၁၇) ရက်က ပြောကြားထားသည်။ 
အမေရိကန်နိုင်ငံသည် ၂၀၀၆ ခုနှစ်က ဂျပန်နိုင်ငံ မြောက်ပိုင်းတွင် X-band 
ရေဒါစနစ်ကို ပထမဆုံးအကြိမ် ဖြန့်ချခဲ့သည်။
ကြယ်စင်(လားရှိုး)By SHADE Journal
No comments:
Post a Comment