Saturday, October 6, 2012

မီး....................ကြောက်တတ်သူ...။

 
လူတိုင်းတော့ကြုံဘူးပေမဲ့ သတိမထားမိတဲ့ အမှတ်တမဲ့ကိစ္စလေးပါ၊ဒါပေမဲ့ ကြုံဘူးရင်တော့ တစ်ယောက်ထဲမနေရဲတာဘဲရှိပါတယ် ၊မကြုံဘူးရင်လည်း
သေသေချာချာလေ့ လာကြည့်ပါ ။ကိုယ်တွေ့ ပါခင်ဗျာ။ ကျွန်တော့်အဒေါ်တွေနေထိုင်ရာ အလုံမြို့ နယ်ကို ခဏပြောင်းလာနေတော့ ဆင်မင်းဈေးနားကလမ်းတစ်လမ်းမှာနေပါတယ်။
လမ်းထဲမှာ အများအားဖြင့် (၂)ထပ်အိမ်တွေများပါတယ် ၊အခုတော့ အားလုံးလိုလို ကံထရိုက်တိုက်တွေများလာပြီး (၈)ထပ်တိုက်တွေဖြစ်နေပါပြီး။


           တစ်နေ့ တော့လမ်းမှာမိန်းမကြီးတစ်ယောက်အသုဘဖြစ်ပါတယ်။ရပ်ကွက်လမ်းထဲအသုဘတို့ ထုံးစံအတိုင်း အိမ်မှာပြင်ဆင်စရာရှိတာပြင်ဆင်ပြီး အိမ်အောက်ထပ်
ခြေရင်းဘက်မှာ ကုတင်ခင်းပြီး အသုဘကိုပြင်ဆင်ဖို့ လုပ်ပါတယ် ။ရေခဲတိုက်ကကုလားကိုခေါ်ပြီး မပုပ်ဆေးကိုပေါင်ကနေဘာလီပုံးတစ်ပုံးနီးပါးထိုးထည့်ပြီး ၊ခြေမနှစ်ဖက်
ကိုစု၊ အပ်ချည်ကြိုးတစ်လုံးကုန်အောင်ချည်ပြီး ၊လက်မနှစ်ဖက်ကိုလည်း ထိုနည်းအတိုင်း အပေါ်မှစုပြီး အပ်ချည်ကြိုးတစ်လုံးကုန်အောင်ထပ်ချည်ပါတယ်။ြ ပီးမှအပေါ်မှ
ထမီ၊ အင်္ကျီအုပ်ပြီးမျက်နှာကို ဇာပုဝါအဖြူ အုပ်ပေးလိုက်ပါတယ်။ အပေါ်မှထပ်ပြိး စပယ်ပန်းအုပ်ပြီ နှင်းဆီပန်းအပွင့်လိုက် ထပ်တင်ပေးလိုက်ပါတယ်၊အားလုံးပြင်ဆင်ပြီး
လူကြီးတွေနှင့်ကာလသားတွေလည်း ကုလားဖျင်ထိုးသူထိုး ၊ရေနွေးကျိုသူကျိုနှင့် လိုအပ်တာတွေဝိုင်းဝန်းလုပ်ကိုင်ပြီးနောက်အိမ်ကိုပြန်ကြပါတယ်။


           ညနေဘက်နေ၀င်ခါနီးအချိန်မှာ အသုဘအိမ်ကိုရပ်ကွက်ထဲလာထိုင်သူထိုင်နှင့် သတင်းမေးသူကလာမေးနှင့် အတော်စည်းကားနေပါတယ်၊ ကျွန်တော်နေတဲ့အိမ်နှင့်
ဘေးချင်းကပ်နေတော့ ၊ကျွန်တော်လည်း လိုအပ်တာတွေကူညီဖို့ အသုဘအိမ်ကိုရောက်ပြီး အိမ်ရှေ့  ကုလားဖျင်းထိုးပြီးကုလားထိုင်ခင်းထားတဲ့နေရာမှာ ၀ိုင်းစုပြီးအားလုံးထိုင်နေ
ကြပါတယ် ။အားလုံးအေးအေးဆေးဆေးပါဘဲ၊ မကြာပါဘူး ၊ဘေး(၇)အိမ်(၈)အိမ်ကျော်က``မီး၊မီး၊မီး´´ဆိုပြီးမီးလှန့်  သံကြားလိုက်ရတော့ အသုဘအိမ်ရှေ့ မှာဝိုင်းထိုင်နေတဲ့
သူတွေအားလုံး``မီး´´လို့ အော်သံကြားတဲ့ဘက်ကို လှမ်းကြည့်နေတုံး၊ တစ်ချိန်ထဲမှာဘဲ အသုဘအိမ်ထဲကနေပြီး ကလေး၊လူကြီး၊ မိန်းမတသိုက်ကလည်း
``အမလေးဗျာ´´သံပြိုင်အော်ပြီး အိမ်ရှေ့ ကိုပြေးထွက်လာပါတော့တယ်။ တစ်အိမ်လုံး ၀ရုံးသုန်းကားနှင့် ရှုပ်ယှက်ခပ်ကုန်တော့ လမ်းထဲကလူတွေလည်း ဘာများဖြစ်
ကြတာလဲလို့ တစ်လမ်းလုံးထွက်ကြည့်ကြပြီး၊ မီးလောင်တဲ့အိမ်ကိုဘဲသွားရမလို၊ အသုဘအိမ်ကိုဘဲသွားရမလို တစ်လမ်းလုံးစည်ကားနေပါတယ်။

            နည်းနည်းကြာတော့မှ မီးလှန့် တဲ့အိမ်ကလည်း ခဏနှင့်ငြိမ်သွားတော့၊ လူကြီး၊လူငယ်အားလုံး အသုဘအိမ်ဘက်ကိုစုပြီးရောက်ရှိလာပါတယ်။ တစ်အိမ်သားလုံး
အိမ်ထဲမ၀င်ရဲဘဲဖြစ်နေတော့ ၀ိုင်းမေးကြတော့မှ သေသူရဲ့ သမီးအကြီးကပြန်ပြောပြတာကတော့၊ အိမ်ရှေ့ ကနေ``မီး´´လို့ အော်သံကြားရတဲ့အချိန်မှာ အိမ်ထဲကုတင်ပေါ်
မှာပြင်ဆင်ထားတဲ့ အသုဘကောင်ကနေပြီး``ဗွမ်း``ကနဲခြေမနှင့်လက်မတွေကိုစုပြီးချည်ထားတဲ့အပ်ချည် ကြိုးတွေအားလုံးပြတ်ထွက်ပြီး အပေါ်မှာလွမ်းခြုံထားတဲ့
ထမီ၊ အကျီ င်္နှင့်ပန်းတွေ ဘေးဖက်သို့ ပြန့် ကျဲပြီးလွင့်နေတာကိုထူးဆန်းစွာတွေ့ လိုက်ရပါတယ် ၊ဒါကြောင့်အိမ်ထဲမှာနေနေတဲ့သူတွေအားလုံးလဲကြောက်လန့် တကြား
အော်ပြီးအိမ်ရှေ့ ကိုပြေးထွက်ကုန်ကြပါတယ်။


         လူကြီးတွေလည်း အိမ်ထဲဝင်ကြည့်ပြီး တစ်ကယ်ဖြစ်နေတော့ အမြန်ပြန်ပြီး အသုဘကို လူမြင်ကောင်းအောင် ပြန်ပြင်ပြီး အိမ်ရှေ့ မှာပြန်လာထိုင်ပြီးတစ်ယောက်
တစ်မျိုးနှင့်ပြောနေပါတော့တယ်၊ အသုဘကို (၃)ရက်ထားတဲ့နေ့ တွေမှာ
အိမ်ကလူတွေအားလုံးမအိပ်ရဲကြလို့ ကျွန်တော်အဒေါ်အိမ်ကိုအားလုံးဝိုင်းလာအိပ်ကြပါတော့
တယ်။(၂၀ .၃.၁၉၈၃)ခုနှစ်ကဖြစ်ပျက်ခဲ့တဲ့တစ်ကယ့်အဖြစ်အပျက်ပါ။

No comments: