Sunday, September 30, 2012

သန်းခေါင်ယံ အသံစုံပေးပါလို့...

၂၀၀၄ခုနှစ် နိုဝင်ဘာလအတွင်းလောက်က ကျောက်တော်မြို့၊ ရခိုင်ပြည်နယ် မှာကိုယ်တွေ့ ကြုံခဲ့ရတဲ့ ဖြစ်ရပ်လေးပါ။
 
ကျွန်တော် ကျောင်းပြီးလို့ လုပ်အားပေး ကျောင်းဆရာ အနေနှင့် ရခိုင်ပြည်၊ ကျောက်တော်မြို့နယ် အထက် တင်မကြီးကျေးရွာအုပ်စု၊ အထက်တင်မရွာမှာ တာဝန်ကျပါတယ်။ အိမ်ခြေ ၁၀၀ကျော်ရှိတဲ့ ရွာကလေးပါ။ ကျောင်းကိစ္စနဲ ကျောက်တော်မြို့၊ ပြည်တော်သာ ရပ်ကွက်မှာ သွားရောက်ခဲ့စဉ်က ကြုံခဲ့ရတာပါ။

           အဖြစ်အပျက်က ကျောက်တော်မြို့နယ် တာဝန်ခံ ဆရာ ဇွန်ကျိုးက ဘော်ဒါဆောင်ဖွင့်ဘို့
အိမ်နဲ ခြံဝယ်ထားပါတယ်လို့ ဆိုပါတယ်။ အိမ်ကို ပြုပြင်နေတာ သစ်သားတွေ၊ သွပ်တွေကို လူတွေခိုးမှာ ကြောက်တာနဲဘဲ ညသွားအိပ်မယ်လို့ ဆိုပါတယ်။ ဒါနဲဘဲ ကျွန်တော်နဲ့ ဆရာ ဇွန်ကျိုးနဲ အတူ ညစာ စားအပြီး ၈နာရီခွဲခန့်မှာ အဲဒီအိမ်အဆောင်ကြီး ရှိရာကို အိပ်ရာခင်း အထုပ်အပိုးကိုယ့်စီနဲ နှစ်ယောက်သား သွားရောက်ခဲ့ကြပါတယ်။

 အိမ်အဆောင်ကြီးက ၂ဆောင်ပြိုင်ဆောက်ထားတာ ဖြစ်ပါတယ်။ ရခိုင်းရိုးရာအတိုင်း ဆောက်ထားတဲ့ ၂ထပ်ပျင်ထောင်အိပ်ကြီးပါ။ ဘေးဆောင်ကို ဖျက်ပြီးတော့ ကျန့်တဲ့အဆောင်ကို ဘေးဆောင်က ရတဲ့ သစ်တွေနဲ ပြန်လည်မွမ်းမံတည်ဆောက်နေတာပါ။ နှစ်ထပ်ဆောင်အောက်ထပ်ကိုတော့ အချိန်မရလို့ ၀င်မကြည့်ဖြစ်ခဲ့ဘူး.. ရောက်ရောက်ချင်း ဘေးလှေကားကနေ အပေါ်ကို နှစ်ယောက်သား တက်လာခဲ့ကြပါတယ်။ အဲဒီအချိန်မှာ ဘာကြောင့်ရယ်မသိဘူး အိမ်ထဲဝင်တဲ့အချိန်မှာဘဲ ကြက်သီးမွှေးညှင်းတွေ ထလာပါတော့တယ်။ ဆရာ ဇွန်ကျိုးမှ အပေါ်ဆောင် နှင့် အနောက်ဘက်တွေကို လိုက်လံပြသပါတယ်။ ရှေ့မျက်နှာစာမှာ ဧည့်ခန်းဖြစ်ဟန်တူပြီးတော့ အတော်အတန်ကျယ်ဝန်းပါတယ်။ 

အနံ၂၅ပေခန့်နှင့် အလျား ၁၀ပေခန့် ရှိလိမ့်မယ်ထင်ပါတယ်။ အိမ်ရဲ့ အလည်လောက်မှာတော့ ဘယ်၊ညာ ဘေးတဖက်ဆီမှာ အိပ်ခန်း ၁ခန်းစီ ရှိပါတယ်။ အလယ်ကနေ လျှောက်သွားမယ်ဆိုရင်တော့ နောက်ဖေး မီးဖိုခန်းကို ရောက်မှာ ဖြစ်ပါတယ်။ ရောက်လျှင် ရောက်ချင်းဘဲ အပေါ်ဆောင်ကို လေ့လာပြီးတာနဲ ဧည့်ခန်းမှာဘဲ အိပ်ဖို့ ပြင်ဆင်ကျပါတော့တယ်။ မိမိအိပ်ရာလိပ်ကိုယ်စီ ပြင်ဆင်ရင်း၊ ရိုးမငှက်ဖျားရောဂါ အကြောင်းကြားသိထားဖူတာကြောင့်ဇာခြင်ထောင်ကို ခြင်ကိုက်မည်စိုးသောကြောင့် ထောင်အိပ်ရပါတယ်။
အိပ်ရာပြောင်းတာရယ်၊ အိပ်လို့မရတာရယ်ကြောင့် ကျွန်တော်ကတော့ တော်တော်နှင့် အိပ်လို့ မပျော်ပါဘူး ဆရာ ဇွန်ကျိုးကတော့ အသက်ကြီးတာရယ်၊ ပင်ပန်းတာရယ်ကြောင့် ထင်ပါတယ် ဟောက်သံပေးပြီးတော့ကို စက်တော်ခေါ်နေပါတော့တယ်။


            အဲဒီလိုနဲ ည ၁၀ခွဲလောက်မှာ ထူးဆန်းစွာ ကျွန်တော်တို့ အိပ်နေသော ရပ်ကွက် အိမ်နီးနားက ခွေးတွေ စ အူပါတော့တယ်။
မကြာပါဘူး ခွေးအူသံတွေအဆုံးမှာ အိပ်ဘေး လှေကားထစ်မှ အပေါ်ထပ်သို့ လူတက်လာသကဲ့သို့ ခြေသံ တစုံကို ကြားရပါတော့တယ်။
ကျွန်တော်လဲ အိပ်လို့မရတာက တကြောင်း၊ အိမ်အောက်မှာ ပုံထားသော သစ်တွေကို လူခိုးမှာ စိုးတာက တကြောင်း ဒါနဲ့ဘဲ အိပ်လို့မပျော်ဖြစ်နေချိန် ခြေသံစကြားရသဖြင့် ဘာများဖြစ်မလဲဟူသော စိတ်ဖြင့် အသံကို နားစွင့်နေလိုက်ပါတယ်။ ထိုခြေသံ တစုံဟာ ဘေးလှေကားအတိုင်း တက်လာပြီးတော့ အပေါ်လှေကားဝကိုအရောက် ခြေသံရပ်သွား ပါတယ်။ လှေကားအ၀တွင် တံခါးကို
စေ့ရုံ စေ့ထားတာကြောင့် ဘယ်သူများဝင်လာမလဲဟူသောစိတ်ဖြင့် တံခါးဝကို ဇာခြင်ထောင်အတွင်းဘက်မှ လှမ်းကြည့်နေမိပါတယ်။ အတော်ကြာသည်အထိ လှုပ်ရှားသံမကြားရတာကြောင့် အိပ်မည်ဟု ကြံစည်လိုက်ပါတယ်။

        မျက်လုံးကို မှေးလိုက်စဉ်မှာဘဲ လှေကားဝက စေ့ထားသော တံခါးကို တွန်းဖွင့်ပြီး လူဝင်လာဟန် အသံကို နားနဲ့ ဆတ်ဆတ် ကြားလိုက်ရပါတယ်။ ဒါနဲ့ မျက်စိကို ဖွင့်ပြီးတော့ လှမ်းကြည့်လိုက်ချိန်မှာ တံခါးဝဟာ စေ့မြဲအတိုင်း စေ့ထားတာကို တွေ့ရပါတယ်။

ဒါနဲ့ဘဲ ကျွန်တော်ကိုယ်မှာလည်း ကြက်သီးမွှေးညှင်းတွေထပြီးတော့ တခုခုတော့ မှားနေပြီလို့ စတင် ခံစားလာရပါတော့တယ်။ ကျွန်တော်နှင့်အတူပါလာသော ဆရာ ဇွန်ကျိုးရှိရာသို လှမ်းကြည့်လိုက်တော့ ဆရာမှာလဲ တခူးခူးဖြင့် ဟောက်သံပေးပြီးတော့ အိပ်စက်နေတာများ မနာလိုစရာကောင်းနေပါတော့တယ်။

 ဒါနဲ့ဘဲ မိမိဘေးမှာ ဆရာ ဇွန်ကျိုးတယောက်လုံး ရှိနေပါသေးတယ်ဟူသောစိတ်ဖြင့် မိမိကိုယ်ကိုယ် အားပေးနှစ်သိမ့်ပြီးတော့ ခုနက ဖြစ်ရပ်ကို မေ့ပစ်ပြီးတော့ အိမ်စက်မည်ဟု ကြံစည်လိုက်ပါတယ်။ မကြာပါဘူး ဇာတ်လမ်းက စပါတော့တယ်... အိမ်ခေါင်မိုးက သွပ်ပြားတွေကို လက်သဲနဲ့ ကုပ်ခြစ်သံ စတင်ကြားရပါတယ်။ ကြောင်ကုပ်နေတာ ဖြစ်နိုင်ပါတယ်ဟု သံသယ စိတ်ကို ဖြေဖျောက်လို့မပြီးသေးခင်မှာဘဲ နောက်ထပ် မီးဖိုချောင်ကနေ အသံဗလံတွေကို စကြားရပါတော့တယ်.။ ထပ်စဉ်းစားလိုက်တာက ကြွက်တွေ ဖြစ်နိုင်တယ်ပေါ့...ဒါနဲ ဆက်တိုက် အိမ်ရဲ့ ထုပ်တန်းတွေ စတင်အသံမြည့်လာပြီးတော့ အိမ်အဆောင်လုံး ယိမ်းယိုင်နေပါတော့တယ်။ အိမ်ခေါင်မိုး ထုပ်တန်းတွေအပေါ် ပြေးလွှားနေဟန် ဆင့်ကဲ အသံတွေဆက်တိုက်မြည်နေတော့တာပါ။ 

ဒါနဲ့ ကျွန်တော်လည်း အိပ်လို့မရတာက တကြောင်း၊ ကျွန်တော့ကို သရဲခြောက်နေပြီဟု သိလိုက်ရတာက တကြောင်းကြောင့် ချက်ချင်း ထပြီးတော့ ဖယောင်းတိုင်မီးထွန်းလိုက်ပါတယ်။ နောက်ပြီးတော့ ဆရာဇွန်ကျိုးကို နှိးလိုက်ရပါတော့တယ်။

         အဲဒီမှာ ဆရာဇွန်ကျိုးလည်း အိပ်မှုံစုံဝါးနဲ ဘာဖြစ်တာလဲ ဆရာဟု မေးလာပါတယ်။ ကျွန်တော်ကလဲ အိပ်လို့မရကြောင်း ဆူညံနေကြောင်းကို ဆရာ ဇွန်ကျိုးကို ပြောပြလိုက်တော့ ဘာမှ မဖြစ်ပါဘူး ဆရာ ပြန်အိပ်လိုက်ပါ၊ ကျွန်တော်ကိုလည်း သူ အိပ်ရေးပျက်မည်စိုးသောကြောင့် ထပ်မနှိးပါနှင့်ဟု မှာပြီးတော့ ပြန်အိပ်ပျော်သွားပါတော့တယ်။ 

ကျွန်တော်လည်း ထပ်ပြောနေလျှင် ထူးမည်မဟုတ်မှန်းသိသောကြောင့် ဆရာဇွန်ကျိုးအား ထပ်မနိုးတော့ပါ။ ဘေးမှာ ဆရာဇွန်ကျိုး တယောက်လုံး ရှိနေတာဘဲ ဟူသော အသိဖြင့် ဘာမှ မဖြစ်နိုင်ပါဘူးဟု မိမိကိုယ်ကိုယ် အားတင်းကာ ဆက်နေလိုက်ပါတယ်။ အချိန်က ညသန်းခေါင် ၁၂နာရီ ခွဲသွားပါပြီ။ ဖယောင်းတိုင်မီးမှုတ်ပြီး ပြန်အိပ်လိုက်ရန်ပြင်ဆင်ချိန်တွင် အိပ်ရာဘေး ပြတင်းပေါက်နာမှ ကွမ်းပင်ပေါ်သို့ ဖုတ်..ဖုတ်...ဖုတ် ဖုတ်နှင့် ပြေးတက်လာသံကြားလိုက်ရပြီး ဘေး ပြတင်းပေါက်လက်ရန်းပေါ်သို့ ဒုန်းခနဲ ခုန်တက်လိုက်သံနှင့်အတူ အိမ်ကြီး ယိမ်းယိုင်သွားတာကို ခံစားလိုက်ရပါတယ်။ ဇာခြင်ထောင်ထဲမှ ကြည့်လိုက်တဲ့အခါမှာ ဘာမှ မတွေ့ရပါဘူး။ အသံကိုဘဲ ကြားနေရတာပါ။

နောက်ပြီးတော့ လူသံလိုလို၊ ညည်းသံလိုလိုတွေလည်း အဆက်မပြတ် ကြားရပါတယ်။ နောက် ကျွန်တော် အိပ်ရာဘေးထောင့်စွန်းအပေါ်မှ အရာဝထ္ထုတခု ကျလာဟန်ဖြစ်ပြီးတော့ ဇာခြင်ထောင် အပေါ်သားတွေ ကျွန်တော့ မျက်နာပြင်နား ကပ်သည်အထိ အိပြီးတော့ နိမ့်ကျလာပါတယ်။

 ဒါနဲဘဲ မဖြစ်တော့ဘူး လာထိရင်တော့ နပန်းလုံးဖို့ဘဲ ပြင်ဆင်ထားလိုက်ပါတယ်။ စိတ်ထဲမှလည်း ဘုရားထံဆုတောင်းနေလိုက်ပါတယ်။ ဘုရားရှင်ရဲ့ ဂုဏ်တော်၊ တန်ခိုးတော်ကြောင့်လားတော့မသိဘူး အတော်ငြိမ်သက်သွားပြီးတော့ ခပ်လှမ်းလှမ်းမှဘဲ အသံတွေပေးနေတော့တာပါ။

     ဒီလိုနဲဘဲ နံနက် ၄နာရီခန့် အုန်းမောင်ခေါက်သံအဆုံးမှာ ကျွန်တော်တို့ အိပ်နေတဲ့အိမ်ရှေ့မှ ခွေးတွေ စတင် အူတာ တမြို့လုံးမှာ ရှိတဲ့ခွေးတွေ ဆက်တိုက် အုပါတော့တယ်။ ထိုနောက်မှာတော့ ဘာသံမှမကြားရတော့ဘဲ ကျွန်တော်လည်း ပင်ပင်ပန်းပန်းနဲ့ အိပ်မောကျသွားပါတော့တယ်။


        နံနက်လင်းလို့ အိပ်ရာနိုးတော့ ဆရာ ဇွန်ကျိုးကို ညက အဖြစ်အပျက်တွေကို ပြောပြတော့ ဆရာ ဇွန်ကျိုးမှ အိမ်ကြီးနှင့် ပတ်သက်သော သမိုင်းကြောင်းကို ပြောပြပါတော့တယ်။ ထိုအိမ်ကြီးမှာ တစ္ဆေ၊ သရဲအလွန်ခြောက်သည်ဟု ကျောက်တော်မြိုတွင် နာမည်ကြီးကြောင်း၊ ၁နှစ်ထဲတွင် ထိုအိမ်မှ မိသားစု ၆ဦးလုံး ပုံစံအမျိုးမျိုးဖြင့် သေဆုံးသွားကြကြောင်း။ 

ထိုကြောင့် ထိုအိမ်တွင် မည်သူမျှမနေရဲတော့ဘဲ ဈေးပေါပေါဖြင့် ရောင်းချခဲကြောင်း၊ သို့သော်လဲ မည်သူ တဦးတယောက်မျှမ၀ယ်ရဲဘဲ ဒီအတိုင်း နှစ်အတန်ကြာ ထားခဲ့ကျကြောင်းနှင့် ထိုအိမ်ကြီးကို ၀ယ်လိုက်ရာ ကာလပေါက်ဈေး ထက်ဝက်ဖြင့် ၀ယ်ယူရရှိခဲ့ကြောင်း ပြောပြပါတော့တယ်။

ယခုအခါ ဘော်ဒါဆောင်အဖြစ်ပြောင်းလဲ အသုံးပြုလိုက်ပြီး ကျောင်းသားများမှာ ယခင်ကမကြာခဏ အခြောက်ခံရကြောင်း ကြားသိရပါတယ်။ နောက်ပိုင်းအဖြစ်အပျက်တွေကိုတော့ အဆက်အသွယ်မရှိတော့သဖြင့် မသိတော့ပါဘူး။
ကျောက်တော်မြို့ အထက ၁ ကျောင်းအနီး ပြည်တော်သာ ရပ်ကွက်အတွင်း ရေကန်အနီးက အိမ်ကြီးရဲ့ အကြောင်းပါဘဲ။
အားလုံးဘဲ ရွှင်လန်းချမ်းမြေပါစေကြောင်း

No comments: