Sunday, September 30, 2012

သေမင်းတမန်တောင်မှ ဘေးသင့် တောင်တက်သမားများ



အီတလီတောင်တက်သမားများဖြစ်ကြသည့် ဆီလ်ဗီယိုမွန်ဒီ နယ်လ်လီ ၅၄ နှစ် (၀ဲ)နှင့် ခရစ်ရှန် ဂေါ့ဘီ ၄၂ နှစ်တို့ကို ကယ်ဆယ်ရေးအဖွဲ့များက အချိန်မီကယ်တင်နိုင်ခဲ့သဖြင့် သေကံမရောက်ဘဲ အတူတွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ
 ခတ္တမန္ဒူ – နီပေါနိုင်ငံ၊ ဗူဒီဂန်ဒါကီမြစ် ၀ှမ်း၏ ထင်းရှူးတောအထက် တွင် ငွားငွားစွင့်စွင့် တည်ရှိနေသော မြင့်မား လှသည့် မာနာစလူး တောင်ထိပ်ရှိ အန္တရာယ်ရှိသော တောင်စောင်းများ ပေါ်တွင် လူပေါင်း ၆၀ ကျော် သေဆုံးခဲ့ သောကြောင့်
၎င်းတောင်ကို ဒေသခံများက သေမင်းတမန်တောင်ကြားဟု ခေါ်ဆိုကြသည်။
ကမ္ဘာ့အမြင့်ဆုံး တောင်များတွင် ရှစ်ခုမြောက်ဖြစ်သည့် ယင်းတောင် ထိပ် သည် ကပ်လျက်ရှိ ဧ၀ရက်တောင်နှင့် အင်နာပူနာ တောင်များ ကဲ့သို့ နာမည် မကျော်ကြားသော်လည်း ရေခဲပြင် ပြိုကျပြီး ဖောက်ပြန် ပြောင်းလဲနေသော ရာသီဥတု အခြေအနေတို့ကြောင့် စက်တင်ဘာလ ၂၃ ရက်တွင် တောင်တက်သမား ကိုးဦးထက်မနည်းသေဆုံးခဲ့ရသည်။

သေဆုံးသူကိုးဦးတွင် ပြင်သစ် တောင်တက်သမားလေးဦး၊ စပိန်၊ အီတလီ၊ ဂျာမန်နှင့် နီပေါနိုင်ငံသား လမ်းညွှန် တစ်ဦးပါဝင်ပြီး ပြင်သစ် လူမျိုးနှစ်ဦးနှင့် ကနေဒါနိုင်ငံသားတစ်ဦး ပျောက်ဆုံးနေကြောင်း သိရသည်။
အသက် ၄၂ နှစ်ရှိ အီတလီနိုင်ငံသား ခရစ္စတီယန်ဂေါ်ဘီက ၎င်းနှင့် သူငယ်ချင်းဖြစ်သူ အသက် ၅၄ နှစ်ရှိ ဆီလ်ဗီယို မွန်ဒီနယ်လီ တို့နှစ်ဦး နိုးလာပြီး စကားပြောနေစဉ် ယင်းတို့နှစ်ဦး၏ စကားသံကို ဖုံးလွှမ်းသွားသော ကျယ်လောင်သည့် မြည်ဟည်းသံကြီးကို ကြား ရပြီးနောက် ၎င်းတို့ ရွက်ဖျင်တဲ သည်လည်း အဝေးသို့ လွင့်ထွက် သွားသည်ဟုဆိုသည်။

“စက္ကန့်ပိုင်းအတွင်းမှာ ဖြစ်ပျက် သွားတာဗျ။ ကျွန်တော်တို့တောင် ဘယ်လိုဖြစ်သွားတယ်ဆိုတာ မသိလိုက် ဘူး။ ဒါပေမယ့် ကျွန်တော် တို့ မီတာ ၂၀၀ (ပေ ၆၅၀) ကျော်ကို လျှောကျသွား ပြီး ထပ်မကျတော့ဘဲ ရပ်သွားတယ်” ဟု ဂေါ်ဘီက ခတ္တမန္ဒူရှိ ဟိုတယ်မှ အေအက်ဖ်ပီ သတင်းထောက်ကို ပြောသည်။
၎င်းတို့နှစ်ဦးသည် တဲအပြင်ဘက်သို့ ရောက်ချိန်တွင် ဘာကိုမှ 

မမြင်ရဘဲ မှောင်မည်းနေ၀ကြောင်း၊ နေရောင် ထွက်လာမှ ပျက်စီး နေသော ရွက်ဖျင်တဲ နှင့် ၎င်းတို့၏ ပစ္စည်းအပိုင်းအစများ ကြားတွင် နီပေါလမ်းပြ၊ ၎င်းတို့ သူငယ်ချင်း အီတလီလူမျိုး အဲလ်ဘာတို မာရီယာနိုနှင့် အခြားတောင်တက် သမားများ၏ အလောင်းများကို တွေ့မြင်ရသည်ဟု ဆိုသည်။

“ကျွန်တော်တို့လည်း ကြောက်လန့်ပြီး ဘာလုပ်ရမှန်းမသိဖြစ်နေခဲ့တယ်” ဟု အတွေ့အကြုံရှိသည့် ကမ္ဘာကျော် တောင်တက်သမား တစ်ဦး ဖြစ်သည့် မွန်ဒီနယ်လီက ပြောသည်။ စက်တင်ဘာ၂၃ ရက် နံနက်စောစော ပိုင်းတွင် ၈,၁၅၆ မီတာ (၂၆,၇၅၉ ပေ) အမြင့် ရှိသည့် မာနာစလူးတောင်ထိပ် အနီးတွင် အယောက် ၂၀ ကျော်သည့် တောင်တက်သမားများ စခန်းချနေခဲ့စဉ် နှင်းခဲထုကြီး၏ ရိုက်ခတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

(globalone.tv)
မာနာစလူးတောင်ကြော တလျှောက်သည် ရှည်လျားပြီး ရေခဲမြစ် ချိုင့်ဝှမ်းများဆီသို့ လမ်းကြောင်း အားလုံးမှ သွားရောက်နိုင်သော် လည်း တောင်ပေါ်မှ ရေခဲထုနှင့် ကျောက်တုံး များ ပြိုကျနိုင်သည့်နေရာ ဖြစ်သည်။ စက်တင်ဘာ ၂၃ ရက်နေ့တွင် ဥရောပမှ တောင် တက်သမားအဖွဲ့တစ်ဖွဲ့သည် တောင်ထိပ်အနီး ရွက်ဖျင်တဲ၌အိပ်နေ ကြစဉ် ကြီးမားလှသည့် နှင်းခဲထုကြီး၏ ရိုက်ခတ်ခြင်းကိုခံခဲ့ရပြီး ၎င်းတို့ထဲမှ ကိုးဦးထက်မနည်း သေဆုံးခဲ့ပြီး နောက်ပိုင်းတွင် လူပေါင်း ၆၀ ကျော်ထိ သေဆုံးခဲ့သည်ဟုဆိုသည်။

ကယ်ဆယ်ရေးအဖွဲ့က ၁၃ ဦးကို အသက်ရှင်တွေ့ရှိခဲ့ရာ ၎င်းတို့၏ ပြောပြ ချက်အရ ယင်းသို့ ဖြစ်ပျက်ချိန်တွင် စစ်ပွဲ ဖြစ်ပွားနေသည် နှင့် တူကြောင်း ပြောကြပြီး ၎င်းတို့အား ရဟတ်ယာဉ် ဖြင့် ခတ္တမန္ဒူရှိ ဆေးရုံသို့ ပို့ဆောင်ပေး ခဲ့ကြောင်း သိရသည်။ ဂေါ်ဘီနှင့် မွန်ဒီ နယ်လီတို့ နှစ်ဦးသည် ထိခိုက်ဒဏ်ရာမရှိဘဲ အနိမ့်ပိုင်းရှိ စခန်းသို့ လမ်းလျှောက်နိုင်ခဲ့ပြီး လမ်းတစ်လျှောက်ရှိ ဒဏ်ရာရသူများကို ကူညီ ပေးနိုင်ခဲ့သည်ဟုဆိုသည်။

“ဘယ်သူတွေသေတယ်။ ဘယ်သူ တွေရှင်တယ်ဆိုတာ ကျွန်တော်တို့ လိုက်ကြည့်တယ်။ အလောင်းခုနစ် လောင်းကိုပဲတွေ့တယ်” ဟု ဂေါ်ဘီက ဆိုသည်။ “စိတ်ထဲမှာ တကယ်ထိခိုက်ခံစားရ ပါတယ်။ ကိုယ်တိုင်လည်း ဘယ်နေရာ ရောက်နေလဲဆိုတာတောင် မစဉ်းစား တတ် တော့သလို ဖြစ်နေတယ်။ ရေခဲမြစ် အက်ကြောင်းထဲမှာ ပျောက်ဆုံးသွား တဲ့သူတွေ၊ နောက်ထပ် ရှာမတွေ့နိုင် တော့ဘူးဆိုတဲ့ သူတွေအကြောင်းပဲ တစ်ချိန်လုံး တွေးနေမိတယ်။ တကယ် တုန်လှုပ် ချောက်ချားစရာပါ” ဟု အာနော့ဒီဖော်ချီယာဆိုသူက ပြောသည်။

” မီတာ ၈,၀၀၀ ရှိတဲ့ တောင်ထိပ်တွေ ကို တက်နေကျလူတွေ မာနာစလူး တောင်ကိုတက်တယ်ဆိုရင် တောင် ထိပ်အမြင့်က သူတို့ ထင်တာထက် ပိုမြင့် တယ်လို့ထင်ကြတယ်။ တချို့လူနည်းစု ကတော့ မာစလူးတောင်ကို တမင်သက် သက် တက်ကြသူတွေလည်း ရှိတယ်” ဟု ခြေလျင်တောင်တက်အဖွဲ့မှ ဒေ၀ါ စတီဗင်ရှာပါက အေအက်ဖ်ပီ သတင်း ဌာနသို့ ပြောသည်။ (အေအက်ဖ်ပီ)

No comments: