Tuesday, October 2, 2012

ကမ္ဘာဈေးအကြီးဆုံး တိုက်လေယဉ်များ

နည်းပညာတိုးတက်လာသည်နှင့်အမျှ လေတပ်များအတွက် နိုင်ငံများရဲ့ အသုံးစရိတ်တွေဟာလည်း မြင့်တက်လာခဲ့ကြပါတယ်။ ကာကွယ်ရေးအတွက် ပိုမိုအစွမ်းထက်သည်ထက် ထက်မြက်လာစေရန် စစ်သုံးနည်းပညာများဟာလည်း တိုးတက်ခဲ့၊ တိုးတက်ဆဲပါဘဲ။ တစ်ချို့လူတွေက လိုအပ်တယ်လို့ယူဆပေမယ့် တစ်ချို့တွေကတော့ အစိုးရရဲ့ငွေကြေးတွေကို ဖြန်းတီးမှု့သာဖြစ်တယ်လို့ ယူဆကြပြန်ပါတယ်။ မည်သို့ပင်ဖြစ်စေကာမူ အောက်ပါ ဈေးအကြီးဆုံး တိုက်လေယာဉ် ၁၀ စီးကို ဖော်ပြလိုက်ပါတယ်။
 Abc7ux7u

F/A – 18 ဟာ မြေပြင်၊ ဝေဟင် နှစ်မျိုးစလုံးကို တိုက်ခိုက်နိုင်တဲ့ တိုက်လေယာဉ်ဖြစ်ပါတယ်။ လေယာဉ်တင်သင်္ဘောများပေါ်မှာလည်း တင်ဆောင်နိုင်ရန် ဒီဇိုင်းပြုလုပ်ထားပါတယ်။ ဒီလေယဉ်ကို အမေရိကန် ရေတပ်နှင့် ကမ်းရိုးတမ်း/ပင်လယ် လုံခြုံရေးအတွက် ထုတ်လုပ်ခဲ့တာပါ။ လောလောဆယ်မှာတော့ ကနေဒါ၊ သြစတြေးလျ၊ ဖင်လန်၊ ကူဝိတ်၊ မလေးရှား၊ ကူဝိတ်နှင့် ဆွတ်ဇလန် နိုင်ငံတွေမှာ အသုံးပြုနေကြပါတယ်။ ၁၉၈၆ ခုနှစ်ထဲက ဒီလေယဉ်အမျိုးအစားဟာ Blue Angels တွေအတွက် သရုပ်ပြ တိုက်လေယာဉ်ဖြစ်ပါတယ်။

loading
loading

ဘိုင်းရင်း EA – 18 g လေယာဉ်ဟာ ဆက်သွယ်ရေးနှင့် ရေဒါဖမ်းစက်များ၊ အချက်ပြ ဆက်သွယ်ရေးများ နှင့်မြေပြင်မှ တိုက်လေယာဉ်ဖမ်းတဲ့ ရေဒါစက်များ စတာတွေရဲ့ ဆက်သွယ်ရေးစနစ်တွေအားလုံးကို ကမောက်ကမ ဖြစ်အောင် နှောက်ယှက်နိုင်စွမ်းရှိပါတယ်။ ရှေးဦးစွာထုတ်လုပ်ခဲ့တဲ့ ဒီလေယာဉ်မျိုးဆက်တွေကို အီရတ်မှာ အသုံချခဲ့ပါတယ်။
ဒီလေယာဉ်ရဲ့ ကုန်ကျစရိတ်ကတော့ US ၁၀၂ သန်းပါတဲ့။
လေယာဉ်တစ်စီးရဲ့ ကုန်ကျငွေကတော့ US ၉၄ သန်း ဖြစ်ပါတယ်။

loading
loading
loading

ခရီးဝေးသွားလာနိုင်မှု့၊အမြန်နှုန်းနှင့်လိုက်လျှောညီထွေဖြစ်နိုင်မှု့စတဲ့အချက်တွေက လေယာဉ်တင်သင်္ဘော ဒီဇိုင်နာတွေ လိုချင်တဲ့ပုံစံမျိုးတွေပါ။ V-22 ဟာ ဒီအချက်တွေအားလုံးနှင့် ပြည့်စုံတဲ့ စစ်သုံးယာဉ်တစ်ခုဖြစ်ပါတယ်။ V-22 ဟာ သမားရိုးကျ လေယာဉ်၊ သမားရိုးကျ ရဟတ်ယာဉ်မဟုတ်ပါဘူး။ နှစ်မျိုးစလုံးကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။ ပုံမှန် ရဟတ်ယာဉ်ထက် နှစ်ဆပိုမြန်ပါတယ်။ ၅ ဆပိုပြီး ခရီးဝေးသွားနိုင်ပါတယ်။ ပုံမှန်ရဟတ်ယာဉ်ထက် ၂ ဆအမြင့်မှာ ပျံသန်းနိုင်ပါတယ်။ သမိုင်းမှာတော့ ဒါဟာ ပထမဆုံး ဘေးတစ်ဘက်တစ်ချက်ကို လှည့်လို့ရတဲ့ ဒေါင်လိုက် ပန်ကာတပ်ဆင်မှု့ဖြစ်ပြီး လေယာဉ်တောင်ပံပုံစံနှင့် မြန်နှုန်းမြင့် ရဟတ်ယာဉ်တို့ကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။ ရဟတ်ယာဉ်ထက် နှစ်ဆ အမြန်နှုန်းသွားလာတဲ့အခါမှာ စစ်သည် ၂၄ ယောက်ကို တင်ဆောင်နိုင်ပါတယ်။ ထို့အပြင် ရဟတ်ယာဉ်အတွင်းမှာ ကုန် ၉ တန် (9072 kg) တင်ဆောင်သယ်သွားချင်သွား၊ ဒါမှမဟုတ် ရဟတ်ယာဉ်ရဲ့ အပြင်ဘက်ကနေ ကုန်စည် ၆.၈ တန် (6804kg) ကို သယ်ယူနိုင်ပါတယ်။
ဒီရဟတ်ယာဉ်ကို ၂၀၀၇ အီရတ်စစ်ပွဲမှာ စတင်သုံးစွဲခဲ့ပါတယ်။
ကုန်ကျစရိတ်ကတော့ US ၁၁၈ သန်း ဖြစ်ပါတယ်။

loading

Lockheed Martin F-35 Lightning II ဟာ ၁၅ ဆက်မြောက် မျိုးဆက်ဖြစ်ပြီး၊ လေယာဉ်မောင်းနှင်သူတစ်ဦး၊ အင်ဂျင်တစ်လုံး၊ စစ်သုံး တိုက်လေယာဉ်ဖြစ်ပြီး အနီးကပ် တိုက်ခိုက်မှု့များ၊ ဗျူဟာမြောက် ရေတပ်စခန်းမှ ထွက်ခွာပြီး ဗုံးကျဲခြင်း၊ လေတပ်ကာကွယ်ရေး စတာတွေကို ဆောင်ရွက်နိုင်စွမ်းရှိပါတယ်။ F-35 မှာ ပုံစံကွဲ ၃မျိုးရှိပါတယ်။ ပထမတစ်ခုက သမားရိုးကျ ပျံသန်းထွက်ခွာပြီး အမျိုးမျိုးသောပုံစံဖြင့် ဆင်းသက်နိုင်ခြင်း။ ဒုတိယတစ်ခုက အချိန်တိုအတွင်း ပျံသန်းထွက်ခွာနိုင်ပြီး ဒေါင်လိုက် အမျိုးမျိုးသောပုံစံဖြင့် ဆင်းသက်နိုင်ခြင်း။ တတိယတစ်မျိုးကတော့ လေယာဉ်တင်သင်္ဘောတွေမှာ အသုံးပြုနိုင်ရန် ထုတ်လုပ်ထားပါတယ်။

loading

F - 35 ဟာ X-35 အမျိုးအစားမှ ဆင်းသက်လာတာဖြစ်ပြီး X-35 ဟာ Joint Strike Fighter (JSF) program ကနေ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီလေယာဉ်ကို တည်ထွင်နိုင်ဖို့ အမေရိကန်က ဗြိတိန်နှင့်အတူ ငွေကြေးစိုက်ထုတ်ပြီး အခြားသော အစိုးရအဖွဲ့အစည်းတွေကလည်း ငွေကြေးစိုက်ထုတ်ပါဝင်ခဲ့ပါတယ်။ ဒီလေယာဉ်ကို ဒီဇိုင်းရေးဆွဲပြီး တည်ဆောက်ခဲ့ သူတွေကတော့ Lockheed Martin နှင့် Northrop Grumman တို့ဖြစ်ပြီး BAE က အဓိက ပါတနာအနေနှင့် ပါဝင်ခဲ့ပါတယ်။ သရုပ်ပြလေယာဉ်ကို ၂၀၀၀ ခုနှစ်မှာ စတင်ပျံသန်းနိုင်ခဲ့ပြီး ပထမဆုံးလေယာဉ်ကတော့ ၂၀၀၆ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ စတင်ပျံသန်းခဲ့ပါတယ်။
ကုန်ကျငွေက US ၁၂၂ သန်း ဖြစ်ပါတယ်။

loading
loading

ဒီလေယာဉ်ဟာ နည်းပညာမြင့် ထောက်လှမ်းရေးနှင့် ရန်သူကိုရှာဖွေ ကင်းထောက်နိုင်တဲ့လေယာဉ်ဖြစ်ပါတယ်။ ဒီလေယာဉ်မှာ တပ်ဆင်ထားတဲ့ အဆင့်မြင့် ရေဒါမှ ရန်သူတည်နေရာ၊ ရန်သူ့ကို မျက်ခြေမပြတ်စောင့်ကြည့်နိုင်မှု့ ကို ၃၀၀%အထိ မြင့်တင်ပေးနိုင်ပါတယ်။ ဘယ်လောက်အထိ တင်စားသလဲဆိုရင် အီရန်မှာ ရှိတဲ့ ပစ်စတာချီယိုလို့ခေါ်တဲ့ အစေ့ကလေးတွေရဲ့ အရည်အတွက်အထိပါ သိရှိထောက်လှမ်းနိုင်တယ်လို့ ဆိုပါတယ်။ ဒီလေယာဉ်တည်ဆောက်ဖို့ ငွေကြေးအခက်အခဲတွေကြောင့် တစ်နှစ်လောက် အချိန်ပုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ကုန်ကငွေကတော့ US ၂၃၂ သန်း ပါတဲ့။

loading


ဒီရဟတ်ယာဉ်ဟာ အမေရိကန် သမ္မတတွေ စီးတဲ့ ရဟတ်ယာဉ်အဟောင်းတွေကို အစားထိုးဖို့ ရည်ရွယ်ပါတယ်။ အိုဘားမား သမ္မတဖြစ်လာချိန်မှာ ဒီရဟတ်ရင် တည်ထွင်ဖို့ကုန်ကျစရိတ်ဟာ မှန်းထားတာထက် ၅၀% ပိုမိုကုန်ကျနေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အိုဘားမားဟာ ဒီရဟတ်ရင် ပရောဂျက်ကြီးကို အဆုံးသတ်ပစ်လိုက်ဖို့ ကြေငြာခဲ့ပါတယ်။ ဇူလိုင် ၂၂ ရက်နေ့ကျတော့မှ ပြန်လည် စဉ်းစားသုံးသပ်ပြီးတော့ Kestrels ကို ဆက်လက်လုပ်ကိုင်ဖို့ ဒေါ်လာ ၄၈၅ သန်းချပေးခဲ့ပါတယ်။
ရဟတ်ယာဉ် တစ်စီးရဲ့ ကုန်ကျငွေကတော့ US ၂၄၁ သန်းလောက် ရှိပါမယ်။

loading
loading

ဘိုးအင်းကုမ္မဏီက သူ့ရဲ့ 737 ဂျက်လေယာဉ်ကို ထပ်မံမွန်းမံပြီး ရေတပ်အတွက် အသုံးပြုရန်ရည်ရွယ်ပါတယ်။ ဒီလေယာဉ်ဟာ ရေငုပ်သင်္ဘောတွေ ဖြိုခွင်းဖို့နှင့် ရေငုပ်သင်္ဘောတွေကို စုံစမ်းထောက်လှမ်းဖို့ အသုံးချမှာဖြစ်ပါတယ်။ ဒီလေယာဉ်မှာ တိုပီဒိုတွေ၊ ရေငုပ်သင်္ဘောပစ် Depth Charges တွေအပါအ၀င် အခြားသော စစ်လက်နက် ပစ္စည်းတွေ ပါဝင်မှာဖြစ်ပါတယ်။ P-8A ကို ၂၀၁၃ မှာ စတင်ပြီးတော့ သုံးဖို့ ရည်ရွယ်ထားပါတယ်။

 loading
loading
loading

C-17 Globemaster III ဟာ အမေရိကန်ရဲ့ သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြစ်ပြီး Boeing Integrated Defense System က ထုတ်လုပ်ပါတယ်။ ဒီလေယာဉ်ကို အမေရိကန် လေတပ်၊ ဗြိတိန် တော်ဝင် လေတပ်၊ သြစတြေးလျှ တော်ဝင်လေတပ်မှာ သုံးပါတယ်။ ၂၀၀၇ ခုနှစ်မှာ ကနေဒါ နိုင်ငံရဲ့ လေတပ်ကို ရောင်းပါတယ်။ NATO(နေတိုး) ကလည်း ဒီလေယာဉ်မျိုးကို မှာယူဖို့ မျက်စေ့ကျနေပါတယ်။ C-17 ဆိုတဲ့ နာမည်ဟာ သူ့အရင် လေယာဉ် ပုံစံနှစ်မျိုးဖြစ်တဲ့ C-74 Globermaster I နှင့် C-124 Globemaster II တို့ကနေ ထပ်မံ ဆင့်ပွားထားတာဖြစ်ပါတယ်။
ကုန်ကျငွေကတော့ US ၃၂၈ သန်းလောက် ကုန်ကျမှာ ဖြစ်ပါတယ်။

 loading
 loading

F – 22 Raptor တိုက်လေယာဉ်ဟာ အမေရိကန်နိုင်ငံက ထုတ်လုပ်တဲ့ တိုက်လေယာဉ် ဖြစ်ပါတယ်။ ဒီလေယာဉ်မျိုးဆက်ဟာ ဆိုဗီယက်ခေတ်တုန်းက အပြိုင်အဆိုင် ပိုမိုကောင်းမွန်သည်ထက်ကောင်းမွန်အောင် ထုတ်လုပ်ခဲ့တဲ့ မျိုးဆက်တစ်ခုဖြစ်ပါတယ်။ ဒီတိုက်လေယာဉ်ဟာ မြေပြင်ထိုးစစ်၊ အီလက်ထရောနစ် နှင့်ဆိုင်သော ထိုးစစ်များ၊ အချက်ပြ ဆက်သွယ်ရေးနှင့်ဆိုင်သော ထိုးစစ်များကို ဆင်နွှဲရန် ထုတ်လုပ်တယ်လို့ ဆိုပါတယ်။ ဒီလေယာဉ်ကို ထုတ်လုပ်နိုင်ဖို့ နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ရပါတယ်။ ပထမဦးဆုံး ပုံစံကို FY 22 လို့ ခေါ်တွင်ခဲ့ပါတယ်။ နောက်ထပ် ၃နှစ်ကြာတော့ F/A 22 လို့ တရားဝင်ခေါ်ဆိုခဲ့ပြီး ၂၀၀၅ ဒီဇင်ဘာလကနေစပြီးတော့ တရားဝင် F – 22 လို့ ခေါ်ဆိုပါတယ်။ ဒီလေယာဉ်ကို အဓိကတည်ဆောက်သူကတော့ Martin Aeronautics က လေယာဉ်ရဲ့ ကိုယ်ထည်ဒီဇိုင်း၊ လက်နက်ပစ္စည်းများ နှင့် တပ်ဆင်မှု့လုပ်ငန်းတွေကို ဆောင်ရွက်ပေးပါတယ်။ သူ့ရဲ့ လုပ်ငန်း ပါတနာဖြစ်တဲ့ Boeing Integrated Defense System က လေယာဉ် တောင်ပံတွေ၊ လေယာဉ်ပျံသန်းမှု့မှာ အသုံးပြုတဲ့ အီလက်ထရောနစ်ပစ္စည်းတွေ (avionics equipments)၊ လေယာဉ်မှုးသင်တန်းနှင့် လေယာဉ်ထိန်းသိမ်းပြုပြင်မှု့ သင်တန်းတွေကို ထောက်ပံပေးပါတယ်။ကုန်ကျစရိတ်ကတော့ US သန်း ၃၅၀ ပါ။

loading
loading
loading

ဒီ B-2 ဗုံးကြဲလေယာဉ်အမျိုးအစားဟာ အကုန်အကျများလွန်းလို့ ကွန်ဂရက်ကနေပြီးတော့ ၁၉၈၇ခုနှစ်မှာ ၁၃၂ စီးမှာယူမယ့်အစား ၂၁ စီးသာ မှာယူတဲ့အထိ လျှော့ချခဲ့ရပါတယ်။ ၂၀၀၈ ခုနှစ်အထိကတော့ အစီး ၂၀ ရှိပါပြီ။ ဒီ B-2 လေယာဉ်ကို အနီအောက်ရောင်ခြည်၊ အသံ၊ လျှပ်စစ်သံလိုက်၊ ရေဒါ၊ ပုံမှန် မြင်နိုင်စွမ်းစတာတွေနှင့် မြင်တွေ့နိုင်ဖို့ ခက်ခဲလှပါတယ်။ နောက်တစ်ခုက သူ့ရဲ့ သံချပ်ကာ စွမ်းရည်ကလည်း ရန်သူတွေကို အနီးကပ် အကြောက်အလန့်မရှိ တိုက်ခိုက် ဖြိုခွင်းနိုင်စွမ်းရှိပါတယ်။ 1993 ခုနှစ်မှ စပြီး အသုံးပြုခဲ့ပါတယ်။ ဒီ B-2 လေယာဉ်တွေကို အီရတ်နှင့် အာဖဂန် စစ်မြေပြင်တွေမှာ အသုံးချခဲ့ပါတယ်။
ကုန်ကျငွေကတော့ US 2.4 billion ပါတဲ့။



No comments: