Tuesday, October 2, 2012








ယင်းသို့ ဗုဒ္ဓဆင်းတုတော်များလှူဒါန်းရခြင်းသည် ရခိုင်ပြည်နယ်အတွင်း ဘင်္ဂလီများကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော ရခိုင်အိမ်များမှ ဗုဒ္ဓဆင်းတုတော် များ အစား လှူဒါန်းခြင်းဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်း ဗုဒ္ဓဘာသာ ထွန်းကားရေးနှင့် ဗုဒ္ဓသာသနာတော် ထွန်းတောက်စေရေးတို့အတွက်လည်း ရည်ရွယ်ခြင်းဖြစ်ကြောင်းသိရသည်။
လက်ရှိအနေအထားတွင် ရခိုင်ပြည်နယ် အတွင်းမြို့နယ်များတွင် ဘုရားများ လိုအပ်လျက်ရှိကြောင်းနှင့် ယင်းဘုရားမျာ
းအား ကိုးကွယ်ဆည်းကပ်နိုင်ရန် နှင့် ရခိုင်တိုင်းရင်းများအနေဖြင့် ကယ်ဆယ်ရေးစခန်းများတွင်နေထိုင်သော် လည်း ဗုဒ္ဓဆင်းတုတော်များအားလိုအပ်လျက်ရှိကြောင်း သိရသည်။
ရခိုင်အိမ်များအားလုံးတွင် ဗုဒ္ဓဆင်းတုတော်များကို ကိုယ်းကွယ်တတ်လေ့ ရှိ ပြီး ဗုဒ္ဓဘာသာအဖြစ်သိမြင်နိုင်သည့်အပြင် ဗုဒ္ဓအား နေ့စဉ်နှင့်အမျှ သတိရ ခြင်း တမ်းတခြင်း၊ အဆုံးအမကို နာယူခြင်းများအဖြစ်လည်း ထင်ရှားစေကြောင်း သိရသည်။
ဒုက္ခရောက်နေကြသော ရခိုင်သူ၊သားများအား လှူဒါန်းသွားမည်ဖြစ်သည့်အ ပြင် ဆင်းရဲနွမ်းပါးသူများကိုလည်း လှူဒါန်းသွားမည်ဖြစ်ကြောင်း ဗုဒ္ဓဘာသာ ၀င် မည်သူမဆို ဗုဒ္ဓဆင်းတုများကို ကိုးကွယ်လိုလျင် လာရောက်ပင့် ဆောင် နိုင်မည်ဖြစ်ကြောင်းလည်းသိရှိရပါသည်။
ယင်းအတွက် အောက်တိုဘာ ၂ ရက်နေ့တွင် ဗုဒ္ဓရုပ်ပွားတော်များအား သိက္ခာထပ်၊အနေကဇာတင် ခြင်းကိုပြုလုပ်မည်ဖြစ်ပြ်ီး ၃ ရက်နေ့မှစတင်ကာ ပင့် ဆောင်လိုသူများထံသို့ ပင်ဆောင်နိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လည်းသိရှိရပါသည်။






No comments: