Tuesday, October 2, 2012

ပူးပေါင်းတပ်တွေ ကစ်မိုင်ယိုမြို့လယ်ကို ဝင်ရောက် နေရာယူ



အယ်ရှာဘတ်အဖွဲ့ ခြေကုပ်ယူရာ Kismayo မြို့
BBC n ဆိုမာလီ နိုင်ငံ Kismayo ကစ်မိုင်ယို မြို့မှာ ပြီးခဲ့တဲ့ စနေနေ့တုန်းက အယ်ရှာဘတ် အဖွဲ့တွေ ဆုတ်ခွာ သွားပြီးတဲ့ နောက်ပိုင်း ပထမဆုံး အနေနဲ့အာဖရိက သမဂ္ဂနဲ့ ဆိုမာလီ ပူးပေါင်း တပ်တွေ မြို့လယ်ကို ဝင်ရောက် နေရာယူခဲ့ပါတယ်။

ဒီမြို့ဟာ အစ္စလာမ် စစ်သွေးကြွ အယ်ရှာဘတ် အဖွဲ့ရဲ့ ခြေကုပ်ယူရာ မြို့ဖြစ်ပြီး သူတို့အတွက် အဓိက ဝင်ငွေ ရနေတဲ့ နေရာလည်း ဖြစ်ပါတယ်။

အခုတော့ ပူးပေါင်း တပ်ဖွဲ့ တွေက ကစ်မိုင်ယို မြို့ထဲမှာ လုံခြုံရေး တာဝန်ယူထားပြီး ဆိပ်ကမ်းနဲ့ လေဆိပ် တွေမှာ နေရာယူထားတယ်လို့ ဆိုမာလီ အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။
အခုလို အယ်ရှဘတ် အဖွဲ့တွေ အပေါ် အနိုင်ယူလိုက် နိုင်တဲ့ အပေါ် အာဖရိက သမဂ္ဂ တပ်ဖွဲ့တွေကို အမေရိကန်က ချီးကျူး စကား ပြောကြားလိုက်ပါတယ်။

No comments: