ဟောင်ကောင်၌
 အောက်တိုဘာ ၁ ရက်က သင်္ဘောတိုက်မိမှု ဖြစ်ပွားခဲ့ရာ သေဆုံးသူ ဦးရေ ၃၆ ဦး 
အထိ မြင့်တက် ခဲ့ကြောင်းဟောင်ကောင် ပြန်ကြားရေး ဌာနက အောက်တိုဘာ ၂ ရက် ဒေ သ 
စံတော်ချိန် နံနက် ၇ နာရီ ၄၅ မိနစ်တွင် ကြေညာ ခဲ့ကြောင်း သိရသည်။
ဖြစ်ပွားပုံမှာ
 ဟောင်ကောင်မြို့၏ အနောက်တောင်ပိုင်း လမ်မာကျွန်း ကမ်းလွန်၌ အောက်တိုဘာ ၁ 
ရက် ဒေသ စံတော်ချိန် ည ၈ နာရီ ၂၃ မိနစ်ခန့်က ကူးတို့ယာဉ် တစ်စင်းနှင့် 
အပျော်စီး သင်္ဘော တစ်စင်းတို့ပြင်းထန်စွာ တိုက်မိခဲ့ရာမှ အပျော်စီး သင်္ဘော 
နစ်မြုပ်ခြင်း ဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ တိုက်မိ ခဲ့ခြင်းကြောင့် 
အခင်းဖြစ်ရာ နေရာ၌ ၂၈ ဦး သေဆုံးပြီး အခြား ရှစ်ဦးမှာ ဆေးရုံ 
ရောက်ပြီး ချိန်တွင် သေဆုံးခဲ့ကြောင်း၊ ထို့အပြင် ခရီးသည် ၁ဝဝ ကျော်ကိုလည်း 
ဒေသတွင်းရှိ ဆေးရုံ ငါးရုံသို့ ပို့ဆောင် ခဲ့ရကြောင်း သိရသည်။

No comments:
Post a Comment