Wednesday, October 3, 2012

ခံနေရဦးမည်...မုံရွာကြေးနီ


သတ္တုသိုက်လို.ပြောလိုက်ရင် လူတော်တော်များများက မြေကြီးထဲကနေ သတ္တုတွေ အတုံးလိုက် အခဲလိုက်ကြီးထွက်လာတယ်လို.ထင်မြင်တတ်ကြပါတယ်….မြေကြီးတွေ ကို ဖယ်လိုက်ရင် ကျောက်စိမ်းတုံးကြီးတွေလို သတ္တု တုံးကြီးတွေ ထွက်လာလိမ့်မယ် လို. ယူဆကြတာပေါ့ဗျာ…ကျောက်မျက်တွေအနေနဲ.တော့ ဟုတ်တာပေါ့…ဒါပေမယ့်…သတ္တုသိုက်တွေအနေနဲ.ကတော့ အဲလို မဟုတ်ဘူးခင်ဗျ….

တကယ်တော့ Ore လို.ခေါ်တဲ့သတ္တုသိုက်ဆိုတာ အဲဒီဓါတ်သတ္တုပါဝင်မှုရာခိုင်နှုန်းများပြားတဲ့ မြေကြီး ကိုခေါ်တာပါ….ဥပမာ…မေမြို.နားက ၀က်ဝံ..တို. ၊ပင်းပက် တို.ဆိုရင် သံဓါတ်များတဲ့မြေကြီး( Iron Ore ) တွေရှိတဲ့နေရာပေါ့ဗျာ…အခုပြောတဲ့ မုံရွာတဖက်ကမ်း ဆားလင်းကြီးမြို.နယ်ထဲက အဲဒီ ကြေးစင်တောင် ၊စပယ်တောင်၊ လက်ပန်းတောင်းတောင်တွေ ရှိတဲ့ နေရာတ၀ိုက်ကမြေကြီးတွေကတော့ ကြေးနီ ပါဝင်မှုနှုန်းမြင့်မားတဲ့ ကြေးနီသတ္တုသိုက် ( Copper Ore )နေရာတွေပေါ့…..
 ကြေးနီသတုပါသောမြေသားတောင်ကြောကိုထိုကဲ့သို့ဖြိုချရသည်
အရင်တုန်းကထိုကဲ့သို့မြေကြီးများကိုအိပ်နဲ့ထည့်ပြီးနိုင်ငံခြားကိုရောင်းခဲ့ရသည်။

စစ်ကိုင်းတိုင်းမုံရွာမြို့ SXEW နည်းပညာဆာဖျူရစ်အက်စစ်ကန်ကြီးများ
ီတကယ်တော့ အဲဒီသတ္တုမိုင်းဟာ ဟိုးအရင်အနှစ်သုံးလေးဆယ်..မဆလ လက်ထက်ကတည်းက ရှိခဲ့တာပါ…အဲဒီတုန်းကတော့ အစိုးရပိုင်ပေါ့ဗျာ….ဒါပေမယ့် အဲဒီတုန်းက ကြေးနီသတ္တုအနေနဲ.မထုတ်နိုင်သေးဘူး…..ခုနကပြောတဲ့ ကြေးနီပါဝင်မှုများတဲ့ မြေကြီးကို ထုတ်ယူ ခွဲချေ..ကျောက်တုံးတွေ မြေကြီးတုံးတွေ ရလာ…အဲဒါကိုမှ Ball Mail လို.ခေါ်တဲ့ ကြိတ်ချေစက်ကြီးတွေထဲထည့်၊ရေနဲ.ရောဖျော်ပြီးမြေကြီးအနှစ်ဖြစ်အောင်လုပ်…အဆင့်ဆင့်အနည်ထိုင်သန်.စင်…ပြီးတော့မှ သတ္တုပါဝင်မှု ၈၀%လောက်ရှိတဲ့မြေကြီး ( Concentrate Ore လို.ခေါ်သဗျ )…အဲဒါကို မှ သဘောင်္ကြီးတွေနဲ.တင်ပြီး နိုင်ငံခြားကိုပို.ရောင်းတာပါ…။သတ္တုပါဝင်မှုနှုန်း ၈၀% ထက်နည်းတဲ့မြေကြီးဆိုရင် Concentrate Ore လို.မသတ်မှတ်ပါဘူး…ရောင်းလို.လဲ မရပါဘူး..။အဲဒီတုန်းက သန်.စင်ပြီးကြေးပြားအနေနဲ. မရောင်းနိုင်ခဲ့ပါဘူး….။
သန့်စင်ပြီးသောကြေးနီကြိုး။
၁၉၉၀ နောက်ပိုင်း စီးပွားရေးတံခါးတစ်ချို. ဖွင့်လိုက်တဲ့အချိန် မှာ ကနေဒါ နိုင်ငံက အိုင်ဗင်ဟိုး ဆိုတဲ့ကုမ္ပဏီက အစိုးရနဲ့ဖက်စပ် လုပ်ပြီး ကြေးနီသတ္တုပြား တွေထုတ်နိုင်တဲ့ SXEW လို.ခေါ်တဲ့ နည်းစဉ် နဲ.လာရောက်ထုတ်လုပ်ခဲ့ပါတယ်….ဒါပေမယ့် အိုင်ဗင်ဟိုးအနေနဲ. စီးပွားဖြစ် Commercial Plant အနေနဲ. ထုတ်တာမဟုတ်ပဲ…ရှေ.ပြေးစမ်းသပ်ထုတ်လုပ်မှု ( Pilot Plant ) အနေနဲ.ပဲ လုပ်ခဲ့တာပါ…သူတို.က အဲဒီရှေ.ပြေး ထုတ်လုပ်မှုက ရတဲ့ Result တွေ Data တွေကိုပြပြီး တစ်ခြား စီးပွားဖြစ်ထုတ်လုပ်မယ့် ကုမ္ပဏီကြီးကို ပြန်ရောင်းဖို. လုပ်တာပါ…ကျနော်တို. လေ့လာရေးရောက်တဲ့အချိန်မှာ အိုင်ဗင်ဟိုးရဲ. Pilot Plant စနေပြီဖြစ်လို. ..အစိုးရ ပိုင်းရဲ.ထုတ်လုပ်မှုနည်းစဉ် ရော…အိုင်ဗင်ဟိုးရဲ. SXEW နည်းစဉ်ကိုရော လေ့လာခွင့်ရခဲ့ပါတယ်…..

အစိုးရစက်ရုံရဲ.ထုတ်လုပ်ပုံကတော့ အပေါ်မှာ အကြမ်းပြောပြပြီးပြီ မို.လို. အိုင်ဗင်ဟိုးရဲ. SXEW နည်းကိုပဲ ပြောပြပါ့မယ်….SXEW ဆိုတာ.. Solvent Extraction Electro Wining process ကို အတိုကောက်ခေါ်တာပါ…ခုနကပြောတဲ့ Concentrate မြေကြီးကို Solvent သုံးပြီး ထုတ်နှုတ်ယူမယ် ( Extraction )၊ ပြီးမှ Electro Winning ( Cathode-Anode )နည်းနဲ. ကြေးပြားတွေရအောင်လုပ်တဲ့စနစ်ပါ….အဲဒီနည်းရဲ.အစမှာ Solvent ကိုမသုံးခင် Concentrate မြေကြီးကို အက်စစ်နဲ.ဖျော်ရပါတယ်….အက်စစ်နဲ.ဖျော်ထားတဲ့ အနှစ်ကိုမှ Solvent နဲ.ဓါတ်ပြုစေပြီး impurities တွေ ဖယ်ထုတ်တာပါ….ထားတော့ …အက်စစ် နဲ.ဖျော်တဲ့ပုံစံကို အဓိကပြောချင်ပါတယ်…အရင်ဆုံး အက်စစ်မစားနိုင်တဲ့ Ground Sheet ကြီးတွေကိုဖြန်.ခင်းရပါတယ်..ပြီးမှ Concentrate မြေကြီးတွေကို အဲဒီ Ground Sheet ကြီးတွေပေါ်မှာ ပုံရပါတယ်..အဲဒီ Ground Sheet ကြီးတွေ ရဲ.ဘေးပတ်လည်မှာ ဘောင်တွေရှိပြီး အနိမ့်တစ်ဖက်ထောင့်ကို အနှစ်တွေစီးဆင်းနိုင်ဖို.လုပ်ထားပါတယ်….Ground Sheet ကြီးတွေပေါ်မှာပုံထားတဲ့ Concentrate မြေကြီးပုံတွေပေါ်မှာ Spinkler တွေတပ်ပြီး မြက်ခင်းရေဖြန်းသလိုမျိုး ဆာလဖျူရစ်အက်စစ်ဖြန်းပေးပါတယ်…အက်စစ်နဲ.မြေကြီး ရောပြီး အနှစ်တွေဖြစ်မှ စုစည်းပြီး Solvent နဲ.ဓါတ်ပြုဖို.ပို.ရပါတယ်….ဆိုလိုတာကအက်စစ်ဒဏ်ခံ Ground Sheet တွေခံထားလို. အက်စစ်ကမြေကြီးထဲကို စိမ့်ဝင်သွားခြင်းမရှိပါဘူးလို.ပြောချင်တာပါ……ပြီးတော့ အဲဒီအက်စစ်ကို ထပ်ခါထပ်ခါ Recycle ပြန်လုပ်တာပါ…….ကဲ..ဒါက အက်စစ်အပိုင်း…

.ဒေသခံတွေရဲ.အပိုင်းဆက်ကြည့်ရအောင်ဗျာ….
မုံရွာမြို့မှတောင်ကြီးတလုံးကိုကြေးနီထုတ်လုပ်ရန်အတွက်ထိုကဲ့သို့ဖြိုဖျက်ခြင်းခံနေရပြီ
လက်ပံတောင်ကျေးရွာအနီးကအက်စစ်ကန်ကြီးများယခုကဲ့သို့ကျန်ရစ်ခဲ့သည်။

အရှေ.မှာပြောခဲ့သလိုပါပဲ..အဲဒီဒေသတ၀ိုက်က မြေကြီးတွေဟာ တခြားဒေသက မြေကြီးတွေထက် ကြေးနီ ပါဝင်မှုနှုန်းများပါတယ်……ဒါကြောင့်လဲ အဲဒီမှာ ကြေးနီသွားထုတ်တာပေါ့…မဟုတ်ရင် ဘယ်နေရာထုတ်ထုတ်ရနေမှာပေါ့…ရှင်းပါတယ်….ဘယ်လောက် ကြေးနီပါဝင်မှုများသလဲဆိုရင်…မိုးရွာပြီးသွားတဲ့အခါ..မြေကြီး ကျင်းချိုင့်လေးတွေထဲမှာ ကျနေတဲ့ရေလေးတွေဟာ အစိမ်းရောင်သန်းနေပါတယ်…ကျနော်တို.တွေ.စက တအံ့တသြ ကြည့်ခဲ့ရတာပါ…ကြေးရုပ်ထုတွေ ကြေးညှိတက်ရင်လဲ အစိမ်းရောင်ဖြစ်ပါတယ်…ဒါက Copper Oxide ဖြစ်လို.ပါ….ခုနက ကျနော်ပြောပြီးပါပြီ….ကြေးနီပါဝင်မှု ၈၀% အထက်ရှိမှ ရောင်းလို.ရပါတယ်..
မသန့်ရှင်းတဲ့အက်စစ်ရေတွေပါဝင်မှုများနေတာကိုလည်းပြည်သူတွေယခုကဲ့သို့
သောက်ရေသုံးရေအသုံးပြုနေရပြီဖြစ်သည်

အဲဒီတော့..အစိုးရစက်ရုံက ကြေးနီပါဝင်မှု ၈၀% ဖြစ်အောင်သန်.စင်တဲ့နေရာ မှာ ၈၀% ထက်နည်းတဲ့ မြေကြီးတွေကို စက်ရုံဘေးကွက်လပ်မှာ စွန်.ပစ်ပါတယ်…ဒီနေရာမှာ သတိထားရမှာက အစိုးရစက်ရုံနည်းမှာ အက်စစ်မသုံးပါဘူး..ရေနဲ.ပဲဖျော်တာပါ…ဒါကြောင့် ဒီအတိုင်းမြေကြီးပေါ်စွန်.ပစ်တာဘာမှ မဖြစ်ပါဘူး…အဲဒီစွန်.ပစ်မြေကြီးတွေမှာလဲ တကယ်တော့ ကြေးနီဓါတ်တွေပါဝင်နေပါတယ်…၈၀% မပြည့်လို.သာ စွန်.ပစ်ခံရတာပါ…အဲဒီတော့ မိုးရွာပြီး နေပြန်ပွင့်လာရင်…အဲဒီစွန်.ပစ်မြေကြီး ကွင်းတစ်ကွင်းလုံး ဆားပွင့်ပါတယ်……လွယ်လွယ်ပြောရရင်မိုးရေနဲ.ဓါတ်ပြုတာပေါ့လေ..အရင်တုန်းကတော့ အဲဒီစွန်.ပစ်မြေကြီးတွေ ဆားပွင့်ရင် အနီးအနားရွာတွေက လာပြီး ခြစ်ယူ…ဆာလာအိပ်တွေနဲ.သယ်… ဒုတ္ထာချက်ရောင်းကြသတဲ့….အဲဒီနားက ရွာတွေဟာ ဒုတ္ထာရောင်းရုံနဲ. ရွှေတွဲလဲ ငွေတွဲလဲ နေနိုင်ခဲ့ပါတယ်….

နောက်တော့ စက်ရုံထဲက အင်ဂျင်နီယာတစ်ယောက် က အဲဒီ စွန်.ပစ်မြေကြီးတွေကို ရေနဲ.ဖျော်..စဉ်.အိုးကြီးတွေထဲကိုထည့်….ပြီးရင်အဲဒီစဉ်.အိုးထဲက မြေကြီးအနှစ်တွေထဲ နို.ဆီခွက်အဟောင်းတွေထည်.ထား…သုံးလေးရက်နေရင်မွှေကြည့် ဘာနို.ဆီခွက်မှမရှိတော့ဘူး…. Sedimentation နည်းလို.ခေါ်ပါတယ်..ရလာတဲ့အနှစ်ကို လောက်စလုံးလုံးသလိုလုံးပြီးအခြောက်ခံ..ပြီးရင် ရွာတွေထဲပို. ဖိုထိုးလိုက်ရင်…ကြေးအရိုင်းတုံးတွေ ရပါတယ်…

အဲဒါတွေကိုလဲ တရုတ်ပြည် ကပြန်ဝယ်ပါတယ်….ရုပ်ထု…ဇွန်းခွက် နဲ. တူရိယာတွေ လုပ်တဲ့နေရာမှာ သုံးလို.ရပါတယ်…စက်မှုသုံးဖို.တော့ အဆင့်မမှီပါဘူး…..အဲဒီလိုလုပ်လို.ရမှန်းလဲသိရော …အနီးအနားရွာတွေက လာပြီး စွန်.ပစ်ကွင်းထဲမှာ ဆားခြစ်ကြတာ အလုအယက်ပေါ့..နောက်တော့ ပြသနာတွေ ဖြစ်လာတာနဲ. စက်ရုံအုပ်ချုပ်သူတွေကစွန်.ပစ်ကွင်းကိုခြံခတ် စက်ရုံဝန်ထမ်း မိသားစုဝင်တွေကိုပဲ ဆားခြစ်ခွင့်ပေးပါတော့တယ်…ကျနော်တို.ရောက်တဲ့အချိန်တုံးက ၀န်ထမ်းတွေရဲ.အိမ်ရှေ.တိုင်းမှာ စဉ်.အိုးသုံးလေးအိုးတော့ အနည်းဆုံးရှိပါတယ်…မိသားစုများရင်များသလို ၀င်ငွေရကြပါတယ်…Sedimentation မလုပ်နိုင်ရင်တောင် ဆားခြစ်ပြီးပြန်ရောင်း ရင်ရွာတွေက ၀ယ်ပါတယ်…အဲဒီလို ဆားခြစ်ခွင့်ကန်.သတ်လိုက်တော့ အနီးအနားရွာက လူတွေဟာ စက်ရုံတွေမှာ နေ.စားပဲရရ ၀င်လုပ်ကြပါတယ်….

ကျနော်တို.ရောက်တဲ့အချိန်မှာ ရွာသူလေးတွေဟာ နေ.စားနဲ.မြက်လာရှင်းပါတယ်…အဲဒီလောက်ဆင်းရဲသလား လို.ထင်ပြီးမေးမြန်းကြည့်မှ အဖြစ်မှန်သိရတာပါ…

အခုလောက်ဆိုရင် အခြေအနေတွေကိုနားလည်လောက်ပြီလို.ထင်ပါတယ်….

ကျနော် အဓိကပြောချင်တာက အဲဒီဒေသမှာ ရှိတဲ့ မြေကြီးရဲ.နဂိုမူလ အနေအထားပါ…တခြားဒေသကမြေကြီးတွေနဲ.မတူပါဘူး….. သူ.မြေအခံမှာကိုက သတ္တုဓါတ်က ရှိနေပြီးသားပါ…နောက်တစ်ခုက..ဟိုးနှစ်ပေါင်းများစွာကတည်းက ရှိလာခဲ့တဲ့ စက်ရုံကို ဘာလို. အခုမှ မလိုလားတော့တာလဲ…စဉ်းစားရမှာပါ….

အခုလက်ရှိအခြေအနေကလဲ ကျနော် ရောက်ခဲ့တုန်းကနဲ. တူချင်မှတူတော့မှာပါ.. အပြောင်းအလဲတွေ အများကြီးဖြစ်နိုင်ပါတယ်…ဒါပေမယ့်..တကယ့်လက်တွေ.နဲ. နီးစပ်အောင်စဉ်းစားနိုင်ဖို. အခြေခံအကြောင်းတရားတွေ စုံနိုင်သမျှစုံအောင်သိထားဖို. ထည့်တွက်ဖို. လိုပါတယ်….

ဒါမှလဲ ပြသနာရဲ.အဖြေမှန်ကိုရှာနိုင်မှာမဟုတ်ပါလားဗျာ……ဒါကြောင့်သိထားသလောက် တင်ပြလိုက်တာပါ… အစမှာပြောခဲ့သလို…ဆင်ခြင်တွေးဆနိုင်ဖို.ပါပဲ….

ဘေးကင်း၊ပျော်ရွှင်၊အောင်မြင်ကြပါစေ..

No comments: