Wednesday, October 3, 2012

အရှည် ၂၂ ပေရှိ မိကျောင်း ရုပ်ကြွင်းများအား သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ

(လန်ဒန် အောက်တိုဘာ ၂)
အရှည် ၂၂ ပေရှိသော ပင်လယ်ဘုရင် တိုင်ယန်နိုဆောရက် ကဲ့သို့သော ခွန်အားကြီး မိကျောင်းကြီး နှစ်ကောင် ၏ ရုပ်ကြွင်းများကို သိပ္ပံပညာရှင် များက ရှာဖွေ တွေ့ရှိ ခဲ့ကြောင်း သိရသည်။
အဆိုပါ မိကျောင်း နှစ်ကောင်အနက် တစ်ကောင်မှာ ၁၇ ပေ အရှည်ရှိ ဒါကိုဆောရက် မိကျောင်းနှင့် အခြား တစ်ကောင်မှာ ၂၂ ပေ အရှည်ရှိ ပလီဆီယို ဆူးချက် မိကျောင်းတို့ ဖြစ်သည်။ ၎င်းတို့သည် လွန်ခဲ့သော နှစ်သန်းပေါင်း ၁၅ဝ ခန့်က အင်္ဂလန် တောင်ပိုင်း ပင်လယ် သမုဒ္ဒရာ အတွင်း ကြီးစိုးမင်းမူ ခဲ့ကြကြောင်း သိပ္ပံ ပညာရှင်များက လေ့လာတွေ့ရှိ ခဲ့ကြသည်။
၎င်းတို့၏ ရုပ်ကြွင်းများသည် ဒေါ့ဆတ်နှင့် ကိန်းဘရစ် ရှိုင်းယား ဒေသ ဝန်းကျင်ရှိ သမုဒ္ဒရာ ကြမ်းပြင် အောက်တွင် ရှာဖွေ တွေ့ရှိ ခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ ရုပ်ကြွင်းများကို သိပ္ပံပညာရှင် များက စူးစမ်း လေ့လာမှုများ ပြုလုပ်လျက် ရှိကြောင်း အပြည်ပြည် ဆိုင်ရာ သိပ္ပံပညာရှင်များ အသင်း ၏ ခေါင်းဆောင် တစ်ဦး ဖြစ်သူ အီဒင်ဘာ့ဂ် တက္ကသိုလ်မှ ဒေါက်တာ မက်စ်ယန်းက ပြော ကြား ထားသည်။

No comments: