Oct 3, 2012

 မြန်မာ့တပ်မတော် (ရေ)အတွက် အခုတလောတွင် စိတ်လှုပ်ရှားဖွယ်ရာ  
သတင်းတစ်ပုဒ်ကြားမိပါသည်...။ မြန်မာ့တပ်မတော် (ရေ)တွင် လက်ရှိအသုံးပြုနေသော
  စွမ်းရည်မြှင့်စစ်ရေယာဉ် အတော်များများမှာ မိမိတို့ပြည်တွင်းတွင်ပင်  
တပ်ဆင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ရှပ်ပြေးယာဉ်များမှသည်  
ဖရီးဂိတ်စစ်ရေယာဉ်ကြီးများအထိပင် တပ်မတော် (ရေ) ရေတပ်သင်္ဘောကျင်းများမှ  
ဂုဏ်ယူဖွယ်တည်ဆောက်နိုင်ခဲ့ကြပြီဖြစ်ပါတယ်.

လက်ရှိအချိန်တွင်မှု ရေချပြီးစစ်ရေယာဉ်များအနက် အောင်ဇေယျ  
ပဲ့ထိန်းဒုံးတပ်စစ်ရေယာဉ်ကြီးသည် ရေတပ်၏ အကြီးဆုံး  
စစ်ရေယာဉ်ကြီးတစ်စင်းဖြစ်ပြီး အောင်ဇေယျ စစ်ရေယာဉ်ကြီးထက်ပင် ပိုမို  
စွမ်းရည်ထက်မြက်သည့် ဖရီးဂိတ်စစ်ရေယာဉ်သစ်ကြီးသည်လည်း မကြာမှီတွင်ပင်  
ရေချနိုင်တော့မည်ဖြစ်ပါသည်။ အဆိုပါဖရီးဂိတ်ကြီး၏  
စိတ်ဝင်စားဖွယ်အချက်များသည် စစ်ရေးစိတ်ဝင်စားသူများ ၊  
ဒေသတွင်းနိုင်ငံများအကြားတွင် ပြောဆိုဆွေးနွေးစရာ အကြောင်းဖြစ်လာဦးမည်မှာ 
သေချာသည်။

အိမ်နီးချင်းနိုင်ငံများအထူးသဖြင့် ဘင်္ဂလားဒေ့်ရေတပ်အနေဖြင့်  
အကြီးအကျယ်ရေတပ်အား တိုးချဲ့နေစဉ်အတွင်းတွင် မိမိတို့ တပ်မတော်  
(ရေ)ဘက်မှလည်း ပြည်တွင်းထုတ် ဖရီးဂိတ်အသစ်တစ်စင်းအား  
ရေချနိုင်တော့မည်ဖြစ်ရာ မကြာတော့သော ကာလတွင် တပ်မတော် (ရေ)သည်  
ပဲ့ထိန်းဒုံးတပ် ဖရီးဂိတ်စစ်ရေယာဉ် (၄)စင်းပိုင်  
ရေတပ်တစ်ခုဖြစ်လာတော့မည်ဖြစ်ပါသည်။ လက်ရှိတွင် တာဝန်ထမ်းဆောင်နေသည့်  
အောင်ဇေယျ (F11) ၊  မဟာဗန္ဓုလ (F21) ၊ မဟာသီဟသူရ (F23)
 အစရှိသည့် စစ်ရေယာဉ်ကြီးများအနက်  
တရုပ်ရေတပ်မှလွဲပြောင်းလက်ခံရရှိထားသည့် ဖရီးဂိတ်စစ်ရေယာဉ်ကြီးများသည်လည်း 
 ယခုအခါတွင် အပြည့်အဝနီးပါးပြန်လည် ပြုပြုင်မွမ်းမံထားပြီးဖြစ်ကာ တပ်မတော် 
 (ရေ)၏ ရေပြင်ပိုင်နက်အားကာကွယ်ပေးနိုင်မှုအပေါ်များစွာ  
အကျိုးသက်ရောက်လျက်ရှိပါသည်။
ယခုပိုစ့်တွင်မူ တပ်မတော် (ရေ)၏  ဖရီးဂိတ်စစ်ရေယာဉ်၏ ဓါတ်ပုံများအား 
ဖော်ပြပေးနိုင်ခြင်းမရှိသေးပေ...  သို့သော်များမကြာမှီတွင် 
တင်ပေးနိုင်မည်ဟု မျှော်လင့်ရပါသည်။ 
တပ်မတော် (ရေ) ၏  ဖရီးဂိတ်စစ်ရေယာဉ်အသစ်အား မူလက ပြောဆိုခဲ့ကြသည့် F21 
မှ နောက်ထပ်ကြားရသော  သတင်းများအရမူ အောင်ဇေယျ 
ဖရီးဂိတ်စစ်ရေယာဉ်ကြီးကဲ့သို့ပင်လိုက်ကာ F12  ဟူ၍ပြောင်းလဲလာမည်ဟု 
သိရပါသည်။ အမှန်တကယ်တွင်မူ  မည်သို့ထွက်လာမည်ဆိုသည်မှာလည်း 
စိတ်လှုပ်ရှားစရာတစ်ခုပင်ဖြစ်ပါသည်။
မဟာဗန္ဓုလ ပဲ့ထိန်းဒုံးတပ်ဖရီးဂိတ်စစ်ရေယာဉ်ကြီးအား တွေ့ရစဉ် (C-802 ဒုံးများမတပ်ဆင်မှီက)

No comments:
Post a Comment