အမေရိကန်
 နိုင်ငံ အိမ်ဖြူတော်ရှိ ကွန်ပျူတာများ၏ လုံခြုံရေးစနစ်အား အယောင်ဆောင် 
အီးမေးလ် များဖြင့် ချိုးဖောက် ဝင်ရောက် တိုက်ခိုက်မှု ခံခဲ့ရကြောင်း 
သိရှိရပါသည်။ အိမ်ဖြူတော်ရှိ ကွန်ပျူတာများ၏ ကွန်ရက် အား Spear-phishing 
အမည်ရှိ ဆိုက်ဘာ တိုက်ခိုက်မှု တစ်ခုခံခဲ့ရ သော်လည်း ၎င်းသည် သီးခြားသတ်မှတ် 
ထားသော သတင်းအချက် အလက်များ မပါဝင် သည့်အတွက် မည်သည့် သတင်းအချက် အလက်မျှ 
ခိုးယူခံခဲ့ရခြင်း မရှိကြောင်း အိုဘားမား အစိုးရအဖွဲ့မှ အမည် မဖော်လိုသော 
အရာရှိတစ်ဦး ၏ ပြောကြားချက်ကို ကိုးကား၍ ဒေသခံ မီဒီယာများမှ  အောက်တိုဘာလ
 ၁ ရက်နေ့တွင် ထုတ်ပြန် ခဲ့ပါသည်။ တရုတ်ဟက်ကာများ အနေဖြင့် အမေရိကန် 
အစိုးရ၏ နျူကလီးယား ထိန်းချုပ်ရေး ဆိုင်ရာ ကွန်ပျူတာ ကွန်ရက်စနစ် အား 
ချိုးဖောက် တိုက်ခိုက်ခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်၌ အခိုင်အမာ ဖော်ပြထား
 ပါသည်။
အဆိုပါ
 ဖြစ်စဉ်တွင် စနစ်များအား သီးခြား တိုက်ခိုက် ခံခဲ့ရသော်လည်း အချက်အလက်များ
 ပါရှိခြင်း မရှိကြောင်း၊ ထို့ပြင် ကွန်ရက် စနစ်များအား ချိုးဖောက် 
ဝင်ရောက်ရန် ကြံစည် အားထုတ်မှု အနေဖြင့် အကျိုးမရှိ ကြောင်း
 အမည်ဖော်ပြ ထားခြင်း မရှိသော အရာရှိ၏ ပြောကြားချက်ကို ကိုးကား၍ 
ဖော်ပြခဲ့ပါသည်။ တရုတ်နိုင်ငံကို အခြေပြု ပေါ်ပေါက် လာသော ဆိုက်ဘာ 
တိုက်ခိုက်မှုသည် အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန အပါအဝင် အစိုးရအဖွဲ့ 
အစည်းများအား ဦးတည် တိုက်ခိုက် လာသဖြင့် အလေးထား သွားရမည် ဖြစ်ကြောင်း 
အမေရိကန် ထောက်လှမ်းရေး အကြီးအကဲမှ ပြောကြား ခဲ့ပါသည်။ 
၂ဝ၁၁ခုနှစ်
 နိုဝင်ဘာလအတွင်းကလည်း ဆိုက်ဘာ တိုက်ခိုက်မှုမှ တစ်ဆင့် အမေရိကန်၏ 
အဆင့်မြင့် နည်းပညာ အချက် အလက်များ စနစ်တကျ ခိုးယူခံရမှုကြောင့် အမေရိကန် 
ထောက်လှမ်းရေး အဖွဲ့မှ တရုတ်နိုင်ငံအား ပြစ်တင် ပြောဆိုမှုများ ပြုလုပ် 
ခဲ့ပါသည်။

No comments:
Post a Comment