Friday, October 5, 2012

အဝေးကြည့်မှန်ပြောင်းအသုံးပြုမည်



(ဝါရှင်တန် အောက်တိုဘာ ၄)
စကြဝဠာကြီး၏ ကျယ်ပြန့်မှု နှုန်းကို တိတိကျကျ တိုင်းတာသိရှိ နိုင်စေရန် အတွက် နက္ခတ္တဗေဒ ပညာရှင်များသည်  နာဆာ အဖွဲ့မှSpitzerအမည်ရှိ  အာကာသ အဝေး ကြည့်မှန် ပြောင်းကို အသုံးပြုရန် စီစဉ်လျက်ရှိကြောင်း နာဆာအဖွဲ့က အောက်တို ဘာ ၃ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။

စကြဝဠာကြီးသည် ၁၉၉ဝ ပြည့်လွန် နှောင်းပိုင်းတွင် အချိန်နှင့်အမျှ တဖြည်းဖြည်း ပိုမိုကျယ်ပြန့် လာသည်ကို နက္ခတ္တဗေဒ ပညာရှင်များက တွေ့ရှိခဲ့ ကြပြီး စကြဝဠာကြီး၏ သက်တမ်းနှင့် အရွယ်အစားကို သိရှိရန်အတွက် ၎င်း၏ ကျယ်ပြန့်မှု နှုန်းထားကို   တိုင်းတာ စစ်ဆေးမှု၊  လေ့လာ ဆန်းစစ်မှုများ ပြုလုပ် လျက် ရှိကြောင်း သိရသည်။

စကြဝဠာကြီး၏ ကျယ်ပြန့်မှု နှုန်းထားကို တိုင်းတာရန် အတွက် အသုံးပြုမည့် နာဆာအဖွဲ့မှ Spitzer အဝေးကြည့် မှန်ပြောင်းတွင် လှိုင်းအလျား ရှည်လျားသည့် အနီအောက် ရောင်ခြည်ကို ထည့်သွင်း တပ်ဆင် အသုံးပြုထားသည့် အတွက် တိုင်းတာမှု အသစ်များ ပြုလုပ်ရာတွင် ပိုမိုကောင်းမွန် စေ မည်ဖြစ်ကြောင်း နက္ခတ္တဗေဒနှင့် ပတ်သက်၍ ထုတ်ဝေသော ဂျာနယ် တစ်စောင် တွင် ဖော်ပြ ထားသည်။

No comments: