တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာမြေပြိုမှုဖြစ်ပွား။
 တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ အောက်တိုဘာလ ၄-ရက်နေ့က 
မိုးကြီးပြီးတောင်ပြိုမြေပြို ဖြစ်တာကြောင့် ပိတ်မိသေဆုံးခဲ့တဲ့ ကလေး 
၁၈-ဥိးရဲ့ ရုပ်အလောင်းတွေကို အောက်တိုဘာလ ၅-ရက် မနက်စောစောမှာ 
ကယ်ဆယ်ရေးအဖွဲ့တွေက ခက်ခက်ခဲခဲ ရှာဖွေတူးယူခဲ့ပါတယ်။ ဒါပေမဲ့ 
ရွာသားတစ်ဥိးကတော့ အခုချိန်ထိ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ 
တရုတ်နိုင်ငံ 
ယူနန်ပြည်နယ် Longhaixiang မြို့နယ်ရှိ Zhenhe ကျေးရွာလေးမှာ အောက်တိုဘာလ 
၎-ရက် ဒေသစံတော်ချိန် မနက် ၈-နာရီလောက်က တောင်ပြိုမှုဖြစ်ပြီး 
ကျောင်းတက်နေတဲ့ ကလေး ၁၈-ဥိးနဲ့ လူကြီး ၁-ဦး စုစုပေါင်း ၁၉-ဦး 
ပိတ်မိနေခဲ့ပါတယ်။ "ကျောင်းသားအတော်များများ အခုတူးနေတဲ့ နေရာမှာဘဲ 
ပိတ်မိခဲ့တာပါ။ ကလေး ၃-ယောက်ရဲ့ ရုပ်အလောင်းတွေကိုတော့ ကျောင်းဂိတ်ဝနားမှာ 
ရှာတွေ့ခဲ့ပါတယ်၊ အခင်းဖြစ်ဖြစ်ချင်း ကလေးတွေက ဂိတ်ပေါက်နားကို 
ပြေးလာခဲ့ပေမဲ့ သူတို့ မလွတ်မြောက်နိုင်ခဲ့ပါဘူး "လို့ ကယ်ဆယ်ရေးလုပ်နေတဲ့ 
မိးသတ်ဌာန အကြီးအကဲက ပြောသွားတာပါ။ မြေပြိုမှုကြောင့် 
အရေးပေါ်နေရာပြောင်းရွှေ့ထားတဲ့ အမျိုးသမီးတစ်ဥိးက တော့ "သူတို့က ကျမကို 
ချက်ချင်းနေရာပြောင်းဖို့ ပြောတယ်။ကျမက ပစ္စည်းလေးတွေ ယူအုံးမယ်ဆိုတော့ 
လူ့အသက်က ပိုအရေးကြိးတယ်လို့ ပြောပြီး ကျမကို ဒီနေရာကို ပို့ပေးခဲ့တာပါ 
"လို့ ပြောပြသွားပါတယ်။ အဲဒီရွာလေးမှာ အောက်တိုဘာလ ၄-ရက် မနက် 
၈-နာရီလောက်မှာ မြေပြိုမှုဖြစ်ခဲ့ပေမဲ့ လမ်းပန်း 
ဆက်သွယ်ရေးခက်ခဲလွန်းတာကြောင့် မီးသတ်၊ စစ်တပ်နဲ့ ဆေးတပ်သားတွေပါဝင်တဲ့ 
ကယ်ဆယ်ရေးအဖွဲ့ တွေဟာ ညနေ ၆-နာရီလောက်မှ အခင်းဖြစ်ရာကို ရောက်လာခဲ့ပါတယ်။
 
 
 
 
          
      
 
  
 
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment