Friday, October 5, 2012

ကျောင်းသူ တစ်ဦး၏ အစာအိမ် အတွင်းမှ အလေးချိန် လေးပေါင်နီးပါးရှိ ဆံပင် အလုံးအထွေး တစ်ခုအား အောင်မြင်စွာ ဖယ်ထုတ်



အိန္ဒိယနိုင်ငံ မက်ဒယာပရာဒက်ရှ် ပြည်နယ် အင်ဒိုမြို့ရှိ မဟာရာဂျာရက်ရှ် ဝမ်ထရာ ဆေးရုံမှ အစာအိမ်နှင့် အူလမ်းကြောင်း ဆိုင်ရာ ခွဲစိတ် ဆရာဝန်များသည် ကျောင်းသူလေး တစ်ဦး၏ ဝမ်းဗိုက် အတွင်းမှ အလေးချိန် လေးပေါင်နီး ပါးရှိ ဆံပင်များကို အောင်မြင်စွာ ခွဲစိတ်ထုတ်ယူ ပေးနိုင်ခဲ့သည်ဟု အင်တာနက် သတင်း တစ်ပုဒ်တွင် ဖော်ပြထားသည်။ အဆိုပါ ကျောင်းသူ လေးသည် အသက်အရွယ် အားဖြင့် ၁၉ နှစ်ရှိပြီ ဖြစ်ပြီး သူမသည် အတန်းချိန် အတွင်း၌ မြေဖြူနှင့် ဆံပင်များကို ရော၍ မျိုချ တတ်သည့် အလေ့အကျင့် ရှိသူဖြစ်သည်။
ယင်းအလေ့ အကျင့်ကြောင့် သူမ၏ အစာအိမ် အတွင်း၌ ဆံပင်အလုံး အထွေးမှာ တဖြည်းဖြည်း ကြီးထွားလာပြီး လူကို ထိခိုက်မှု ပေးလာခြင်းကြောင့် ဆေးရုံသို့ လာရောက် ခွဲစိတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ သူမကို ခွဲစိတ်ခဲ့ရာတွင် အစာအိမ် အတွင်းမှ ဖယ်ထုတ် လိုက်ရသည့် ဆံပင် အလုံးအထွေး ကြီး၏ အလေးချိန်သည် လေးပေါင် နီးပါးခန့် ရှိသည်ဟု ခွဲစိတ် ဆရာဝန် တစ်ဦး ဖြစ်သူ အေမန်အဂါဝေါလ် က ပြောကြားသည်။ ယခု အချိန်တွင် အဆိုပါ ကျောင်းသူလေး၏ အခြေအနေသည် တဖြည်းဖြည်း ကောင်း မွန် လာပြီ ဖြစ်ကြောင်း၊ သို့ရာတွင် ရက်အနည်းငယ် အထိအစာနှင့်ရေကို စားသောက်၍ မ ရနိုင် သေးေ ကြာင်း သိရသည်။               

No comments: