
နယ်သာလန်
 နိုင်ငံ အမ်စတာဒမ် လေဆိပ်တွင် အဆိပ်ပြင်းသော အမွေးထူ ပင့်ကူ အကောင် ၂ဝဝ 
ကို လေဆိပ် အာဏာပိုင် များက ဂျာမနီနိုင်ငံသား စုံတွဲတစ်တွဲ၏ 
ခရီးဆောင်သေတ္တာအတွင်းမှ သိမ်းဆည်း ရမိခဲ့ကြောင်းသိရသည်။ ၎င်းစုံတွဲသည် ပီရူး 
နိုင်ငံမှ ပြန်လာခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့၏ ခရီးဆောင် အိတ်အတွင်း အမွေးထ 
ူပင့်ကူ ၂ဝဝ ကို နှံကောင်များ၊ ပိုးနားသန်များ၊ ပိုးတောင်မာ များနှင့်အတူ 
အဝတ်အစားများ အကြားတွင် ဝှက်၍ သယ်ဆောင်လာ ခြင်းဖြစ်ကြောင်း Die Welt သတင်းစာ က အောက်တိုဘာ ၄ ရက်တွင် ဖော်ပြခဲ့ကြောင်း သိရသည်။ 
အန္တရာယ်ရှိသော
 အဆိုပါ တွားသွား သတ္တဝါများအား ဖမ်းဆီးရမိ ခဲ့ကြောင်း လေဆိပ် 
အာဏာပိုင်များက အတည်ပြုခဲ့ပြီး ၎င်း တို့တွင် ရောဂါပိုးများ ပါဝင်မှုရှိ၊ 
မရှိကို စစ်ဆေးသွားမည်ဟု သိရသည်။ ယခုကဲ့သို့ အန္တရာယ်ရှိသည့် တိရစ္ဆာန်များ 
တရားမဝင် သယ်ဆောင်မှုကို ယခင်က တစ်ကြိမ်မျှ မကြုံဖူးကြောင်း အမ်စတာဒမ်၏ 
အကောက်ခွန် ဌာနမှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြား ခဲ့သည်ဟု သိရ သည်။         
No comments:
Post a Comment