Friday, October 5, 2012

အိန္ဒိယ တပ်မတော် အကြီးအကဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ချစ်ကြည်ရေး ခရီးအလည် အပတ် သွားရောက်ခြင်း


အိန္ဒိယ တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်ကြီး Bikram Singh သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ သို့ အောက်တိုဘာလ ၂ ရက်နေ့မှ ၅ ရက် နေ့အထိ ချစ်ကြည်ရေး ခရီးအဖြစ် အလည်အပတ် သွားရောက် ခဲ့ကြောင်း သိရှိရပါသည်။ ခရီးစဉ်အတွင်း နှစ်နိုင်ငံ အကြား စစ်ဘက်ရေးရာ ပူးပေါင်း ဆောင်ရွက်ခြင်း ကိစ္စရပ်များအား အလေး ထားဆွေးနွေး သွားမည်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် ယခုထက် ပိုမို၍ ဆက်ဆံရေး တိုးတက် ကောင်းမွန် လာအောင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနမှ အောက်တို ဘာလ ၂ ရက်နေ့က ထုတ်ဖော် ပြောကြား ခဲ့ပါသည်။

ဗိုလ်ချုပ်ကြီး Bikram Singhသည် အိန္ဒိယနိုင်ငံတွင် အရှေ့ပိုင်းတိုင်း စစ်တိုင်းမှူး အဖြစ် ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလ တွင် တာဝန် ထမ်းဆောင် ခဲ့ပြီး တာဝန် ထမ်းဆောင်နေစဉ် အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ အလည်အပတ် ရောက်ရှိခဲ့ ဖူးကြောင်း သိရှိရပါသည်။ အများ ပြည်သူတို့၏ အကျိုးကို ရှေးရှု၍ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အကြား အပြန်အလှန်ဆက်ဆံရေးမှာ ထူးခြား ကောင်းမွန်စွာ ရပ်တည်နိုင် ခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောကြား ခဲ့ပါသည်။ ထို့ပြင် ဗိုလ်ချုပ်ကြီး Bikram Singh သည် ဘင်္ဂလားဒေ့ရှ် သမ္မတ Zillur Rahman ၊ ဝန်ကြီးချုပ် Sheikh Hasina နှင့် အခြားအဆင့်မြင့် အရာရှိများနှင့် လည်း တွေ့ဆုံရန် စီစဉ် ထားကြောင်း သိရှိရ ပါသည်။

No comments: