Saturday, September 22, 2012















နိင်ငံရပ်ခြားပလေးဘွိုင်းမော်ဒယ်မလေးများ။
မြန်မာမော်ဒယ်မလေးပါ....သိမယ်ထင်ပါတယ်..ဘယ်သူလည်းဆိုတာကို

ရုပ်ရှင်ထုတ်လုပ်သူခေါင်းကိုဖြတ်ပေးနိုင်ပါကအမေကန်ဒေါ်လာတသန်း။

Pakistan official offers $100,000 reward for killing of maker of anti-Prophet Muhammad film.

ပါကစ္စတန်ရထားပို့ဆောင်ရေးဝန်ကြီးကတော့ ဆက်ပြီး
သည်းညည်း မခံနိုင်တော့လို့ တမာန်တော်မြတ်(ဆွ)ကို
စော်ကားထားတဲ့ ရုပ်ရှင်ထုတ်လုပ်သူကို (ဒါရိုက်တာပါမပါမသိပါ)
အသေသတ်နိုင်ပါက အမေရိကန်ဒေါ်လာ တစ်သိန်းပေးမယ်လို့
ဆုငွေထုတ်လိုက်ပါပြီ။


တရုတ်သင်္ဘောသားတွေကို သတ်ခဲ့ကြောင်း နော်ခမ်း ဝန်ခံ


မူးယစ်ရာဇာ စိုင်းနော်ခမ်းကို မြန်မာအစိုးရ ကလည်း အလိုရှိနေ
BBC News, 22September 2012  —-   မဲခေါင်မြစ်ထဲမှာ တရုတ် သင်္ဘောသား ၁၃ဦး ကို သတ်ဖြတ်ခဲ့မှုနဲ့ စွပ်စွဲခံထားရသူ တရားခံ ၆ဦးက သူတို့မှာ အပြစ်ရှိကြောင်း တရုတ် တရားရုံးမှာ စနေနေ့က ထုတ်ဖေါ် ဝန်ခံ လိုက်ပါတယ်။
တရုတ်နိုင်ငံ ကူမင်းမြို့က တရားရုံးတခုမှာ ရုံးတင် စစ်ဆေးခံနေတဲ့ အဲဒီ တရားခံ ၆ ဦးထဲမှာ မြန်မာ၊ ထိုင်း နဲ့ လာအို ရွှေတြိဂံနယ်မြေမှာ သြဇာ အရှိန်အဝါ ကြီးတဲ့ မြန်မာပြည်သား မူးယစ်ရာဇာ စိုင်းနော်ခမ်း လည်း ပါဝင်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ လတုန်းက မဲခေါင်မြစ်ထဲမှာ ကုန်တင် သင်္ဘောနှစ်စီးကို သေနတ်သမားတွေက တိုက်ခိုက်ခဲ့ရာမှာ တရုတ် သင်္ဘောသားတွေ သေဆုံး သွားခဲ့တာ ဖြစ်ပါတယ်။
အဲဒီ တရုတ်သင်္ဘောနှစ်စင်း တိုက်ခိုက်ခံခဲ့ရပြီး နောက်ပိုင်းမှာ မဲခေါင် မြစ်ကြောင်းတလျှောက် ရေကြောင်းလုံခြုံရေးအတွက် လက်နက်ကိုင် ကင်းလှည့်မှုတွေ လုပ်ဆောင်ခဲ့ရတဲ့ အထိ ဖြစ်ခဲ့ပါတယ်။
တရုတ်၊ မြန်မာ၊ ထိုင်းနဲ့ လာအို လေးနိုင်ငံ ပူးပေါင်း စစ်ဆင်မှုအတွင်း စိုင်းနော်ခမ်းကို ဖမ်းဆီးမိခဲ့ပြီး တရုတ်အစိုးရလက်ထဲ လွှဲပြောင်းပေးခဲ့တာပါ။
စိုင်းနော်ခမ်းဟာ အဲဒီ လေးနိုင်ငံ ဆုံရာ မဲခေါင် မြစ်ကြောင်း တလျှောက် မူးယစ်ဆေးဝါး ကုန်သွယ်မှု၊ ပြန်ပေးဆွဲ လုယက် တိုက်ခိုက်မှု စတဲ့ ပြစ်မှုတွေ ကျူးလွန်ခဲ့ပြီး မြန်မာအစိုးရကလည်း အလိုရှိနေတာ ဖြစ်ကြောင်း၊ ဒါပေမယ့် တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံ အကြား တရားခံ လွှဲပြောင်းပေးရေး အပြန်အလှန် သဘောတူထားချက် မရှိတာကြောင့် စိုင်းနော်ခမ်းကို မြန်မာနိုင်ငံမှာ ရုံးတင် စစ်ဆေးနိုင်ဖို့ ဆိုရင်တော့ နှစ်နိုင်ငံအကြား သတ်သတ် စဉ်းစားရမှာ ဖြစ်ကြောင်း နိုင်ငံဖြတ်ကျော် မှုခင်းရေးရာ အကြီးအကဲအဖြစ် ဆောင်ရွက်ခဲ့သူလည်း ဖြစ်၊ သမ္မတ အကြံပေးအဖွဲ့ရဲ့ ဥပဒေရေးရာ လက်ရှိ အကြီးအကဲလည်း ဖြစ်တဲ့ ရဲမှူးကြီးဟောင်း ဦးစစ်အေးက ဘီဘီစီကို ပြောပါတယ်။

အင်ဒိုနီးရှား ရှေးဟောင်း ဘိုရိုဘိုဒါ ဘုရားကျောင်း ခြိမ်းခြောက်ခံနေရ


နိရဉ္စရာသတင်းဌာန. ၂၂ရက်နေ့ စက်တင်ဘာ ၂၀၁၂  —–  အင်ဒိုနီးရှား နိုင်ငံရှိ ဘိုရိုဘူဒါ (Borobodur) ရှေးဟောင်း ဘုရားကျောင်း အဆောက်အဦးကို တိုက်ခိုက်ရန် အကြမ်း ဘက်သမားများက  ခြိမ်းခြောက်နေသည်ဟု အင်ဒိုနီးရှား ထောက်လှမ်းရေး အဖွဲ့က ထုတ်ဖေါ် ပြောကြားလိုက်သည်။
အင်ဒိုနီးရှားမှ Military Commander Brig. Gen. Adi Widjaja  သောကြာနေ့က ပြောကြားရာတွင် နိုင်ငံခြာသားများ အများဆုံး လာရောက်အဆိုပါ အဆောက်အဦးကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ရန် ကြံရွယ်နေသည်ဟု ပြောသည်။
ယခုအခါ အင်ဒိုနီးရှား ထောက်လှမ်းရေး တပ်ဖွဲ့မှ အကြမ်းဖက်သမားများ၏ တိုက်ခိုက်လာနိုင်မည့် သတင်းအချက်အလက်များကို စုဆောင်းနေသည်ဟု ပြောသည်။
ရရှိထားသော သတင်းအချက်အလက်များကို ယခု အခါ လေ့လာ သုံးသပ်နေပြီး ရရှိထားသာ အချက်အလက်များမှာ တိုက်ခိုက်မည့် အစီအစဉ်မျိုး ရှိနေသည်ဟု မပြောနိုင်သေးကြောင်း Adi Widjara ပြောသည်။
ယူနက်စကို (UNESCO ) မှ ကမ္ဘာ အမွှေအနှစ် အဖြစ် သတ်မှတ်ထားသော  ဘိုရိုဘိုဒါ ဘုရားကျောင်းအား ၁၉၈၅ နှစ်က တစ်ကြိမ် အကြမ်းဖက်သမားများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။
အဆိုပါ တိုက်ခိုက်မူအား အကြမ်းဘက် အဖွဲ့  Ibrahim (or)  Mohammad Jawad alias Kresna  အဖွဲ့ ပြုလုပ်ခဲ့ပြီး ဗုံးခွဲတိုက်ခိုက်မှုကြောင့် စေတီတော်  ၉ဆူပျက်စီးခဲ့ ရသည်ဟု သိရသည်။
ထွန်းထွန်း
တရုတ်နိုင်ငံတွင် နှစ်အနည်းငယ်အတွင်း တံတား ၁၅ စင်း ပြိုကျခဲ့



Written by မောင်သြ   
3240-15brdgs-collapsed-in-china-in-recent-yrsသြဂတ်စ် ၂၄ ရက်က ပြိုကျသွားသည့် Yangmingtan တံတား
တရုတ်နိုင်ငံတွင် လွန်ခဲ့သည့် ၂၀၀၇ ခုနှစ်မှစ၍ ယခု ၂၀၁၂ ခုအထိ တံတားပေါင်း ၁၅ စင်း ပြိုကျခဲ့ပြီးဖြစ်ပြီး၊ ယခုနှစ် တစ်နှစ် တည်းတွင်ပင် တံတား ၈ စင်း ပြိုကျခဲ့ကြောင်း သိရှိရသည်။ လတ်တလော ပြိုကျခဲ့သည့် တံတားမှာ သက်တမ်းအားဖြင့် တစ်နှစ် သာ ရှိသေးသော်လည်း ပြီးခဲ့သည့် သြဂတ်စ်လ ၂၄ ရက် (၂၀၁၂) က ထိုပြိုကျမှုကြောင့် လူ ၃ ဦးသေဆုံးကာ၊ ၅ ဦး ဒဏ်ရာရ ရှိခဲ့သည်။ အဆိုပါ ပြိုကျခဲ့သည့် တံ တား ၁၅ စင်းထဲတွင် ၃ စင်းသာ ၁၅ နှစ်အထက် သက်တမ်းရှိပြီး ကျန် ၁၂ စင်းမှာ လတ် တလောနှစ်များအတွင်း တည်ဆောက်ခဲ့သော တံတားများဖြစ်သဖြင့် သက်တမ်းအားဖြင့် နုနယ်သေးသော တံတားများသာ ဖြစ် ကြသည်။
Chinese Business Daily သတင်းဌာန၏ အဆိုအရ ထိုပြိုကျခဲ့သည့် တံတား၏ ကွန်ကရစ်ထဲတွင် တုတ်ချောင်း များနှင့် ကျောက်စရစ်ခဲများကို တွေ့ရှိခဲ့ရပြီး၊ တံတားမျက်နှာပြင်တွင် အသုံးပြုထားသည့် သံဝါယာကြိုးများသည်လည်း ကောင်း မွန်စွာ ချည်တုတ်ထားခြင်း မရှိ ဟုဆို သည်။ တရုတ်အာဏာပိုင် ကျွမ်းကျင်သူများကမူ တံတားနှင့် ပတ်သက်သည့် ဒီဇိုင်း ပိုင်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းပိုင်းများတွင် ပြစ်ချက် တစ်စုံတစ်ရာ မရှိဘဲ၊ တံတားပေါ်တွင် ဖြတ်သန်းသွားလာသည့် သတ် မှတ်တန်ချိန်ထက်ပို၍ သယ်ဆောင်လာသော တန်ပို ထရပ်ကား ၄ စင်းကြောင့်ဟု ဆိုသည်။ အလားတူ ကျန်တံတား ၁၄ စင်း လုံး ပြိုကျခဲ့ရသည့် အဓိကအကြောင်းအချက်မှာ တန်ပို ထရပ်ကားများကြောင့် ပင်ဖြစ်ကြောင်း တုံ့ပြန်ပြောဆိုထားသည်။ တရုတ်ပြည်သူများက "အမယ်မင်း... ယွမ် ၁.၈ ဘီလီယျံ ကုန်ကျတဲ့ ဒီတံတားကြီး  ထရပ်ကား ၄ စင်းနဲ့ကျမှ ပြိုကျရတယ်လို့" ဟု ရွှတ်နောက်နောက် ပြောဆိုနေကြသည်။
တရုတ်-ဥရောပ အပြည်ပြည်ဆိုင်ရာ စီးပွားရေး တက္ကသိုလ်၏ ပါမောက္ခဖြစ်သူ Xu Xiaonian က "အကျင့်ပျက်ခြစားမှုတွေ ဟာ ယခုခေတ်တရုတ်ပြည်ရဲ့ ရင်းနှီးမြှုပ်နှံမှုပုံစံမှာ အခြေခံအုတ်မြစ် ဖြစ်လာနေတာကို ဒီပြိုကျသွားတဲ့တံတားက လက်တွေ့ပြနေ ပါတယ်။" ဟု ဆိုထား ပြီး၊ တရုတ်စီးပွားရေး မဂ္ဂဇင်း၏ အကြီးတန်း ဘောဂဗေဒ ပညာရှင် Li Xinyue က "အခုနောက်ဆုံး ပြိုကျတဲ့ တံတား ၁၂ စင်းလုံးရဲ့ တရား ခံအဖြစ် တန်ပို ထရပ်ကားတွေကို အပြစ်ဖို့တယ်။ ဘယ်တာဝန်ရှိသူကိုမျှ အရေးမယူ သလို၊ ဘယ်သူတစ်ဦး တစ်ယောက်ကမျှ ဒီပေါ့ဆမှုအ တွက် ပြစ်ဒဏ်မခံရပါဘူး။ တရုတ်အစိုးရထဲမှာ အထက်လူကြီးဖြစ်ရတာ တကယ့်ကို ကံကောင်းတဲ့ အရာပါ" ဟု တရုတ်အာဏာပိုင်များ၏ အကျင့်ပျက်ခြစားမှုကြောင့် ဖြစ်ရကြောင်း အစီရင်ခံစာတစ်ခု တွင် သုံးသပ်ထားသည်။
---
Ref: The Epoch Times
တရုပ်ပြည်ကယန်စီမြစ်ကြီးဘာကြောင့်နီသွားရသနည်း။
http://blogs.nature.com/news/files/2012/09/blog_GETTY_151416293.jpg
တရုပ်ပြည်ချုံကျင်းမြို့နားမှာရှိတဲ့ယန်စီမြစ်ရေပြင်ကြီးဟာရုတ်တရက်အနီရောင်ဘက်ကိုပြောသွားတာထူးဆန်း
စွာတွေ့မြင်ရမှာဖြစ်ပါတယ်။
ဘာကြောင့်လည်းဆိုတာကိုတော့သေချာစွာအဖြေရှာလို့မတွေ့ရသေးပါဘူး။မြစ်ဖြားခံရာဒေသတ၀ိုက်မှာမိုး
သည်းထန်စွာရွာသွန်းလို့ပဲ့နုံးတွေမျောပါလာပြီးရေနီသွားတာလားစက်မှုလက်မှုလုပ်ငန်းတွေကစွန့်ပစ်အညစ်
အကြေးတွေကြော င့်များရေနီသွားတာလားဆိုတာကိုတော့ဘယ်သူမှအတိအကျမသိသေးဘူးလို့ဆိုပါ
တယ်။
တရုပ်ပြည်ကြီးဟာသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုလုံးဝဦးစားမပေးပဲလုံးဝဂရုမစိုက်ပဲငါတကောကော
ပြီးဘနဖူးသိုက်တူးကြတဲ့အကျိုးဆက်ကြောင့်ဒီလိုသဘာဝတရားရဲ့သတိပေးခြင်းကိုခံရတာလားဒါမှမဟုတ်
တရုတ်ပြည်ကြီးသွေးချောင်းစီးမဲ့နမိတ်လေလားတော့ဘယ်သူမှလည်းအသေးအချာမသိရသေးပါဘူး
http://blogs.nature.com/news/2012/09/why-has-the-yangtze-river-turned-red.html
ဒေါသထွက်နေသော တရုတ်လူအုပ်က အမေရိကန် သံအမတ်ကို ၀ိုင်းတိုက်ခိုက် 
 http://thevoicemyanmar.com/2/media/k2/items/cache/a2a520e3be86eae9697108af8c2431bc_XL.jpg
 ဘေဂျင်း၊ စက်တင်ဘာ ၂၀
တရုတ်က ပိုင်ဆိုင်သည်ဟု ကန့်ကွက်လျက် ရှိသောကျွန်းကို ဂျပန်ကလည်း ပိုင်ဆိုင်ကြောင်း ပြသနေမှု အတွက် ဂျပန်ဘက်မှ ဘက်လိုက်သည်ဟု အမေရိကန်ကို ဒေါသ ထွက်နေသောလူအုပ်ကြီးက အမေရိကန် သံအမတ်ကြီး စီးနင်း လိုက်ပါလာသော ကားကို ဝိုင်းဝန်း တိုက်ခိုက် ခဲ့ကြကြောင်း Telegraph သတင်းတစ်ရပ်က ဖော်ပြထားသည်။

လူအင်အား ၅၀ ခန့်ရှိသော လူအုပ်သည် သံအမတ်ကြီး ကားကို ဝိုင်းဝန်း တိုက်ခိုက် ခဲ့သော်လည်း လုံခြုံ ရေး အစောင့်များက ကာကွယ်နိုင်သဖြင့် သံအမတ်ကြီး ဂယ်ရီလော့ကီ လွတ်မြောက် သွားခဲ့ပြီး ကားတွင် အနည်းငယ်ထိခိုက် မှု ရှိခဲ့သည်။ တရုတ်နိုင်ငံ အမေရိကန် သံရုံးက ကြေညာချက် တစ်စောင်ကို အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ ထုတ် ပြန်ခဲ့သည်။

“သံရုံး အရာရှိများ အနေနှင့် စိုးရိမ် မှုများကို တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဌာနကို တင်ပြထားကြောင်း၊ အမေ ရိကန် ပိုင်ဆိုင်မှုများနှင့် နိုင်ငံသားများကို ကာကွယ် ပေးပါရန် တိုက်တွန်းကြောင်း” ကြေညာချက်တွင် ဖော်ပြထားသည်။
အမေရိကန် သံရုံး အနီးရှိ ဂျပန် သံရုံးကို တရုတ် လူအုပ်ကြီးက ဆန္ဒပြ နေစဉ် အမေရိကန် သံအမတ်ကြီးကားကို ဆန္ဒပြသူများ၏ ဒေါသက မြားဦး လှည့်သွားခြင်း ဖြစ်သည်။

အငြင်းပွားနေသောကျွန်းကို ဂျပန်က ဝယ်မည့် အစီအစဉ်အတွက် နောက်တက်မည့် တရုတ်ခေါင်းဆောင် ဟု တစ်ပြေးနေသူ ဒုတိယသမ္မတ ရှီချီပင်းကလည်း ရှုတ်ချ စကား ပြောဆို လိုက်ပြီး “ဂျပန်အနေနဲ့ တရုတ်ရဲ့ အချုပ် အခြာကို ထိပါးမယ့် အပြောအဆို၊ အမူ အရာတို့ကို ထိန်းချုပ် သင့်ပါတယ်” ဟု ဝေဖန် လိုက်သည်။

တရုတ် ပညာရှင်များက ကျွန်းအရေးတွင် ဂျပန်ဘက်၌ အမေရိကန်ရှိ နေကြောင်း သုံးသပ်ပြောဆိုကြကာ အမျိုးသားရေး စိတ်ဓာတ် အားကောင်း နေသည်နှင့် အမျှ အမေရိကန် မုန်းတီးရေး စိတ်ဓာတ်သည်လည်း ရေချိန်မြင့်လာ သည်။ တရုတ် အတိုက်အခံ အနုပညာရှင် ‘အိုင်ဝေဝေ’ ကပင်လျှင် ၎င်းင်း၏ Twitter ၌ ]အမေရိကန် နယ်ချဲ့ဝါဒ ကျဆုံးပါစေ၊ ငါတို့အကြွေးတွေပြန်ပေး’ ဟု ရေးသား ဖော်ပြထားသည်။

အမေရိကန် သံရုံးများသည် အာရပ် ကမ္ဘာတွင်လည်း အစ္စလာမ်ဘာသာကို စော်ကားသည့် ရုပ်ရှင်ကားကြောင့် အန္တရာယ် ကြုံနေရလျက် ရှိသည်။ 


အစလမ်များကားဗုံးဖေါက်ကွဲသောကြောင့်ထိုင်းတောင်ပိုင်းခရိုင်တွင်လူခြောက်ဦးသေဆုံး။


သောကြာနေ့မှာ အလာရှင်မြတ်ရဲ့ နာမတော်အောက်မှာ အပြစ်မဲ့ထိုင်းပြည်သူတွေ အသတ်ခံရပြန်ပြီ။

21.09.2012 သောကြာနေ့ နေ့လည်ပိုင်းမှာ ထိုင်းတောင်ပိုင်းမှာ မွတ်ဆလင်တွေ ကားဗုံးခွဲလို့ အပြစ်မဲ့ထိုင်းပြည်သူ ၆ယောက်သေပြီး ၃၉ ယောက်ဒဏ်ရာရသွားပါတယ်။
မွတ်ဆလင်အကြမ်းဖက်သမားများတိုက်ခိုက်မှုကြောင့် ထိုင်းတောင်ပိုင်းမှာ လွန်ခဲ့တဲ့ ၈နှစ်ကစပြီး ၆နာရီတိုင်းမှာ လူတစ်ယောက် ဒဏ်ရာရတာ သေတာဖြစ်နေပါတယ်။


ထိုင်းတောင်ပိုင်းတစ်ခုတည်းမှာတင် မွတ်ဆလင်တို့ရဲ့ ဂျီဟက်ဘာသာရေးစစ်အမည်ခံ အကြမ်းဖက်တိုက်ခိုက်မှုတို့ကြောင့် လူ ၅ထောင်ကျော်သေဆုံးပြီး ၉ထောင်ကျော်ဒဏ်ရာရပြီး ဖြစ်ပါတယ်။


ထုံးစံအတိုင်းပါပဲ ငြိမ်းချမ်းခြင်းဆိုတဲ့ အစ္စလာမ်ဘာသာရဲ့ ၀တ်ပြုရာနေ့ဖြစ်တဲ့ သောကြာနေ့မှာ
ဗုဒ္ဓဘာသာဝင်ထိုင်းပြည်သူများ သွေးမြေကြရပြန်ပါပြီ။









မန်းလေးသူမော်ဒယ်မလေးတဲ့ခင်ည။







မြန်မာမော်ဒယ်ထက်ထက်တဲ့။

ယနေ့မြေပြင်မိုးလေ၀ါသမြေပုံကားချပ်အရ။
မြန်မာပင်လယ်ပြင်တွင်လေဖိအားနည်းရပ်ဝန်းမရှိပါ။

လျှပ်တပြက်ရိုက်ချက်။


နိုင်ငံခြား(ပလေးဘွိုင်းမယ်လေးများ)




တောက်တယ်တင်းတယ်မြန်မာမောဒယ်။