Showing posts with label ဓါတ်ပုံသတင်းများ. Show all posts
Showing posts with label ဓါတ်ပုံသတင်းများ. Show all posts

Monday, October 22, 2012

AFP-ပြည်သူ့ခေတ်နှင့် မြန်မာတိုင်းမ် မေးမြန်းချက်များအပေါ် နိုင်ငံတော်သမ္မတ၏ရှင်းလင်းဖြေကြားချက်




  သမီးမေးတဲ့ မေးခွန်းက အင်မတန်မှ မေးသင့်မေးထိုက်တဲ့ မေးခွန်းဖြစ်ပါတယ်။ ရခိုင် ပြည်နယ် ရဲ့ အရေးကိစ္စဟာ တိုင်းပြည်ရဲ့အရေးကြီးတဲ့ အရေးကိစ္စတစ်ခု ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ အစိုးရတက်လာပြီးတဲ့နောက်ပိုင်းမှာ ခုနကလို အောင်မြင်မှုတွေလည်းရှိပါတယ်။ နောက်တစ်ခါ အခက်အခဲ တွေ စိန်ခေါ်မှုတွေ ဒါတွေလည်းရှိပါတယ်။ အဲဒီတော့ အဲဒီ အခက်အခဲတွေ စိန်ခေါ်မှုတွေထဲကမှ မမျှော်လင့်ဘဲ ဖြစ်လာတဲ့ အခက်အခဲ စိန်ခေါ်မှုကတော့ ဒီ ရခိုင်ပြည်နယ် အရေးကိစ္စပဲဖြစ်ပါတယ်။ 
 
အဲဒီတော့ ဒီဟာက ခုနကလို ကမ္ဘာက တစ်ချို့လည်း ကျွန်တော်တို့အပေါ်မှာ နားလည်မှုတွေ စာနာမှုတွေ ရှိပါတယ်။ တစ်ချို့လည်း ဖြစ်ရပ်မှန်တွေကို အမှားဖြစ်အောင် လုပ်ကြံဖန်တီးပြီးတော့ စွပ်စွဲတာတွေ ကမ္ဘာ့အလယ်မှာ မျက်နှာပျက်အောင် လုပ်တာတွေ ဒါမျိုးတွေလည်း ဒီကနေ့ ကျွန်တော်တို့ ကြုံတွေ့နေရ ပါတယ်။ အဲဒီတော့ ဒီလူ့အဖွဲ့အစည်းနှစ်ခုပေါ့၊ လူ့အဖွဲ့အစည်းနှစ်ခုဟာ တစ်နေရာတည်းမှာ နေနေရတာ ဖြစ်တဲ့အတွက်ကြောင့် ခုနလို ဘယ်လိုနည်းမျိုးတွေနဲ့ အတူယှဉ်တွဲပြီးတော့ နေနိုင်မလဲဆိုတာကို ဒီအချက် က ကျွန်တော်တို့အတွက် အရေးအကြီးဆုံးအချက် ဖြစ်ပါတယ်။ အဲဒီတော့ အတူယှဉ်တွဲပြီးတော့ နေနိုင်ဖို့ အတွက် လုပ်ရမယ့် လုပ်ငန်းတွေကတော့ အများကြီးရှိပါတယ်။ အများကြီးရှိပါတယ်။ အခြေခံကျတဲ့ လုပ်ငန်း တွေ၊ အခြေခံကျတဲ့ လုပ်ငန်းတွေက ခုနကလို ပညာရေးပါပဲ။

  အဲဒီဒေသမှာရှိတဲ့ လူတွေက အသိပညာတွေ ကြွယ်ဝဖို့လိုပါတယ်။ နောက်တစ်ခါ အမြင်တွေ ကျယ်ဖို့ လိုပါတယ်။ အမြင်တွေကျယ်ဖို့ လိုပါတယ်။ ကိုယ်လူမျိုးကို ကိုယ်ချစ်ပါတယ်။ ကိုယ်လူမျိုးချည်းပဲ ကိုယ်ချစ်လို့ မရပါဘူး။ ကမ္ဘာမှာ ဒီကနေ့ Human Right ဆိုတဲ့ လူ့အခွင့်အရေးတွေ ဘာတို့ ဒါတွေကိုလည်း အလေးထားပြီးတော့ လုပ်ရ ပြုရတာဖြစ်ပါတယ်။ တစ်အချက်ကတော့ စိတ်ထားတွေပြောင်းအောင် လုပ်ရမှာဖြစ်ပါတယ်။ လက်ခံနိုင်တဲ့ စိတ်ထားတွေ ဒီလို ဖြစ်ပေါ်လာအောင် ကျွန်တော်တို့ လုပ်ရမှာဖြစ်ပါတယ်။ အဲဒီတော့ လက်ခံနိုင်တဲ့ စိတ်ထားတွေ ဆိုတာ လည်း ခုနကလို ပညာရေး၊ ဒီအပေါ်မှာ အခြေခံတာဖြစ်တဲ့အတွက်ကြောင့် ပညာရေး ကနေစပြီးတော့ အခြေခံပြီးတော့ ဒီလိုတွေ ဒါ လုပ်ပေးစရာတွေရှိနေပါတယ်။

 ဟိုတစ်ဖက်က ဘင်ဂလီတွေ ဆိုလို့ရှိရင်လည်း သားသမီးတွေ မွေးဖွားတာတွေက အင်မတန်မှ များပါတယ်။ များတဲ့ အတွက်ကြောင့်လည်း ဒီက ခုနကလို ပြဿနာတစ်ရပ်ဖြစ်ပါတယ်။ အဲဒီတော့ ဒါနဲ့ပတ်သက်ပြီး တော့လည်း ဥပဒေကတော့ ဘယ်လောက်မွေးရမယ်၊ ဘယ်လောက်မမွေးရဘူး ဆိုတာတော့ မရှိဘူး။ ကျွန်တော်တို့ဆီမှာလည်း မရှိပါဘူး။ သို့သော်လည်းပဲ ခုနကလို ဒီဒေသမှာရှိနေတဲ့ ဒေသခံတွေရဲ့ ဓလေ့ထုံးတမ်းစဉ်လာအရ ဘယ်လောက်ပဲမွေးရမယ်။ ဒါလေးတွေလည်း ညှိနှိုင်းပြီးတော့မှ လူဦးရေတိုးပွားနှုန်းတွေလည်း အဲဒီဘက်တွေမှာ သိပ်ပြီးတော့ အလွန်အကျွံတွေ မဖြစ်အောင် ကျွန်တော်တို့ လုပ်သွားဖို့လိုပါတယ်။ နောက်တစ်ခုက ပညာရေးအပြင် အလုပ်အကိုင်ရရှိရေးဟာလည်း သူတို့အတွက် အရေးကြီးပါတယ်။ အလုပ် အကိုင်ရရှိရေးက အရေးကြီးပါတယ်။ ဥပမာ- ဘင်ဂလားဒေ့ရှ်က လူဦးရေကို ထိန်းတာ ဘာနဲ့ ထိန်းသလဲဆိုတော့ အလုပ်အကိုင်ရရှိရေးနဲ့ သူတို့ထိန်းပါတယ်။ ဥပမာ- အထည်ချုပ်စက်ရုံ လိုဟာမျိုးမှာ မိန်းကလေးတစ်ယောက်က အလုပ်ဝင်လုပ်တယ် ပြုတယ်ဆိုလို့ရှိရင် ခလေးက နှစ်ယောက်အပြင် သူတို့ ပိုပြီးတော့ မယူချင်ကြပါဘူး။

  အဲဒါ ကလေးတစ်ယောက်ရှိတာတောင်မှ အင်မတန်မှ အလုပ်အကိုင် တစ်ဖက်က လုပ်ရပြုရတာဆိုရင် ကျွန်တော်တို့လည်း ဒီမှာ အလုပ်တစ်ဖက်နဲ့ မိခင်တွေ ပါမှာပါ။ အင်မတန် အခက်အခဲရှိပါတယ်။ အဲဒီတော့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးဖို့၊ နောက်တစ်ခါ ကျွန်တော်တို့ မြင်တတ်တဲ့ပေါ့ ခုနကလို ဟိုနင်း သူရယ်ငါရယ် သူ့လူမျိုးရယ် ကိုယ့်လူမျိုးရယ် ဖြူတယ်ရယ် မည်းတယ်ရယ် ဒီလို အစွဲအလမ်းတွေကို သိပ်ပြီးတော့ ဦးစားမပေးဘဲနဲ့ လူသားဆိုတဲ့ စိတ်ဓာတ်နဲ့ နောက်တစ်ခါ လူ့အခွင့်အရေးကို ဒီကနေ့ ကမ္ဘာကလည်း ကြည့်နေတယ်။ လူ့အခွင့်အရေးကို ဦးစားပေးနေတယ်။ လူတွေလည်း ခုနကလို ကမ္ဘာကြီးနဲ့ လိုက်လျောညီထွေဖြစ်အောင် နေတတ်ထိုင်တတ် ရမယ်ဆိုတဲ့ ဒီအတွေးအခေါ်တွေ အလေ့အကျင့်တွေ ရအောင် ဒါတွေ ကျွန်တော်တို့ လုပ်ပေးသွားမှပဲ ဒီလူ့အဖွဲ့အစည်း နှစ်ရပ်က အတူတကွနဲ့ နေထိုင်နိုင်ကြမှာ ဖြစ်ပါတယ်။ မနေလို့လည်း မရပါဘူး။ မနေလို့လည်း မရပါဘူး။ 

အဲဒီတော့ နေနိုင်တဲ့ နည်းလမ်းတွေတော့ ကျွန်တော်တို့လည်း အများကြီး ရှာကြံနေပါတယ်။ အခု ဆိုလို့ရှိရင် ကျွန်တော်တို့ ဒါ ခင်ဗျားတို့ သိတဲ့အတိုင်းပဲ ကြားအဖွဲ့အစည်းတစ်ခုအနေနဲ့ အားလုံး (၂၇) ယောက်ပါတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ လွှတ်လိုက်ပါပြီ။ လွှတ်လိုက်ပြီးတော့ သွားပြီးတော့ စုံစမ်းစစ်ဆေး နေပါတယ်။ ဒီအဖွဲ့လည်း တော်တော်လေး ဦးနှောက်ခြောက်နေ ပုံရပါတယ်။ ဒီကနေ့ထိတော့ ကျွန်တော့်ကို သူတို့ ဘာမှ အကြံပေးတာတွေ ဘာတွေတော့ သူတို့ မလုပ်နိုင်သေးပါဘူး။ အဲဒီတော့ သူတို့ရဲ့အကြံပေးချက်တွေပေါ်မှာ မူတည်ပြီး ကျွန်တော်တို့ အကောင်းဆုံးဖြစ်အောင် အကောင်အထည် ဖော်ပြီးတော့ ဆောင်ရွက်သွားဖို့ ရှိပါတယ်။
-------------------------------------------------------------------------------------------------------------

ပြည်ထောင်စုကြံခိုင်ရေးပါတီတွင်ရှိသည့် အတိုင်ပင်ခံအဖွဲ့နှင့်ပတ်သက်သည့် ပြည်သူ့ခေတ်ဂျာနယ်မှ မေးမြန်းချက်

 
 
       
   ကျွန်တော်ထင်ပါတယ် အတိုင်ပင်ခံအဖွဲ့ဆိုတာတော့ ပါတီတစ်ဖွဲ့လုံးနဲ့ သက်ဆိုင်မယ် ထင်ပါတယ်။ ပါတီတစ်ဖွဲ့လုံးနဲ့ သက်ဆိုင်မှာ ဖြစ်ပါတယ်။ သို့သော်လည်း အဲဒီ တစ်ဖွဲ့လုံးနဲ့ သက်ဆိုင်တယ်ဆိုတဲ့ နေရာမှာ စောစောက ဟာပဲ ကျွန်တော်တို့ ပြန်ပြီးကောက်ရမှာပါ။ ဥက္ကဌက ပါတီလုပ်ငန်း မလုပ်ရတဲ့ အတွက်ကြောင့် သူနဲ့သွားတိုင်ပင်လို့တော့ မရပါဘူး။ ကျန်တဲ့ ဒုဥက္ကဌတွေက စပြီးတော့ ပါတီဝင်အားလုံး က သူတို့နဲ့တိုင်ပင်လို့ရမယ်လို့ထင်ပါတယ်။


 လယ်သမားများ၏ မြေယာသိမ်းမှု ပြသနာများနှင့် ပတ်သက်သည့် မြန်မာတိုင်းမ် မှ မေးမြန်းချက်။
 
   ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်ကတော့ နှစ်ဖက်ပေါ့။ တစ်ဖက်ကတော့ မင်းတို့ ဒါတွေ လုပ်လိုက်ကွာ၊ ဟိုဘက်ကိုလည်း သွားပြီးတော့ မင်းတို့ ဒီလိုလုပ်လိုက်ကွာ ဆိုပြီးတော့ ပြောလို့တော့ မရပါဘူး။ သမ္မတတစ်ယောက်ဖြစ်ပေမယ့် ဒီမှာ သွားပြီးတော့ အမိန့်နဲ့ဘာနဲ့ ခိုင်းလို့ပြုလို့ မရပါဘူး။ အဲဒီတော့ နှစ်ဦးနှစ်ဖက် ပြေပြေလည်လည်ဖြစ်ဖို့ လိုပါတယ်။ နှစ်ဦးနှစ်ဖက် ပြေပြေလည်လည် ညှိဖို့ပါ။ အဲဒီတော့ နှစ်ဦးနှစ်ဖက် ပြေပြေလည်လည် ညှိလို့ မရဘူးဆိုရင်တော့ စောစောက ကျွန်တော် ပြော သလိုပါပဲ မြေယာနဲ့ပတ်သက်ပြီးတော့ ဥပဒေ ရှိတယ်။ တခြားတည်ဆဲဥပဒေတွေရှိတယ်။ တိုင်တဲ့လူနဲ့ အတိုင်ခံရတဲ့လူနဲ့ နောက်တစ်ခါ တရားရုံးနဲ့ ဒီလိုပဲ ကျွန်တော်တို့ ဖြေရှင်းရမယ့် နည်းလမ်းရှိပါတယ်။ ဒီအတိုင်းပဲ ကျွန်တော်တို့ လုပ်သွားရမှာ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ပြန်ပေးလိုက်၊ ဘယ်လိုတော့ မပေးနဲ့ကွ ဆိုပြီးတော့ ဒီလိုတော့ လုပ်လို့ပြုလို့ မရပါဘူး။ သူတို့အချင်းချင်း ပြေလည်အောင်ညှိဖို့ပဲ ရှိပါတယ်။ မပြေလည်ဘူး ဆိုရင်တော့ တရားဥပဒေအတိုင်း ဆောင်ရွက်ရမှာပဲ ဖြစ်ပါတယ်။





















 

Saturday, October 13, 2012

စိတ်ရောဂါရှင်(ကလေးအမေ)ကို ကူညီကြပါဥိးတဲ့


---------------------

ဖေ့ဘုတ်ကဦးစစ်ကြီးကဒီလိုနိတ်ဗာန်ဆော်ထားပါလေရဲ့။

စိတ်ရောဂါရှင်(ကလေးအမေ)ကို ကူညီကြပါဥိးတဲ့
မြင်းခြံမြို့၊မြောက်ဈေး၊ လမ်းဘေးမှာ မိုးကာတဲလေးနဲ့ မလုံမခြုံနေရရှာတဲ့ မိမိအမည်ကိုတောင်မပြောနိုင်တဲ့ စိတ်ရောဂါရှင်ပါ။ ကလေးလေးမွေးဖွားပြီးးတာ နှစ်ပတ်လောက်ပဲ ရှိပါသေးတယ်။ ဓာတ်ပုံမှာ မြင်ရတဲ့အတိုင်း မိုးကာတဲလေးက ကလေးငယ်လေးအား အသက်ရှင်ဖို့ စိုးရိမ်စရာအခြေအနေပါ။ လမ်းဘေးလေးမှာ မလုံမခြုံနေရတာကြောင့် ဈေးသူဈေးသားများလည်း စိတ်မချမ်းမသာဖြစ်နေကြတယ်။ ကူညီမယ့်သူကိုလည်း

မျှော်လင့်နေကြတယ်။ မနက်ပိုင်း နေ့ခင်းပိုင်းမှာ(ဈေးဖွင့်ချိန်မှာ) ၀ိုင်းပြီးကူညီကြ၊ ရိုင်းပင်းကြ၊ ပေးကြ ကမ်းကြပါတယ်။ အထူးသဖြင့် မအိဖောင်းက အစစအရာရာ ဂရုစိုက်ပေးပါတယ်။ ထမင်းပို့ပေးတယ်။ တဲလေးလုပ်ပေးတယ်။ မွေးဖွားခါနီးမှာ ဆရာဝန်များနဲ့ ပြသပေးခဲ့ပါတယ်။ ခက်နေတာက ဈေးသူဈေးသားတွေ မရှိတော့တဲ့ ညဘက်ဆိုရင် မိခင်ရဲ့လုံခြုံရေးကလည်း ရင်လေးစရာပါ။ ကလေးအတွက် ကျန်းမာရေးဆိုင်ရာ စိုးရိမ်ရပါတယ်။ စိတ်ရောဂါရှင်ဟာ လူမဆန်တဲ့လူများကြောင့် ကလေးရခဲ့တာပါ။ လိင်လုပ်သားတစ်ဦးမဟုတ်ကြောင်းကိုလည်း ပတ်ဝန်းကျင်ကပြောကြပါတယ်။



မြင်းခြံမြို့ ဘူတာဝန်းကျင်မှာ ရောက်နေတာ တစ်နှစ်ဝန်းကျင်ရှိပြီလို့ သိရပါတယ်။ စိတ်ရောဂါရှင်ဖြစ်လို့ စိတ်ထင်ရာလျှောက်သွားရင်း မြင်းခြံကိုရောက်လာဟန်တူပါတယ်။ သူမနာမည်ကို အမှန်မပြောနိုင်သေးပါ။ “မမုန်တိုင်း” လို့လဲပြောတယ်။ “မသက်သက်ခိုင်” လို့လဲပြောပါတယ်။ ကလေးဖွားပြီးမှ မိခင်စိတ်ရှိလာတယ်။ စိတ်မှန်စပြုလာတယ်လို့ ပြောပါတယ်။ (အချို့ကလည်း မိုးကုတ်ဘက်ကတဲ့၊ အချို့ကလည်း ပုပ္ပါးဘက်ကတဲ့၊ အချို့က မော်လမြိုင်ဘက်ကတဲ့၊ အမျိုးမျိုးပြောကြပါတယ်။) သူမအတွက် (ယာယီဖြစ်ဖြစ်) လုံခြုံရာနေရာတစ်ခုရဖို့ စီစဉ်နေပါတယ်။ အကယ်၍ မိတ်ဆွေများ သိခဲ့လျှင် သူမမိဘများနဲ့ဆက်သွယ်အကြောင်းကြားပေးဖို့ တိုက်တွန်းပါတယ်ခင်ဗျာ။ နေရာဒေသအတိအကျသိရင် အောက်ပါဖုန်းနံပါတ်များနဲ့လည်း ဆက်သွယ်သတင်းပေးကြပါခင်ဗျား----- အောက်ပါဖုံးနံပါတ်များနဲ့လည်းဆက်သွယ်နိုင်ပါတယ် ၀၉/၄၃၀၃၆၉၃၉ အရှင်ဝဏ္ဏိတ၊ အလင်းဥယျာဉ်ပညာရေးကျောင်း၊ ထနောင်းတိုင် ၀၉/၄၀၂၅၄၁၃၂၆ အရှင်နန္ဒ၀ံသ၊ စွန်းလွန်းဂူကျောင်း၊မြင်းခြံ၊
from ... မောင်ကျောက်ခဲ
သိတဲ့သူများကူညီလိုက်ပါဦးဗျို့ ..

Friday, October 12, 2012

မန္တလေးမြို့မှ သံဃာတော်များ














မြန်မာနိုင်ငံတွင် OIC (အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ) ရုံးခန်းလာရောက်ဖွင့်လှစ်မည်ကို လက်မခံနိုင်ကြောင်း မန္တလေးမြို့မှ သံဃာတော်များက အောက်တိုဘာလ ၁၂ ရက်နေ့မွန်းလွဲတစ်နာရီဝန်းကျင်ခန့်က စီတန်း လှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ဆန္ဒဖော်ထုတ်ရာတွင် ထောင်ဂဏန်းရှိသော သံဃာတော်များသည် ချမ်းမြသာစည်မြို့နယ် ဦးပွားဆုတောင်းပြည့်ဘုရားကြီးဝင်းအတွင်းမှစတင်၍ စီတန်းထွက်ခွာခဲ့ပြီး စစ်ကိုင်း-မန္တလေးလမ်းခွဲမှတစ်ဆင့် စစ်ကိုင်း-မန္တလေးလမ်း၊ ၈၄ လမ်း၊ ၄၂ လမ်း၊ ၇၈ လမ်း၊ ရန်ကုန်-မန္တလေးလမ်းမှ ဦးပွားဘုရားဝင်းအတွင်းသို့ ပြန်လည်ဝင်ရောက်ကာ ညနေသုံးနာရီခွဲအချိန်တွင် လေးပြင်လေးရပ်ရှိ မိမိတို့၏ကျောင်းတိုက် များအသီးသီးသို့ ပြန်ကြွခဲ့ကြောင်း သိရှိရသည်။

ဒေါ်စုအားပေး။

ဒေါ်အောင်ဆန်းစုကြည်အားပေး...........................
ပါတီလုပ်ငန်းလုပ်နေစဉ်အလံတိုင်ပေါ်လျှပ်စစ်ဓါတ်စီးဝင်သဖြင့်မတော်တဆဖြစ်ကာလက်နှစ်ဖက်စလုံးဖြတ်
လိုက်ရသောအင်းစိန်မြို့နယ်လူငယ်ကိုဇင်မင်းဦးအားဒေါ်အောင်ဆန်းစုကြည်ကအားပေးစကားပြောကြားနေ
စဉ်။


ဘင်္ဂလာဒေ့ရှ်ကောင်စစ်ဝန်ရုံးရှေ့.....












 ဘင်္ဂလာဒေ့ရှ်ကောင်စစ်ဝန်ရုံးသို့အလွာပေါင်းစုံမှဆန္ဒထုတ်ဖေါ်နေသောဓါတ်ပုံများ။

မန်းဘုန်းဘုန်းများဆန္ဒထုတ်ဖော်။

---









မြန်မာနိုင်ငံမှာ OIC ရုံးခွဲတွေ လာရောက်ဖွင့်လစ်ဖို့

Thursday, October 11, 2012

ဂြိုလ်မွေတဲ့ဒီစိန်တွေ...

ငါးလောင်းပြိုင်လူသတ်မှုနှင့်ဆက်နွယ်နေတဲ့ဒီစိန်တွေဟာတကယ်ကြို၈ိုလ်မွေနေတဲ့စိန်တွေလားမသိဘူး
သွေးဆာနေတဲ့စိန်ကိုပိုင်ဆိုင်ထားတဲ့သူတွေလည်းငါးလောင်းပြိုင်နောက်ဘယ်နေ့လိုက်ရမလည်းမသိဘူး

ထိုင်းဘုန်းတော်ကြီးများယခုကဲ့သို့ဆွမ်းခံကြွနေရ

ထိုင်းတောင်ပိုင်းခရိုင်မြို့များတွင်အစလမ်ကုလားများရန်မှလွတ်ကင်းလုံခြုံမှုရှိစေရန်အတွက်ဘုန်းတော်ကြီး
များဆွမ်းခံကြွချိန်တွင်ယခုကဲ့သို့ကာကွယ်ထားပြီးဆွမ်းခံကြွနေရကြောင်းသိရပါသည်။

Wednesday, October 10, 2012

ရဟန်းမစားလိုက်ရသောဆမ်းတနပ်

ထိုင်းတောင်ပိုင်းဘုန်းဘုန်းများ...

ထိုင်းတောင်ပိုင်းဘုန်းဘုန်းများဆွမ်းခံကြွရာတွင်ယခုကဲ့သို့ကုလားများ၏ရန်မှကာကွယ်ရန်ကျည်ကာဝတ်စုံ
ဝတ်ပြီးဆွမ်းခံကြွနေရပုံ။

အိုအိုင်စီမလိုသောအဖွားအို