Friday, September 28, 2012

ဂြိုလ်သားနဲ့ တူတဲ့ လူသား





အလွန်ကို ရှားပါးပြီး အရမ်းကို ကြောက်မက်ဖွယ်ကောင်းတဲ့ ရောဂါတစ်ခုကို ခံစားနေရသူကတော့ Leon Botha ပဲဖြစ် ပါတယ် ။ သူဟာ လွန်စွာ ထူးဆန်းတဲ့ ရောဂါဆန်းတစ်ခု ဖြစ်တဲ့ Progeria ဆိုတဲ့ ရောဂါကို ခံစား နေရပါတယ် ။ Progeria ဆိုတာကတော့ အသက်ငယ်ငယ်ရွယ်ရွယ်မှာပဲ အသက်ကြီးတဲ့ လက္ခဏာကို ခံစာရတဲ့ ရောဂါ ဖြစ်ပါတယ် ။






Gene တစ်ခုဟာ Mutant ဖြစ်ပြီး လူခန္ဓာကိုယ် တစ်ခုလုံးကို ပြောင်းလဲစေခြင်းပဲ ဖြစ်ပါတယ် ။ Mutant ဆိုတာ ကတော့ gene တွေ ပုံ သဏ္ဍာန်ပြောင်းလဲခြင်းလို့ အလွယ်တကူမှတ်ယူ နိုင်ပါတယ် ။ Progeria ရောဂါနဲ့ မွေးဖွား လာသူဟာ နှစ်ပေါင်း ၃၀ လောက်တော့ အသက်ရှင်လျှက်နေထိုင် နိုင်ပါတယ် ။ အချို့ ကတော့ ဆယ်ကျော် သက် အသက်နှစ်ဆယ်လောက်ထိပဲ အသက်ရှင်ဖို့ အခွင့်အလမ်းရှိပြီး လွန်စွာ ရှားပါးသော တစ်ယောက် တစ်လေ မှသာလျှင် အသက် ၄၀ လောက်ထိကို ရောက်ရှိနိုင်မှာ ဖြစ်ပါတယ် ။






ဒီရောဂါ ဖြစ်စဉ်ဟာ အလွန်ဖြစ်ပွားမှု နည်းပါးပြီး 8 million အရှင်မွေးတွေမှာမှ ၁ ယောက်သာလျှင် ဖြစ်နိုင်ပါတယ် ။ ဒီ Leon Botha ဆိုတဲ့ လူကတော့ Progeria ရောဂါခံစားနေရပြီး အသက် ၂၄ ရှိပြီဖြစ်ပါတယ် ။ ဘယ်သူ တစ်ဦးတစ်ယောက်ကမှ သူဘယ်လောက်ထိ ဆက်လက် အသက်ရှင်နိုင်မလဲဆိုတာ မသိနိုင်ပါဘူး ။ ဒါပေ မယ့် သူကတော့ တကယ့်ကို ဂြိုလ်သားပုံသဏ္ဍာန်နဲ့ ဆင်တူလှပါတယ် ။






ဒီရောဂါအကြောင်းကို အခြေခံပြီးတော့ Mr.Amitabh က bollywood movie PAA မှာ AURO ကို ဖန်တီး ခဲ့ပါတယ် ။



ကဲ ကျွန်တော်တို့အားလုံး Leon Botha ဆိုတဲ့ လူ ဆက်လက် ပြီး နှစ်ပေါင်း များစွာ အသက်ဆက်ရှင်သန်နိုင်ဖို့ ဆု တောင်းပေး ကြရအောင် ။



" ခရက်ဒစ်ပေးပါတယ်.စိတ်ကူးပျော်ရာထူးဆန်းထွေလာရယ်

ပန်းချီဆွဲတဲ့ မြည်းကလေး



မြည်းကတော့ မြည်းပဲ။ ဒါပေမယ့် ထူးခြားတာက ဒီမြည်းလေးက ပန်းချီဆွဲတတ်ပါသတဲ့။ လွန်ခဲ့တဲ့ ၇ နှစ်လောက်တုန်းက ဒီမြည်းကလေး ပတ်တီ ကို အင်္ဂလန်က လေလံပွဲမှာ တွေ့လို့ဝယ်ယူပြီးတော့ စောင့်ရှောက်ခဲ့တာပါ။ အဲ့ဒီအချိန်တုန်းကတော့ ပတ်တီဟာ ကြုံလှီသေးကွေးလို့ မြည်းရုပ်တောင် မပေါက်ရှာဘူးလို့ဆိုပါတယ်။ ဒီလိုနဲ့ သူ့ရဲ့ သခင် ဗစ်ကီ ဂရင်းစလိတ်ရဲ့ စောင့်ရှောက်မှု့အောက်မှာ ပြန်လည် ကျန်းမာလာခဲ့ပါတယ်။ တစ်နေ့တော့ ဗစ်ကီဟာ ပန်းချီဆွဲနေတုန်း သူ့နားမှာရပ်နေတဲ့ မြည်းကလေး ပတ်တီရဲ့ ပါးစပ်ထဲကို စုပ်တံပေးလိုက်တော့ မြည်းကလေးဟာ ပန်းချီဆွဲတော့တာပဲတဲ့။ နောက်ထပ် ရက်သတ္တပတ် ၃ ပတ်ကြာပြီးမှာတော့ ပတ်တီဟာ ရောင်စုံခြယ်ထားတဲ့ ပန်းချီကားချပ်တွေကို ဆေးသားတွေ ခြယ်မှုန်းလို့ ပန်းချီဆွဲပါတော့တယ်။ သူ့သခင်ဗစ်ကီက “ပတ်တီကတော့ သူ့ပန်းချီပြပွဲကို အတော်ကြီးသဘောကျနေလေရဲ့၊ သူ့လက်ရာတွေကို လူတွေက ၀ိုင်းကြည့်တာကို သူ ကြိုက်တယ်လေ” လို့ ဆိုသွားပါတယ်။ ဘရစ်စတိုက ပန်းချီပြခန်းမှာတော့ ဒီမြည်းကလေးဆွဲထားတဲ့ လက်ရာတွေကို ဒေါ်လာ ၁၅၀ နှင့် အထက်ဈေးသက်မှတ်ထားပြီး ၀ယ်ယူလို့ ရပါသတဲ့။ အင်း… မြည်းဆွဲတဲ့ ပန်းချီတစ်ချပ်ကို ဒေါ်လာ ၁၅၀ ကျော်ပေးဝယ်နေကြတယ်ဆိုတော့ ကျွန်တော်လည်း စုပ်တံကိုက်ရမလိုလိုဖြစ်နေပြီ။


အီရတ်အာဏာရှင်ဟောင်း ဆဒမ်ဟူစိန်ရဲ့ ရွှေသေနတ်များ...

Saddam Hussains GOLD GUNSSaddam Hussains GOLD GUNSSaddam Hussains GOLD GUNSSaddam Hussains GOLD GUNSSaddam Hussains GOLD GUNSSaddam Hussains GOLD GUNSSaddam Hussains GOLD GUNSSaddam Hussains GOLD GUNSSaddam Hussains GOLD GUNS
ခရစ်ပေးပါသည်စိတ်ကူးပျော်ရာထူးဆန်းသို့..

ကမ္ဘာ့အကြီးဆုံး မြ

ကမ္ဘာပေါ်မှာ အကြီးဆုံးအဖြစ် သတ်မှတ်ထားတဲ့ မြ ဟာ သွေးပြီးတဲ့ အနေအထားမှာ ၅၇၅ဝဝ ကာရက် ရှိပြီး “နတ်ဘုရားရဲ့ လှပတဲ့ လက်ဆောင်” လို့ အမည်ရတဲ့ "သီအိုဒိုရာ" လို့ အမည်ပေးထားပါတယ်။ ဇန်နဝါရီ ၂၈ရက်နေ့က ကနေဒါနိုင်ငံ ဘရစ်တစ် ကိုလံဘီယာမှာ ကျင်းပတဲ့ Western Star လေလံပွဲမှာ ကြမ်းခမ်းဈေး ဒေါ်လာတစ်သန်းဖြင့် ခင်းကျင်းထားသော်လည်း လေလံပွဲ ကျင်းပသူများနဲ့ ဒီအိုဒိုကို မြင်ဖူးကြသူများက ကြမ်းခင်းဈေးထက် အဆပေါင်းများစွာ ဈေးရလိမ့်မယ်လို့ ယုံကြည်ကြပါတယ်။ သာမာန် ကျောက်မျက်ရတနာကို လေလံတင် ရောင်းချတာမျိုး မဟုတ်ဘဲ ကမ္ဘာ့အကြီးဆုံး မြကြီးကို ပိုင်ရှင်ဖြစ်လိုသူက ဂုဏ်သိက္ခာတစ်ရပ်အဖြစ် တန်ဖိုးထား ပေးဝယ်တာမျိုးဖြစ်တဲ့ လေလံပွဲ လည်း ဖြစ်ပါတယ်။
ပိုင်ရှင် Regan Reaney နဲ့ အတူ တွေ့ရတဲ့ ကမ္ဘာ့အကြီးဆုံး မြကြီး
ခုလက်ရှိ ပိုင်ရှင်ကတော့ Regan Reaney ဖြစ်ပြီး အချို့ကတော့ ၄င်း မြကြီးကို အရောင်သွင်း ပြုပြင်ထားတယ်လို့ ပြောကြတဲ့အတွက် ပိုင်ရှင်ဖြစ်တဲ့ Regan Reaney ကတော့ သူ့ကျောက်ကို မည်သူမဆို စစ်ဆေးနိုင်ပါတယ်လို့ အာမခံထားပါတယ်။ ဖရဲသီးတစ်လုံး အရွယ်ခန့် ရှိတဲ့ ၄င်း မြကို ဘရာဇီးနိုင်ငံကနေ တူးဖော်ရရှိခဲ့ပြီး အိန္ဒိယနိုင်ငံမှာ သွေးတာဖြစ်ပါတယ်။ ၁၁.၅ပေါင် အလေးချိန် ရှိတဲ့ ၄င်းမြဟာ အရိုင်းတုံးအဖြစ် ထွက်ရှိပြီးသမျှ မြ တွေထဲမှာ နံပါတ်-၅ အကြီးဆုံးဖြစ်ပေ မဲ့ ဖြတ်တောက်ပြီး သွေးလိုက်တဲ့ အချိန်မှာတော့ ယခုတွေ့မြင်ရတဲ့ Teodora ကသာ ကမ္ဘာ့အကြီးဆုံး ဖြစ်လာပါတယ်။ Regan Reaney က ၄င်းမြကြီးကို အိန္ဒိယနိုင်ငံက သူဌေးကြီးတစ်ဦးဆီက တဆင့်ပြန်လည်ဝယ်ယူတာဖြစ်ပြီး ၄င်းနာမည်ကို ဖော်ပြဖို့တော့ ငြင်းဆိုခဲ့ပါတယ်။

ဖရဲသီးတစ်လုံးပမာ

တစ်ပေနီးပါးခန့်ရှိတဲ့ မြ
မြအကြောင်း ဗဟုသုတအနည်းငယ် ဖြည့်စွက် ပြောရမယ်ဆိုရင် ၄င်းကျောက်မျက်ရတနာကို ကိုလံဘီယာ၊ အာဖဂန်နစ်စတန်၊ ဇင်ဘာဘွေ၊ ဘရာဇီးနဲ့ ကနေဒါတို့မှာ တူးဖော် ရရှိနိုင်ပါတယ်။ မာခြင်းအဆင့် ၇.၅ မှ ၈ ရှိပြီး (ငွေရတု-၂၅၊ ရွှေရတု-၅၀၊ စိန်ရတု-၇၅ စသဖြင့် ရှိကြရာမှာ) ၅၅-ကြိမ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် ကျောက်မျက်ရတနာလည်း ဖြစ်ပါတယ်။ မြဟာ ချစ်စဖွယ်ကောင်းသော အစိမ်းရောင်နှင့် အလင်းဖောက်နိုင်သော ကြည်လင်မှုမျိုး ရှိသည့် ကျောက်ဖြစ်ပြီး ၄င်းသည် အပူဒဏ်ကို ခံနိုင်ရည်ရှိကာ အလွယ်တကူ အရောင်မပြောင်းနိုင်သော အစွမ်းသတ္တိ ရှိပါတယ်။ မြသည် အနာအဆာများ ပါဝင်မှုနှုန်း များသောကြောင့် အက်ကြောင်းများ၊ အမြုပ်များ ပါရှိပြီး ကျိုးပဲ့လွယ်သော ကျောက်လည်းဖြစ်ပါတယ်။ လုံးဝ အပြစ်အနာကင်းတဲ့ မြကို တွေ့ဖို့ ခဲယဉ်းတယ်လို့လည်း ဆိုကြပါတယ်။ မြကို အများအားဖြင့် ပုံစံတစ်မျိုးတည်းသာ သွေးကြသောကြောင့် ၄င်းသွေးနည်းကို မြကွက်ဟူ၍ပင် ခေါ်ဆိုကြပါတယ်။
ကျောက်မျက်ရတနာကို စံနှုန်းသတ်မှတ်ရာမှာ အနာအဆာကင်းစင်မှု၊ အရည်အသွေးကောင်းမွန်မှုတို့နဲ့ သတ်မှတ်ကြပြီး မြ ဆိုတဲ့ကျောက်ဟာ အနာအဆာများတဲ့ ကျောက်ဖြစ်တာမို့ ယခု မြ ဟာလည်း ကြိုးပတ်ထားသကဲ့သို့ အနာများ ပါရှိပေမဲ့ အရွယ်အစားကြီးမားတဲ့ အနေအထားမျိုး ထွက်ရှိဖို့ ခဲယဉ်းတာကြောင့်လည်း တန်ဖိုးကြီးမားပါတယ်။ မေလဖွားတို့အတွက် အဆောင်ကျောက် ဖြစ် တဲ့ မြကျောက်ဟာ အေးချမ်းတဲ့ ခံစားမှုကို ပေးစွမ်းနိုင်ပါတယ်။


မြကျောက်ကို ဝတ်ဆင်ထားမယ် ဆိုရင် အကျိုးပေးတတ်ပုံများကတော့
၁. ကံကောင်းစေခြင်း၊ အောင်မြင်စေခြင်း၊ အေးချမ်းစေခြင်း
၂. ဆက်ဆံရေးတိုးတက်ကောင်းမွန်စေခြင်း၊ စကားအရာတွင် အောင်မြင်စေခြင်း
၃. စွမ်းအားကို တိုးမြင့်စေခြင်း
၎. အမြင်အာရုံကို ကောင်းမွန်စေခြင်း
၅. အထူးသဖြင့် အမျိုးသမီးများ ဝတ်ဆင်ပါက မကောင်းသော အကြံအစည်များ မဝင်ရောက်စေခြင်း၊ အန္တရာယ် တစ်ခုခု ကြုံတွေ့ခါနီးတွင် သတိပေးတတ်ခြင်း (ကျောက် အရောင်ပြောင်း သွားခြင်း၊ ဖျော့သွားခြင်း) စသည့် အစွမ်းသတ္တိများ၊ အကျိုးထူးများ ပေးတတ်တယ်လို့ သိရပါတယ်။
အားလုံးဘဲ ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းကြပါစေနော်။
ခရက်ဒစ်ပေးပါသည်စိတ်ကူးပျော်ရာသို့။

လေစွမ်းအားဖြင့် မောင်းနှင်နိုင်မည့် ကား...


       70-year-old French aeronautical engineer Guy Nègre has invented the AirPod, an alternative fuel vehicle powered by compressed air. To manufacture it in mass, his company (MDI) has made a partnership with Indian manufacturer Tata Motors. Several versions will be sold at around $5,000, some going to 70km/h (43 mph) and some limited at 45 km/h (28 mph). It is told that you can drive the AirPod for 100 km (62 miles) on a 1-minute recharge of compressed air. The AirPod would be used as an emission-free vehicle for urban areas, golf fields, airports and stuff like that.


ပြင်သစ်နိုင်ငံမှ အသက် ၇၀ အရွယ်ရှိ လေကြောင်းသိပ္ပံအင်ဂျင်နီယာပညာရှင် ဂိုင်းနေဂါ ဆိုသူ
က အဲယားပေါ့ ဒ် ဟုခေါ်သည့် လေဖိအားဖြင့် မောင်းနှင်သည့် လောင်စာဆီအစားထိုးမော်တော်
ကားတစ်မျိုးတီထွင်ခဲ့ ပါတယ်...


ယခုအခါထိုမော်တော်ယာဉ်မျိုး အမြောက်အများထုတ်လုပ်နိုင်ရန် ၎င်း၏ကုမ္ပဏီ ( M
DI ) ဟာ
အိန္ဒိယနိုင်ငံမှ ကမ္ဘာကျော် မော်တော်ကားကုမ္ပဏီကြီးတစ်ခုဖြစ်သည့် တာတာမော်တော်ကုမ္ပဏီ
နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ ပါတယ်...


တစ်စီးလျှင် ဒေါ်လာ ၅၀၀၀ ဖြင့် တစ်နာရီလျှင် ၄၃မိုင်( ၇၀ ကီလိုမီတာ) မှ ၂၈ မိုင်( ၄၅ ကီလိုမီ

တာ ) အထိ မောင်းနှင်နိုင်မည့် မော်တော်ယာဉ်များထုတ်လုပ်ရောင်းချမှဖြစ်ပါတယ်...


ထိုလေဖိအားသုံးစနစ်ဖြင့် ( လေဖြင့် မောင်းနှင်နိုင်မည့် ) အသုံးပြုမောင်းနှင်မည့် ကားများအား

အကွာအဝေး ၁၀၀ ကီလိုမီတာ ( ၆၂ မိုင်) အထိဆက်တိုက်မောင်းနှင်နိုင်ပြီး ပြန်လည်အားဖြည့် 
( ကားဘီးမဟုတ်တဲ့ လေထိုး ) ရန် ၁ မိနစ်သာကြာမြင့် မှာဖြစ်ပါတယ်...


ထို အဲယားပေါ့ ဒ် ကားများကို မြို့ ပြဒေသများတွင် ဓါတ်ငွေ့ ထုတ်လွှင့် မှုကင်းစင်ရေးယာဉ်များ

အဖြစ် လေဆိပ်များ စသည့် နေရာများတွင် အသုံးပြုသွားမှာဖြစ်ပါတယ်...


လွန်ခဲ့ သည့် လကလည်းပါကစ္စတန်နိုင်ငံမှပညာရှင်တစ်ဦးက ရေထည့် ပြီးမောင်းနှင်နိုင်သည့် 

ကားတစ်မျိုးတီထွင်နိုင်ခဲ့ ပြီလို့ ကြေငြာခဲ့ လို့ ယူအေအီးနိုင်ငံက လာရောက်စမ်းသပ်ပြပေးဖို့ ဖိတ်
ခေါ်ခဲ့ တဲ့ သတင်းလည်းပေါ်ထွက်ခဲ့ ပါတယ်...



လေထိုးလေလျော်တဲ့ ခေတ်မဟုတ်တော့ ပဲ အမှန်အကန်မောင်းနှင်နိုင်တဲ့ ခေတ်မို့ ဝမ်းသာစ
ရာပါပဲ....


AirPod – a Possible Alternative to Fuel Cars
AirPod – a Possible Alternative to Fuel Cars


AirPod – a Possible Alternative to Fuel Cars


AirPod – a Possible Alternative to Fuel Cars


AirPod – a Possible Alternative to Fuel Cars

AirPod – a Possible Alternative to Fuel Cars
AirPod – a Possible Alternative to Fuel Cars
AirPod – a Possible Alternative to Fuel Cars
AirPod – a Possible Alternative to Fuel Cars
AirPod – a Possible Alternative to Fuel Cars
AirPod – a Possible Alternative to Fuel Cars
AirPod – a Possible Alternative to Fuel Cars

ကျောက်ခေတ်မဟုတ်ပေမဲ့ ကျောက်တုံးတွေနဲ့ ဆောက်ထားတဲ့ မြို့ကလေး

နှစ်ယောက်တည်းအတူဆို...ဧ၀ရက်တောင်ထိပ်နေချင်ရင်..အခုသွားဆိုတဲ့သူချင်းလေးကိုအမှတ်ပြန်

ရမိတယ်



ပေါ်တူဂီနိုင်ငံက စိတ်ဝင်စားဖွယ်ရာ Monsanto မြို့ကလေးဟာ ထူးထူးဆန်းဆန်း နှစ်သက်စဖွယ်ကောင်းလှတဲ့ တောင်စောင်းပေါ်က မြို့ငယ်ကလေးဖြစ်ပါတယ်။ ဘယ်လိုများလဲဆိုရင်ဖြင့် အဲဒီမြို့ကလေးကို ရောက်သွားသူတိုင်းဟာ မြို့ကလေးရဲ့ ထူးခြားမှုကို သတိမပြုမိဘဲ မနေနိုင်အောင် ရင်သပ်ရှုမော ဖြစ်ကြရတယ်လို့ ဆိုပါတယ်။ မြို့ကလေးမှာရှိတဲ့ အိမ်တွေဟာ သစ်တွေ၊ ဝါးတွေနဲ့ ဆောက်လုပ်ထားတာ မဟုတ်ဘဲ ကြီးမားလှတဲ့ ဂရင်းနိုက် ကျောက်တုံး ကျောက်ဆောင်ကြီးတွေ ကြားထဲမှာ ဆောက်လုပ်ထားတာဖြစ်ပြီး အချို့အိမ်တွေကတော့ ကျောက်တုံးကို ထွင်းဖောက်ပြီး ဆောက်လုပ်ထားတာဖြစ်ပြီး
တစ်ချို့ကတော့ ကျောက်တုံးအရွယ်တော်များနဲ့ တည်ဆောက်ထားကြပါတယ်။မြို့ကလေးရဲ့ လမ်းတွေဟာဆိုရင်ဖြင့် ကျောက်တုံးတွေကြားထဲမှာ ကွေ့ပတ်ဖောက်လုပ်ထားပြီး အချို့လမ်းတွေဆိုရင် ကျောက်တုံးကိုထွင်းပြီးမှ ဖောက်လုပ်ထားတာဖြစ်ပါတယ်။