Tuesday, October 2, 2012

တိုယားမား ကမ်းခြေအပြာရောင် ည



h




https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcvdQvO-ja5PthuNxprx_MOJkfHOESHHACRe9sUewFE1bZemuwgMIz5Xz7c1aXD3wSw46EvHfjW09U6tnbKkB6QKV-3m2L3hS8IEDRkHdFvN9fpXxoghWf6ZzM9fMx6g8l3ajnFmHdBM24/s512/4-2%2520firefly%2520squid.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv9kS8SxiRmUE8eFVB0_JZrrglqJm8u6DEunvxEu5WfiYbklh-DFt4Rn874hVMqMLS3JFC0adR2DmnUzD6Wj0DpkAzeXgQy6Z03Y5CB3YF-lN4Gj2KlXqEOaJWlF32upeoDqnHlHxQRr37/s468/4-2%2520firefly_squid_1.jpg


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEggYTI0zGEfEW4zuFxmFHOjC1kke-0zVf0OnY8DDUh_L7DLIePxLQ54u2HYSAvjVKYUvUBE432aVFhx7sldhMRjJOGS4nX8Tep5NGsvvVreMWnNSHF3BTYRw02c0EiXg-0CzRqia4QNR3/s468/4-2%2520firefly_squid.jpg

ဂျပန်နိုင်ငံ တိုယားမား ကမ်းခြေမှာတော့ နှစ်စဉ်နှစ်တိုင်း မတ်လကနေ ဇွန်လပိုင်းလောက်ဆိုရင် ညပိုင်းဆိုရင် ပင်လယ်ကမ်းခြေတစ်လျှောက်မှာ အပြာရောင်တောက်နေတဲ့ အလင်းရောင်လေးတွေကို မြင်တွေ့ရမှာပါ။ ဒီလို ပြာလဲ့လဲ့အလင်းရောင်လေးတွေဟာ Firefly squid လို့ခေါ်တဲ့ ကင်းမွန် (ပြည်ကြီးငါး)တစ်မျိုးကနေ ထွက်လာတဲ့ အလင်းရောင်လေးတွေဖြစ်ပါသတဲ့။ ၃လက်မလောက်သာ ရှည်တဲ့ ဒီလိုငါးတွေဟာ ပုံမှန်အားဖြင့် ပင်လယ်အောက် ပေ ၁၂၀၀ အနက်လောက်မှာ ရှင်သန်နေကြတဲ့ ငါးတွေဖြစ်ပါတယ်။ ဒါပေမယ့် တိုယားမား ပင်လယ်အော်က V ပုံသဏ္ဏန်ပင်လယ်ကြမ်းပြင် ကျောက်ဆောင်တွေကြောင့် ပင်လယ်ရေစီးလှိုင်းတွေဟာ ထိုငါးတွေကို ကမ်းခြေဆီကို တွန်းထုတ်လိုက်သလိုဖြစ်ပြီးတော့ ဒီငါးတွေရဲ့ ဇီဝ သဘာဝ အရ photophores လို့ခေါ်တဲ့ ပြာလဲ့လဲ့ အရောင်လေးတွေကို ထုတ်ပေးပါတယ်။ ဒီလိုနဲ့ ကမ်းရိုးတမ်းတစ်လျှောက်မှာ ညဆိုရင် အပြာရောင်လွှမ်းနေတယ်လို့ ဆိုပါတယ်။ ဒီလိုအချိန်မှာဆိုရင် တန်ပေါင်းများစွာသော အဆိုပါ ကင်းမွန်တွေကို လွယ်လင့်တစ်ကူပဲ ငါးဖမ်းသင်္ဘောတွေဟာ ဖမ်းယူနိုင်ကြပါတယ်။ ဒီလိုမြင်ကွင်းလေးကို ကြည့်ချင်တယ်ဆိုရင်တော့ နာမီရိကာဝါ ငါးဖမ်းဆိပ်ကမ်းမှာ မနက် ၃နာရီလောက်ဆိုရင် ကမ်းခြေတစ်လျှောက် အပြာရောင်သန်းနေတဲ့ မြင်ကွင်းလေးကို ကြည့်ရှု့နိုင်ဖို့ အပျော်စီး သင်္ဘောတွေလည်း စီစဉ်ပေးထားပါသတဲ့။ 
ကဲ..ဘော်ဘော်တို့ရေ............သွားလည်ကြည့်ရအောင်နော်။




ကျွန်တော်အကြိုက်ဆုံးနိုင်ငံခြားမော်ဒယ်မလေး

http://content.coedcherry.com/phil-flash/11/tt_11487.jpg
http://content.coedcherry.com/phil-flash/11/tt_11499.jpg
http://content.coedcherry.com/phil-flash/11/tt_11503.jpg
http://content.coedcherry.com/phil-flash/11/tt_11507.jpg
http://content.coedcherry.com/phil-flash/11/tt_11511.jpg
http://content.coedcherry.com/phil-flash/11/tt_11523.jpg
http://content.coedcherry.com/phil-flash/11/tt_11525.jpg
http://content.coedcherry.com/phil-flash/11/tt_11526.jpg
http://content.coedcherry.com/phil-flash/11/tt_11527.jpg
http://content.coedcherry.com/phil-flash/11/tt_11528.jpg
http://content.coedcherry.com/phil-flash/11/tt_11532.jpg
http://content.coedcherry.com/phil-flash/11/tt_11535.jpg
http://content.coedcherry.com/phil-flash/11/tt_11537.jpg
http://content.coedcherry.com/phil-flash/11/tt_11538.jpg


အိမ် သို့မဟုတ် နေရာ




 လူအယောက် နှစ်ဆယ်ခန့်က ၀ါးကပ် ဝင်းထရံများ ကို ဖြိုလဲနေသည်။ အိမ်ဖျက်ရာတွင် ထွက်လာ သော သစ်သား အမှိုက်တို အမှိုက်စ များလည်း ဟို တစ်စ သည်တစ်စ ပြန့်ကျဲလျက် ရှိသည်။ တဲအိမ်ကို ဖျက်လိုက် သဖြင့် ရလာသော ဝါးထရံများနှင့် မျော တိုင်များ ကို ကလေး လူကြီး အသွယ်သွယ် တို့က နိုင် သလောက် သယ်ယူ နေကြသည်။ အမိုးဖျက်ကာ ချထားသည့် အသစ်စက်စက် သွပ်ရောင် 
 
က နေရောင် အောက်တွင် ဝင်းလက် နေသည်။ မန္တလေးမြို့တော် ချမ်းမြသာစည် မြို့နယ် မြရည်နန္ဒာ ရပ်ကွက် အတွင်း ရှိ မြေကွက်လပ် ပေါ်တွင် တရားမဝင် နေထိုင်သည် ဟုဆိုကာ သတ်မှတ်ရက် အတွင်း ဖယ်မပေးသော တဲများကို ဖျက်နေခြင်း ဖြစ်သည်။

“ကျူးဘ၀ကျူးပဲပြန်ရောက်မယ်” ဟု ဆိုလာ သူမှာ နေထိုင်ရန် အိမ်မရှိသည့် အတွက် မြေကွက် လပ်ပေါ်တွင် တဲထိုးနေသူ အမျိုးသမီး တစ်ဦးက ပန်းကန်ခွက်နှင့် အိပ်ရာများကို သိမ်းထုပ်ပြီး နား နေစဉ် ညည်းညူ နေခြင်း ဖြစ်သည်။
 
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော် မတီ အနေဖြင့် မြို့ကွက်သစ် စနစ်တကျ ဖော်ထုတ်ခဲ့ ပြီး ဖြစ်သဖြင့် အဆိုပါ မြေနေရာများ ပေါ်တွင် နေထိုင် သူများကို ဆက်လက် နေထိုင်ခွင့် ပေးရန်မှာ လုံးဝ မဖြစ် နိုင်သဖြင့် ဖယ်ရှားရခြင်း ဖြစ်ကြောင်း မန္တလေးမြို့ တော်ဝန် ဦးအောင်မောင်းက ပြောကြားသည်။

မြို့ကွက်သစ် ဖော်ထုတ်ရန် အတွက် လွန်ခဲ့ သည့် အနှစ်နှစ်ဆယ်ခန့် ကတည်းက တောင်သူများ ထံမှ လျော်ကြေးပေးကာသိမ်းယူခဲ့သည့် မြေများ ဖြစ် သည့်အပြင် တရားဝင် ပိုင်ဆိုင် ထားသူများလည်း ရှိကြောင်း ၎င်းက ဆိုသည်။
 
မြေသိမ်းစဉ်က တစ်ဧက ပိုင်ဆိုင်သူ တောင်သူ ကို ပေ ၄၀၊ ပေ ၆၀ မြေတစ်ကွက်၊ သုံးဧကနှင့် အထက်ဆိုလျှင် နှစ်ကွက်တွဲများ အဆိုပါ မြေပေါ်တွင် တရားဝင် နာမည်ဖောက်ကာ ပေးအပ် ခဲ့သည့် အပြင် မန္တလေးမြို့ပေါ်တွင် အစိုးရက မြေသိမ်း ခံရသူများ၊ မီးသင့် ခံရသူများနှင့် လုပ်သက် ၂၅ နှစ်နှင့် အထက် ဝန်ထမ်းများကို တရားဝင် ချထားပေးခဲ့ကြောင်းနှင့် ကျန်မြေများပေါ်တွင် လိုအပ် သည့် ဈေး၊ ဆေးရုံ၊ အားကစားကွင်းများ စသည်တို့ကို နေရာ သတ်မှတ် ထားပြီး ဖြစ်ကြောင်း မြို့တော်ဝန် ဦးအောင်မောင်းက ပြောကြားသည်။
 
အနှစ်နှစ်ဆယ် ကာလအတွင်း အကောင် အထည် မပေါ်ခဲ့သည့် မြို့ကွက်သစ် ဖော်ဆောင် မည့် မြေနေရာတွင် စာချုပ်စာတမ်းများဖြင့် ဝယ်ယူနေ ထိုင် သည့် မိသားစုများ အပြင် မန္တလေးမြို့ တွင် နေထိုင်ရန် နေရာ မရှိသော မိသားစုများကလည်း လွန်ခဲ့သည့် သုံးလခန့် ကတည်းက တဲထိုး၍ လာရောက် နေထိုင်မှုများ ပိုမို များပြားလာသည်ဟု နီးစပ်ရာ ရပ်ကွက် ဒေသခံများက ဆိုသည်။
“ဖျက်နေတယ် ဆိုလို့ လာကြည့်တာ၊ အန်တီ က ဇူလိုင်လက မရှိမဲ့ ရှိမဲ့ စုဆောင်းထားတဲ့ ချွေးနှဲစာ လေးနဲ့ ဝယ်ထားတာ၊ နေစရာ မြေကွက်လေးများ ရ မလားလို့ ခုတော့ ငွေဆယ်သိန်း ရှုံးပေါ့”ဟု အသက် ၅၀ အရွယ် ဒေါ်စန်းနွဲ့က ဆိုသည်။
 
 
“နေစရာ မရှိလို့ ရှိစုမဲ့စုလေးနဲ့ ဝယ်ထားပြီး တဲထိုး နေနေတာ။ ခုတော့ အမေ့ အိမ် ပြန်ခေါ်နေရမှာ ပေါ့။ တော်သေးတယ်။ အမေအိမ် ရှိလို့၊ မရှိတဲ့သူ များဆို တခြားနေရာရှိပြီး တဲထိုး နေရမှာ” ဟု အောင် သာယာ ရပ်ကွက် အတွင်းရှိ တဲဖျက်သိမ်း ခံရသူ၏ မိခင် တစ်ဦးက ပြောဆိုသည်။
 
အဆမတန် မြင့်တက်နေသည့် မြေဈေးများ သည် သာမန် လူတန်းစားတန်းများ လိုက်၍ မမီ သည့်အတွက် အစိုးရ သိမ်းထားသည့် မြေနေရာမှန်း သိသော်လည်း နေရာ တစ်ခုရရန် မျှော်လင့်ချက်ဖြင့် ရှိသမျှ ငွေလေး ခြစ်ခြုတ် ဝယ်ယူမိခြင်း ဖြစ်ကြောင်း ဒေါ်စန်းနွဲ့က ဆိုသည်။
 
၎င်းက ဆက်လက်၍ “မြေရှင်က သိမ်းထားပြီး သားမြေလို့ ပြောတယ်။ ဒါပေမဲ့ အများက ဝယ်နေ တော့ ဝယ်လိုက်တယ်။ ဝယ်ပြီးတော့ကို အမြတ်ပေး လာဝယ်သူ ရှိတယ်။ နေစရာလေး လိုချင်လို့ကို မရောင်း လိုက်ဘူး” ဟု ပြောဆိုသည်။
 
၁၉၉၁ ခုနှစ် ကတည်းက အစိုးရက သိမ်းယူ ထားသည့် မြေကွက်လပ် ပေါ်တွင် ယင်းသို့ အရောင်း အဝယ် ပြုလုပ်နေသည်ကို စည်ပင်သာယာရေး ကော်မတီက သိရှိသော်လည်း ရောင်းဝယ် နေသူများ ကို မထိခိုက်စေရန် စေတနာဖြင့် အသိပေး၊ သတိ ပေးပြီး အချိန်ပေး ဖယ်ရှားခြင်းများ ဆောင်ရွက် ရာတွင် ယခုကဲ့သို့ နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပွား စေခဲ့သဖြင့် စေတနာ အမှား ဖြစ်ခဲ့ကြောင်း မြို့တော်ဝန် ဦးအောင်မောင်းက မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီရှိ အစည်းအဝေး ခန်းမ တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြော ဆိုသည်။
 
“နေစရာ မရှိလို့ မန္တလေးမြို့ထဲမှာ ကျူး အဖြစ် နေနေတာ လွန်ခဲ့တဲ့ ၁၅ နှစ် ကတည်း ကပါ။ ဒီနေရာ မှာ ကျူးတွေ နေလို့ ရတယ်ကြားလို့ လွန်ခဲ့တဲ့ သုံးလ ကတည်းက မြေကွက်လပ်မှာ တဲထိုး နေခဲ့ တာ” ဟု တစ်ရက်လျှင် သုံးထောင်ကျပ် ရ သည့် အလူမီနီယံ လုပ်သားအဖြစ် လုပ်ကိုင်နေသူ အသက် ၃၃ နှစ် အရွယ် အမျိုးသား တစ်ဦးက ပြောသည်။

အလူမီနီယံ လုပ်သား ဖြစ်သော်လည်း အလုပ် ရှိသည့်နေ့မှ ဝင်ငွေ ရသည့်အတွက် အိမ်ငှားနေရန် အိပ်မက် မမက်နိုင်ဘဲ မိသားစု အတွက် နေ့စဉ် စားရေး သောက်ရေးသာ ဖြေရှင်း နေရသည်ဟု ၎င်းက ဆိုသည်။ မန္တလေးမြို့ပေါ်တွင် အနယ်နယ် အရပ်ရပ်မှ ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့ နေထိုင်မှုများ ရှိ လာသည့် အပြင် နေထိုင်ရန် အိမ်ငှားစရိတ် မတတ် နိုင်သူများမှာ မြို့တွင်းရှိ နေရာလွတ်များတွင် ကျူး ကျော်သူ အဖြစ် နေထိုင်ကြရာ ယင်းသို့ နေထိုင်သူ ပေါင်း သိန်းဂဏန်း ကျော်သည် အထိ ရှိနိုင်ကြောင်း မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီမှ မြေယာ ဌာနမှူး ဦးတင်ထွဋ်ကျော်က ခန့်မှန်း ပြောဆိုသည်။

 
မန္တလေးမြို့ မြရည်နန္ဒာတွင် တရားမဝင်နေ ထိုင် သူများကို ဖျက်သိမ်း ပြောင်းရွှေ့ရန် နောက်ဆုံး ရက် သတ်မှတ်ပေးပြီး ယင်းရက် ကျော်လွန်သည် အထိ မဖျက်သိမ်းသေးသည့် နေအိမ်များကို မြေကော်စက် များဖြင့် ရှင်းလင်း နေသည့် ကာလအတွင်း ရောက် ရှိလာသော ကိုမိုးသီးဇွန်က “မြန်မာပြည်မှာ အုတ် ရှိတယ်၊ သဲရှိတယ်၊ အဖိုးနည်း အိမ်ရာတွေ ဆောက် ပေးချင်တယ်။ အများပြည်သူ အိမ်ရာ ( Public Housing) နဲ့ ပတ်သက်လို့ ဘယ်အစိုးရ ကမှ မလုပ် ပေးဖူးဘူး” ဟု မင်းကွန်း ဒေသသို့ သွားရောက် လည်ပတ်စဉ် ဧရာဝတီ မြစ်ကမ်း နံဘေးရှိ မော်တော် ပေါ်၌ ၎င်း၏ အမြင်ကို သတင်းထောက်များ သို့ ပြောကြား သည်။
 
“မန္တလေးမြို့ နှစ် ၃၀ မြို့ပြ အစီအစဉ် (Twon Plan) ထဲမှာ အထပ်မြင့် အဆောက်အအုံတွေ ရေးဆွဲ ထားတယ်။ အဲဒီထဲကနေ တန်ဖိုးနည်း အိမ်ရာ တွေ ပါလာနိုင်တယ်” ဟု ဦးတင်ထွဋ်ကျော်က ၎င်းအမြင်ကို ပြောပြသည်။
 
မန္တလေးတိုင်း ဒေသကြီး တံတားဦးမြို့နယ် ဧရာဝတီ မြစ်ကမ်း နံဘေးတွင် ဟိုတယ် စီမံကိန်းကို စီမံ ကိန်း ရေးဆွဲပြီး လာမည့် သုံးနှစ်အတွင်း အကောင် အထည် ဖော်သွားမည် ဖြစ်ကြောင်း တံတားဦး စီမံကိန်း ကြီးကြပ်မှု ဥက္ကဋ္ဌ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည် မြောင်း ဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်သန်းက ပြော ကြားသည်။
 
ယခု လက်ရှိတွင် ဟိုတယ် စီမံကိန်းနှင့် ပတ် သက်၍ စိတ်ဝင်စားသူ ပြည်တွင်း ဟိုတယ် လုပ်ငန်း ရှင်ပေါင်း ၃၀ ခန့် လာရောက် လျှောက်ထားမှုရှိ ကြောင်း ၎င်းက ဆိုသည်။
 
အဆိုပါ စီမံကိန်း အတွင်း ပါဝင်သည့် လယ်ယာ မြေများကို လယ်ပိုင်ရှင်များနှင့် ညှိနှိုင်းကာ လျော် ကြေး ပေးအပ်သွားမည် ဖြစ်ကြောင်း၊ ယင်းနောက် အခြေခံ အဆောက်အဦများ တည်ဆောက် ပြီးစီး ပါက နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများ ဖိတ်ခေါ်သွားမည် ဖြစ် ကြောင်း ၎င်းက ဆိုသည်။
မန္တလေးတိုင်း ဒေသကြီး ဟိုတယ် လုပ်ငန်းရှင် များ အသင်း ဥက္ကဋ္ဌ ဦးမြင့်အောင်က “ဟိုတယ်စီမံ ကိန်းမှာ နိုင်ငံခြားသား ရင်းနှီး မြှုပ်နှံမှု လာရင် နည်း ပညာနဲ့ နိုင်ငံခြား ပညာရှင်များရဲ့လုပ်ငန်း အတွေ့ အကြုံ ရနိုင်ပါတယ်။ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုတွေ ဝင်လာလို့ တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင် တွေ အတွက် ဆိုးကျိုး မရှိပါဘူး” ဟု ပြောဆိုသည်။
 
မြရည်နန္ဒာ ရပ်ကွက် အတွင်းရှိ ဖျက်သိမ်းသွား သော နေရာပေါ်တွင် ကျူးကျော် အဖြစ် နေထိုင်သူ တစ်ဦးက “လက်ရှိတော့ ဒီနားတစ်ဝိုက် လွတ်တဲ့ နေရာ ပြန်ရှာ တဲထိုး နေရဦးမှာပဲ။ အဲဒီနေရာမှာ လက်မခံဘူး ဆိုရင်လည်း တခြားနေရာ ပြန်ရွှေ့ နေထိုင် ရဦးမှာပဲ” ဟုဆိုသည်။

Model Chu Hay Zin in Hottie Black & Red Mini Dress



https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPEuYpOhgsy1Q8KPRf19KbGpDujoIh4pcLymTGDL6uSQ-1yNjA6sm3A4Rtgl0eBnOH_T16XIm7X8ocba3_28mPCjd5RiFxE8cPhdFVyGbR-Vb3BCZdTOq7qTh-rp7Al61-lVhyXfIohA_c/s1600/DSC_6980+copy.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9TQQg4Jjm-ljfygSSIaq1L9iy13vIOH2MovCOjNXJB7lbhAp3Pw993IlC6v7kUFExFr7FV9TSk2-830VAzMRY0vGe7B0EPLMj7Vogjl_CGDZEWGSTnrBv4iBqxXrZU4oBtOWS_3mPfr2M/s1600/DSC_6987+copy.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkN7sJTDVOMToWtXvJPGzUO_VZ1nSvvkst_1x8Usp21QDoOE13zHl_KGzifJVoxutiPt2f5S8XuESslhElQPOii7EEAZgOemvEYLoanIMF7aBGEfgMfoh17RpnrSvfHXUxKkYCIYtHO7-2/s1600/DSC_6966+copy.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJmGVwjhTpBelRBua8T0Hoc-99yaLmayJEZidrG3ZuE6KyVQYLl5wI2jOMDhVNu8OyNdk0sUFHveESUSieqtSITL1VmIM6D0-dLJYsU_dJhZmL4BxoODgOktNo2CcP34av17gepR_ghD92/s1600/DSC_6962+copy.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhq6jP5Hp39Ywka-x8QjwqL3K5p0uB0fyr8LC5pq3tATKu7AJxRJoiIZCZBbJ8SBXFVi5O9w-__V10rZSmxh5Zl3iSLbcKu4x4OFwtwf0q5ziZZzGOJH_2W4K_gvvdhJM5IY9oqZa4cFuJU/s1600/DSC_6970+copy.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhatdESVqQj7T9Oj6016Lo-qtwKJ5aNOcI1ocDDp9Sbx9ibMx33awhe3lJaqgVQ2HHXN3WmlGfSQoyQuX-pu2qcK31xF2hByTnbieA2ZeziRSG7Txyc96bAGg5xOgR5e5MUIWiSoQnxMXo_/s1600/DSC_6967+copy.jpg



ထိုင်းတောင်ပိုင်းတွင်ဘုန်ဘုန်းများဆွမ်းခံကြွနေစဉ်ထိုကဲ့သို့မွတ်ဆလင်ဘာသာဝင်များတိုက်ခိုက်


ထိုင်းတောင်ပိုင်းမှာ ဆရာတော်များဆွမ်းခံထွက်ရင် ထိုင်း တပ်မတော်သားတွေ ရှေ့ကနေ အသင့်အနေအထားနဲ့ကျည်ထိုးပြီး ဦးဆောင်သွားရပါတယ် အဖြစ်မှန်ပါ

ဆွမ်းခံကြွလာတဲ့ ဆရာတော်တွေကို တိုက်ခိုက်ခြင်းဖြစ်ပါတယ် ဒီဖြစ်စဉ်က
ထိုင်းမှာ ဖြစ်နေတာကြာပါပြီ တောင်ပိုင်းမွတ်စလင်တွေခွဲထွက်ခွင့်တောင်းရာကနေဖြစ်ပွားလာတဲ့ပြသနာတွေပါ

မြန်မာပြည်ရခိုင်ဒေသမှာရော
ဒီလိုအဖြစ်တွေတချိန်မှာမကြုံလာနိုင်ဘူးလား
အခုကတည်းကမကာကွယ်ခဲ့ရင်
မကြာခင်မှာ ထိုင်းတောင်ပိုင်းလိုဖြစ်လာလိမ့်မယ်




ဟောင်ကောင်တွင် သင်္ဘောနစ်မြုပ်၊ အနည်းဆုံး ၃၆ ဦး သေဆုံး




 ဟောင်ကောင်မှာ လူပေါင်း ၁၂၀ ကျော် လိုက်ပါလာတဲ့ ခရီးသည်တင် ကူးတို့သင်္ဘောတစီးဟာ တခြားကူးတို့ သင်္ဘောတစီးနဲ့ မနေ့ညက တိုက်မိ နစ်မြုပ်သွားတာကြောင့် အနည်းဆုံး သေဆုံးသူ ၃၆  ဦးထိရှိနေပြီဖြစ်ပါတယ်။


ဟောင်ကောင်အနောက်တောင်ပိုင်းက ကမ္ဘာလှည့်ခရီးသည်တွေ အသွားများတဲ့ လမ်မာကျွန်းအနီးမှာ မတော်တဆ တိုက်မိမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ညမှောင်နေတဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ရဟတ်ယာဉ်တွေ၊ မော်တော်တွေနဲ့ ခက်ခက်ခဲခဲလုပ်ခဲ့ရပြီး နစ်မြုပ်သွားတဲ့ သင်္ဘောထဲမှာ ခရီးသည်တွေ အများအပြား ပိတ်မိနေတယ် လို့ အသက်ရှင်လွတ်လာသူတွေက ပြောပါတယ်။


တခြားကူးတို့သင်္ဘောကတော့ ဆိုးဆိုးရွားရွား ပျက်စီးသွားပေမယ့် သင်္ဘောပေါ်ပါလာတဲ့ ခရီးသည်တချို့ ဒဏ်ရာရပြီး ဆေးရုံကို တင်လိုက်ရတာက လွဲလို့ ဘေးအန္တရာယ်သိပ်မရှိဘဲ ကမ်းကို ကပ်လာနိုင်ခဲ့ပါတယ်။
သင်္ဘောနစ်မြုပ်မှုကနေ ကယ်ဆယ်နိုင်တဲ့ လူပေါင်း ၁၀ဝ လောက်ကို ဆေးရုံပို့ထားတဲ့အကြောင်းနဲ့ ၉ ဦးဟာ ဒဏ်ရာအပြင်းအထန်ရပြီး အခြေအနေ စိုးရိမ်ရတယ်လို့ ဟောင်ကောင်အာဏာပိုင်တွေက ကြေညာထားပါတယ်။

ဟောင်ကောင်သတင်းတွေမှာတော့ သေဆုံးသွားသူတွေထဲမှာ ကလေးတွေလည်း ပါတယ်လို့ ဆိုပါတယ်။
ဟောင်ကောင်မှာ ဆောင်းဦးရာသီ ပွဲတော်နဲ့ တရုတ်အမျိုးသားနေ့ အလုပ်ပိတ်ရက် ကာလမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သင်္ဘောအသွားအလာများတဲ့ ဟောင်ကောင်မှာ အခုလို မတော်တဆသင်္ဘောတိုက်မိမှုဟာ ဖြစ်တောင့်ဖြစ်ခဲ ဖြစ်ပါတယ်။

ဆိုးသွမ်းပရိသတ်ကြောင့် ဆူဇူကီးဖလား ပြိုင်ပွဲတွင် လုံခြုံရေး ပိုမိုတင်းကြပ်မည်




 မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော AFC U-22 ချန်ပီယံရှစ် ဘောလုံးပွဲတွင် ပရိသတ်အချို့၏ ဆိုးသွမ်းသည့် အားပေးမှုကြောင့် ဒဏ်ငွေဆောင်ခဲ့ရသော မြန်မာ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် လာမည့် ဆူဇူကီးဖလားပြိုင်ပွဲတွင် လုံခြုံရေးများ ပို၍ တင်းကြပ်သွားမည် ဟုဆိုသည်။
ဇွန်လ ၂၃ ရက်နေ့မှ ဇူလိုင်လ ၃ ရက်နေ့အထိ ကျင်းပခဲ့သော U-22 ပွဲစဉ်များတွင် မီးရှူးမီးပန်းများ ထွန်းညှိအားပေး သည့် ပရိသတ်များနှင့် ကြုံတွေ့ခဲ့ရပြီး ဒေါ်လာ ၂၈,ဝဝဝ ဒဏ်ရိုက်ခံခဲ့ရသည်။

လာမည့် ဆူဇူကီးဖလားပြိုင်ပွဲတွင် မီးရှူးမီးပန်းများကို ကွင်းအတွင်း ယူဆောင်လာခြင်း မရှိစေရန် အဓိက စစ်ဆေး သွားမည်ဖြစ်ပြီး ရဲလုံခြုံရေးအင်အားကို U-22 ပွဲစဉ်ကထက် ပိုမိုချထားရန် ဘောလုံးအဖွဲ့ချုပ်က စီစဉ်နေသည်။

“U-22 ပွဲစဉ်တုန်းက လုံခြုံရေးယူတဲ့ ရဲအရာရှိတွေကတော့ အမျိုးသမီးတွေ၊ ကားတွေမှာ မီးရှူးမီးပန်းတွေ ပါလာတယ် လို့ ပြောကြပြီး လာမယ့် ဆူဇူကီးဖလား ခြေစစ်ပွဲမှာ အမျိုးသမီးတွေရော ကားတွေကိုပါ သေသေချာချာ စစ်ဆေးမှာ

ဖြစ်ပါတယ်။ ရဲအင်အား ဘယ်လောက်သုံးမယ်ဆိုတာ အတိအကျ ပြောလို့မရ ပေမယ့် U-22 ပွဲစဉ်တုန်းက သုံးခဲ့တဲ့ ရဲအင်အား ၁,၄၀၀ ထက်တော့ ပိုမှာ သေချာပါတယ်” ဟု ဘောလုံးအဖွဲ့ချုပ်၊ လုံခြုံရေးဌာနမှ ဒါရိုက်တာ ဦးအေးချို က မဇ္ဈိမကို ပြောသည်။


“ပညာပေး ဆိုင်းဘုတ်တွေ စိုက်ထူပြီး ပရိသတ်တွေကို အသိပေးသွားမှာပါ။ ပရိသတ်အများကြီးထဲက အနည်းငယ် ကပဲ အဲဒီလိုလုပ်နေကြတာဆိုတော့ အဲဒီလူအနည်းငယ်ကပဲ ပြုပြင်စေချင်တယ်” ဟု ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူ တဦးက ဆိုသည်။

ဆူဇူကီးဖလား ခြေစစ်ပွဲကို ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ အောက်တိုဘာလ ၅ ရက်နေ့မှ စတင် ကျင်းပသွားမည်ဖြစ်ပြီး ပရိသတ်များ အဝင်အထွက် လွယ်ကူစေရန် ကွင်းဝင်ပေါက်များကိုလည်း တိုးချဲ့ဖွင့်လှစ်ပေးသွားမည် ဖြစ်သည်။

သုဝဏ္ဏကွင်းတွင် ဂိတ်ပေါက်ကြီး ရှစ်ပေါက် ရှိပြီး ဂိတ်ပေါက် ၁ နှင့် ၃ မှ လွဲ၍ ကျန်သည့် ဂိတ်ပေါက်အားလုံးကို ဖွင့်ထားပေးမည်ဖြစ်ကြောင်း ကွင်းရုံတာဝန်ခံ ဦးဇော်လင်း က မဇ္ဈိမကို ပြောသည်။
“ဂိတ် ၂ တခုတည်းမှာတင် ဝင်ပေါက် ၁၆ ခု ရှိတယ်။ MNL ပွဲတွေတုန်းက ၄ ပေါက်ပဲ ဖွင့်ပေးခဲ့ပေမယ့် ဆူဇူကီးပွဲမှာ

တော့ ၁၆ ပေါက်လုံး ဖွင့်မယ်။ အားလုံးပေါင်း ဝင်ပေါက် ၃၂ ခုလောက် အသုံးပြုသွားမှာ ဖြစ်ပြီး ဝင်ပေါက်တခုကနေ တမိနစ်ကို လူ ငါးယောက်လောက် ဝင်လို့ရတယ်” ဟု ဆိုသည်။


လက်ရှိတွင် ဂိတ် ၄ ကို VIP ဝင်ပေါက်အဖြစ် အသုံးပြုလျက်ရှိပြီး ဂိတ် ၅ ကိုမူ မီဒီယာများနှင့် လုံခြုံရေး တာဝန်ရှိ သူများဝင်ရန် သတ်မှတ်ထားသည်။

ဘင်္ဂလားဒေ့ရှ် အစိုးရစွပ်စွဲချက် ရိုဟင်ဂျာငြင်းဆို



ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်အနီးက Ramu နဲ့ Cox’s Bazaar မြို့တွေမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ဆူပူမှုတွေမှာ ပါဝင်ပတ်သက်သူတွေကို အာဏာပိုင်တွေအနေနဲ့ အမြန်ဆုံး အရေးယူပေးဖို့နဲ့ လူနည်းစု ရခိုင် ဗုဒ္ဓဘာသာဝင်တွေကို
အကာကွယ်ပေးဖို့တို့အတွက် ရာနဲ့ချီတဲ့ ဒါကာတက္ကသိုလ် ကျောင်း သားတွေ ဒီကနေ့ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ ဒီအကြမ်းဖက်မှုတွေအတွက် ဘင်္ဂလားဒေ့ရှ် အစိုးရက ရိုဟင်ဂျာတွေလက်ချက်ဖြစ်တယ်လို့ ပြောဆိုထားပေမဲ့ ပြည်ပရောက် ရိုဟင်ဂျာတွေကတော့ ဒီ စွပ်စွဲမှုတွေနဲ့ပတ်သက်ပြီး မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့ပါတယ်။ အပြည့်အစုံကို ဘန်ကောက် ဗွီအိုအေ ရုံးခွဲကနေ ဆက်သွယ် စုံစမ်းထားတဲ့ ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

Ramu လို့ခေါ်တဲ့ ပန်းဝါမြို့နဲ့ Cox’s Bazaar လို့ ခေါ်တဲ့ ဖလောင်းချိန် ဒေသတွေမှာ ဖြစ်သွားခဲ့တဲ့ အကြမ်းဖက် ဆူပူမှုတွေမှာ တာဝန်ရှိသူတွေကို အမြန်ဆုံး ဖမ်းဆီး အရေးယူပေးဖို့ အစိုးရကို ဖိအားပေးတဲ့အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထိပ်တန်း တက္ကသိုလ်ကြီးဖြစ်တဲ့ ဒါကာ တက္ကသိုလ် က ကျောင်းသား ၃၀၀ လောက် ဒီကနေ့မနက်ပိုင်းက သူတို့ ကျောင်းဝင်းအတွင်းမှာ ချီတက် ဆန္ဒပြခဲ့ကြတာပါ။


အခု ချီတက် ဆန္ဒပြကြတဲ့ ကျောင်းသားအများစုဟာ Ramu နဲ့ Cox’s Bazaar ဒေသတွေက ကျောင်း လာတက်ကြတဲ့ ကျောင်းသားတွေဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် The Daily Star သတင်းဌာနက ၀ါရင့်သတင်းထောက် Abdul Karam Azad က ဗွီအိုအေကို ပြောပြပါတယ်။


“သူပြောသွားတာကတော့ - ဒီမနက်ပဲ Ramu နဲ့ Cox’s Bazaar ဒေသက ကျောင်းသားတွေဟာ တက္ကသိုလ် ကျောင်းဝင်းအတွင်းမှာပဲ ချီတက် ဆန္ဒပြခဲ့ကြတာပါ-တဲ့။ သူတို့က အကြမ်းဖက် တိုက်ခိုက် မှုတွေ ပြုလုပ်ခဲ့သူတွေကို ချက်ချင်း ဖမ်းဆီး အရေးယူဖို့၊ အိုးအိမ်ပျက်စီး ဆုံးရှုံးသွားသူတွေ အတွက် ထိုက်တန်တဲ့ လျော်ကြေးပေးဖို့တွေကို တောင်းဆိုခဲ့ကြပါတယ်-လို့ ပြောသွားတာပါ။”


ဒီဆန္ဒပြပွဲကို သတင်းထောက် ဘာသာရပ်ကို သင်ကြားနေကြတဲ့ တခြား ကျောင်းသား အတော် များများလည်း ပူးပေါင်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။


တချိန်တည်းမှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်ရှိအာဏာရပါတီဖြစ်တဲ့ Awami League ပါတီ ရဲ့ ကျောင်းသားလူငယ်အဖွဲ့ကလည်း အလားတူ တောင်းဆိုချက်တွေနဲ့တူ သီးခြား ချီတက် ဆန္ဒပြခဲ့ကြတယ်လို့ Abdul Karam Azad က ပြောပါတယ်။


အစိုးရအနေနဲ့ ဒီကိစ္စမှာ အဓိက တာဝန်ရှိသူတွေလို့ သံသယ ဖြစ်သူတွေအထဲ ရိုဟင်ဂျာတွေလည်း ပါတယ်လို့ Abdul Karam Azad က ဆက်ပြောပြပါတယ်။


သူပြောသွားတာကတော့- “  ဒီကိစ္စအတွက် စုံစမ်းစစ်ဆေးရေးတွေ ပြုလုပ်နေတဲ့ အစိုးရအရာရှိတွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ တရားမ၀င် လာရောက် နေထိုင်နေကြတဲ့ ရိုဟင်ဂျာတွေရဲ့ လက်ချက်ဖြစ်နိုင် တယ်ဆိုပြီး သံသယ ရှိနေကြပါတယ်- တဲ့။ အစိုးရအနေနဲ့ မြန်မာနိုင်ငံ၊ ရခိုင်ပြည် နယ်အတွင်းမှာ ဖြစ်ခဲ့ တဲ့ ပဋိပက္ခတွေလို အဖြစ်မခံနိုင်ဘူးဆိုတာကို ပထမဆုံး အကြိမ်ပြသလိုက်တာလည်း ဖြစ်တယ် - လို့ ပြောသွားတာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာ ရှိနေကြတဲ့ ရိုဟင်ဂျာတွေက သူတို့အပေါ်ထားတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ မူဝါဒတွေကို သဘောမကျတဲ့အတွက် အခုလို အကြမ်းဖက် ဆူပူမှုတွေဖြစ်အောင် ဖန်တီး လုပ်ဆောင်တဖြစ်နိုင်တယ်ဆိုပြီး အစိုးရ အရာရှိတွေက သံသယ ရှိနေကြတာပါ- လို့ ပြောသွားတာပါ။ ”


ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က အခုလို တဘက်သတ် ပြောဆိုနေတာတွေဟာ မဟုတ် မှန်ကြောင်းနဲ့ သူတို့ ရိုဟင်ဂျာတွေအနေနဲ့ သူတပါး နိုင်ငံအတွင်းမှာ ခိုလှုံနေထိုင်တဲ့သူတွေဖြစ်တဲ့ အတွက် ဒီလိုကိစ္စမျိုးတွေကို လုပ်ဆောင်ခြင်း မရှိဘူးလို့ မလေးရှားအခြေစိုက် ရိုဟင်ဂျာ လူ့အခွင့် အရေးအဖွဲ့က ဥက္ကဋ္ဌ Zafar Ahmad bin Abdul Ghani က ပြောပါတယ်။


“ဒီ ရိုဟင်ဂျာတွေဟာ ကျနော်တို့ နိုင်ငံနဲ့ပတ်သက်ပြီးတော့ သူတို့ ထွက်ပြေးခိုလှုံနေတယ်၊ ဒုက္ခသည် အနေနဲ့ နေ နေတယ်။ ဒီ ရိုဟင်ဂျာတွေဟာ တချို့ဘာသာကို သွားပြီးတော့ နှိပ်စက်ဖို့ ရိုဟင်ဂျာတွေ စိတ်ထဲမှာ လုံးဝ မရှိဘူး၊ အခုကိစ္စက ကျနော်တို့လူမျိုးနဲ့ ဘာမှမဆိုင်ဘူး၊ ဒီရိုဟင်ဂျာတွေ မပါဘူး။ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ဆိုင်တယ်၊ ဘင်္ဂလားဒေ့ရှ်ပြည်သူတွေနဲ့ပဲ ဆိုင်တယ်။ ကျနော်တို့လူတွေကတော့ ဘာမှ မပါဘူး။”


အစ္စလာမ်ဘာသာဝင်တွေ အထွဋ်အမြတ်ထားတဲ့ ကိုရမ်ကျမ်းစာအုပ်ကို မီးရှို့ထားတဲ့ ဓာတ်ပုံကို Facebook အင်တာနက် စာမျက်နှာမှာ ဖော်ပြလိုက်တဲ့အတွက် အခုလို အကြမ်းဖက် တိုက်ခိုက် မှုတွေ ပြုလုပ်ခဲ့တာလို့ ဒီအထဲမှာ ပါတဲ့သူတွေက ပြောတာကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ် သတင်းစာ တချို့မှာ ဖော်ပြခဲ့ကြတာပါ။


လက်ရှိအခြေအနေမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ဒေသတွေမှာ ပုဒ်မ ၁၄၄ ညမ ထွက်ရအမိန့်ထုတ်ထားပြီး အခြေအနေတွေဟာ ဒီကနေ့အထိ တည်ငြိမ် အေးချမ်းမှု ရှိနေပေမယ့် Ramu မြို့ ရဲစခန်းက စခန်းမှူး ရာထူးက နှုတ်ထွက်သွားတယ်လို့ Abdul Karam Azad က ပြောပါတယ်။


သူပြောသွားတာကတော့ - “Ramu မြို့က အခြေအနေတွေဟာ တည်ငြိမ် အေးချမ်းနေပြီး အကြမ်းဖက် တိုက်ခိုက်မှုမှာ ပါဝင်ခဲ့သူတွေကို အာဏာပိုင် တွေက ဖမ်းဆီး အရေးယူနိုင်ဖို့ ကြိုးပမ်းနေပါတယ် - တဲ့။ ဒါပေမယ့် Ramu မြို့ ရဲစခန်းကို ကြီးကြပ် ကွပ်ကဲရတဲ့ အရာရှိကတော့ ဒီကနေ့ပဲ ရာထူးကနေ နှုတ်ထွက်သွားပါတယ် - လို့ ပြောသွားတာပါ။”


အခုချိန်ထိတော့ ဒီ အကြမ်းဖက် တိုက်ခိုက်မှုမှာ ပါဝင်တယ်လို့ သံသယရှိသူ ၁၆၆ ဦးကို ဘင်္ဂလာ ရဲအဖွဲ့က ဖမ်းဆီးထားပြီး ဖြစ်တယ်လို့ ပြည်ထဲရေး

ဝန်ကြီး Muhiuddin Khan Alamgir က တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

Ramu ခေါ် ပန်းဝါမြို့မှာ ပြုလုပ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် နှစ်ပေါင်း ရာနဲ့ချီပြီး တည်ရှိနေခဲ့တဲ့ ဘုန်းတော်ကြီးကျောင်းတွေအပါအ၀င် ကျောင်းပေါင်း ၂၂ ကျောင်းလောက်နဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ဘုရားဆင်းတုတော်တွေလည်း ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေ က ပြောပါတယ်။


ပြီးခဲ့တဲ့ စနေနေ့ညမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီး နောက်တနေ့ တနင်္ဂနွေနေ့မနက်မှာ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးကိုယ်တိုင် အခင်းဖြစ်ပွားရာကို သွားရောက်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုကြောင့် အစ္စလာမ်ဘာသာကိုးကွယ်သူ သက်ကြီး ရွယ်အိုနှစ်ဦးလည်း သေဆုံးခဲ့ပြီး လူအတော်များများလည်း ထိခိုက် ဒဏ်ရာရခဲ့ကြတာ ဖြစ်ပါတယ်ခင်ဗျား။

ဗုဒ္ဓဘာသာ ဝင်များက ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ထံ တောင်းဆို



ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ဗုဒ္ဓဘာသာ ဝင်များအား လုံခြုံရေး အာမခံချက်ပေးရန် တောင်းဆိုသည့် အိပ်ဖွင့်ပေးစာ တစောင်ကို ဘန်ကောက်ရှိ ဘင်္ဂလားဒေ့ရှ် သံရုံးကို ပေးအပ်ခဲ့သည်ဟု
ထိုင်းနိုင်ငံရောက် (၆) နိုင်ငံမှ ရဟန်းတော် များ၏ ဆန္ဒပြ တောင်းဆိုပွဲကို ဦးဆောင်ခဲ့သည့် ဘင်္ဂလား နိုင်ငံသား ရှင်အနန္ဒာက ဆိုပါသည်။

“ ဒီနေ့ နေ့လည်ပိုင်း (၁၀) နာရီလောက်မှာ ဦးဇင်းတို့ ဆန္ဒပြခဲ့တယ်။ ဘင်္ဂလား သံရုံး ဝန်ထမ်း တစ်ဦး ထွက်လာတယ်၊ ဘုန်းဘုန်းတို့ကအိတ်ဖွင့် ပေးစာကို ပေးလိုက်ပြီး ဒီစာကို ဝန်ကြီးချုပ်ဆီ ပို့ပေးဖို့ မေတ္တာ ရပ်ခံခဲ့တယ်” ဆိုပါသည်။


ဆန္ဒပြပွဲကို မြန်မာ၊ ဘင်္ဂလားဒေ့ရှ် အပါအဝင် နိုင်ငံ (၆) ခုက ရဟန်းတော် အပါး (၁၀၀) နီးပါးခန့်က ပါဝင် ဆန္ဒပြ နေကြခြင်း ဖြစ်သည်။


၎င်းတို့သည် ပြီးခဲ့သည့် စက်တင်ဘာလ (၂၉) ရက်နေ့တွင် ကော့ဘဇား ခရိုင်၊ ပင်းဝါ ရွာကြီး (ခေါ်) ရာမူး Ramu ဒေသရှိ ဘုန်းကြီးကျောင်း များနှင့် ဘုရား ရုပ်ပွားတော် များကို ဒေသခံ မူဆလင် လူအပ်ကြီးမှ တိုက်ခိုက် ဖျက်ဆီး၍ မီးရှို့ ခဲ့ကြသည်ကို အကြောင်းပြုပြီး လုံခြုံမှု ပေးစေခြင်း ဖြစ်ပါသည်။ ထိုဖျက်ဆီးမှုတွင် ဘုန်းကြီးကျောင်း (၁၉) လုံးခန့်နှင့် သိမ် (၃) လုံးခန့်နှင့် လူနေအိမ်ခြေ နှစ်ဆယ် ဝန်းကျင်ခန့် ပျက်ဆီး ဆုံးရှူံး ခဲ့ရပါသည်။


ထိုအခင်းဖြစ်ပွားမှုတွင် Bangladesh Nationalist Party (BNP) မှ ဥပဒေပြု အမတ် Lutfar Rahman Kajal နှင့် ဒု-ဥက္ကဋ္ဌ Ramu Upazila Sohel Sarwar Kajal တို့လည်း ပါဝင် ခဲ့သည်ဟု သတင်းများက ဆိုပါသည်။


ဤသို့ကြောင့် မနက်ဖြန် အောက်တိုဘာလ (၃) ရက်နေ့ နံနက် (၉) နာရီ ဝန်းကျင်၌လည်း ထိုင်းနိုင်ငံရှိ ကုလသမဂ္ဂ ရုံးရှေ့ တွင် ဆက်လက် ဆန္ဒပြရန် ရှိပါသည်။ ထို့အပြင် EU ရုံးနှင့် တရုတ်၊ ဂျပန်၊ ဆွစ်ဇာလန် သံရုံးများ ကိုလည်း အိတ်ဖွင့်ပေးစာ ကမ်းရန် ရှိပါသည်။

မန်းလေးမြို့တော်ဝန်ကြံ့ဖွံ့ကြီးသိစေဖို့ပါ။



အိမ်တွေကိုဘူဒိုဇာနဲ့ဖြိုလိုဖြို
ကားတွေနဲ့တိုက်လိုတိုက်လုပ်နေတဲ့မန်းလေးမြို့တော့ဝန်(ကြံဖွတ်မင်းကြီး...သို့)
အစိုးရပိုင်မြေများပေါ်မှာ ကျူးကျော်မှု ပြုလုပ်တယ်လို့  အရေးယူကြေးဆိုရင် ကြံ့ ဖွတ် ဆေးခန်းဆောက်ထားတာကိုလည်း ဖယ်ရှားဖို့  လိုလိမ့်မယ်။

တာမွေမြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်နှင့် မလွှကုန်းဌေးကြွယ်ရပ်ကွက်၊ သတိပဌာန်လမ်းနှင့် အသောကလမ်းထောင့်တွင် စည်ပင်သာယာရေးပိုင်မြေပေါ်တွင် အခိုင်အမာ ကျူးကျော်ဆောက်လုပ်ထားသော ပုံတွင် ဖော်ပြထားသည့် ပြည်ခိုင်ဖြိုးပါတီ ဖြိုးစေတနာဆေးခန်းအားလည်း ဖယ်ရှားပေးရန် တောင်းဆိုပါသည်။

အစိုးရပိုင်မြေများပေါ်တွင် ကျူးကျော်မှုများကို ဖယ်ရှားအရေးယူသည်ဆိုပါက အဆိုပါဖြစ်ရပ်ကိုလည်း အရေးယူပေးပါရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြတိုင်ကြားပါသည်။



စိတ်မချမ်းမြေ့သောမျက်နှာထားနဲ့သံဃာတော်။

ဘုရားမရှိသောလူတွေလုပ်ရပ်ကြောင့်ထိုကဲ့သို့ဝမ်းနည်းပက်လက်ငိုကြွေးနေခဲ့ရပေပြီ