Friday, October 5, 2012

နိင်ငံခြားမော်ဒယ်မလေးများ။

Playboy Intimates contestants

Nicole from Washington


Naja from California


Naja from California
Marissa from Florida
 
Lauren from Oklahoma

Kelly from Texas
Kali Ann from Florida
Dylan from California
Dessie from Pennsylvania
Dessie from Pennsylvania

Chelsiearyn from New York
 
Chelsiearyn from New York

Brooklyn from California

Ashley from Massachusetts

Ashley from Massachusetts








မြန်မာမလေးများခေတ်မှီလာပုံ..



















မြင်က..မြင်၏လို့ရှု....နော်။












လူထက်အိုးကကြီးနေတယ်..ခိခိ

ဂျပန်တွင် ကျင်းပမည့် Miss International 2012 ပြိုင်ပွဲ မြန်မာနိုင်ငံ ကိုယ်စားပြု မနန်းခင်ဇေယျာနှင့် တွေ့ဆုံခြင်း



မြ၀တီ
တွေ့ဆုံမေးမြန်းသူ - စိုးလင်းထွန်း

ဂျပန်နိုင်ငံ အိုကီ နာဝါတွင် ကျင်းပမည့် (၅၂) ကြိမ်မြောက် Miss International Beauty Pageant 2012 ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု၍ ဝင်ရောက် ယှဉ်ပြိုင်မည့် ပအိုဝ့် တိုင်းရင်းသူ မနန်းခင် ဇေယျာအား ပြိုင်ပွဲ ဝင်ရောက်ခွင့် ရပုံနှင့် ပြိုင်ပွဲ အခြေ အနေ
များကို တွေ့ဆုံ မေးမြန်းပြီး ဖော်ပြ လိုက်ပါသည်။

မေး - ကိုယ်ရေးအကျဉ်းလေး မိတ်ဆက်ပေးပါဦး၊

ဖြေ - ကျွန်မ နာမည် မနန်းခင် ဇေယျာပါ၊ အသက်က ၂၃ နှစ်၊ ပညာ အရည်အချင်းက LL.B ဥပဒေဘွဲ့၊ လူမျိုးက ရှမ်းပအိုဝ့် ဖြစ်ပြီး ဂျာမန်- အင်္ဂလိပ် ဧည့်လမ်းညွှန် လုပ်ပါတယ်။

မေး - ပြိုင်ပွဲ ဝင်ဖြစ်ပုံလေး ပြောပြပါ။

ဖြေ - ၂ဝ၁၂ ခုနှစ် မတ်လက မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်က ကျင်းပတဲ့ Miss Myanmar International 2012 ပြိုင်ပွဲမှာ Miss Myanmar International Crown ဆုရရှိခဲ့ ပါတယ်။ အဲဒါနဲ့ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ် ကနေတစ်ဆင့် ဂျပန်မှာ ကျင်းပတဲ့ ပြိုင်ပွဲဝင်ဖို့ ဖြစ်ခဲ့တာပါ။

မေး - ပြိုင်ပွဲဝင်ဖို့ ကြိုတင် ပြင်ဆင်မှု အနေနဲ့ ဘာတွေလုပ်ထား ပါသလဲ။

ဖြေ - ပြိုင်ပွဲဝင်ဖို့ စက်တင်ဘာ ၂ ရက်နေ့က ကမ်းလှမ်းခံရ ပါတယ်။ စက်တင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ ဗီယက်နမ် နိုင်ငံ ဟိုချီမင်း မြို့မှာ ကျင်းပတဲ့ (၈) ကြိမ်မြောက် International Travel Expo ခရီးသွား ပြပွဲဖွင့်ပွဲ အခမ်း အနားလည်း မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက် ဖျော်ဖြေခဲ့ရ ပါသေးတယ်။ ကြိုတင် ပြင်ဆင်ဖို့ အချိန်တော့ အရမ်းနည်း ပါတယ်။ ဒါပေမဲ့ ကျွန်မက ဂျာမန်နဲ့ အင်္ဂလိပ် ဧည့်လမ်းညွှန် လုပ်တော့ ကိုယ့်မြန်မာ နိုင်ငံ သမိုင်းကြောင်း၊ မြန်မာ့ ယဉ်ကျေးမှု၊ အနုပညာ၊ ဘာသာရေးက အစ နိုင်ငံခြားသား တွေကို ရှင်းပြရတဲ့ အလုပ် လုပ်တာ လေးနှစ်ကျော် ငါးနှစ် ရှိခဲ့လို့ သိပ်တော့ မစိမ်းပါဘူး။ ဘဝ ရပ်တည်ရေး အတွက် ပညာရပ်တွေ လေ့လာ ဆည်းပူးတာတော့ အဆက်မပြတ် လုပ်ခဲ့ပါတယ်။

မေး - ပြိုင်ပွဲမှာ ဘယ်လို ပုံစံမျိုးနဲ့ ဝင်ပြိုင်မလဲ။

ဖြေ - ပြိုင်ပွဲမှာ မြန်မာ့ ယဉ်ကျေးမှု ဝတ်စုံနဲ့ ဆွမ်းတော်အုပ် ပိုက်ပြီးပြိုင်မယ်။ ပြီးတော့ ရှမ်းသီချင်းနဲ့ ဖျော်ဖြေမယ်။ ညနေခင်း ဝတ်စုံကိုတော့ ကချင်ရိုးရာ ဝတ်စုံ ဝတ်ပြိုင်မယ်။ ပြိုင်ပွဲဝင် ဝတ်စုံတွေ ကိုတော့ ပြည်စိုးအောင်၊ မမမဉ္ဇူ (Zu Zu Collection) နဲ့ မသွင်စုထွေး တို့က ပံ့ပိုးပေးထား ပါတယ်။

မေး - ပြိုင်ပွဲဝင်ဖို့ ဘယ်သူတွေ ပါသေးလဲ။ ဂျပန်မှာ ကျင်းပမယ့် ပြိုင်ပွဲအခြေ အနေလေး ပြောပြပေး ပါဦး။

ဖြေ - ကျွန်မ တစ်ယောက်တည်း သွားရမှာပါ။ ဂျပန်မှာ တစ်လလောက် Camp ဝင်ရဦးမယ်။ Camp ထဲ ဘယ်သူမှ ဝင်ခွင့် မရလို့ တစ်ယောက်တည်း သွားမှာပါ။ ပြိုင်ပွဲကို နိုင်ငံပေါင်း ၅ဝ ကျော်က ပြိုင်ပွဲဝင် ၇ဝ ကျော် ဝင်ရောက် ပြိုင်မယ်လို့ သိရပါတယ်။ မြန်မာ နိုင်ငံကတော့ ကျွန်မ တစ်ဦး တည်းပဲပေါ့။

မေး - ဆုရဖို့ရော နီးစပ် နိုင်ပါ့မလား။

ဖြေ - ဆုရတာ မရတာ ကတော့ ကံတရားပေါ့။ ကျွန်မကတော့ အစွမ်းကုန် ကြိုးစားမှာပါ။ ကိုယ့်ကြောင့် ကိုယ့်နိုင်ငံ သိက္ခာ မကျစေရ ပါဘူးလို့ အာမခံရဲ ပါတယ်။ ကိုယ့်နိုင်ငံ Image တက်အောင် အတတ်နိုင်ဆုံး ကြိုးစားမှာပါ။ ပြိုင်ပွဲက ရုပ်ရည် လှပရုံသာ မက ဗဟုသုတ အရည် အချင်းပါ ပြည့်ဝရမယ့် အပြင် ပရိသတ် တွေရဲ့ မဲပေး ရွေးချယ်မှု ကလည်း အရေး ပါတာမို့ ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ အချက်တွေကို www. miss International.org မှာ ဝင်ရောက် လေ့လာပြီး ကျွန်မကို မြန်မာပြည် ကနေ မဲပေး ကြပါလို့ မေတ္တာရပ်ခံ ပါရစေရှင့်။

နားလည်မှုသာပေးနိုင်ကြမယ်ဆိုရင်



အခုဒေသကြီးတွေမှာတိုက်ခိုက်နေကြတယ်တဦးကိုတဦးနားလည်မှုတွေမပေးနိုင်ကြဘူး။
တကယ်ဆိုတော့တယောက်ကိုတယောက်တဦးကိုတဦးနားလည်သင့်ပါတယ်နားလည်မယ်
ဆိုရင်အခုပုံလေးထဲကလိုပဲ့အသိဥာဏ်မရှိတဲ့ဆင်နဲ့အသိဥာဏ်ကြီးမားတဲ့လူသားနဲ့တောင်အ
တူအိပ်စစ်နေိုင်တာကိုနမူနာယူသင့်ပါတယ်။
ဒါကြောင့်အားလုံးသောအသိဥာဏ်ရှိသောလူသားများနားလည်မှုပေးနိုင်ရင်အဆင်ပြေနိုင်ကြမှာ
ပဲ့ဖြစ်ပါတယ်လို့ပုံလေးနဲ့ဥပမာပေးတင်စားလိုက်ရပါတယ်။

တပ်မတော်သည်အမိ၊တပ်မတောသည်သာအဖ။

အမျိုးသမီးများရာသီလာသော နေ့ရက်တိုင်း လန်းဆန်းနေစေရန်



မိန်းကလေးတွေရဲ့ ဘဝမှာ အပျိုဖော်ဝင်ချိန်မှစပြီး သွေးမဆုံးမချင်း (ကိုယ်ဝန်ဆောင်တာ၊ ပဋိသန္ဓေတားဆေး သောက်တာ၊ ရာသီထိမ်တာ စတဲ့ အကြောင်းရင်းတွေ မရှိဘူးဆိုရင်) လစဉ် ဓမ္မတာ ရာသီလာလေ့ ရှိပါတယ်။ တစ်ကြိမ်ရာသီလာတိုင်း ပျမ်းမျှအားဖြင့် အချိန်သုံးရက်မှ ငါးရက်ခန့် ကြာမြင့်တတ်ပါတယ်။ ရာသီလာတဲ့အချိန်မှာ အမျိုးသမီးအများစုဟာ ဗိုက်အောင့်တာ၊ လေပွတာ၊ ရင်သားနာကျင်တာ၊ အစာချဉ်ခြင်းတပ်တာ၊ စိတ်မသက်မသာ ခံစားရတာ၊ ခေါင်းကိုက်တာနဲ့ ညောင်းညာကိုက်ခဲမှု စတဲ့ဝေဒနာတွေကို ခံစားရလေ့ရှိပါတယ်။ တချို့ အမျိုးသမီးတွေမှာတော့ ရာသီမလာခင် ရက်အနည်းငယ် အလိုကတည်းက ဒီဝေဒနာတွေကို ပြင်းပြင်းထန်ထန် ခံစားရတတ်တဲ့အတွက် ဒါကို ရာသီအကြိုဝေဒနာ (Premenstrual Syndrome) လို့ခေါ်ပါတယ်။ 


ရာသီလာတဲ့ အချိန်အတော အတွင်းမှာ ခေါင်းလျှော်ရေချိုးရင် အအေးမိတတ်တယ်ဆိုတဲ့ အယူအဆ ကြောင့် ရေမချိုး၊ ခေါင်းမလျှော်ဘဲ မနေသင့်ပါဘူး။ တကယ်တော့ ရာသီလာချိန် နေ့ရက်တွေမှာ ပုံမှန်အတိုင်း ကျန်းမာသန့်ရှင်းနေအောင် ထိန်းသိမ်းနေထိုင်ဖို့ အရေးကြီးပါတယ်။ 

 ၁။ ရာသီလာစဉ် မိန်းမကိုယ်မှ အနံ့ဆိုးထွက်ခြင်း ကင်းစေရန် 

မိန်းကလေးအများစုဟာ သူတို့ရဲ့ မိန်းမကိုယ်မှ အနံ့ဆိုးထွက်နေမှာ ဒါမှမဟုတ် သူတို့ရာသီလာမှန်းတခြားသူတွေ ရိပ်မိသွားမှာကို စိုးရိမ်တတ်ကြပါတယ်။ တကယ်တော့ ပုံမှန်အခြေအနေမှာ မိန်းမကိုယ်ကနေ ဘာအနံ့မှ မထွက်တတ်ပေမယ့် ရာသီသွေးဆင်းချိန်မှာတော့ အနံ့အသက် အနည်းငယ် ထွက်နိုင်ပါတယ်။ ဒီအခြေအနေအတွက် စိတ်မပူပါနဲ့။ ရာသီလာစဉ် အတောအတွင်းမှာ လစဉ်သုံး ဂွမ်းထုပ်ကို မကြာခဏ လဲလှယ်ပေးတာ၊ နေ့စဉ် အချိန်မှန် ရေချိုး ခေါင်းလျှော်တာ၊ ရေချိုးပြီးတိုင်း သန့်ရှင်းခြောက်သွေ့ကာ မီးပူတိုက်ထားတဲ့ အဝတ်အစားနဲ့ အတွင်းခံ အဝတ်အစားတွေကို ဝတ်ဆင်တာ စတဲ့ အလေ့အထတွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။ အဲဒီလို ပြုလုပ်ပြီးတာတောင် အချိန်ကြာတဲ့အထိ ငါးညှီနံ့လို အနံ့ဆိုးထွက်နေရင်၊ ပုံမှန်ထက် ပိုမိုဆိုးရွားတဲ့ အနံ့မျိုးရနေရင်၊ ဒီလိုအနံ့ထွက်တာနဲ့အတူ မိန်းမကိုယ် ယားယံတာ၊ အနာဖြစ်တာတို့ တွဲရှိရင် မိန်းမကိုယ်မှိုစွဲတဲ့ အခြေအနေ ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကာ ကုသမှု ခံယူသင့်ပါတယ်။ 



 ၂။ မိန်းမကိုယ်ကို အလွန်အမင်း သန့်ရှင်းရေးလုပ်ခြင်းကြောင့် မထိခိုက်စေရန် 

တချို့ မိန်းကလေးတွေဟာ ရာသီလာချိန်မှာ မိန်းမကိုယ် အတွင်းပိုင်းထဲအထိ ရေပန်းနဲ့ဆေးကြောတာ၊ အနံ့ဆိုးပျောက်အောင် အနံ့မွှေးလွန်းတဲ့ ဆပ်ပြာနဲ့ တိုက်ချွတ် ဆေးကြောတာနဲ့ အမွေးနံ့သာ ဖျန်းဆေးသုံးတာ စတဲ့ နည်းလမ်းတွေကို အလွန်အကျွံ ဆောင်ရွက်တတ်ကြပါတယ်။ မိန်းမကိုယ်အတွင်းပိုင်းထဲအထိ ဆေးကြောတာက မိန်းမကိုယ်တစ်ဝိုက် pH ဓာတ်ကို မညီမမျှ ဖြစ်စေတာကြောင့် ဓာတ်မတည့်မှု ဖြစ်တာ၊ ယားယံတာနဲ့ ကူးစက်ပိုး ဝင်တာတွေအထိတောင် ဖြစ်နိုင်ခြေရှိပါတယ်။ အမွှေးနံ့သာဖျန်းဆေးတွေ၊ အနံ့အသက် ပျောက်ဆေးတွေကို သုံးစွဲတာကလည်း ဓာတ်မတည့်မှု၊ ပိုးဝင်တာနဲ့ ယားယံကာ စပ်ဖျဉ်းဖျဉ်း ဖြစ်တာတွေအထိ ဖြစ်တတ်နိုင်ပါတယ်။ မိန်းမကိုယ်မှာ သဘာဝ သန့်စင်ဆေးကြောတဲ့စနစ် ရှိပြီးသားပါ။ ဓာတုပစ္စည်းပါဝင်တဲ့ ဘယ်သန့်စင်ရေး အသုံးအဆောင်ကိုမှ မသုံးသင့်ပါဘူး။ ရာသီလာတဲ့ နေ့ရက်တွေမှာ တခြားနေ့တွေမှာလိုပဲ အမွှေးရနံ့မပါတဲ့ ဆပ်ပြာပျော့နဲ့ ကြက်သီးနွေးရေကိုသုံးပြီး မိန်းမကိုယ်အပေါ်ယံကို ဆေးကြောသန့်စင် ပေးနိုင်ပါတယ်။ ဝမ်းသွားပြီး သန့်စင်ဆေးကြောတဲ့အခါ အရှေ့ဘက်မှ အနောက်ဘက်ကို သန့်စင်ပေးပါ။ ရေချိုးတဲ့အခါ ကြက်သီးနွေးရေသုံးပြီး ချိုးပေးရင် ရာသီလာချိန်အတွင်း ခံစားရတတ်တဲ့ ကိုက်ခဲနာကျင်မှုကို သက်သာစေပါတယ်။ 


 ၃။ ရာသီလာစဉ် မိန်းမကိုယ် ယားယံခြင်း ကင်းစေရန် 

 ရာသီလာချိန် အတောအတွင်းနဲ့ ရာသီလာပြီးချိန်တွေမှာ မိန်းမကိုယ်တစ်ဝိုက် အရေပြား ယားယံတာ၊ အဖုငယ်တွေ ပေါက်တာတွေက ဓာတ်မတည့်တဲ့ အခြေအနေပါ။ ဒီလို ဓာတ်မတည့်မှုတွေ ဖြစ်ပေါ်ရတာက လစဉ်သုံး ဂွမ်းထုပ်ပဝါကို လဲလှယ်သင့်တဲ့အချိန်မှာ မလဲလှယ်မိတာကြောင့်ပါ။ တကယ်လို့ အောက်ခံ ဘောင်းဘီမှာ ရာသီသွေး စွန်းထင်းသွားရင် ဂွမ်းထုပ်ပဝါနဲ့အတူ အောက်ခံ ဘောင်းဘီကိုပါ အသစ်လဲလှယ် ဝတ်ဆင်ပါ။ အောက်ခံဘောင်းဘီကို လေဝင်လေထွက်ကောင်းပြီး သက်သောင့်သက်သာ ရှိစေတဲ့ ချည်သားဘောင်းဘီ အမျိုးအစား ရွေးဝတ်ဖို့ လိုအပ်ပါတယ်။


 ၄။ ရာသီလာစဉ် ကိုက်ခဲခြင်း ကင်းစေရန် 

တချို့ မိန်းကလေးတွေမှာ လစဉ် ဓမ္မတာရာသီလာတိုင်း ကိုက်ခဲနာကျင်မှုကို ပြင်းပြင်းထန်ထန် ခံစားရတဲ့အတွက် ရာသီလာမယ့် နေရက်တွေကို ကြိုတွေးပြီး စိတ်ညစ်နေတတ်ပါတယ်။ 

ဒီလိုမဖြစ်စေဖို့ လိုက်နာသင့်တဲ့ အချက်တွေကို အကြံပြုချင်ပါတယ်။ 
 


(၁) စိတ်ဖိစီးမှု မဖြစ်အောင် နေထိုင်ပါ 

 စိတ်ပူပင်သောကများတာ၊ စိတ်ရှုပ်တာ၊ စိတ်ညစ်တာတွေကြောင့် ရာသီလာစဉ် ကိုက်ခဲနာကျင်မှု ဖြစ်တတ်သလို ရာသီမမှန်တာမျိုးလည်း ဖြစ်တတ်ပါတယ်။

 (၂) အာဟာရပြည့်ဝသော အစာစားပါ 

အဆီအအိမ့်စာတွေရှောင်ပြီး ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို များများစားပေးရပါမယ်။ အစာအာဟာရကို ပြည့်ဝမျှတအောင်စားပြီး ဝမ်းမချုပ်အောင် ဂရုစိုက်သင့်ပါတယ်။ အချိန်မှန်စားပြီး အချိန်မှန်မှန် အိပ်စက် အနားယူသင့်ပါတယ်။ 


  (၃) လေ့ကျင့်ခန်းလုပ်ပါ 

 လေ့ကျင့်ခန်းအနေနဲ့ လမ်းလျှောက်တာ၊ ရေကူးတာ၊ ခပ်သွက်သွက်ပြေးတာ၊ စက်ဘီးစီးတာ စတဲ့ပေါ့ပါးတဲ့ လေ့ကျင့်ခန်းတွေကို တစ်နေ့ မိနစ် ၃၀ ခန့် ချွေးထွက်တဲ့အထိ လုပ်ဆောင်ပေးသင့်ပါတယ်။ ဒီလို လုပ်တာကြောင့် ခန္ဓာကိုယ်ရှိ အဆီပိုတွေကင်းစေပြီး ကြွက်သားတွေကို သန်စွမ်းလာစေ ပါတယ်။

 (၄) ရာသီလာစဉ် နာကျင်ကိုက်ခဲနေလျှင် စိတ်ဖြေလျှော့ပါ 

 ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမှုကြောင့် ဒေါသမထွက်ပါနဲ့။ ဒေါသကြောင့် နာကျင်မှုကို ပိုဆိုးစေလို့ပါ။ အိပ်ရာထဲမှာ လဲလျောင်းအနားယူပြီး ဝင်လေ၊ ထွက်လေ မှတ်တာမျိုး၊ တရားစာ ရွတ်တာမျိုး လုပ်ဆောင်ရင်း ဝမ်းဗိုက်မှာ ရေနွေးအိတ် ကပ်ထားပေးပါ။ ကြက်သီးနွေးရေထဲမှာစိမ်ပြီး ရေချိုးပေး တာကြောင့်လည်း ဝေဒနာသက်သာပြီး စိတ်ရောကိုယ်ပါ လန်းဆန်း စေပါ တယ်။ 
 


  (၅) ကိုက်ခဲနာကျင်နေလျှင် အကိုက်အခဲပျောက်ဆေးသောက်ပါ

 ရာသီလာစဉ် ကိုက်ခဲနာကျင်မှု ဝေဒနာကြောင့် အိပ်မပျော်ပါက အကိုက်အခဲ ပျောက်ဆေး တစ်မျိုး (ဥပမာ- Mefenamic Acid 500mg) ကို အစာစားပြီး သောက်ပေးနိုင်ပါတယ်။ 

ရာသီသွေးလာနေစဉ်အတွင်ကိုက်ခဲခြင်းမှပျောက်ကင်းနိုင်ကြပါစေ။





  





အမေရိကန်နိုင်ငံ အိမ်ဖြူတော်ရှိ ကွန်ပျူတာ များ၏ လုံခြုံရေး စနစ်အား ဆိုက်ဘာ တိုက်ခိုက်ခံ ရသည် ဆိုခြင်း


အမေရိကန် နိုင်ငံ အိမ်ဖြူတော်ရှိ ကွန်ပျူတာများ၏ လုံခြုံရေးစနစ်အား အယောင်ဆောင် အီးမေးလ် များဖြင့် ချိုးဖောက် ဝင်ရောက် တိုက်ခိုက်မှု ခံခဲ့ရကြောင်း သိရှိရပါသည်။ အိမ်ဖြူတော်ရှိ ကွန်ပျူတာများ၏ ကွန်ရက် အား Spear-phishing အမည်ရှိ ဆိုက်ဘာ တိုက်ခိုက်မှု တစ်ခုခံခဲ့ရ သော်လည်း ၎င်းသည် သီးခြားသတ်မှတ် ထားသော သတင်းအချက် အလက်များ မပါဝင် သည့်အတွက် မည်သည့် သတင်းအချက် အလက်မျှ ခိုးယူခံခဲ့ရခြင်း မရှိကြောင်း အိုဘားမား အစိုးရအဖွဲ့မှ အမည် မဖော်လိုသော အရာရှိတစ်ဦး ၏ ပြောကြားချက်ကို ကိုးကား၍ ဒေသခံ မီဒီယာများမှ  အောက်တိုဘာလ ၁ ရက်နေ့တွင် ထုတ်ပြန် ခဲ့ပါသည်။ တရုတ်ဟက်ကာများ အနေဖြင့် အမေရိကန် အစိုးရ၏ နျူကလီးယား ထိန်းချုပ်ရေး ဆိုင်ရာ ကွန်ပျူတာ ကွန်ရက်စနစ် အား ချိုးဖောက် တိုက်ခိုက်ခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်၌ အခိုင်အမာ ဖော်ပြထား ပါသည်။
အဆိုပါ ဖြစ်စဉ်တွင် စနစ်များအား သီးခြား တိုက်ခိုက် ခံခဲ့ရသော်လည်း အချက်အလက်များ ပါရှိခြင်း မရှိကြောင်း၊ ထို့ပြင် ကွန်ရက် စနစ်များအား ချိုးဖောက် ဝင်ရောက်ရန် ကြံစည် အားထုတ်မှု အနေဖြင့် အကျိုးမရှိ ကြောင်း အမည်ဖော်ပြ ထားခြင်း မရှိသော အရာရှိ၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြခဲ့ပါသည်။ တရုတ်နိုင်ငံကို အခြေပြု ပေါ်ပေါက် လာသော ဆိုက်ဘာ တိုက်ခိုက်မှုသည် အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန အပါအဝင် အစိုးရအဖွဲ့ အစည်းများအား ဦးတည် တိုက်ခိုက် လာသဖြင့် အလေးထား သွားရမည် ဖြစ်ကြောင်း အမေရိကန် ထောက်လှမ်းရေး အကြီးအကဲမှ ပြောကြား ခဲ့ပါသည်။ 
၂ဝ၁၁ခုနှစ် နိုဝင်ဘာလအတွင်းကလည်း ဆိုက်ဘာ တိုက်ခိုက်မှုမှ တစ်ဆင့် အမေရိကန်၏ အဆင့်မြင့် နည်းပညာ အချက် အလက်များ စနစ်တကျ ခိုးယူခံရမှုကြောင့် အမေရိကန် ထောက်လှမ်းရေး အဖွဲ့မှ တရုတ်နိုင်ငံအား ပြစ်တင် ပြောဆိုမှုများ ပြုလုပ် ခဲ့ပါသည်။

အိန္ဒိယ တပ်မတော် အကြီးအကဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ချစ်ကြည်ရေး ခရီးအလည် အပတ် သွားရောက်ခြင်း


အိန္ဒိယ တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်ကြီး Bikram Singh သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ သို့ အောက်တိုဘာလ ၂ ရက်နေ့မှ ၅ ရက် နေ့အထိ ချစ်ကြည်ရေး ခရီးအဖြစ် အလည်အပတ် သွားရောက် ခဲ့ကြောင်း သိရှိရပါသည်။ ခရီးစဉ်အတွင်း နှစ်နိုင်ငံ အကြား စစ်ဘက်ရေးရာ ပူးပေါင်း ဆောင်ရွက်ခြင်း ကိစ္စရပ်များအား အလေး ထားဆွေးနွေး သွားမည်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် ယခုထက် ပိုမို၍ ဆက်ဆံရေး တိုးတက် ကောင်းမွန် လာအောင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနမှ အောက်တို ဘာလ ၂ ရက်နေ့က ထုတ်ဖော် ပြောကြား ခဲ့ပါသည်။

ဗိုလ်ချုပ်ကြီး Bikram Singhသည် အိန္ဒိယနိုင်ငံတွင် အရှေ့ပိုင်းတိုင်း စစ်တိုင်းမှူး အဖြစ် ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလ တွင် တာဝန် ထမ်းဆောင် ခဲ့ပြီး တာဝန် ထမ်းဆောင်နေစဉ် အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ အလည်အပတ် ရောက်ရှိခဲ့ ဖူးကြောင်း သိရှိရပါသည်။ အများ ပြည်သူတို့၏ အကျိုးကို ရှေးရှု၍ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အကြား အပြန်အလှန်ဆက်ဆံရေးမှာ ထူးခြား ကောင်းမွန်စွာ ရပ်တည်နိုင် ခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောကြား ခဲ့ပါသည်။ ထို့ပြင် ဗိုလ်ချုပ်ကြီး Bikram Singh သည် ဘင်္ဂလားဒေ့ရှ် သမ္မတ Zillur Rahman ၊ ဝန်ကြီးချုပ် Sheikh Hasina နှင့် အခြားအဆင့်မြင့် အရာရှိများနှင့် လည်း တွေ့ဆုံရန် စီစဉ် ထားကြောင်း သိရှိရ ပါသည်။

နယူးဇီလန် ကာကွယ်ရေး ဝန်ကြီး တပ်ဖွဲ့များ ရုပ်သိမ်းရေး အတွက် အာဖဂန် အာဏာပိုင် များနှင့် ဆွေးနွေးခြင်း


နယူးဇီလန် ကာကွယ်ရေး ဝန်ကြီး Jonathan Coleman သည် လာမည့်နှစ် ဧပြီလတွင် နယူးဇီလန် တပ်ဖွဲ့များ ရုပ်သိမ်းရေး ကိစ္စ ဆွေးနွေးရန် အတွက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အာဖဂန်သို့ သွားရောက် ခဲ့ကြောင်း ထုတ်ဖော် ပြောကြား ခဲ့ပါသည်။ နယူး ဇီလန် ပြန်လည် တည်ဆောက်ရေး အဖွဲ့(PRT)နှင့် Bamyan ပြည်နယ်သို့ သွားရောက် လည်ပတ်ခဲ့သော ကာကွယ်ရေး ဝန်ကြီး Coleman  သည် Bamyan နှင့် Kabul မှ အရာရှိများနှင့် တွေ့ဆုံ ဆွေးနွေး ခဲ့ပါသည်။ ယခုကဲ့သို့ လည်ပတ် ခြင်းသည် ပြည်နယ်၏ လုံခြုံရေးကို အထောက်အကူ ပေးနေသည့် အရေးကြီး အလုပ်တစ်ခု အတွက် PRT ကိုအကူအညီပေးသည့် အခွင့်အလမ်း တစ်ခုဖြစ်ကြောင်း ၎င်းက ဆိုပါသည်။ နယူးဇီလန် တပ်ဖွဲ့များ ရုပ်သိမ်း နိုင်ရေးနှင့် စပ်လျဉ်း၍ ယခုအချိန်မှ စတင်ပြီး ဧပြီလ အတွင်း ဆောင်ရွက် ဖွယ်ရာများကို အပြီးဆောင်ရွက်ရန် Bamyan ပြည်နယ် အာဏာပိုင်များ၊ ဒေသဆိုင်ရာ လုံခြုံရေး အကြီးအကဲ များနှင့် ဆွေးနွေးနိုင် ခဲ့ကြောင်း ၎င်းက ဆိုပါသည်။ နယူးဇီလန် တပ်ဖွဲ့များ ရှိနေသော ဆယ်စုနှစ်တွင် ထိုဒေသရှိ ပြည်သူ များ၏ လူနေမှု ဘဝများကိုများစွာ ပြောင်းလဲ စေခဲ့ကြောင်း ဆက်လက် ပြောကြားပါသည်။ Coleman သည် ယင်းပြည်နယ်ရှိ နယူးဇီလန် က ဆောင် ရွက်နေသော ဆိုလာ စွမ်းအင်စီမံကိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေးနှင့် ပညာရေး ဆိုင်ရာ စီမံကိန်းများကို သွားရောက် လည်ပတ် ခဲ့ပါသည်။
နယူးဇီလန် ကာကွယ်ရေး ဝန်ကြီးသည် ကဘူးမြို့သို့ တစ်ရက်ကြာ ရောက်ရှိစဉ် အတွင်း အာဖဂန်၏  ကာကွယ်ရေး ဝန်ကြီးသစ် Bismillah Khan Mohammad နှင့် တွေ့ဆုံခဲ့ပြီး နိုင်ငံတကာ လုံခြုံရေး အထောက်အကူ ပြုအဖွဲ့ (ISAF) တပ်မှူးကြီးများ နှင့် လည်း တွေ့ ဆုံ ဆွေးနွေး ခဲ့ပါသည်။ အာဖဂန်တွင် တာဝန်ထမ်းဆောင် သည်မှာ လာမည့်နှစ် ဧပြီလတွင် ဆယ်နှစ် ပြည့်မြောက် တော့မည့် မိမိ၏ တပ်ဖွဲ့ အများစုကို ပြန်လည်ရုပ်သိမ်း တော့မည် ဖြစ်ကြောင်း နယူးဇီလန် အစိုးရက ပြီးခဲ့သည့် လအတွင်း အတည်ပြု ပြောကြား ခဲ့သည်။ အောက်တိုဘာ လဆန်းမှစပြီး ဒေသဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့များ လွှဲပြောင်း တာဝန် ထမ်းဆောင် တော့မည့် နယူးဇီလန် တပ်ဖွဲ့များ ရုပ်သိမ်းမှုကို ISAF က ကြေညာခဲ့ပြီး အခြားသော တာဝန် ထမ်းဆောင် ဘက်များ အပေါ်တွင်လည်း ကောင်းမွန်သည့် အချက်ပြမှု တစ်ရပ်ဖြစ်ကြောင်း အစိုးရက ဆိုပါသည်။ နယူးဇီလန် ကာကွယ်ရေး တပ်ဖွဲ့သစ်မှ နည်းပြ အနည်းငယ်ကို အာဖဂန် အမျိုးသား ကြည်းတပ် သင်တန်းကျောင်းတွင် ခန့်အပ် ပေးသွားမည်ဖြစ်ပြီး ISAFဌာနချုပ် တွင် ၂ဝ၁၃ ခုနှစ်နောက်ပိုင်း ဆက်လက် ထားရှိသွား မည် ဖြစ်ပါသည်။ ယခင်ကမူ နယူးဇီလန် အစိုးရသည် ယင်း၏ တပ်ဖွဲ့များ ရုပ်သိမ်းမှုကို ၂ဝ၁၄ ခုနှစ်တွင်ရုပ်သိမ်း သွားမည်ဟု ကြေညာ ပြီး နောက်ပိုင်းတွင် လာမည့်နှစ်သို့ ပြောင်းသွားကာ ဧပြီလကို အတည်ပြု ခဲ့သည်။

ဆွီဒင်နိုင်ငံအတွင်းရှိ အစိုးရဝက်ဘ်ဆိုက်များ တိုက်ခိုက်ခံရ


(စတော့ဟုမ်း အောက်တိုဘာ ၄)
ဆွီဒင်နိုင်ငံ အတွင်းရှိ အစိုးရ အဖွဲ့၏ ဝက်ဘ်ဆိုက်များကို ဟက်ကာများက အောက်တိုဘာ ၂ ရက် ညပိုင်းနှင့် ၃ ရက် နံနက်ပိုင်းက တိုက်ခိုက်ခဲ့ကြောင်း နိုင်ငံတွင်း သတင်းဌာန များက အောက်တိုဘာ ၃ ရက်တွင် ပြောကြား ခဲ့သည်ဟု သိရသည်။

တိုက်ခိုက်ခံ ရသော ဝက်ဘ်ဆိုက်များမှာ အမျိုးသား တရားရုံးများ ဆိုင်ရာ စီမံခန့်ခွဲရေးရုံး၊ အမျိုးသား ကျန်းမာရေးနှင့် လူမှုဖူလုံရေး ဘုတ်အဖွဲ့များမှ ဝက်ဘ်ဆိုက်များ ဖြစ်ပြီး ဝက်ဘ်ဆိုက် များကို တိုက်ခိုက်ခဲ့ သည့် ဟက်ကာများ၏ အမည်များကို မသိရှိရ သေးကြောင်း ဆွီဒင် နေ့စဉ်ထုတ် သတင်း စာကြီး ဖြစ်သည့် Dagens Nyheter က ဖော်ပြခဲ့ သည်ဟု သိရသည်။

ဆွီဒင် အစိုးရအဖွဲ့၊ လွှတ်တော်နှင့် ရဲတပ်ဖွဲ့များ၏ ဝက်ဘ်ဆိုက်များကို ဆိုက်ဘာ တိုက်ခိုက်မည်ဟု ဟက်ကာ များက ခြိမ်းခြောက် ခဲ့ပြီးနောက် ယခုကဲ့သို့ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ဆွီဒင် လက်နက်ကိုင် တပ်ဖွဲ့၏ ဝက်ဘ်ဆိုက်နှင့် အခြား အစိုးရပိုင် ဝက်ဘ်ဆိုက်များသည်  တစ်လ အတောအတွင်းဟက်ကာ များ၏ တိုက်ခိုက်မှုကိုနှစ်ကြိမ် တိုင်တိုင် ခံခဲ့ရကြောင်း သိရသည်။ 

ရေပန်းဖြင့်ရေချိုးခြင်းကြောင့် ဘက်တီးရီးယားများ အသက်ရှူလမ်းကြောင်းသို့  လွယ်ကူစွာဝင်ရောက်နိုင်



သုတေသီများလေ့လာမှုတစ်ရပ်တွင် ရေပန်းဖြင့် ရေချိုးခြင်းသည် ကောင်းကျိုးထက် ဆိုးကျိုးကို ပိုမိုများပြားစေနိုင်ကြောင့် လေ့လာတွေ့ ရှိခဲ့ကြသည် ။

ရေပန်းပိုက်ခေါင်းသည် သန့် ရှင်းမှု မရှိသည့်အခါ၌ မျက်နှာမှတစ်ဆင့် ပိုက်ခေါင်းရှိ ဘက်တီးရီးယားများသည် အသက်ရှူလမ်းကြောင်းအတွင်းသို့ တိုက်ရိုက်ဝင်ရောက်ရန်အတွက် အခွင့်အလမ်းများကြောင်းလေ့လာတွေ့ ရှိခဲ့ရသည် ။

သာမန်လူများတွင် ရေပိုက်ခေါင်းမှတစ်ဆင့် ဘတ်တီးရီးယားကူးစက်မှုနည်းပါးသော်လည်း သက်ကြီးရွယ်အိုများ ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် အေ့စ် ရောဂါဝေဒနာရှင်ကဲ့သို့ ကိုယ်ခံအား မကောင်းသူများ အတွက်ဆိုးရွားသည့် အကျိုးသက်ရောက်မှုဖြစ်စေသောကြောင့် တွေ့ ရှိရသည် ။

သိပ္ပံပညာရှင်များ အနေဖြင့် လွန်ခဲ့သည်နှစ်များတွင် အဆုတ်မှတစ်ဆင့်ကူးစက်မှု ဝေဒနာလမ်းစများကို အဖြေရှာရာတွင် ရေပန်းနှင့် ရေချိုးခြင်းသည် ကြွေဇလုံဖြင့် ချိုးခြင်းထက် အဆပေါင်းများစွာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မှု ပိုမိုဖြစ်စေနိုင်ကြောင်းသိရသည် ။

လူသေမောင်းတဲ့ ကားကို လိုက်ဖမ်းခဲ့ရတဲ့ Vegas ရဲ



တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက Las Vegas ရဲတစ်ဦးဟာ သူ့ရဲ့ ရဲကားနဲ့ ကင်းလှည့်နေစဉ် မောင်းသူမပါဟု ယူဆရတဲ့ Nissan Maxima မော်တော်ကား တစ်စီး မီးနီဖြတ် မောင်းလာတာကို တွေ့ခဲ့ရပါတယ်။

ဒါဟာ သာမန် ယာဉ်စည်းကမ်းချိုးဖောက်မှု တစ်ခု မဟုတ်ပါဘူးလို့ လူသတ်မှု ဌာနက ရဲအရာရှိ Ray Steiber က ပြောကြား ခဲ့ပါတယ်။

အဆိုပါ Maxima ကားဟာ ယဉ်မောင်းထိုင်ခုံမှာ လူလိုက်ပါခြင်း မရှိဘဲ မာတင် လူသာကင်း လမ်းမကြီး အတိုင်း တောင်ဘက် သို့ မောင်းနှင်သွားတာကို တွေ့ရတဲ့အခါ ကင်းလှည့်ရဲ အရာရှိဟာ လန့်ဖျပ်သွားခဲ့တယ်လို့ သိရပါတယ်။

ယင်းရဲအရာရှိဟာ သူ့ရဲ့ ကင်းလှည့်ယာဉ်နဲ့ Maxima ကားရဲ့ နောက်က လိုက်သွားခဲ့တဲ့အခါ Maxima ကားဟာ လမ်းလယ်တုံး ကို ဖြတ်ကျော်ပြီး တစ်ဖက်ယာဉ်ကျောကို ဖြတ်ကာ ဘုရားကျောင်းတစ်ခု အနီးက မြက်ခင်းဘက်ကို ဦးတည်သွား ခဲ့ ပြန်ပါတယ်။

သို့သော်လည်း ကားဟာ ရပ်မသွားဘဲ မာတင် လူသာကင်း လမ်းမကြီးအတိုင်း မြောက်စူးစူးကို ပြန်လည် မောင်းနှင်သွားပြီး ဂျင်မီ ရိပ်သာလမ်းနဲ့ မာတင် လူသာကင်း လမ်းမကြီး ဆုံရာအနီးမှာ အခြား ကားတစ်စီးကို ဝင်တိုက်ခဲ့ပါတယ်။

Maxima ကား ရပ်သွားတဲ့အတွက် ရဲအရာရှိက ကားအတွင်းကို ကြည့်လိုက်တဲ့ အခါမှာတော့ ယာဉ်မောင်း ထိုင်ခုံပေါ်မှာ သေနတ်နဲ့ အချက်ပေါင်းများစွာ အပစ်ခံ ထားရလို့ ပျော့ခွေ နေတဲ့ ယောက်ျားတစ်ယောက်ကို တွေ့ရ ပါတော့တယ်။

အသက် ၃၀ အရွယ်ခန့်ရှိတဲ့ အဆိုပါ အမည်မသိသူဟာ ၎င်းကို ရဲအရာရှိက တွေ့ရှိချိန်မှာ သေဆုံးနေပြီလို့ သိရပြီး ယာဉ်တိုက် မှုကြောင့် အခြား ထိခိုက်ဒဏ်ရာရမှု မရှိဘူးလို့ သိရပါတယ်။

ကြက်သွေးရောင် Maxima ကားရဲ့ ယာဉ်မောင်းဘက်အခြမ်း ကိုယ်ထည်မှာ သေနတ် ကျည်ဆံဖောက်ရာများ တွေ့ရတယ်လို့ လည်း Steiber က ဆိုပါတယ်။

သေနတ်နဲ့ အပစ်ခံရသူဟာ ကားရဲ့ accelerator ခြေနင်းကို နင်းထားချိန်မှာ အပစ်ခံရတာ ဖြစ်နိုင်ပြီး မီးနီဖြတ်မောင်းချိန်မှ ယာဉ် ရပ်တန့်သွားချိန်အထိ လိုက်လံ ဖမ်းဆီးချိန် ၁၀ စက္ကန့်မှ ၁၅ စက္ကန့်အထိသာ ကြာမြင့်တယ်လို့လည်း ၎င်းက ဆိုပါတယ်။

ရဲတပ်ဖွဲ့ အနေနဲ့ ဘာတွေ ဖြစ်ပျက်ခဲ့တယ်ဆိုတာကို စုံစမ်းနေပြီး သေဆုံးသူဟာ ကားပေါ်မှာ ဘယ်လောက်ကြာကြာ သတိလစ် မေ့မြော နေပြီး မည်သည့် အချိန်ကတည်းက သေနတ်ဖြင့် ပစ်ခံခဲ့ရတယ်ဆိုသည်ကို မသိသေးကြောင်းလည်း Steiber က ပြောကြားခဲ့ပါတယ်။

Steiber ရဲ့ အဆိုအရ Las Vegas ရဲတပ်ဖွဲ့ဟာ Maxima ကားကို မတွေ့မီ အချိန်ပိုင်းအတွင်းမှာပဲ သေနတ် ပစ်ခတ်မှုများ ဖြစ်ပွား ခဲ့ကြောင်း 911 သို့ ဖုန်းခေါ်ဆိုမှုတွေ ရရှိခဲ့တယ်လို့လည်း သိရပြီး မာတင် လူသာကင်း လမ်းမကြီးရဲ့ မြောက်ဘက်ပိုင်း Lake Mead လမ်းဆုံ တစ်နေရာက ခေါ်ဆိုခြင်း ဖြစ်တယ်လို့ သိရပါတယ်။

ယင်းပစ်ခတ်မှုနဲ့ ပတ်သက်ပြီး သတင်းတစ်စုံတစ်ရာ သိရှိပါက Las Vegas မြို့ ရဲတပ်ဖွဲ့ လူသတ်မှုဌာနသို့ သတင်းပေးပို့ကြn ရန် ကြေညာထားကြောင်းလည်း သိရပါတယ်။

 Click to enlarge
ဟိုနေ.ကသဘက်အကြောင်းကိုဖတ်ရင်း.......ကျမရဲ.ကိုယ်တွေ.တောမဟုတ်ဘူးနော်၊
ဒါပေမဲ.တကယ်ဖြစ်ရပ်မှန်ဆိုတာတော.အာမခံပါတယ်။ကျမတို.အဖွားလက်ထက်ကတည်း
ကမွေးစားခဲတဲ.အိမ်အကူအမျိုးသမီးပေါ.သူနာမည်ကမရွှေပဲထားလိုက်ပါတော.သူကမန္တလေးမြောက်
ပြင်မှာနေတယ်၊သူတို.နားမှာကြက်မွှေးမြူရေးခြံတွေရှိတယ်၊

အဲဒီထဲကကြက်ခြံတစ်ခြံမှာညစောင်.အလုပ်လုပ်တဲ.ဦးဘသွင်ဆိုတဲ.လူကြီးတယ်ယောက်ရှိတယ်။
သူကကြက်ခြံမှာညစောင်.ဆိုတော.သောက်ပြီးလာတယ်၊ညစောင်.ရင်းလည်းတဂွတ် ဂွတ်သောက်ေ နတာပဲ၊ဒီလို နဲ. သူစောင်.ရတဲ.ကြက်ခြံထဲကကြက်တွေပျောက်ပျောက်လာတယ်၊တရက်လည်းမဟုတ်ဘူး
၊နှစ်ရက်လည်းမဟုတ်ဘူး၊နေ.တိုင်းလိုလိုကိုကြက်တွေလျှော.လျှော.နေတော.ကြာတော.ပိုင်ရှင်က
တင်းပြီးခေါ်ဆူပါလေရော၊ခင်ဗျားသေချာဂရုမစိုက်ဘူးတို.၊ဘာဘူးညာဘူးတို.ပြောရင်းကနေနောက်ဆုံးအ
လုပ်ဖြုတ်ရလိမ်.မယ်ဆိုမှပဲသူလည်းဖြုန်သွားတော.တယ်။။။။

နောက်ဆုံးတော.ကတိပြုလိုက်တာပေါ.နော်နောက်ဒီလိုမဖြစ်စေရပါဘူး၊ကျနော်ဂရုတစိုက်နဲ.စောင်
.ပါမယ်ဆိုပြီး။။။ပြီးသွားတာပေါ.။။

ဒါပေမဲ.ဦးဘသွင်ရင်ထဲမှာတော.တကယ်မပြီးသေးဘူး၊သူရေရေလည်လည်တင်းနေတာကြက်သူခိုးအပေါ်ပဲ။
ဒါနဲ.ညဘက်ရောက်တော.သူလည်းသေသေချာချာဂရုတစိုက်နဲ.ကိုစောင်.ကြည်.နေတာပေါ.နော်။

ညသခေါင်ယံလည်းကျော်ရောကြက်တွေအော်သံကြားတော.အသာလေးဓါတ်မီးလေးဆွဲပြီးကြက်ခြံထည်းဝင်
လာကြည်.လိုက်တော.။။။။ဘာကောင်ကြီးမှန်းလည်းမသိဘူးမဲမဲကြီးတဲ.၊ကိုယ်မှာလည်းအမွှေးအမှင်တွေနဲ.
၊မျက်လုံးကြီးနှစ်လုံးကလည်းထမင်းစားပုဂံပြားလောက်ကြီးသတဲ.နီရဲနေတာပဲတဲ.။ကုန်းကုန်း၊ကုန်းကုန်းနဲ
.ကြက်ခြံထဲမှာကြက်တွေကိုဖမ်းလိုက်စားလိုက်နဲ.လုပ်နေရော၊ကြက်တွေကလည်းဆူညံနေတာပဲဟိုပြေး
ဒီပြေးနဲ.၊အဲဒီမှာဦးဘသွင်ကြီးလည်းရေရေလည်လည်ဒေါကီးပြီးတော.ဘာမှန်ညာမှန်းမသိတော.ပဲလက်ထဲက
ဓါတ်မီးနဲ.ပစ်ပေါက်ထဲ.လိုက်သတဲ. "ဗုတ်" ဆိုပြီးအဲ.ဒီအကောင်ကြီးရဲ.ကျောပြင်ကြီးကိုသွားမှန်ပါလေေ ရာ
၊ဒီတော.လည်းအဲ.ဒီအေ ကာင်ကြီးကလည်းဦးဘသွင်ဆီကိုသူရဲ.ရဲရဲတောက်နေတဲ.မျက်လုံးကြီးနှစ်လုံးနဲ.
စူးစူးစိုက်စိုက်လှည်.ကြည်.ပြီးဦးဘသွင်ရှိရာကိုပြေးဝင်လာသတဲ၊ဦးဘသွင်ကလည်းသူစောင်.တဲ.ကြက်ခြံ
မှာနေ.တိုင်းဝင်ပြီးခိုးခိုးစားနေတာကြီးကိုမိပြီဆိုတော.ဒေါနဲမောနဲ.လာစမ်းကွာသူသေသေ၊ကိုယ်သေသေ
သတ်မယ်ဆိုတဲ.အသိနဲ(အရက်အရှိန်လေးလည်းပါတာပေါ.)၊အဲ.ဒီအကောင်ကြီးနဲလုံးထွေးသတ်ပုတ်ကြရော။

အဲ.ဒီအကောင်ကြီးကအပေါ်စီးကနေပြီးဖိထားတာပဲတဲ.၊ဦးဘသွင်ကလည်းရအောင်ရုန်းပြီးထိုးလည်း
အဲ.ဒီအကောင်ကြီးကအင်.ဆိုတဲ.အသံလေးတချက်တောင်မထွက်ဘူးဆိုပဲ။ဒါနဲ.လုံးထွေးနေကြ
တာတော်တော်လေးကြားတော.ဦးဘသွင်ကြီးလည်းတော်တော်လေးမောဟိုက်လာတာနဲ."ဟ.ကောင်နေအုံး
ကွ၊ငါမောလာပြီခဏနားဦးမယ်"လို.ပြောလိုက်တော.၊ဆက်မသတ်ပဲဘေးနားမှာငုတ်တုတ်ကြီးထိုင်နေသတဲ.၊
အမောပြေတော.ဦးဘသွင်ထလိုက်တာနဲ.အဲ.ဒီအကောင်ကြီးကလည်းဝင်လုံးပြန်ရောတဲ.၊ဒါနဲ.တခါဦးဘ
သွင်ကမောလာတော.နေဦးဆိုနားလိုက်၊ပြန်သတ်လိုက်နဲ.နောက်ဆုံးတော..ဦးဘသွင်လဲနားနေရင်စဉ်းစားမိ
သတဲ.ဒီလောက်သတ်ပုတ်လုံးထွေးနေတာတောင်မှဒီကောင်ကြီးမမောဘူးငါပဲမောနေတာ၊ဆက်သတ်လဲ
အကြောင်းမထူးဘူးဆိုပြီးအဲ.ဒီနေရာကနေထပြေးတော.သတဲ.။

အဲ.ဒါကတော.မရွှေပြောပြလို.နားထောင်ခဲ.ရတဲ.သဘက်နဲ.သတ်တဲ.အကြောင်းပေါ.နော်။ဒီတခါပြောမှာ
ကတော.ကျမရဲ.ကျောင်းနေဘက်သူငယ်ချင်းရဲ.ညီမလေးအကြောင်းပါပဲ။။။။။သူကအိမ်ထောင်ကျတော
.ယောက္ခမတွေအိမ်မှာလိုက်နေတယ်၊ဒါပေမဲ.သူအမျိုးသားကမူဆယ်တက်တဲ.နေ.ဆိုရင်တော.သူ.
အမေအိမ်ပြန်လာနေတယ်၊သူ.အမျိုးသားပြန်လာမှပဲယောက္ခအိမ်ကိုပြန်တယ်၊

တရက်ကျမသူငယ်ချင်းအိမ်ကိုအလည်သွားရင်းသူရောက်တုန်းရောက်ခိုက်နဲ.ဆုံပါလေရော။။။။အဲ.ဒီမှာ
သူကပြောပြတယ်သူ.ယောက္ခမအိမ်မှာအမဲသားချက်စားလို.မရကြောင်း၊အမဲသားချက်စားတဲ.နေ.တွေ
ဆိုရင်ဘီလူး၊သဘက်တွေစီးကြောင်းပြောပြတယ်။

သူယောက္ခမအိမ်တအိမ်တည်းမဟုတ်ကြောင်းအဲ.ဒီနေရာပတ်ဝန်းကျင်ကအိမ်တွေအားလုံးခြေလေးချောင်း
သားစားလို.မရကြောင်း၊စားရင်အဲ.ဒီအိမ်ကတစ်ယောက်မဟုတ်တစ်ယောက်ကိုဝင်စီးကြောင်းပြောပြတယ်၊

အဲ.တော.ကျမလည်းမေးကြည်.တာပေါ.နော်နင်ရောအစီးခံရဘူးလားဆိုတော.သူမကရယ်တယ်လေ။။။။။
ကျမကနားမလည်တော.သူငယ်ချင်းက၀င်ထောက်တယ်။။။အမလေးသူကအမြဲအစီးခံနေကြတဲ.
၊ကျမကနင်မကြောက်ဘူးလား၊ဘယ်လိုနေလဲပြောပြစမ်းပါဆိုတော.မှသူကလည်းဇာတ်ရေလည်အောင်
ရှင်းပြတယ်။သူအိမ်ထောင်ကျပြီးအဲ.ဒီအိမ်ရောက်တော.အားလုံးကပြောထားတယ်အမဲ၊ဆိတ်စားလို.မရ
ဘူးဆိုတော.သူလည်းခပ်ပေါ.ပေါ.ပဲနေလိုက်တယ်။

တနေ.သူ.အမေအိမ်ကနေအမဲသားဟင်းနဲ.စားပြီးပြန်လာတဲ.တနေ.။။အဲ.ဒီညမှာသူအိပ်နေတုန်းနောက်
ကနေသူ.ကိုလာဖက်တယ်ပထမသူကသူ.အမျိုးသားထင်ပြီးဆက်အိပ်နေတာသူကိုဖက်ထားတဲ.
လက်ကြီးကတဖြည်းဖြည်းနဲ.လေးလာတော.မှသူကလက်ကိုဖယ်ဖို.စမ်းလိုက်တော.လက်ကြီးကအမွှေးတွေ
နဲဆိုတာသတိထားမိတယ်သူကလည်းအားစိုက်ပြီးအတင်းရုန်းရင်းနဲ.တော်တော်ကြာမှလျှော.သွားသတဲ.။

သူအမျိုးသားကတော.ဘာမှမသိရှာဘူးတဲ.အိပ်နေတုန်းပဲတဲ။နောက်သူကလည်းဘာစိတ်ကူးပေါက်တယ်မ
သိဘူး၊သူ.အမေအိမ်ကနေပြန်မဲ.နေ.တိုင်းတမင်ကိုအမဲသားဟင်းကိုစားဖြစ်အောင်စားပြီးမှပြန်လေ.
ရှိသတဲ.။

ညတိုင်းလဲလာပြီးအနောက်ကနေသိုင်းဖက်ရင်ဖက်၊မဖက်ရင်အပေါ်ကနေခွစီးသတဲ.၊သူကလည်းအပြိုင်ကို
သတ်တာပဲတဲ.။

ဘယ်သူကိုမှလည်းမပြောဘူးတဲ.အဆူခံရမှာစိုးလို.တဲ.။။။။။ကျမကတော.တားခဲ.ပါသေးတယ်ဆက်မလုပ်သင်
.ကြောင်းပေါ.လေ။

ဒီလိုနဲ.ကျမလည်းဟိုရောက်၊ဒီရောက်နဲ.ဇာတိမြေနဲ.ဝေးနေတာကြာပြီရှစ်နှစ်လောက်ကြာပြီးမှပဲဇာတိမြေ
ကိုခြေချဖြစ်ခဲ.တယ်။

သိတဲ.အတိုင်းပဲရှစ်နှစ်ဆိုတဲ.အချိန်ကာလကအရာရာတိုင်းကိုပြောင်းလဲစေခဲ.တယ်။

 မပြောင်းလဲတာဆိုလို.သူငယ်ချင်းတွေကြားမှာရှိနေတတ်တဲ.သံယောဇဉ်၊မဟုတ်ဘူးလား တရက်ကျမလဲသူငယ်ချင်းဆီအလည်သွားခဲ.တယ်။။။။သူကတော.အပျိုကြီးပဲရှိသေးတယ်၊
ရောက်တယ်ဆိုရင်ပဲကိုယ်တွေလဲေ၇ပက်မ၀င်စကားတွေပြောကြရင်း" အငယ်မတောင်ဆုံးသွားပြီ"
သူငယ်ချင်းကပြောလာတဲ.စကားကြောင်းကျမကြောင်သွားတယ်၊နောက်မှဆက်မေးမိတော.
သူကအဲလိုပဲလုပ်မြဲဆက်လုပ်နေတုန်းပဲတဲ.ဆိုတော.ငါတို.လဲသိပ်အလေးမထားတော.ဘူးတဲ။ဒါပေမဲ.
သူညီမကတဖြည်းဖြည်းပိန်ပိန်လာတယ်တဲ.၊တနေ.တခြားမျက်ကွင်းတွေညိုညိုလာတယ်၊နောက်ကိုယ်ဝန်
လည်းရှိနေတော.သူတို.အားလုံးကလဲလွယ်လွယ်ပဲတွေးကြတာကိုယ်ဝန်ကြောင်..အားနည်းတာနေမှာပဲပေါ.။

ကိုယ်ဝန်ခြောက်လလောက်ရောက်တော.သူတခါပြောတယ်အခုထိသူကိုလာလာပြီးလုံးသတ်နေကြောင်း
သူမနိုင်တော.ကြောင်း၊ဒါနဲ.သူတို.လည်းအဆောင်အယောင်တွေဘာတွေလုပ်ပေးခဲ.ပေမဲ.တနေ.တော.
သူညီမတယောက်အသက်ပါပေးလိုက်ရကြောင်း၊ကိုယ်ဝန်ကြီးနဲ.ဘာရောဂါမှမရှိပဲဆုံးသွားကြောင်းပြောပြရှာ
သည်။ဆုံးတာလည်းသူကုတင်ပေါ်မှာပဲဆုံးသွားကြောင်း၊ဒါကြောင်.အရာရာတိုင်းကိုစူးစမ်းလေ.လာခြင်တဲ
.လူရဲ.စိတ်ကိုအတိုင်းအတာတခုထိရှိနေရန်ကိုယ်ကိုကိုယ်အမြဲသတိရှိနေဖို.လိုအပ်တယ်ဆိုတာ
ဟာဒီဇတ်လမ်းလေးနဲ.အသိပေးခြင်ပါတယ်။
အခုထိအဲ.ဒီညီမလေးကိုမြင်ယောင်နေမိတယ်။

စင်္ကာပူရဲ့ တစ္ဆေကြီးပွဲတော် ရောက်ပြီဆိုဒါလေးတွေ သတိထားကြရအောင်

ယုံချင်ယုံမယုံချင်နေ။

သူငယ်ချင်းတို့ ကို ဒီတစ်ခေါက်မျှဝေချင်တာကတော့ တစ္ဆေကြီးပွဲတော်နဲ့ပတ်သက်နဲ့ ဗဟုသုတလေးတွေနဲ့ ထိုပွဲတော်ကာလအတွင်းမှာ သတိထားစေချင်တဲ့ အချက်လေးတွေပါ။

စလုံးမှာ ရောက်နေတာ နှစ်နဲ့ချီပြီးကြာနေပြီဖြစ်တဲ့ သူငယ်ချင်းတွေအနေနဲ့တော့ နှစ်စဉ် ၈လပိုင်းမှာ စင်္ကာပူတရုတ်လူမျိုးတွေ ထုံးတမ်းစဉ်လာအရပြုလုပ်ကြတဲ့ တစ္ဆေကြီးပွဲတော်ဆိုတာကို သတိထားမိကြပါလိမ့်မယ်။ ထိုပွဲတော်မှာ သူတို့တွေ ဘာတွေလုပ်ကြတာလဲ၊

အဓိကရည်ရွယ်ချက်ကဘာလဲ ဆိုတာကို တစ်ချို့ သူငယ်ချင်းတွေအနေနဲ့ ကြားဖူးနားဝတော့ရှိ ချင်ရှိကြမယ်ထင်တယ်။ ထိုပွဲတော်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားကြလိမ့်မယ်လို့ ထင်လို့  စုဆည်းရသမျှလေးတွေကို ဝေမျှလိုက်တယ်နော်-

တစ္ဆေကြီးပွဲတော်ကို တစ္ဆေကြီးကန်တော့ပွဲလို့လည်း ခေါ်ကြပါတယ်။ တရုတ်လ ၇လပိုင်း(အင်္ဂလိပ်လ ၈လပိုင်း) ရောက်ရင် ငရဲမင်းဟာ ငရဲကျနေတဲ့ တစ္ဆေတွေကို လွတ်လပ်ခွင့်အနေနဲ့ လူ့ ပြည်ကို ပြန်ခွင့် တစ်လသတ်မှတ်ပေးပြီး ငရဲတံခါးကို ဖွင့်ပေးလိုက်တယ်တဲ့။ တစ္ဆေတွေဟာ တစ်နှစ်ပတ်လုံး ငရဲပြည်မှာ ငရဲခံကြလို့  ထို လွတ်လပ်ခွင့် အချိန်ရောက်ပြီဆိုတာနဲ့ လူ့ ပြည်မှာရှိတဲ့ သူတို့ဆိုင်ရာ ဆွေမျိုးများဆီကို အပြေးအလွှားလာရောက်ကြသတဲ့။

လူ့ ပြည်က ဆွေမျိုးများကလည်း အစဉ်အလာရှိခဲ့အတိုင်း ကွယ်လွန်ကြပြီးဖြစ်တဲ့ မိမိတို့ရဲ့ ဆွေမျိုးတွေကို ရည်စူးပြီး

သစ်သီးတွေ၊ မုန့်တွေ၊ အရက်တွေ၊ ရေနွေးတွေနဲ့ ပူဇော်ပသကြတယ်။ ရွှေစကူ ငွေစကူများကို ကွယ်လွန်ပြီးဆွေမျိုးများ တမလွန်ဘ၀မှာ အလိုရှိရာအသုံးပြုနိုင်ဖို့ ကို ရည်ရွယ်ပြီးမီးရှို့ ပေးကြသေးတယ်။
ဒါတွေကတော့ ယေဘူယျအားဖြင့် သူငယ်ချင်းတို့လည်း သိပြီးသားဖြစ်ချင်ဖြစ်နေမှာနော်။

အဓိကပြောချင်တာကတော့ အဲ့ဒီကာလမှာ သတိထားစရာအချက်လေးတွေပါ-
ဒို့ တစ်တွေက ဗုဒ်ဓဘာသာတွေဆိုပေမယ့် သူများနိုင်ငံမှာရောက်နေတော့ သူတို့နိုင်ငံမှာ ပြုလုပ်လေ့ရှိတဲ့ ဓလေ့ထုံးစံတွေကို မယုံချင်နေလို့ရပေမယ့် တစ်ချို့ အပိုင်းတွေမှာ လိုက်နာစရာတွေ သတိပြုစရာတွေကိုလည်း လစ်လျူမရှုသင့်ဘူးလို့ထင်တယ်- နော်။

ကဲ- တစ္ဆေကြီးပွဲတော်ကာလမှာ ဘာတွေရှောင်ကြဉ်ရမလဲဆိုတာ လေ့လာကြည့်ရအောင်

၁) အိပ်ယာ ကုတင်ဦးပိုင်းမှာ ချူ၊ ခေါင်းလောင်းကလေးများ ချိတ်ဆွဲမထားပါနဲ့ တဲ့- လေတိုက်လို့ ထွက်ပေါ်လာတဲ့ခေါင်းလောင်းသံက တစ္ဆေတွေကို ဖိတ်ခေါ်သလိုဖြစ်တတ်ပါသတဲ့။

၂) ထိုကာလအတွင်း ခြေသလုံးမွှေးများကို မနှုတ်ပါနဲ့ တဲ့- ခြေသလုံးမွှေးတစ်မွှေးက တစ္ဆေ၃ကောင်ကို နိုင်ပါသတဲ့- ဒါ့ကြောင့်ခြေသလုံးမွှေးပေါတဲ့သူအနားဆိုရင် တစ္ဆေတွေက မကပ်ရဲလို့ပါတဲ့။

၃) ညအချိန်ပိုင်းမှာ အ၀တ်များကို ချိတ်လှမ်းခြင်းမပြုပါနဲ့တဲ့- တစ္ဆေတွေက ချိတ်ထားတဲ့ အ၀တ်တွေကိုမြင်လို့  ကြိုက်သွားရင် ယူဝတ်ပြီး လျှောက်သွားတတ်လို့ပါတဲ့- နောက်ပြီး သူတို့ရဲ့ အနံ့အသက်တွေ ချန်ရစ်ခဲ့တတ်တယ်တဲ့။

၎) ညအချိန်မတော်မှာ နာမည်ကို အကျယ်ကြီးအော်မခေါ်ပါနဲ့တဲ့- တစ္ဆေတွေဟာ ထိုနာမည်ကို မှတ်သားထားတတ်လို့ပါတဲ့။

၅) ညအချိန်မှာ ဟိုကြည့်ဒီကြည့် လျှောက်မကြည့်ပါနဲ့တဲ့- ဘာလို့လဲဆိုတော့ တစ္ဆေတွေက ခြောက်လှန့်တတ်လို့ပါတဲ့။

၆) ညတစ်ညလုံး အိပ်ရေးပျက်မခံသင့်ပါဘူးတဲ့- လူတွေရဲ့ ကံဟာ ညအချိန်မှာ အားနည်းတတ်ပေမဲ့ တစ္ဆေများရဲ့ ကံကမြင့်တတ်တာကြောင့်  ခြောက်လှန့်ခြင်း၊ ပူးကပ်ခြင်းများ ဖြစ်တတ်လို့ပါတဲ့။

၇) နံရံများအား မှီကပ်ခြင်းကို ရှောင်ကြဉ်ပါတဲ့- တစ္ဆေများဟာ နံရံမှာကပ်ပြီးအနားယူရတတ်ကြလို့ပါတဲ့- နံရံကအေးတယ်မို့လား- ထိုအချိန်မှာ အလွယ်တကူ သရဲပူးခြင်းများ ဖြစ်နိုင်လို့ပါတဲ့။

၈)ညအချိန် လမ်းပေါ်မှာ မိမိအမည်(သို့) အသံတစ်စုံတရာပေးမှုကို ပြန်လည်မထူးပါနဲ့တဲ့- ထိုသို့ ကြားခဲ့ရင်လည်း ခေါ်တဲ့သူ အသံပြုတဲ့သူက တစ္ဆေများဖြစ်တတ်လို့ပါတဲ့။

၉) ထိုကာလမှာ မိမိကို တခြားသူတယောက်ယောက်မှ ပုခုံးပုတ်ခြင်း၊ ပုခုံးဖက်ခြင်းများကို လက်မခံသင့်ပါဘူးတဲ့- အကြောင်းကတော့ လူရဲ့ ခံနာကိုယ်ရဲ့ အပိုင်း ၃ပိုင်းမှာ ကံမြင့်စေတဲ့ မီးတောက် ၃ခုရှိနေလို့ပါတဲ့- ငယ်ထိပ်နဲ့ ပုခုံး၂ဖက်တို့မှာ ကံကြမာရဲ့ မီးတောက်များရှိနေပါတယ်တဲ့- တကယ်လို့ တစ်ဦးတစ်ယောက်က လာရောက်ထိတွေ့ လျှင် ထိုမီးတောက်များကို ငြိမ်းစေနိုင်လို့ပါတဲ့- အဲ ငြိမ်းသွားခဲ့ရင်တော့ တစ္ဆေများမှ ကိုယ့်ကို ခြောက်လှန့်ခြင်း၊ ပူးကပ်ခြင်းများပြုလုပ်နိုင်လို့ပါတဲ့။

၁၀) အိပ်ယာဝင်ချိန်မှာ ဖိနပ်များကို ကုတင်ဆီသို့  ဦးတည်ပြီး မထားသင့်ပါဘူးတဲ့- တစ္ဆေတွေက ဖိနပ်ဦးတည်ရာမှာ လူသားတွေရှိနေတတ်တာ သိရင် သူတို့လည်း တူတူ ၀င်အိပ်တတ်လို့ပါတဲ့။

၁၁) အစားစားချိန် ထမင်းပန်းကန်အလယ်မှာ တူ၊ ဇွန်း ခက်ရင်းများကို စိုက်မထားပါနဲ့တဲ့- ထိုပုံစံက တစ္ဆေများကို ဖိတ်ခေါ်တဲ့ပုံစံဖြစ်လို့  -သူတို့လည်း တူတူလာစားတတ်လို့ပါတဲ့။

၁၁) ညအချိန်မှာ ဓါတ်ပုံရိုက်ခြင်းကို ရှောင်ကြဉ်ပါတဲ့- တစ္ဆေများကိုပါ ရိုက်မိသွားပြီး ထိုပုံနှင့်အတူ မိမိအိမ်သို့ လိုက်ပါနိုင်လို့ပါတဲ့။

၁၂) တစ္ဆေများကို တင်မြှောက် ပူဇော်ထားတဲ့ အစားအသောက်များကို မထီမဲ့မြင်ပြုခြင်း၊ ခိုးယူခြင်းများပြုလုပ်ခြင်းကို အထူးဆင်ခြင်ရပါမယ်တဲ့- ထိုသို့ ပြုမှုမိပါက နားမလည်နိုင်သော၊ ဖြေရှင်းမရနိုင်သော၊ မလိုလားအပ်တဲ့ ကံဆိုးမှုများနဲ့ ကြုံတွေ့ တတ်လို့ပါတဲ့။

ကဲ- သူငယ်ချင်းတို့ ရေ တစ္ဆေကြီးကန်တော့ပွဲကာလမှာ သတိထားစရာအချက်ကလေးတွေကတော့ ဒို့ သိသလောက်တော့ ဒီလောက်ပါပဲကွယ်- စိတ်ဝင်စားသော တခြားသူငယ်ချင်းများကို လက်တို့ပြီးတော့ ပြောပြလိုက်အုန်းနော်။

သြော်- သူငယ်ချင်းတို့ အနေနဲ့ ဒီအကြောင်းနဲ့ ပတ်သက်ပြီး တစ်ခြား သိထားတဲ့ ဗဟုသုတလေးဘာလေးများ ရှိသေးရင်လည်း ပြောပြပေးသွားပါအုန်းလို့ ။

(မိမိသိခဲ့ရသမျှ ဗဟုသုတများကို ဝေမျှခြင်းဖြစ်ပါသည်။ အမှားအယွင်းတစ်စုံတစ်ရာ ပါခဲ့ပါက နားလည်ခွင့်လွှတ်ပေးစေချင်ပါသည်။)
ကျေးဇူးအထူးတင်လျှက်-
ခင်မင်လေးစားမှုများစွာဖြင့်-