Monday, September 24, 2012


ခွန်းမင် တရားရုံး၌ နော်ခမ်းနှင့်အတူ လားဟူအမျိုးသား သုံးဦးပါဝင်

တရုတ်နိုင်ငံ ယူနန်ပြည်နယ် (ကူမင်း)ခွန်းမင်တရားရုံး၌ စစ်ဆေးခံရသော စိုင်းနော်ခမ်းနှင့်အဖွဲ့(Photo: Sina)
သျှမ်းသံတော်ဆင့်သတင်းဌာန. ၂၄ရက်နေ့ စက်တင်ဘာ ၂၀၁၂

 တရုတ်နိုင်ငံ ယူနန်ပြည်နယ် (ကူမင်း)ခွန်းမင်တရားရုံး၌ စစ်ဆေးခံရသော မူးယစ်ရာဇာအမည်ရ စိုင်းနော်ခမ်း နှင့် အတူ လားဟူအမျိုးသား သုံးဦးပါဝင်သည်ဟု ကြားသိရပါသည်။
“တရုတ်ပိုင်ရုပ်မြင်သံကြားကကြေငြာတဲ့ သတင်းတွေထဲမှာ စိုင်းနော်ခမ်းနဲ့အတူ လူခြောက်ယောက်မှာ လားဟူနာမည်နဲ့ က သုံးယောက်ပါတယ်” – ဟု တာချီလိတ်မြို့ခံတဦးကပြောပါသည်။

စက်တင်္ဘယ ၂၀ – ၂၂ အထိ သုံးရက်ဆက်တိုက် တရုတ်နိုင်ငံ ယူနန်ပြည်နယ် (ကူမင်း)ခွန်းမင်မြို့ တရားရုံးပေါ် ရုံးတင်စစ်ဆေးခံခဲ့ရသည့် စိုင်းနော်ခမ်းအဖွဲ့အတွင် – စိုင်းဆန်ခမ်း ဂျဆာ၊ ယီလိုင်း၊ ဂျဘိုး၊ ဂျထိုးဘိုး၊ ဂျဆီး ကား တို့ပါဝင်ကြောင်း တရုတ်သတင်းများက ဖော်ပြထားသည်။
“စိုင်းဆန်ခမ်းက သျှမ်း၊ ဒါပေမယ့် သူက လားဟူမျိုးရိုးနာမည်ကိုယူထားတာ။ နောက် ဂျဘိုး နဲ့ ဂျထိုးဘိုးက မြန်မာပြည်သား၊ သျှမ်းပြည်ကပေါ့၊ ဂျဆီးကားက ထိုင်း/လောဝ်(လာအို) က၊ ဆန်ခမ်း ဂျဆာ ကလဲ ထိုင်း/ လောဝ် ဘဲ။ ယီလိုင် ကတော့ တိုင်းပြည်မဲ့ လို့ပြောတယ်” – ဟု သျှမ်းပြည်မူးယစ်ဆေးဝါး စောင့်ကြည့်ရေး အဖွဲ့က စဝ်ခင်းဆာယီ ကပြောပါသည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ် (ကူမင်း)ခွန်းမင်တရားရုံး၌ စစ်ဆေးချက်အရ စိုင်းနော်ခမ်းနောက်လိုက်များက ‘စိုင်းနော်ခမ်း၏ညွှန်ကြားချက်ကြောင့် တရုတ် စက်လှေအားတိုက်ခိုက်ခြင်းဖြစ်ကြောင်း’ ပြောသော်လည်း စိုင်း နော်ခမ်းမှာမူ ‘သူ့ညွှန်ကြားချက်မဟုတ်ကြောင်း၊ လက်အောက်ငယ်သားအဖွဲ့ဝင်များက အထက်ကို ညွှန်ကြား ခြင်းမရှိဘဲ လုပ်ဆောင်သွားတာဖြစ်နိုင်ကြောင်း’ ပြောပါသည်။
စနေနေ့ည တရုတ်နိုင်ငံပိုင် CCTV သတင်းတင်ပြချက်အရ ‘စိုင်းနော်ခမ်းဟာ သေဆုံးသွားတဲ့ တရုတ် ၁၃ ဦး ရဲ့ ကျန်ရှိမိသားစုအတွက် လျော်ကြေးငွေ ဘတ်သန်း ၃၀ ပေးဖို့ သဘောတူတယ်’ ဟု ဖြောင့်ချက်ပေးသွား ကြောင်း ထုတ် လွှင့်သွားပါသည်။
စိုင်းနော်ခမ်း နှင့် အဖွဲ့၏ အမှုအား  မကြာမှီ ရက်ပိုင်းအတွင်း တရားစီရင်မှု နောက်ဆုံးအဆင့် ဆုံးဖြတ်သွား ဖွယ်ရှိကြောင်းလည်း ကြားသိရပါသည်။
သျှမ်းသံတော်ဆင့်

အငြင်းပွားဖွယ်တွေနဲ့ ပြီးဆုံးခဲ့တဲ့ လီဗာပူး-မန်ယူတို့ရဲ့ ပွဲစဉ်


ကြမ်းတမ်းစွာ ကစားသဖြင့် ရှယ်ဗီ အနီကတ် အပြခံရပြီး ထုတ်ခံရစဉ် (ဓာတ်ပုံ – Reuters)
ဧရာဝတီသတင်းဌာန. ၂၄ရက်နေ့ စက်တင်ဘာ ၂၀၁၂ 

 ယခုအပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေထဲမှာတော့ အသင်းကြီးတွေ ထိပ်တိုက်တွေ့ဆုံမှုအဖြစ် စူပါဆန်းဒေးမှာ လီဗာပူး-မန်ယူ၊ မန်စီးတီး-အာဆင်နယ်ပွဲစဉ်တို့ ကစားခဲ့ကြပြီး စနေနေ့ ပွဲစဉ်မှာတော့ ချယ်ဆီးအသင်းက စတုတ်ကို ၁-၀ ဂိုးမရှိနဲ့ ပွတ်ကာသီကာ အနိုင်ရရှိခဲ့ပါတယ်။
အငြင်းပွားဖွယ် ရလဒ်တွေကြားထဲက အနိုင်ရသွားတဲ့ မန်ယူ
လီဗာပူး ၁ – ၂ မန်ယူ

ယခုတပတ်ရဲ့ ဥရောပမှာ အကြီးကျယ်ဆုံးပွဲဖြစ်တဲ့ ဒီပွဲစဉ်မစခင်မှာ ၁၉၈၉ က ဟေးဘရော့ ဖြစ်ရပ်ဆိုးမှာ သေဆုံးခဲ့သူ ၉၆ ဦးအတွက် အသင်းခေါင်းဆောင် ၂ ဦးက ပူဖောင်းတွေ အတူတူလွှတ်တင်ခဲ့သလို နှစ်ဘက်အသင်းမှ ပရိသတ်များကလည်း ကွင်းထဲမှာ တဦးကိုတဦး လေးစားမှုပြသခဲ့ကြပါတယ်။
လီဗာပူး အသင်းမှာ (ဂိုး) ရီနာ၊ ကယ်လီ၊ စကာတယ်၊ အက်ဂါ၊ ဂျွန်ဆင်၊ အဲလန်၊ ဂျာရတ်၊ ရှယ်ဗီ၊ စတာလင်၊ ဘိုရီနီ၊ ဆွာရက်စ်တို့ ပွဲထွက်လာပြီး အရန်မှာ လူငယ်ကစားသမား ဆူဆို၊ ဟန်ဒါဆင်၊ ဆာဟင်၊ အက်ဆိုက်ဒီတို့ ပါဝင်လာခဲ့ကြပါတယ်။
မန်ယူအသင်းကတော့ (ဂိုး) လင်ဒီဂတ်၊ ရာဖယ်၊ ဖာဒီနန်၊ အီဗန်၊ အီဗရာ၊ ဗလင်စီယာ၊ ကာရစ်၊ ဂစ်၊ နာနီ၊ ကာဂါဝါ၊ ဗန်ပါစီ တို့ ပါဝင်လာပြီး အရန်မှာ ၀ဲဘက်၊ ချီချာရီတို၊ ပေါလ်စခိုးလ်တို့ ပါဝင်ခဲ့ကြပါတယ်။
ပွဲစတာနဲ့ နှစ်ဖက်အသင်းဟာ ဘောလုံး ကိုင်နိုင်ဖို့ကြိုးစားခဲ့ပြီး  ပထမပိုင်းမှာ လီဗာပူးအသင်းက ဘောလုံးပိုင်ဆိုင်မှု ၆၃၊ မန်ယူအသင်းက ၃၇ သာရှိခဲ့ကာ လစ်ဗာပူးအသင်းက တရစပ် တိုက်စစ်ဆင်တာကို တွေ့ခဲ့ရပါတယ်။ ပွဲချိန် ၃၉ မိနစ်မှာတော့ ဒီပွဲရဲ့ အပြောင်းအလဲအဖြစ် လီဗာပူး ကွင်းလယ်လူ ရှယ်ဗီနဲ့  မန်ယူနောက်တန်းလူ အီဗန်တို့နှစ်ဦးစလုံး ခြေစုံပစ်ဝင်ရာမှာ ဒိုင်လူကြီး ဟေဆယ်က ရှယ်ဗီကို အနီကတ်ပြခဲ့တာကြောင့် လီဗာပူးအသင်းဟာ ပွဲပြီးတဲ့အထိ ၁၀ ယောက်တည်းနဲ့ ကစားဖို့ အကြောင်းဖန်လာပါတယ်။
ဒုတိယပိုင်း ပွဲပြန်စချိန်မှာ လီဗာပူးအသင်းက ဘိုရီနီအစား အသက် ၁၈ နှစ် စပိန်လူငယ် ဆူဆိုကို ပရီးမီးယားလိဂ်မှာ ပထမဆုံးအနေနဲ့ ထည့်ကစားစေခဲ့သလို မန်ယူကလည်း နာနီအစား ပေါစခိုးလ်ကိုထည့်ပြီး ကစားစေခဲ့ပါတယ်။ လူစားဝင်ရောက်လာတဲ့ ဆူဆိုရဲ့ ဖန်တီးပေးမှုကြောင့် မန်ယူအသင်းမှ ကစားသမားတွေပြာပြီး ဘောလုံးဖျက်တာကနေ ဂိုးဧရိယာအတွင်း ၀ဲကျလာတဲ့ဘောလုံးကို ဂျာရတ်က ရင်ဘတ်ဖြင့်ထိန်းကာ မြေမကျဘဲ ဘယ်ခြေထောက်နဲ့ ကန်သွားရာမှာ မန်ယူဂိုးသမား မည့်သို့မျှမတတ်နိုင်ဘဲ ဂိုးပေးလိုက်ရပါတယ်။ ပွဲဟာ ပိုအကြိတ်အနယ်ရှိလာပြီး ၅၃ မိနစ်မှာ ဘရာဇီး နောက်ခံလူ ရာဖေးလ်က မန်ယူအသင်းအတွက် ချေပဂိုးကို ဘယ်ခြေထောက်နဲ့ လှလှပပ သွင်းယူခဲ့တာကြောင့် မန်ယူအသင်း ချေပဂိုးရရှိခဲ့ပါတယ်။
လီဗာပူး အသင်းဟာ တရပ်စပ် တိုက်စစ်ဆင်ခဲ့ပြီး အခွင့်အရေးတွေ ရခဲ့ပေမယ့် ဆွာရက်စ် ဧရိယာအတွင်း ဖြတ်ထုတ်ခံရတဲ့ ဘောလုံးကို မသိကျိုးကျွန် ပြုနေခဲ့တာကြောင့် လီဗာပူးအသင်းဟာ ပယ်နတီရမယ့် အခွင့်အရေးကို ဆုံးရှုံးခဲ့ပါတယ်။ မိနစ် ၈၀ မှာတော့ ဗလင်စီယာ ဂိုးဧရိယာအတွင်း ပြေးဆွဲကာ အရှိန်လွန်ပြီး လဲကျရာကနေ မန်ယူကို အသင်းကို ပယ်နတီ ပေးခဲ့တာကြောင်း အန်ဖီးကွင်းအတွင်း ပိုမိုဆူညံခဲ့ပါတယ်။ ဒီ ပယ်နတီကို ဗန်ပါစီက သွင်းယူပေးသွားပြီး မန်ယူအသင်းအတွက် အန်ဖီးကွင်းမှာ အနိုင်မရရှိတာ ၆ နှစ်ကြာတဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။
ပွဲအပြီး သတင်းထောက်တွေက လစ်ဗာပူး မန်နေဂျာ ရော့ဂျားစ်ကို မေးမြန်းရာမှာတော့  ကျနော်တို့ကစားသမားတွေ အထူးကြိုးစားခဲ့သလို တဖက်အသင်းကိုလည်း ဖိထားနိုင်ခဲ့ပါတယ်။ ရှယ်ဗီရဲ့ပြစ်ဒဏ်ဘောဟာ အနီဆိုလျှင် အီဗန်ရဲ့ ခြေစုံပစ်ဝင်မှုဟာလည်း အနီထိသင့်ပါတယ်။ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေဟာ မေးခွန်းထုတ်စရာတွေ ဖြစ်ခဲ့ပါတယ်ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။
မန်ယူနည်းပြ ဖာဂူဆန်ကတော့  ကျနော်တို့အသင်း ကစားပုံ ညံ့ဖျင်းခဲ့ကြောင်း၊ ပထမပိုင်းမှာ ကစားတဲ့ လစ်ဗာပူးအသင်းဟာ မန်ယူအသင်းကွင်းလယ်ကို စိုးမိုးထားကြောင်းနဲ့ အနီကတ်နဲ့ပတ်သတ်ပြီး ဘာမှမပြောကြားလိုကြောင်း ပြောဆိုသွားခဲ့ပါတယ်။
စကိုင်းစပေါ့ အားကစား ရုပ်သံမေးမြန်းခန်းမှာတော့ စပါးနည်းပြဟောင်း ရက်နက်နဲ့ မန်ယူ ကစားသမားဟောင်း ဂယ်ရီနဲဗေးလ် တို့က လီဗာပူးအသင်းရဲ့ အနိုင် ၃ မှတ်ကို ဒိုင်လူကြီးက ရိုက်ချိုးပစ်ခဲ့ကြောင်း ပြောကြားခဲ့ကာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သတ်ပြီး မေးခွန်းထုတ်သွားခဲ့ပါတယ်။

နောက်ကျဂိုးနဲ့ ချန်ပီယံ ဆီက ၁ မှတ် ခွဲယူသွားတဲ့ ရှုံးပွဲမရှိ အာဆင်နယ်
မန်စီးတီး ၁ – ၁ အာဆင်နယ်

ယခုနှစ်ရာသီမှာ ရှုံးပွဲမရှိသေးတဲ့ နှစ်သင်းကို ပြပါဆိုရင် မန်စီးတီးနဲ့ အာဆင်နယ်တို့ပဲ ဖြစ်ပါလိမ့်မယ်။ ယခုပွဲ သရေကျတာကြောင့် သရေ ပွဲ ၃ ပွဲကျပြီး မန်စီးတီးအသင်းဟာ အမှတ်တွေ နစ်နာခဲ့ရပါတယ်။ အာဆင်နယ် အသင်းကတော့ မန်စီးတီးအသင်းထံမှ ၁ မှတ်ရယူနိုင်ခဲ့တာဟာ နောက်ပွဲတွေအတွက် ပိုပြီး အားတက်လာစေမှာ အမှန်ပါ။ အိမ်ရှင် မန်စီးတီး အသင်းဟာ  (ဂိုး) ဟတ်၊ ကွန်ပနနီ၊ ဇာဘလက်တာ၊ လက်စကော့၊ ကလစ်ချီ၊ ဆင်ကလဲယား၊ ဂါစီယား၊ ဆေးဗား၊ တိုရေး၊ ဂျက်ကို၊ အဂူရိုတို့နဲ့ ပွဲထွက်လာပြီး အရန်မှာတော့ တေးဗက်စ်၊ ဘာလော့တယ်လီ၊ ရော့ဝယ်၊ ဘယ်ရီတို့ ပါဝင်လာခဲ့ပါတယ်။
အာဆင်နယ် အသင်းကတော့ (ဂိုး) မာနှုန်း၊  မာတီဆက်ကာ၊ ကိုစီယန်နီ၊ ဂျန်ကင်ဆန်၊ ဂစ်၊ ဒီယာဘီ၊ အာတီတာ၊ ရမ်ဆေး၊ ကာဇိုလာ၊ ပိုဒေါစကီး၊ ဂါဗင်ဟိုတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ အရန်မှာတော့ ၀ယ်ကော့၊ ချိန်ဘာလိန်၊ ဂျီးရော့စတဲ့ ကစားသမားတွေ ပါဝင်လာခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ယခုပွဲမှာ ကစားပုံ ကောင်းမွန်ခဲ့ပြီး အိမ်ရှင် အသင်းဘက်ကို တချိန်လုံး တိုက်စစ်ဆင် ကစားနိုင်ခဲ့တာကို တွေ့ရပါတယ်။ အထူးသဖြင့် ဂါဗင်ဟို အခွင့်အရေး တော်တော်များများ ရခဲ့ပြီး အသုံးမချနိုင်ခဲ့တာကြောင့်  အာဆင်နယ်အသင်းအတွက် နစ်နာခဲ့ရပါတယ်။ အဖွင့်ဂိုးကိုတော့ မထင်မှတ်ဘဲ အဖိခံနေရတဲ့ မန်စီးတီးအသင်းက ကော်နာကနေ လက်စကော့က ခေါင်းတိုက်ဂိုး သွင်းယူသွားတာကြောင့် မိနစ် ၄၀ မှာ ဦးဆောင်ဂိုး ရရှိသွားခဲ့ပါတယ်။
ဒုတိယပိုင်းပြန်အစမှာ မန်စီးတီးအသင်းက ဆင်ကလဲယားကို ထုတ်ပြီး ကွင်းလယ်မှာ ဖျက်ဖို့ ရော့ဝယ်ကို ထည့်ကစားစေခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ပိုမိုတိုက်စစ်ဆင် ကစားလာပြီး စပိန်ကွင်းလယ်လူ ကာဇိုလာကို မထိန်းနိုင်တာကြောင့် မန်စီးတီး နောက်ခံလူတွေ အလုပ်ရှုပ်နေခဲ့ရပါတယ်။ မိနစ် ၈၀ လောက်မှာတော့ ကာဇိုလာ ဂိုးစည်းထိပ်ကနေ ကန်တဲ့အလုံးက ဂျိုးဟတ် ပုတ်ထုတ်နိုင်လိုက်တာကြောင့် ကော်နာ ရပါတယ်။ အဆိုပါ ကော်နာ ဘောမှတဆင့် မန်စီးတီး ဧရိယာအတွင်း ရှုပ်နေတဲ့ကြားမှာ ကိုစီယန်နီက အပြင်းကန်သွင်းယူပြီး အာဆင်နယ်အသင်းအတွက် အဖိုးတန်ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။
ပြိုင်ပွဲအပြီးမှာတော့ အာဆင်ဝင်းဂါးက ရရှိသင့်တဲ့ ဂိုးတွေမရရှိပေမယ့် မန်စီးတီးကွင်းမှာ ၁ မှတ်ရယူနိုင်ခဲ့ကြောင့် ၀မ်းသာမိကြောင်း ပြောဆိုသွားခဲ့ပါတယ်။
ပရီးမီးယားလိဂ် ပွဲစဉ် (၅) ရလဒ်များ
ဆွမ်ဆီး ၀ – ၃ အဲဗာတန်
ချယ်ဆီး ၁ – ၀ စတုတ်
ဆောက်သမ်ပတန် ၄ – ၁ အက်စတွန်ဗီလာ
ဝက်ဘရွန်း ၁ – ၀ ရီးဒင်း
ဝက်စ်ဟမ်း ၁ – ၁ ဆန်းဒါးလန်း
ဝီဂန် ၁ – ၂ ဖူဟမ်
လီဗာပူး ၁ – ၂ မန်ယူ
နယူးကာဆယ် ၁ – ၀ နော်ဝစ်
မန်စီးတီး ၁ – ၁ အာဆင်နယ်
တော့တမ်ဟမ် ၂ – ၁ ကျုပီအာ

ဓါတ်ပုံကိုဌေးဝင်းကလည်းသူ့လက်ရာလေးတွေကိုမရိုးမအီနိင်အောင်လက်စွမ်းပြတော်ထားတယ်။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfWx7oRkJ0wwiVseLmZco0uza47WwY2pG4vSTOf8npr1wr4jgkK72NX4zjC5J4noNEyLSWw1nELZFpBGmMbUizUyQItUUAywJU_saQ0cJGvHdNdEXP0Sn2ydXyHGZ3o5YY-IN3KBvwr5mC/s1600/ID5C3528.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2Sld5lgxe1z5sc32Q84cDABetXz6xzpFwNiCVctGjR9IaoidmcKjf58UJaCByR_-agB3drfOlksLS9i09A2huDZ5_6R50Ao95fOlga4plf9JyMZCno2zeCi7SCoNH1mJs6atiXA1kWD47/s1600/ID5C3531.jpg
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVX0Gwe5vqX5KmdeMLs9IzNoL5c8Y4y0pUcfWIlJrL832XkyxrUr_qtHaQYCtB9GqZRLz-SdjRbIpGuCzeACjxHUXx6AsGEXuf57zKXSWY_aMSKqBbY9rjuLkCt1v0dxxFeSAfnvVhLIRs/s1600/ID5C6779.jpg
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz5r1MAHkDyoibHHE1rb-IOxVLn1BfWo-_lIM10CksKd-xz4tL_a4qWm4UuZRY8Czi1IfpKU_YdIHbh5QwzDkSpy50bmGq4IVEHBzMg9wBbCw9HhmZ83TgPn_TDsankB78cMJkmaPzzYSC/s1600/ID5C6848.jpg
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzjodHfrrQVECAc7fvcoYKvGbwTDzZMNR8B_FGr2TvZJO4I-B7MbLdPqYF8c7zqdokcUWrr4QfAmSTPl36p4uD-0m84MGUYXoOod-KHPeSKIVzb4fH2-JA0P_z5rr2aO6V0YaNWGlf-4W0/s1600/ID5C6860.jpg
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglHEeOBs-1eMWgKiUokk1ybnwCsZ0yiNaq4X_t83NisqPvYt4YBge34jerR_wiOWTYluC4NxAFqanZUJ_-tkzkjRqaHx9Dtywmtdi1YEr6Tk2Wr2mv504X9fZK1f5KY-Q-d6pGR3Do9zFV/s1600/ID5C6910.jpg
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-6g93gMLU4PsXPEqNjWH2V-36mrDsDiVUWVPvTtnca6zjhvQ333xqITG_TrdS4PJf3SZ58nz_kukI9cIFFIok56Y2cwWvQEV7qK6Z232xuJk9cUOT6YbsjbfnUyCxDb5mwp8xZj0cuX_e/s1600/ID5C6914.jpg
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh5J41v3RXCO684Z471v3u6ysbx9tVo8hO6ZmEZvcYhm0l-9Jx3SjxXkrKNwcFLU2R01SPzY25-1k0NK6r8sADYIvwznS537_-xPTPHoJAc5a13IFW_Gs1QT6ZUNn7Fq1h1JSAMTuobQL5/s1600/ID5C6937.jpg
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinLMiCq_hOuyuuQ4x90mJNdDeF_DeedUKlNNQYtSHbeAwckWHMkVu7gUzRjmaxvoNsCojBhX2SHXhDg2f48GuJuahRfTvz5vQX58wuvN5XdkC72zooPhDUfW0IAYEVLRadNwSvJjJ0gRwI/s1600/ID5C7104.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2Sld5lgxe1z5sc32Q84cDABetXz6xzpFwNiCVctGjR9IaoidmcKjf58UJaCByR_-agB3drfOlksLS9i09A2huDZ5_6R50Ao95fOlga4plf9JyMZCno2zeCi7SCoNH1mJs6atiXA1kWD47/s1600/ID5C3531.jpg
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX4QOk7-EEvv7aHf_9n4xRZtx1YF454EbP9L7eEM3Sr-MdqoNwTgSP2EJTankEKCJL2BLCl7mJc_85KQlFweWg5BueTFldMWtH50DxJ8EUIciR0Xj8NjsogtDbM844Ky84cc_jRA0djzeQ/s1600/ID5C6879.jpg
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUIB2yY6xwOHL8ishv1RoMLpMMg47No9iRE4ST86UoXVA2-KaJUS18qdeL7CUkhGrgYbhlLo42JcryNIg-QdMQvoPeAZ38ybeLSCsYv-wx0MbjaweCUYM_gjMp8BtEjj3cm6MAJ9Z7w_Cm/s1600/ID5C6704.jpg
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMfYCXrDUDaVVvbBdTjf8s3LqL3Sewq0MGaHmMjpaRlT3bL5k8KWbXUPMJ7SglM-V-zQ5Oclzv45R6zAdYbgRpORSE2vpM6pT-rNZ6ztdBmNf4xmakqc5cP_icDmVKHOGdYBG8YyyMsZh-/s1600/ID5C6713.jpg

ကြည့်သောသူသည်မြင်တတ်၏ဆိုရိုးစကားလေးဟာအတော်ကိုမှန်ကန်တာကိုတွေ့ရမှာပါ။
အခုမော်ဒယ်လောကသားတွေကလည်းကြည့်သောသူများအဖို့မြင်တတ်လေအောင်
တမျိုးနဲ့တမျိုးမရိုးရလေအောင်ဆွဲဆောင်မှုလေးတွေပေးနေတာလေးတွေကတော့.................





ကျွန်တော်ကြားဖူးသော သရဲ အခြောက်ခံရသောပုံပြင်တစ်ပုဒ် ကိုပြောပြပါမည်.....
(ကိုယ်တွေ့ ဖြစ်ရပ်မှန်)
လမ်းဘေးမှာကားမရပ်ရ

Lon Ely  ရေးသားချက်လေးကိုကူးယူဖေါ်ပြပေးပါသည်။

တစ်လောက..Taxi စီးရင်း..Driver ဦးလေးကြီးက..သူသရဲခြောက်ခံရတဲ့. အကြောင်းကိုပြောပြတယ်..

အဲ့နေ့က..ည၁၀နာရီလောက်ရှိရောပေါ့ကွာ...မင်္ဂလာဒုံဘက်ကိုရောက်နေတာ..


ဦးက..မြို့ထဲပြန်မှာ....ကားပြန်အပ်တော့မယ်ပေါ့ကွာ..တစ်ခေါက်ပီးရင်တော့.
အဲ့ချိန်မှာ...မိန်းမတစ်ယောက်တားတယ်....ဆံပင်ရှည်ကိုဖားလျားချထားတယ်
အင်္ကျီကလဲ..အဖြူရောင်ကွာ..ခါးရှည်ပေါ့....ပြောတဲ့နေရာကလည်း..
လမ်းကြုံနေတယ်...နဲနဲပဲဝင်ရမှာ..တက်ခိုင်းလိုက်တာပေါ့ကွာ..

ကားထွက်တော့မှ...ကြက်သီးတွေ.ကတစ်ဖြန်းဖြန်း...ထလာတယ်...

သူရဲမများလားမသိဘူးဟ...နောက်ကနေ..ဂုတ်ချိုးပြီးသတ်ရင်တော့..
အခက်ဟ..ဆိုပြီး..လန့်လာရော..Back မှန်က..ကြည့်တော့လည်း..ငြိမ်လို့..
ဆံပင်တွေကလည်းလွင့်လို့...ငါလည်းအသက်တောင်ကောင်းကောင်း
မရှူရဲဘူးကွာ..အဲ့လို့နဲ့...သူပို့ခိုင်းတဲ့လမ်းရောက်ပါလေရော..
ခွေးတွေကလည်း...အဲ့ချိန်...အူချက်ကွာ....မရပ်တော့ဘူး...
အိမ်က.မြင်နေရပြီ..ငါလည်း...လျှောက်ပြောရတာပေါ့...လမ်းထဲဝင်ရင်...
ကားက..ထွက်လို့မရလောက်ဘူး..ဘာညာနဲ့...

အဲ့ဒါနဲ့...အတင်းတောင်းပန်ပီး...လမ်းထိပ်တင်ရပ်ပေးလိုက်တယ်..

ပိုက်ဆံမယူတော့ဘူး..ပြောတာကို..အတင်းပေးသွားသေးတယ်...
ထူးဆန်းပုံက..ဆင်းဆင်းချင်းတင်..အသံမကြားပဲ..ပျောက်သွားတာ...
တစ်သက်နဲ့တစ်ကိုယ်ကွာ..မကြုံဖူးဘူး..နောက်တံခါးကလဲ..မပိတ်သွားဘူး...
အဲ့ဒါနဲ့..ဘုရားစာတွေ..ရွတ်ပြီး.... ကားတံခါးကို..ဖွင့်လိုက်တယ်..
ဆင်းပြီး..သွားပိတ်မယ်ပေါ့..ကားပေါ်ကဆင်းလိုက်တဲ့အချိန်မှာ...
စဉ်းစားမိတယ်...ပြန်လှည့်လာရင်တော့ သေပြီလို့......
အဲ့ချိန်ဗြုန်းဆို...ခြေထောက်ကို..လက်အေးအေးကြီး တစ်ဖက်က
လှမ်းဆွဲတယ်.. ငါလည်း....လှမ်းကြည့်တော့..ဟိုမိန်းမ..ခေါင်းကြီး...
ငါ့ခြေထောက်နားမှာလေ...အားပါးပါး.....ဆံပင်မှာလည်း..ရေတွေ..ရွှဲလို့..
ငါတော့..မြတ်စွာဘုရားကို..အာရုံပြုလိုက်တယ်..ငါတော့...သွားပြီလို့...
အဲ့ချိန်ဗြုန်းဆို အသံတစ်သံကြားတယ်........


"နောက်ဆို..မြောင်းဘေးမှာ..ကား..မရပ်ပါနဲ့..ဦးလေးရယ်.."..တဲ့.


ဟိဟိ...
ကျွန်မလက်သူ့ဆီမှာ..............................
https://www.facebook.com/lon.ely.1276  မှကူးယူဖေါ်ပြပါသည်။



ဒီအဖြစ်အပျက်လေးကတော့စာဖတ်သူတို့လည်းကြားဖူးကောင်းကြားဖူးကြပါလိမ့်မည်...
သိပြီးသားဆိုလျှင်လည်းသည်းခံပေးကျပါခင်ဗျာ...
TAXI ကားသမားတစ်ဦး၏တကယ့်ဖြစ်ရပ်မှန်လေးပါ...။

နေဝင်ခါနီးညနေစောင်းတခုတွင်TAXIတစ်စီးသည်...

အိမ်ပြန်ရန်အတွက်နဲ့အိမ်ရှိရာ ဖက်သို.ဦးတည်၍မောင်းနှင်လာလေသည်...
သို့သော်သူ၏စိတ်ကားမချမ်းသာ...အုံနာခပြည့်တော့လဲ...
အိမ်အတွက်ကတော့ သုံးထောင်တောင်မရသေးလို့ ပါစင်ဂျာ မျှော်ပြီးဖြေးညင်းစွာဖြင့်...
ကားကိုညာဖက်လမ်းကျောမှမောင်းလာလေသည်။
.
"ဟော..အရှေ့မှာလူတယောက်လွယ်အိတ်တစ်လုံးနဲ.ပါလား...
သူ့ပုံစံကသုတ်သီးသုတ်ပြာနဲ့...ပါစင်ဂျာဖြစ်တန်ကောင်းပါတယ်..".
ဆိုပြီးမီးနှစ်ချက်ခန့်တောက်လိုက်လေသည်...ထိုသူကလဲလက်တား၍ရပ်ခိုင်းလေသည်။
 "ကဲ...နောင်ကြီးဘယ်သွားမလဲ"ဟုမေးသော်..ထိုသူက"ပဲခူးသွားမယ်ဗျာ..ဘယ်လောက်လဲ"...
taxiဆရာတွေဝေသွားလေသည်...လိုက်ရန်မမှီသည်ကားမဟုတ်...မှီသေးသည်...
သို.သော်ခရီးကနည်းနည်းဝေးသည်...အသွားအပြန်ရမှကိုက်မည်ဟုတွက်ပြီး..
ပေါက်ဈေးထက်နှစ်ဆပိုတောင်းလေသည်...
ပါစင်ဂျာကဈေးပင်တစ်ချက်မစစ်တံခါးဖွင့်၍ဝင်ထိုင်လေသည်။
 taxiဆရာလည်းစိတ်ထဲတွင်တစ်မျိုးဖြစ်သွား၍...
"နောင်ကြီး..ကားခလေးတဝက်လောက်အရင်ရှင်းပေးပါလား..
ဆီလေးထည်.ချင်လို.ပါဗျ"ဟုဆိုသော်..ပါစင်ဂျာက"အော်..ရပါတယ်..ရော့"
ဟုဆိုပြီးကားခတဝက်ကိုရှင်းပေးလေသည်...ဆီထည်.ပြီးသည်နှင့်တပြိုင်နက် ပဲခူးသို.အပြင်းခရီးနှင်လေသည်..
.ည၏အမှောင်ထုကလည်းတဖြေးဖြေးကြီးစိုးလာလေသည်..
ခရီးတဝက်ခန့်အရောက်..taxiဆရာနောက်ကြည့်မှန်ကိုကြည့်သော်...
.နောက်ခန်းထဲတွင်ထိုကားငှါးလာသူအပြင်ခပ်ဝဝအမျိုးသမီးတစ်ဦးပါထိုင်နေသည်ကိုတွေ.လေသည်။
 ငှားလာသောလူမှာတစ်ယောက်ထဲမှာသေချာသောကြောင့်ကျက်သီးမွှေးညင်းများထသွားပြီး...
နောက်သို.လှည်.ကြည့်လိုက်သောအခါ ကားငှားလာသောလူတစ်ဦးသာလျှင်ရှိလေသည်....
သို.သော်နောက်ကြည့်မှန်ထဲကိုကြည့်လျှင် ထိုအမျိုးသမီးက...
သူ၏တံတောင်စစ်ခန့်မှအဖြတ်ခံထားရသော သွေးသံရဲရဲလက်နှစ်ဖက်ကိုထောင်ပြလေသည်...
taxiဆရာမှာအလွန်လန့်ဖြန့်သွားလေသည်...သို.သော်မြို.နှင့်အနီးစပ်ဆုံးကိုအမြန်မောင်းရန်
ဆုံးဖြတ်၍..တတ်နိုင်သမျှမှန်ကိုမကြည့်ပဲမောင်းလေသည်။
 အမှတ်မထင်ကြည့်မိလျှင်လဲ ထိုအမျိုးသမီးမှာ သူ့အားအကူအညီတောင်းလိုဟန် ဖြင့် လက်များကိုထောင်ပြနေဆဲပင်...
ထိုအချိန်မှာပင်ကားသည် တခုခုဖြင့်ဆွဲထားသည့်အလား အလွန်ပင်လေးလံလာလေသည်...
ကားဆရာလည်း heat တက်သောကြောင့်ဟုထင်၍လမ်းဘေးသို့ထိုးရပ်လိုက်လေသည်...
ပြီးနောက်ပါစင်ဂျာအား ခဏစောင့်ရန်ပြော၍စက်ဖုံးကိုဖွင့်၍ စစ်လေသည်...
ထိုသို.စစ်နေချိန်တွင်အဆိုပါမှန်ထဲမှာတွေ.ရသောအမျိုးသမီးကသူ၏နောက်မှကပ်၍...
"ကျွန်မရဲ့လက်သူ့ဆီမှာ" ဟုပြောလေသည်။
taxiဆရာလည်းလှည့်ကြည့်သော် မည်သူမျှမရှိပေ ..
taxiဆရာလည်းအနည်းငယ်သဘောပေါက်ဟန်ဖြင့်ခဏတွေဝေသွားပြီးနောက်...
ကားအားဆက်စစ်သော် ဘာမှအမှားရှာမတွေ့အားလုံးအကောင်းပကတိအတိုင်းပင် ရေတိုင်ကီကလဲပုံမှန်ပင်...ထို့ကြောင့်
ကားပေါ်ကိုပြန်တက် စက်နှိုး၍ မောင်းလေသော် ပုံမှန်အတိုင်းပင်ပြန်လည်မြန်ဆန်လာလေသည်။
 မှန်ထဲတွင်လည်းအဆိုပါအမျိုးသမီးအားမတွေ.ရတော့ပေ...
taxiဆရာသည်ဘာလုပ်ရမည်ကိုသဘောပေါက်နားလည်သွားပြီးရဲစခန်းသို့
တိုက်ရိုက်မောင်းလေသည်
ရဲစခန်းနားသို့ရောက်သော် ပါစင်ဂျာမှာ ကားပေါ်မှခုန်ချထွက်ပြေးလေသည်...
သို.သော်အခါနှောင်းခဲ.လေပြီ...
ထိုသူအားဖမ်းမိသောအခါထိုသူ၏လွယ်အိတ်အတွင်းမှရွှေလက်ကောက်အပြည်.ဝတ်ဆင်ထားသော...
အမျိုးသမီးတစ်ဦး၏အဖြတ်ခံထားရသောလက်နှစ်ခုကိုတွေ.လေသည်.။
 ဖြစ်စဉ်မှာကား ထိုtaxiငှားစီးသောသူသည် အမျိုးသမီးတဦးအားသတ်ဖြတ်ပြီးနောက်
လက်ကောက်များကိုချွတ်ယူရာတွင် ချွတ်၍မရသောကြောင့် လက်နှစ်ဖက်ကိုပါဖြတ်ယူခဲ.သည် ဟုထွက်ဆိုလေသည်..............

Lon Ely ( 14-9-12 sh ) Tint Htun Wai

မြန်မာရှုခင်းဓါတ်ပုံများ။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2OpuRARagr5EpR0zzuC1w6VVG-SrHT5KbqeQ_F6NT2miSf_5UNiFRw427tKA73cwZLGLM246E-haGkDvu6_hTIHge8zLWtHonPweq5ME1lXaqEaEaCeWWb3vLDaXSdFIqX0jHXuhGW3CF/s1600/316730_209890475748705_209874709083615_508214_485176216_n.jpg
ဒီပုံလေးမျာဖယောင်းတိုင်မီးအလင်းအားကိုအသုံပြုပြီးရိုက်ကူးထားတဲ့ပုံလေးဖြစ်ပါတယ်။ 


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBZOMhM7YDBgGNCKxfwAvR3xUJhb9cIcDyGyHGtwneptVw5hyOpihyKPNISP-sGDSRDjjRviUG3qdEBD-T6lUb3vwyq8aTZos5vj9z1KawFxm1-vXF5ldW8UQpL3Fk0QEzh0tEO0FT4a7B/s1600/181269_296951013728485_169863649770556_638029_1136437849_n.jpg
ညနေခင်းနေရောင်နဲ့ရိုက်ကူးထားဟန်ရှိပါတယ်
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3szvZ0O5mAJo-_dqLefJnYvJQn__j1tcQ8lvMRrw49LVQQUgzApIWKvy517D4WB96WlIL5jC2gdcCuA8TJ7m4UqPujXWUuAiB3qUQ-Q3mN0czN5DLJDarUtjifFAwsoNflTI0i2Kk6pPJ/s1600/Homebound+way+by+Tom+Lingxiao.jpg

အခုဆိုရင်တော့ကျွဲတွေဟာတော်တော်ကိုရှားကုန်ပီနော်။
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1SsImTUxwt_0ddpn8KEXAzyZ1DjD-6YoRoI1efKIsOqIga5s2sBDqdG5KFq1D4G47XgwS3mFTR9y4ePGzwvYlhVG_GkLnNdmGU_9zHKpP6OMBxWXkTgQir-hfdxab3mQF8bytz-1WCVvR/s1600/484088_10150985985727285_2008091844_n.jpg

ရွှေဝါရောင်တ၀င်းဝင်းနဲ့ကြည်ညိုဖွယ်ဖူးတွေ့ရပြီပေါ့


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhW5LMXc24Z62Olexb8FG4K6mY67jV3wMC-bDSwIUwrvb3X08MdrdoUNdtmkmV7jWNy8U0R3xHlnpRStbpoL97OBy7lPbh4Uc5k5TYmRhjrJ8C5qVSJ3y0agL9T195rf9qBwUtAyU6w-cV/s1600/Flying+kites+by+Randy+Rakhmadany.jpg

ငယ်ငယ်တုန်းကတို့ဘ၀ယ်..ပျော်စရာကောင်းလို့အောက်မေ့တယ်.........
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQn5zvKU8qah0NTklrTJK3X_UOOCCZ7IC50cwBaSCK1x9G-Ozx9GJiJ_d5yxTAodY7I6rnYzKChURPvGko7Hv11TZbkTw3J1tcYLmTl0-TVcInRrDI5_eDhg4Pj30-bwnGHJAQpCKB-H2N/s1600/Lion+Rock.jpg

ကိုရင်ငယ်လေးတွေ..တစ်ချိန်မှာတော့..သာ့သနာအာဇာနည်တွေဖြစ်လာမှာပေါ့

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpcL0gr-6LIL_rR4MxHgl5UpYZkDnoMR3NUGgitZrUR3rQN0p-sDD20VlPO-r8fEhBv-iHB3ZsqVWB-j1xIIQmymjk7s4D__KgFypIyqTApJ6fAWLQOicnbEWOhJ3it37GxUkSJSS7-3nu/s1600/Struggle+by+Yofi.jpg

နွားနှစ်ကောင်လမ်းလုတယ်ဆိုတာ..ထိန်းရတဲ့သူဒီလိုခက်တယ်နော်...ဟဲဟဲ...မြန်မာနိုင်ငံရေးလောကလိုပဲ့ပေါ့













































































































လူသားစားသောဖိလစ်ပိုင်လှပျိုဖြူ။
(သတင်းဆို့စ်ကအတော်လေးကိုကြာနေပါပြီသို့သော်လည်းဖတ်ဖြစ်အောင်တင်ပြပေးလိုက်ပါတယ်)


ဖိလစ်ပိုင်နိုင်ငံသူအမျိုးသမီးတစ်ဦးသည် လူသားစားခြင်းကို အင်မတန်ခုံမင်သူဖြစ်ပြီး လူပေါင်း ၃၁ ဦးကို သတ်ဖြတ်စား သုံးခဲ့ပြီး ဖြစ်သည်။ သူမသတ်ဖြတ်ထားသော လူအစိတ်အပိုင်းများကို ရေခဲသေတ္တာ တွင် သိမ်းဆည်းထားသည်ကို ရဲများ လက်ပူးလက်ကြပ် ဖမ်းမိခဲ့သည်။

ခင်ပွန်းကိုပါ သတ်ဖြတ်စားသုံးခဲ့ပြီး အိမ်နီးဝန်းကျင်ရှိ မိတ်ဆွေများကိုပင် ချက်ပြုတ်ကျွေးမွေးလိုက်သေးသည်။


အလွန်အရာသာရှိသော်လည်း မည်သည့် အသားမှန်းမသိ စားသုံးနေကြသည့် လူများသည် သံသယဝင်ကာ ရဲများသို့တိုင်ကြားခဲ့ရာ ယခုကဲ့သို့ စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


Ref: mysteriesunsolvedstory.blogspot.com


Philippine lady..She is enjoying eating human body meat (Philippine lady) 

 









Watch out from Philippine lady . She kept all the parts of her victim in her refrigerator and eats them later on A lady from east of Asian is killing people and keep their meat on her Refrigerator .She is enjoying eating human body meat . Also she said that she had made so many party for her relative with guest And gave them this human meat to eat with out they know .


Her guest said that they found very good taste of this lady cooking with out They know which type of meat she has cooked for them . And some of them Also he doesn't know that he will be the next victim. for her . She is from Philippine . She killed her husband for that . Then she was caught by police . Now it is a time to leave you with the picture below .


http://amazingpic.blogspot.com/

ကြက်သီးထဖွယ် ရွှေရောင်ကိုယ်ခန္ဒာအလှဆင် အနုပညာ


သြစတေးလျ အနုပညာရှင် Lucy McRae သည် သူမ၏ ကိုယ်ခန္ဒာပေါ်တွင် ရွေရောင်တွယ်ချိတ်များကို
ကော်ကပ် အသုံးပြု၍ ကိုယ်ခန္ဒာ အလှဆင် အနုပညာ (Body Art) တစ်ခုအား ကိုယ်ဟန်ပြ ဖန်တီးခဲ့ရာ
တွယ်ချိတ်များနှင့် ကြက်သီးထဖွယ် ရွှေရောင် ကိုယ်ခန္ဒာကို မြင်တွေ့ရသည်။

http://news.xinhuanet.com/english2010/photo/2010-07/28/13419266_11n.jpg
http://news.xinhuanet.com/english2010/photo/2010-07/28/13419265_11n.jpg
http://news.xinhuanet.com/english2010/photo/2010-07/28/13419264_11n.jpg

http://news.xinhuanet.com/english2010/photo/2010-07/28/13419263_11n.jpg


Lucy McRae သည် ထိုသရုပ်ပြမှုကို ဘရာဇီးနိုင်ငံ Sao Paulo မြို့ရှိ ပုံရိပ်နှင့် အသံအနုပညာ
ပြတိုက် (Museum of Image and Sound) တွင် ဇူလိုင်လ ၂၇ ရက်နေ့က  ပြုလုပ်သည့် 
“Rojo Nova work in progress” အစီအစဉ်တွင် သရုပ်ပြခဲ့ခြင်း ဖြစ်သည်။
စိတ်ကူးပျော်ရာထူးထူးဆန်းဆန်းမှကူးယူဖေါ်ပြပါသည်။
ကြိုးကြာကလူစကားနားလည်လေသလားနော်။
ထူးဆန်းတယ်သိလား။

ရုရှား သမ္မတ ပူတင်ဟာ ကြိုးကြာငှက် ၆ ကောင်ကို ဦးဆောင်ပြီး စက်မဲ့လေယာဉ်နဲ့ ကောင်ကင်မှာ ပျံသန်းပြခဲ့ တဲ့သတင်း ယမန်နေ့က သတင်းများမှာ ဖော်ပြလာပါတယ်။ဒီကြိုးကြာ ၆ ကောင်ဟာ ဆိုက်ဘေးရီးယားက ဖြစ်ပြီး လမ်းပျောက်နေလို့ သူက လမ်းပြ ခေါ်ဆောင်တာလို့ သတင်းတွေ က ဆိုပါတယ်။ ဒါကြောင့် ဆိုက်ဘေးရီးယားကို သူက ကောင်းကင်ကနေ စက်မဲ့လေယာဉ်နဲ့ လိုက်ပို့ပေးလိုက်တာပါတဲ့။

 
ပူတင်ကြီးကတော့ထွင်လုံးလုပ်လိုက်ပြန်ပီကွာ။ကောင်းလေစွ..ကောင်းလေစွ..။
မြန်မာနိုင်ငံတွင်လွန်ခဲ့သောနှစ်ပေါင်းခြောက်ဆယ်ခန့်လောက်က Mobile အိမ်သာပါ။
ရတနာပုံသတင်းစာ(7-9-2012)မှာဖေါ်ပြထားပါတယ်။
Ref: Peacock D. NgaPyae (mmcp)


မီးဆင်နှာမောင်း တိုက်ခတ်ပုံပါ... (အရမ်းဆန်းကြယ်လွန်ပါတယ်)


သြစတေးလျှတွင် မီးဆင်နှာမောင်း တိုက်  ငရဲ မင်း ကြီး မြေပေါ် ထွက် လာသည် ဟု ဂျပန် တို့  ခေါ် သည့် ဆန်းကြယ်သည့် သဘာဝ ဖြစ် ရပ် တစ်ခု ဖြစ်သော  အမြင့် ပေ ၁၀၀ ခန့်  ရှိ မီးဆင်နှာမောင်း တစ်ခု သည် သြစလေး နိုင်ငံ အလယ် ပိုင်း က အေယာ သဘာဝ  ကျောက် တောင်ကြီး တွေ ရှိ တဲ့ နေရာ (Alice Spring) မှာ စက်တင်ဘာလ ၁၁ ရက်နေ့ က တိုက် ခိုက် ခဲ့ တယ် လို့   ဗီဒီယို မှတ်တမ်း တင်ထား သူChris Tangey က ဆစ်ဒနီ မောနင်း ဟာရယ် ကို ပြောပါတယ်။
   
    ဒါကတော့ ဗီဒီယို လင့်ပါ
https://www.facebook.com/photo.php?v=277191562391134

 

အသဲကွဲတဲ့ အမေ့သား မမှားရအောင်


နှစ်ပေါင်း ၂၀ ကျော် အိမ်ထဲမှာ သံကြိုးခတ်ခြင်း ခံထားရသူ



 မိခင်တဦးအနေနဲ့ ကိုယ့်ရင်က လွယ်မွေးထားတဲ့
 သားဖြစ်သူကို အိမ်ထဲမှာဘဲ နှစ်ပေါင်း ၂၁ နှစ်ကျော် သံကြိုးနဲ့ ခတ်ထားတယ်ဆိုရင် သာမန်အားဖြင့် မယုံနိုင်စရာပါ။ 
ဒါပေမယ့် တရုတ်ပြည်အရှေ့ပိုင်း ကျန်စုပြည်နယ်၊ နန်ကျင်းမှာ တကယ်ဖြစ်နေပါတယ်။ 
 
အသက် ၇၁ နှစ်ရှိ ချန်ကြုဖန် ဆို တဲ့ မိခင်က အသက် ၃၇ နှစ်ရှိ သားဖြစ်သူ ဟောင်
ချန်လင်းကို သူ ၁၆ နှစ်သား ကတည်းက သံကြိုးခတ်ပြီး အိမ်ထဲမှာ ထားခဲ့ပါတယ်
လို့ မေးလ် အွန်လိုင်း သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။


အခုလို လုပ်ထားရတာလည်း မိခင်တယောက်အနေနဲ့ ရင်နာနာနဲ့ လုပ်ရတာပါတဲ့။
 တကယ်လို့ ချန်လင်းကို သံကြိုးတွေနဲ့ မခတ်ထားရင် သူက အိမ်နီးချင်းတွေကို
ကိုယ်ထိလက်ရောက် ကြမ်းတော့တာပါဘဲတဲ့။

ချန်လင်းရဲ့လက်ညာဖက် လက်ကောက်ဝတ်မှာ သံကြိုးတန်းလန်းနဲ့ နေခဲ့ရတာ
 နှစ်တွေ ကြာလွန်း လာ တာကြောင့် အသာမာတွေကလည်း တက်နေတာပေါ့။


အမေဖြစ်တဲ့သူက သူ့ သားဖြစ်သူ ချန်လန်း အနေနဲ့ အခုလို စိတ်ဝေဒနာ ခံစားရတာ
အသက် ၁၆ နှစ်၊ ဆယ်ကျော်သက် အရွယ် ချစ်သူရည်စားနဲ့ လမ်းခွဲခဲ့အပြီး အသည်း
ကွဲဝေဒနာတွေနဲ့ စိတ်ဖိစီးမှုတွေ အများကြီး ဖြစ်တာက စခဲ့တာလို့ ယုံကြည်
 နေပါတယ်။

ချန်လင်းမိသားစုက ပြောတာကတော့ သူ့ချစ်သူနဲ့ လမ်းခွဲတဲ့နေ့က ချန်လင်းရဲ့ ကောင်
မလေးက အနီရောင် ၀တ်ခဲ့တာ ကြောင့် ချန်လင်းဟာ အနီရောင်မြင်တာနဲ့ ဒေါသတွေ
 ထွက်ပြီး ကြမ်းတော့တာပါဘဲ တဲ့။

 ပြောရရင် အချစ်ကြောင့် ရူးခဲ့ရတာပါ။

ချန်လင်းရဲ့ မိခင်က ပြောတာကတော့ သာမန် လယ်သမား မိသားစုဖြစ်တာကြောင့်
စိတ္တဇဆေးရုံကို ပို့တာတို့ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ သေချာ ပြပြီး ကုသတာမျိုးလည်း
မလုပ်ဖူးပါဘူးတဲ့။ ဒီလိုနဲ့ အခု လို နှစ်တွေ ကြာလာခဲ့တော့တာပါဘဲ။

“ကျမ လုပ်နိုင်တာ အားလုံးကတော့ သူ့ကို သန့်ရှင်းရေး လုပ်ပေးမယ်။
အန္တရာယ်မဖြစ်အောင်ထားမယ်။ အစာကျွေးမယ်” လို့ ချန်လင်းရဲ့ မိခင်က
 ပြောတာပါ။

သံကြိုးတန်းလန်းနဲ့ သားဖြစ်သူကို မြင်တိုင်း ရင်ထဲ မချိတင်ကဲခံစားရပေမယ့် ပိုက်ဆံ
မရှိတာကြောင့် လည်း ဆေးမကုနိုင်ခဲ့ဘူး၊ သားဖြစ်သူကို နေကောင်းစေချင်တာ
သူ့ရင်ထဲက ဆန္ဒပဲလို့ သူက ဆက်ပြော ထားပါတယ်။  မိခင်ဖြစ်တဲ့သူက တခါတလေ သားဖြစ်သူ ချန်လင်းကို  သံကြိုးဖြုတ်ပေးလိုက်ရင်
 ရွာထဲလျှောက်သွားပြီး ကြမ်းတော့တာပါဘဲတဲ့။ အထူးသဖြင့် အ၀တ်အစား
 အနီ ရောင် ၀တ်တဲ့ မိန်းကလေးတွေဆိုရင် ဒေါသ တကြီးနဲ့ ရန်လိုပြီး ကိုယ်ထိ
 လက်ရောက် အနာတရဖြစ်အောင် လုပ်တော့ မိခင် ဖြစ်သူ အနေနဲ့ တခါ တလေ
သားဖြစ်သူအပေါ် သနားစိတ်နဲ့ သံကြိုးဖြေ လွှတ်ပေးလိုက်တဲ့ အတွေ့ အကြုံကို
 ပြောပြတာပါ။

ဒီလိုနဲ့ သားဖြစ်သူကို ပြန်ဖမ်း၊ သံကြိုးခတ်ပြီး ဓာတ်ပုံတွေမှာ မြင်ရတဲ့အတိုင်း ထားရင်းနဲ့
၂၁ နှစ်ကျော် လာခဲ့တော့ တာပါဘဲတဲ့။

(ဧရာဝတီ) ဘလော့မှ

ထူးခြားဆန်ပြား သောအစိမ်းရောင်စမ်းချောင်းလေး


သိပြီးတဲ့ သယ်ရင်းတွေလဲသိပြီးကြမှာပါ မသိသေးတဲ့ သယ်ရင်းတွေကတော့အသစ်လေးပေါ့နော်
ထူးခြာတဲ့ အစိမ်းရောင်စမ်းချောင်းလေးပါ  တည်နေရာလေးကတော့Goldstream park,CANADA မှာပါ

ထူးခြားသောအစိမ်းရောင်စမ်းချောင်းလေး




စိတ်ဝင်စားစရာနေရာလေးပါ
အလယ်သွားချင်ကြလားပိုက်ဆံစုပြီးတော့သာသွားကြပေတော နေရာကလေးကတော့Goldstream Park, Canadaတဲ့














ဒီဘလောပိုစ့်ကို mdollaကနေကူးပြီးယူထားတာပါ မူရင်ဘလော့ပိုင်ရှင်များကိုလဲကျေဇူးတင်ရှိပါတယ်
ခင်မင်လေးစားစွာဖြင့်