Showing posts with label ကာတွန်းပဒေသာ. Show all posts
Showing posts with label ကာတွန်းပဒေသာ. Show all posts

Tuesday, October 9, 2012

သကြားမင်းကြီးကားစီးဆင်းမည်တဲ့။


ယခုနှစ် သင်္ကြန် အခါသမယတွင် အဂ္ဂမဟာလျှမ်းလျှမ်းတောက် မည်သော ဂြိုလ်မင်းသည် နဖူးတွင်ကား ခွပ်ဒေါင်းအလံစည်း၊ အခမဲ့ဝေသော တီရှပ်တစ်ထည် ၀တ်ဆင်လျှက် လက်ယာဘက်တွင် ဖယောင်းတိုင်၊ လက်ဝဲလက်တွင် နတ်ပိုက်ဆံ ခေါ် i-pay ယာဉ်စီးခကောက်ခံသော စက်တစ်လုံးကိုင်.. ကိုက် ၅၀၀ အကွာ မှ ပုံများကို ထင်ရှားပြတ်သားစွာ ရိုက်ယူနိုင်သော ကင်မရာတစ်လုံး လွယ်ကာ၊ လွတ်လပ်စွာ မဲပေးပိုင်ခွင့် ရှိသော ဆန္ဒမဲပုံး ကို ရှေ့ချပြီးသကာလ....
လိုင်းကျရန် ငံ့လင့်လျှက်ရှိသော ကျပ် ၅၀၀၀ တန် ဖုန်းတစ်လုံး ခါးချိတ်၍ SAVE THE IRRAWADDY လှုံ့ဆော်ချက် စာတမ်းချိတ်ဆွဲထားသော အမျိုးသမီး သီးသန့်ယာဉ် ကို စီးလုံးငှားကာ လူ့ပြည်သို့ ဆင်းလာချေ၏




ကာတွန်း







ညီညီညာညာကိုင်ကြနော်။

သစ်တော်တွေလည်းကုန်ပီနော်...ရုကစိုးတွေလည်းဒီလိုနော်။