Tuesday, September 25, 2012

နေ့စဉ်မြေကြီးရွက်သယ်ပြီးပေးဆပ်နေရတာပန်ပမ်းလွန်းပါသားရယ်။
(ငါမြေ၊ငါပိုင်သည်ဟုသက်ရှိထင်ရှားစဉ်ကမြေကြီးလေးတပေ၊တလက်မအတွက်ပြန်လည်ပေးဆပ်နေရပုံလေး)
ဖြစ်ရပ်မှန်....................


ဤဇာတ်လမ်းသည် တကယ့်အဖြစ်အပျက် ဖြစ်သည်။
ကျောင်းကုန်းမြို့နယ် ဒေါင့်ကြီးကျေးရွာသည် စည်ကားသောရွာကြီးတရွာ ဖြစ်ပါသည်။
တိုက်နယ်ဆေးရုံ၊ အ-ထ-က ကျောင်း၊ စည်ကားစွာ ရောင်းဝယ်ဖောက်ကားနေသော ကုန်စုံဆိုင်၊ အထည်ဆိုင်၊ တိုက်တာ
ပေါများပြီး
အိမ်ကြီးအိမ်ကောင်းများနှင့် စည်ကားစွာ ရှိပါသည်။ ဒေါင့်ကြီးရွာတွင် မောင်ကံညိမ်းသည် ဇနီးနှင့် သားသမီးသုံးယောက်နှင့်နေထိုင်သည်။
သူ၏အမ ဒေါ်သိန်းသည် လွန်ခဲ့သော ၆-နှစ်ခန့်လောက်က ကွယ်လွန်ခဲ့ပါသည်။
တနေ့ ညဘက် မောင်ကံညိမ်း အိပ်ပျော်နေစဉ် ထူးဆန်းသော အိပ်မက်ကို မက်သည်။
အိပ်မက်ထဲတွင် အမေဖြစ်သူ ဒေါ်သိန်း မောကြီးပန်းကြီး ရောက်လာပါသည်။ သူ့မျက်နှာမှာ ပင်ပန်းနေပုံရသည်။
ခေါင်းပေါင်း ပေါင်းထားပြီး မြေသယ်ခြင်းတခုလည်း ကိုင်ထားပါသည်။
သူမခေါင်းပေါင်းပေါင်းထားသော တဘက်က သူမ သေဆုံးစဉ်က မျက်နှာအုပ်ထည့်ထားသော တဘက်ဖြစ်ပါသည်။
သား ထပါဦး၊ သားကို ပြောစရာရှိတယ်။
အမေလေ အမေသေတဲ့အချိန်ကစပြီး အခုအချိန်အထိ မြေတွေရွက်သယ်နေတာ တခါမှ မနားရပါဘူးသားရယ်။ ပင်ပန်းလှပါပြီ။
အမေလေ သားတို့ ငယ်ငယ်ကတည်းက အမေတို့ခြေရင်းဘက်က ဆရာဦးမောင်မြတို့ မြေကို အမေ့မြေဆိုပြီး ငြင်းယူခဲ့ပါတယ်။
မြေအကျယ် တတောင်လောက်ရှိပါတယ်။
ဆရာက ပထမတော့ သူ့မြေကြီး၊ ဒီမအူပင်လေးနဲ့ အမှတ်အသားလုပ်ထားတယ်လို့ ပြောသေးတယ်။
နောက်တော့လည်း မသိန်း စိတ်ချမ်းသာမယ်ဆို ယူပါလို့ပြောခဲ့တယ်။
အမေ မြေယူထားတာ အခု အနှစ် ၃၅-နှစ်လောက်ရှိပြီ။
အဲဒါကြောင့် သားက ဆရာတို့မြေကို ဆရာတို့ ပြန်ယူပါလို့ပြောပြီး အမေ့ကို အလှူတခုလုပ်ပြီး အမျှအတန်းပေးဝေပါ သားရယ်။
အိပ်မက်ကိုလည်း မယုံမကြည်မရှိပါနဲ့။ အမေ မှာတဲ့အတိုင်း ဆက်ဆက်လုပ်ပေးပါ။ အမေ တောင်းပန်ပါတယ်။
အမေလေ သားကို အိပ်မက်ပေးချင်လို့ အိမ်တွင်းနတ်တွေတောင်းပန်ပြီး အိပ်မက် ပေးရတာပါ။
အမေ သွားတော့မယ်နော် သား-ဟုပြောပြီး ထွက်သွားပါသည်။
ထွက်သွားသောအမေ့ကို ငေးကြည့်ရင်း လန့်နိုးသွားသည်။
မောင်ကံညိမ်းလည်း အိပ်မက်အရ အမေပြောသော ဆရာတို့လင်မယားထံသွားပြီး ဆရာရယ်-မအူပင်ဘေးက မြေက ဆရာတို့မြေဆို။
ကျွန်တော်တို့ဘက် တတောက်လောက်ပါတယ် မဟုတ်လား။ ဆရာတို့ပြန်ယူပါ-ဟု ပြောပါသည်။
ဆရာက-ဆရာ မယူပါဘူး သားရယ်။
မဟုတ်တာ ဆရာရယ်၊ ပြန်ယူပါ။ ဆရာ မယူလည်း ကျွန်တော် ပြန်ပေးရမှာပဲ-ဟုပြောပြီး
ဆရာ့ခြံစည်းရိုးကိုဖျက်၍ သူတို့ဘက်ပါသည့် မအူပင်မှစ၍ မောင်ကံညိမ်းကိုယ်တိုင် အတင်းကာပေး လိုက်ပါသည်။
ထို့နောက် အိမ်တွင် ဘုန်းကြီးသုံးပါးပင့် သင်္ကန်းကပ်၊ ဆွမ်းဆက်ကပ်၍ အမေအား အမျှအတန်း ပေးဝေလိုက်ပါသည်။
ထိုနေ့ည၌ မောင်ကံညိမ်း အိပ်မက်တွင် အမေနှင့်တွေ့ရသည်။
အမေသည် ပထမအိပ်မက်ထဲတွင် တွေ့ရသည့် မြေသယ်ခြင်းတောင်းနှင့် မဟုတ်တော့။
မောမောပန်းပန်းလည်း မဟုတ်တော့။ ၀တ်ကောင်းစားလှနှင့် ရွှင်ပျသောမျက်နှာနှင့် ဖြစ်သည်။
သူ့သားဖြစ်သူ၏ လက်ကလေးကိုကိုင်ကာ ကျေးဇူးတင်လိုက်တာ သားရယ်၊ အခု အမေ မြေမသယ်ရတော့ဘူး။
လွတ်လွတ်လပ်လပ် သွားလို့လာလို့ရနေပြီ သား။
ဒါကြောင့် အမေ သွားတော့မယ်နော်-ဟု ပြောဆိုကာ နှုတ်ဆက်၍ ထွက်ခွါသွားပါတော့သတည်း။

(ကာယကံရှင်၏ ခွင့်ပြုချက်ဖြင့် တင်ပြပါသည်)
ကြည်ရွှင်အေး (ကျောင်းကုန်း)
(မြတ်မင်္ဂလာ ၂၀၁၀-ခု ဇူလိုင်လ)

SARS ရောဂါကဲ့သို့ရောဂါပိုးသစ်တစ်မျိုးတွေ့ရှိ

Virus in same family as SARS discovered in UK


 အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါသစ်တစ်မျိုးကြောင့် ဆော်ဒီအာရေဗျနိုင်ငံတွင် လူတစ်ဦးသေဆုံးခဲ့ရကာ ဗြိတိန်နိုင်ငံတွင်လည်း နောက်ထပ်လူတစ်ဦးမှာ အရေးပေါ်အခြေအနေဖြင့် ကုသမှုခံနေရကြောင်းသိရသည်။ အဆိုပါရောဂါပိုးမှာ ကော်ရိုနာဗိုင်းရပ်စ် ပိုးတစ်မျိုးဖြစ်ကာ သာမန် အအေးမိရောဂါနှင့် SARS ရောဂါကဲ့သို့သောရောဂါများကိုဖြစ်စေသည့် ဗိုင်းရပ်စ်များနှင့် အုပ်စုတစ်ခုထဲတွင် ပါဝင်ကြောင်းလည်းသိရသည်။ SARSရောဂါပိုးမှာ လွန်ခဲ့သည့် ၂၀၀၃ ခုနှစ်က လူပေါင်း ၈၀၀ ကိုသေဆုံးစေခဲ့သည့် ရောဂါပိုးတစ်မျိုးလည်းဖြစ်သည်။ သို့ရာတွင် ယခုအသစ်တွေ့ရှိသည့်ရောဂါပိုးမှာ SARS ရောဂါကဲ့သို့ ကူးစက်ပျံ့နှံ့နိုင်မှုရှိ၊ မရှိဆိုသည့်အချက်နှင့် လူများစွာ သေဆုံးစေနိုင်ခြင်း ရှိ၊ မရှိမှာ သေချာစွာ မသိရသေးကြောင်းသိရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ အပြောအရ အဆိုပါ ဗိုင်းရပ်စ်မှာအစောပိုင်း အခြေအနေတွင်ရှိနေဆဲဖြစ်ကြောင်းပြောခဲ့ကာ ဆက်တိုက်ဖြစ်ပွားသည့် ဖြစ်ရပ်နှစ်ခုသာ ရှိနေပြီး သေချာစွာ စစ်ဆေးမှုပြုရန်အတွက် လိုအပ်နေသေးကြောင်းပြောကြားသွားခဲ့သည်။
 

 

ရေပိုင်နက်အငြင်းပွားမူ ဂျပန်နှင့်ထိုင်ဝမ် အပြန်အလှန်ပစ်ခတ်မူဖြစ်ပွား

 




 အငြင်းပွားမှုများ ဖြစ်ပေါ်နေရာ ရေပြင်သို့ ထိုင်ဝမ်လှေများ အုံနှင့်ကျင်းနှင့် ဝင်ရောက်လာပြီးနောက် ဂျပန်ကမ်းခြေစောင့် တပ်ဖွဲ့နှင့် အပြန်အလှန် ရေအမြောက်များဖြင့် ပစ်ခဲ့ကြောင်း သိရသည်။ ထိုင်ဝမ်ငါးဖမ်းလှေ (၄၀)ဝန်းကျင်သည် ကမ်းခြေစောင့်လှေများ ခြံရံကာ ဆန်ကာကူ ကျွန်းစုအနီးသို့ အင်္ဂါနေ့ နံနက်ပိုင်းက ဝင်ရောက်လာခဲ့သည်။ ဂျပန်တို့က မိမိတို့ ထိန်းချုပ်ထားသော ရေပိုင်နက်သို့ ဝင်ရောက်လာသည်ဟု အကြောင်းပြကာ ကမ်းခြေစောင့်လှေမှ ရေပက်သည့် အမြောက်များဖြင့် ငါးဖမ်းလှေများထံ လှမ်း၍ပက်ဖြန်းပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုင်ဝမ် ကမ်းခြေစောင့် တပ်များကလည်း ဖိအားမြင့်သည့် ရေပန်းများဖြင့် ဂျပန်တို့အား တုံ့ပြန် ပစ်ခတ်ခဲ့သည်။ ယခုကျွန်းပိုင်ဆိုင်မှု အငြင်းပွားခြင်းသည် ဂျပန်အတွက် ဒုတိယကမ္ဘာစစ် နောက်ပိုင်း အခက်ခဲဆုံး နိုင်ငံတကာ ပြဿနာတစ်ခု ဖြစ်လာပြီး ထိုင်ဝမ်အပြင် တရုတ်နှင့်ပါ ရင်ဆိုင်နေရသည်။

အယူသီးမှု နှင့် မေတ္တာတရား (အရှင်လတ်လတ်မြှုပ်နှံသင်္ဂြိုလ်ခြင်း)



ကျနော်တို့ ခေတ်သစ် ကမ္ဘာမှာ လူမှုကွန် ယက်နှင့် တကမ္ဘာ လုံး အတိုင်းအတာ လူသားအချင်းချင်း ချိတ်ဆက် စကားပြောနေချိန်မှာ အိန္ဒိယ နိုင်ငံတနေရာမှာတော့ ကလေးလေးတွေကို အရှင်လတ်လတ်မြှုပ်နှံသင်္ဂြိုလ်တဲ့ ဓလေ့ရှိနေပါသေးကြောင်း သတင်းတစ်ပုဒ် ဖတ်လိုက်ရချိန် စိတ်ထဲမှာ မသက်မသာ ခံစားလိုက်ရပါတယ်။ အသက် ခြောက်လမှ ဆယ်နှစ် အရွယ် ခလေးလေးတွေကို နေကြတ်ခြင်းကို ကုစားဖို့ ဆိုပြီး အရှင်လတ်လတ်မြှုပ်နှံသင်္ဂြိုလ်လိုက်ပါတယ်။ 


ခလေးမိဘတွေရဲ့ လက်ထဲက မျက်ရည်စက်လက်နဲ့ မျက်ရည်ခန်းသွားတဲ့အထိ သနားစရာ အဖြစ်လေးကို မိဘတွေက လွဲပြီး သနားသော အကြည့်နဲ့ ကြည့်နေသူပင် မရှိကြောင်း ဖတ်လိုက်ရချိန်မှာ လူသားအချင်းချင်းကြား ထားအပ်တဲ့ မေတ္တာတရားသည် အယူသီးမှု ၏ နောက်ကွယ်တွင် ကျန်နေနိုင်သလား ဆိုတာကိုပါ စဉ်းစားခဲ့ပါသေးတယ်။

 ဒီလို အဖြစ်ဟာ စာပေ ဗဟုသုတ ခေါင်းပါးခြင်းကြောင့် ဖြစ်တယ် ဆိုပြီးတော့လဲ မှတ်ချက်ပြုထားတာ တွေ့ရပါတယ်။ ဒီလိုဆိုရင် စာပေ၊ ဗဟုသုတ နှင့် မေတ္တာတရား ဆက်စပ်မှု ရှိနိုင်ပါသလား။ စာပေ ဗဟုသုတ ပေါကြွယ်ဝသော လူ့အသိုင်းအ၀န်းများတွင်လဲ မေတ္တာတရား ခေါင်းပါးခြင်းများ တွေ့နိုင်ပါသည်။

 သို့သော်.... မသိခြင်းထက် သိခြင်းသည် လူတွေကို ဆင်ခြင်းတုံတရား ပိုပေးနိုင်ကြောင်း ကိုတော့ သတိထားမိလိုက်ပါသည်။ အခုလိုအဖြစ်မျိုး ဆက်မဖြစ်ရလေအောင် လူ့အခွင့်အရေး လှုပ်ရှားသူများက အစဉ်တစိုက် သက်ဆိုင်ရာ အစိုးရ ကို ဥပဒေ နဲ့ အကာအကွယ်ပေးဖို့ ဆော်သြနေကြပါတယ်။ ဆက်ပြီး ခလေးလေးများ မေတ္တာတရားရဲ့ အရိပ်အာဝါသ အောက်မှာ ရှင်သန်နိုင်ပါစေ လို့ပဲ ဆုတောင်းနေမိပါတယ်။ အရေးအကြီးဆုံးက လူ့အသိုင်းအ၀န်းကြား မေတ္တာ ဂရုဏာတရား ထွန်းကားဖို့သာ ဖို့ပါ။

ရောင်စုံသကြား၊သကြားလုံးတွေနဲ့ဖန်တီးထားတဲအနုပညာ

ခရက်ဒစ်၊စိတ်ကူးပျော်ရာ၊ထူးဆန်း
ဧရာဝတီမြစ်တွင် ကသာမြို့၌ စိုးရိမ်ရေမှတ်ရောက်ရှိနိုင်ကြောင်း ထုတ်ပြန်


ဧရာဝတီမြစ်တွင် ကသာမြို့၌ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိပါသည်။
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းတာချက်အရ ဧရာဝတီမြစ်ရေသည် ကသာမြို့တွင် အဆိုပါမြို့၏ စိုးရိမ်ရေမှတ်အောက် ၄၅ စင်တီမီတာ(တစ်ပေခွဲခန့်)တွင် ရောက်ရှိနေကြောင်း၊ လာမည့် ၄၈ နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်ဖြစ်သော ၁၀၄၀ စင်တီမီတာသို့ ရောက်ရှိနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
၂၀၁၂ ဇွန်လ ၂၉ ရက်နေ့ကလည်း ဧရာဝတီမြစ်ရေသည် ကသာမြို့တွင် ၁၀၄၀ စင်တီမီတာသို့ ရောက်ရှိခဲ့သည်။
မြန်မာနိုင်ငံတွင် မြစ်ရေကြီးခြင်းကို သတိပြုရသည့်ကာလမှာ သုံးခုရှိပြီး မိုးဦးကာလ ဇွန်လ၊ မိုးလယ်ကာလ ဇူလိုင်လနှင့် သြဂုတ်၊ မိုးနှောင်းကာလ စက်တင်ဘာလတို့ ဖြစ်သည်။
မိုးဦးကာလ ဇွန်လကုန်ပိုင်းအတွင်း မြစ်အထက်ပိုင်းရှိ မြို့နယ်များ ဖြစ်သော မြစ်ကြီးနား၊ ဗန်းမော်၊ ကသာမြို့နယ်များတွင် စိုးရိမ်ရေမှတ်ဝန်းကျင်ရောက်ရှိခဲ့ကာ မိုးလယ်ကာလအတွင်းကလည်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် သံလွင်၊ စစ်တောင်းအပါအ၀င် မြစ်ငယ်များ၊ ချောင်းများတွင် ရေကြီးမှုများဖြစ်ပေါ်ခဲ့သည်။

အင်္ဂါဂြိုလ်ပေါ်က ကမ်းပါးတစ်ခုမှာ အီဂျစ်ပိရမစ်ရုပ်တုတွေ.ရ

ခရက်ဒစ်၊စိတ်ကူးပျော်ရာထူးဆန်း 


 
အီဂျစ်နိုင်ငံက ပိရမစ်ကြီးတွေဟာ ထူးဆန်းအံ့သြဖို့ကောင်းတဲ့ ရှေးခေတ်အဆောက်အဦး တွေပေါ့..။ ပိရမစ်ကြီးတွေ နဲ့ ပတ်သက်ပြီး အမြဲလိုပညာရှင်တွေအငြင်းပွားနေရပါတယ်..။ အထူးသဖြင့် မြေကြီးရဲ့ အပေါ်ပိုင်းကို အရင်တည်ဆောက်ပြီးမှ အောက်ခြေ under ground ကိုတည်ဆောက်တယ်..။ တချို့ကလည်း အောက်ခြေကိုတည်ဆောက်ပြီးမှ အပေါ်ပိုင်းကို တည်ဆောက်တယ်..။ တန်ချိန် နှစ်ရာဝန်းကျင်လေးတဲ့ ကျောက်တုံးတွေကို ပေ 400 ရောက်အောင် ၀န်ချီစက် အကူအညီမပါပဲ.. တင်ဖို့ဆိုတာမဖြစ်နိုင်ဘူး..။ နောက်ပြီး အဆောက်အဦးထဲက အလင်းဝင်ဖို့ ပြုလုပ်ထားခဲ့တဲ့ အပေါက်တွေဟာ ဂြိုလ်တွေနဲ့ ဆက်စပ်မှုရှိတယ်..။ ဒါကြောင့် လူသားတွေတည်ဆောက်ခဲ့တာမဖြစ်နိုင်ဘူး..။ တခြားဂြိုလ်က ဂြိုလ်သားတွေလာပြီး တည်ဆောက် ခဲ့တာ...စသဖြင့်အမျိုးမျိုးပြောဆိုနေကြဆဲပါ...။

အခုလဲ အင်္ဂါဂြိုလ်ပေါ်က ကမ်းပါးတစ်ခုမှာ အီဂျစ်ပိရမစ်ကြီးတွေမှာသာတွေ့ရတဲ့ ရုပ်တုကဲ့သို့ ပုံသဏ္ဍန်ကိုတွေ့ခဲ့ရတယ်လို့ အထောက်အထားတွေ နဲ့ ငြင်းခုံနေကြပြန်ပြီ...လေ..။ ဟုတ်တယ်.. မဟုတ်ဘူး..ဖြစ်နိုင်တယ်..မဖြစ်နိုင်ဘူး..ဆိုတာတောစာရေးသူတို့လဲ လက်လှမ်း မီနိုင်တာ မဟုတ်တော့ စိတ်ဝင်စားစရာ အဖြစ်နဲ့သာ သိထားကြတာပေါ့...။ အင်္ဂါဂြိုလ်ကပေးပို့လိုက်တဲ့ မူရင်းဓါတ်ပုံပါ http://pancam.astro.cornell.edu/pancam_instrument/images/Sol1167B_P2419_L257atc.jpg ..ဒါကတော့ ရိုက်တဲ့အချိန် နဲ့ နေရာကိုလိုက်ပြီး အဖြစ်နိုင်ဆုံးသော ပုံဖြစ်အောင် ကာလာပြန်ထည့် ထားတာပါ.. http://pancam.astro.cornell.edu/pancam_instrument/images/Sol1167B_P2419_L257F.jpg ..ဒီမှာကတော့ အီဂျစ်ပိရမစ်မှာတွေ့နေကျ ရုပ်ထု တွေရဲ့ပုံ နဲ့ video ပါ.. http://www.marsanomalies.com/egyptianstatue ..။ ဒီကိစ္စနဲ့ ပတ်သက်ပြီး post တစ်ခုမှာ comment ပါင်း 800 ၀န်းကျင်လောက် ၀င်ပြီးဖတ်ကြည့်တာနဲ့တင် မူးသလိုလိုတောင်ဖြစ်လာပါတယ်..။ ထုံးစံအတိုင်း ငြင်းကြ ပြောကြဆိုကြပေါ့...။ ဒါဟာလိမ်လည်မှုဖြစ်တယ်..။ ယုံနိုင်စရာမရှိဘူး..စသဖြင့်ပေါ့...။

အရင်တုန်းကလည်း လကမ္ဘာပေါ် လူတွေခြေချခဲ့တာ အမေရိကန်လူမျိုးတွေကလိမ်တာ..။ လပေါ်မှာရိုက်ခဲ့တဲ့ ဓါတ်ပုံတွေဟာ ယုတ္ထိမရှိဘူး..။ လပေါ်မှာ လေမရှိပဲ အမေရိကန်တွေ စိုက်ထားတဲ့ အလံဟာ လွှင့်နေတယ်... စသဖြင့်ပေါ့..ပုံ http://starchild.gsfc.nasa.gov/Images/StarChild/space_level2/apollo11_flag_big.gif ..။ ဒါပေမဲ့ လူသားတွေဟာ တကယ် လပေါ်ခြေချနိုင်ခဲ့တယ်ဆိုတာ ဟာတကယ်ပါပဲ..။ လပေါ်ဆင်းခဲ့ပြီး လမ်းလျှောက်ခဲ့တာကို video ကြည့်ချင်ရင်: http://www.universetoday.com/97046/watch-neil-armstrongs-first-steps-on-the-moon/ ဒါ့အပြင် မိုင်းပေါင်း သန်ပေါင်း ၃၅၀ ကွာဝေးတဲ့ အင်္ဂါဂြိုလ်ပေါ်ကိုလည်း ရှေ့ပြေးယာဉ်တွေကို အောင်မြင်စွာခြေချစေနိုင်ခဲ့ပြီလေ..
စာရေးသူတို့မြင်နေရတဲ့ ကောင်းကင်ဆိုတဲ့ လေဟာနယ်ကြီးထဲမှာလည်း အကာသစခန်းကြီး ဆိုတာကို တည်ဆောက်ထားပြီလေ...။ ဒါတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ ရာဝန်းကျင်က တစ်နေ့ ဒီလိုဖြစ်လာနိုင်တယ်လို့ ပြောရင် လူတွေက အရူးလို့ပြောကြမှာပဲလေ...။
 
Photo: အီဂျစ်နိုင်ငံက ပိရမစ်ကြီးတွေဟာ ထူးဆန်းအံ့သြဖို့ကောင်းတဲ့ ရှေးခေတ်အဆောက်အဦး တွေပေါ့..။ ပိရမစ်ကြီးတွေ နဲ့ ပတ်သက်ပြီး အမြဲလိုပညာရှင်တွေအငြင်းပွားနေရပါတယ်..။ အထူးသဖြင့် မြေကြီးရဲ့ အပေါ်ပိုင်းကို အရင်တည်ဆောက်ပြီးမှ အောက်ခြေ under ground ကိုတည်ဆောက်တယ်..။ တချို့ကလည်း အောက်ခြေကိုတည်ဆောက်ပြီးမှ အပေါ်ပိုင်းကို တည်ဆောက်တယ်..။ တန်ချိန် နှစ်ရာဝန်းကျင်လေးတဲ့ ကျောက်တုံးတွေကို ပေ 400 ရောက်အောင် ၀န်ချီစက် အကူအညီမပါပဲ.. တင်ဖို့ဆိုတာမဖြစ်နိုင်ဘူး..။ နောက်ပြီး အဆောက်အဦးထဲက အလင်းဝင်ဖို့ ပြုလုပ်ထားခဲ့တဲ့ အပေါက်တွေဟာ ဂြိုလ်တွေနဲ့ ဆက်စပ်မှုရှိတယ်..။ ဒါကြောင့် လူသားတွေတည်ဆောက်ခဲ့တာမဖြစ်နိုင်ဘူး..။ တခြားဂြိုလ်က ဂြိုလ်သားတွေလာပြီး တည်ဆောက် ခဲ့တာ...စသဖြင့်အမျိုးမျိုးပြောဆိုနေကြဆဲပါ...။ အခုလဲ အင်္ဂါဂြိုလ်ပေါ်က ကမ်းပါးတစ်ခုမှာ အီဂျစ်ပိရမစ်ကြီးတွေမှာသာတွေ့ရတဲ့ ရုပ်တုကဲ့သို့ ပုံသဏ္ဍန်ကိုတွေ့ခဲ့ရတယ်လို့ အထောက်အထားတွေ နဲ့ ငြင်းခုံနေကြပြန်ပြီ...လေ..။ ဟုတ်တယ်.. မဟုတ်ဘူး..ဖြစ်နိုင်တယ်..မဖြစ်နိုင်ဘူး..ဆိုတာတော့ ကျနော်တို့လဲ လက်လှမ်း မီနိုင်တာ မဟုတ်တော့ စိတ်ဝင်စားစရာ အဖြစ်နဲ့သာ သိထားကြတာပေါ့...။ အင်္ဂါဂြိုလ်ကပေးပို့လိုက်တဲ့ မူရင်းဓါတ်ပုံပါ <a href=http://pancam.astro.cornell.edu/pancam_instrument/images/Sol1167B_P2419_L257atc.jpg ..ဒါကတော့ ရိုက်တဲ့အချိန် နဲ့ နေရာကိုလိုက်ပြီး အဖြစ်နိုင်ဆုံးသော ပုံဖြစ်အောင် ကာလာပြန်ထည့် ထားတာပါ.. http://pancam.astro.cornell.edu/pancam_instrument/images/Sol1167B_P... ..ဒီမှာကတော့ အီဂျစ်ပိရမစ်မှာတွေ့နေကျ ရုပ်ထု တွေရဲ့ပုံ နဲ့ video ပါ.. http://www.marsanomalies.com/egyptianstatue ..။ ဒီကိစ္စနဲ့ ပတ်သက်ပြီး post တစ်ခုမှာကော့မင့်ပေါင်း 800 ၀န်းကျင်လောက် ၀င်ပြီးဖတ်ကြည့်တာနဲ့တင် မူးသလိုလိုတောင်ဖြစ်လာပါတယ်..။ ထုံးစံအတိုင်း ငြင်းကြ ပြောကြဆိုကြပေါ့...။ ဒါဟာလိမ်လည်မှုဖြစ်တယ်..။ ယုံနိုင်စရာမရှိဘူး..စသဖြင့်ပေါ့...။ အရင်တုန်းကလည်း လကမ္ဘာပေါ် လူတွေခြေချခဲ့တာ အမေရိကန်လူမျိုးတွေကလိမ်တာ..။ လပေါ်မှာရိုက်ခဲ့တဲ့ ဓါတ်ပုံတွေဟာ ယုတ္ထိမရှိဘူး..။ လပေါ်မှာ လေမရှိပဲ အမေရိကန်တွေ စိုက်ထားတဲ့ အလံဟာ လွှင့်နေတယ်... စသဖြင့်ပေါ့..ပုံ http://starchild.gsfc.nasa.gov/Images/StarChild/space_level2/apollo... ..။ ဒါပေမဲ့ လူသားတွေဟာ တကယ် လပေါ်ခြေချနိုင်ခဲ့တယ်ဆိုတာ ဟာတကယ်ပါပဲ..။ လပေါ်ဆင်းခဲ့ပြီး လမ်းလျှောက်ခဲ့တာကို video ကြည့်ချင်ရင်: http://www.universetoday.com/97046/watch-neil-armstrongs-first-step... ဒါ့အပြင် မိုင်းပေါင်း သန်ပေါင်း ၃၅၀ ကွာဝေးတဲ့ အင်္ဂါဂြိုလ်ပေါ်ကိုလည်း ရှေ့ပြေးယာဉ်တွေကို အောင်မြင်စွာခြေချစေနိုင်ခဲ့ပြီလေ..။ ကျနော်တို့မြင်နေရတဲ့ ကောင်းကင်ဆိုတဲ့ လေဟာနယ်ကြီးထဲမှာလည်း အကာသစခန်းကြီး ဆိုတာကို တည်ဆောက်ထားပြီလေ...။ ဒါတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ ရာဝန်းကျင်က တစ်နေ့ ဒီလိုဖြစ်လာနိုင်တယ်လို့ ပြောရင် လူတွေက အရူးလို့ပြောကြမှာပဲလေ...။ ကျနော်ထင်ပါတယ်..ကျနော်တို့လူသားတွေဟာ နေရာတိုင်းမှာစပ်စုချင်တဲ့စိတ်..စွန့်စားချင်တဲ့စိတ်..နေရာသစ်ရှာဖွေချင်တဲ့စိတ်... နေရာတိုင်းကိုစိုးမိုးချင်တဲ့စိတ်..စတာတွေကြောင့်များ ကမ္ဘာမှာ တခြားသော သတ္တ၀ါတွေ မျိုးသုန်းပျောက်ကွယ်သွားပေမဲ့... မကြာမီ ပျောက်ကွယ် သွားကြတော့မယ့် ဘေးကရင်ဆိုင်နေရတဲ့အထဲမှာ လူသားဆိုတဲ့ သတ္တ၀ါ မပါသေးတာလား..။ ဟုတ်တယ်လေ လူသားတွေ မျိုးသုန်းပျောက်ကွယ်သွားဖို့ ဆိုတာ လူသားအချင်းချင်း ကသာပြုလုပ်နိုင်မယ်လို့ ထင်မိပါတယ်လေ..။" width="403" height="403" />
 

တောင်ကိုရီးယားနိုင်ငံ၌ ဆောက်လုပ်ဆဲ တံတားတစ်စင်းပြိုကျ နှစ်ဦးသေဆုံး ၁၂ ဦးဒဏ်ရာရ

 248831-01-02.jpg.crop_display.jpg

စစ်သွေးကြွခေါင်းဆောင် နှစ်ယောက်ကိုဖယ်ရှား




BBC News, 25 September 2012 

  လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့က အင်အား အကြီးမားဆုံး စစ်သွေးကြွ အဖွဲ့က ခေါင်းဆောင် နှစ်ယောက် ကို စစ်တပ်က ဖယ်ရှားလိုက်ပါပြီ။
ဒါဟာ လက်နက်ကိုင် အဖွဲ့တွေကို ထိန်းချုပ် ကာကွယ်ဖို့ ဒါမှမဟုတ် ဖျက်သိမ်း ပစ်ဖို့ ကြိုးပမ်း ဆောင်
ရွက်တာ ဖြစ်ပါတယ်။

အဲဒီ စစ်သွေးကြွ ခေါင်းဆောင် နှစ်ယောက်ရဲ့ နေရာမှာ စစ်တပ်က ဗိုလ်မှူးကြီး နှစ်ယောက်ကို အစားထိုး ခန့်ထားခဲ့ပါတယ်။

တနေ့တုန်းကတော့ လက်နက်ကိုင် အဖွဲ့တွေ စစ်သွေးကြွတွေ အနေနဲ့ နိုင်ငံပိုင် အဆောက်အဦ
 တွေကနေ လေးဆယ့် ရှစ်နာရီ အတွင်း ဖယ်ပေးဖို့ စစ်တပ်က ရာဇသံ ထုတ်ခဲ့တာ ဖြစ်ပါတယ်။

အခုလ အစောပိုင်းတုန်းက အမေရိကန် သံအမတ် အသတ်ခံရပြီးတဲ့နောက် ဘန်ဂါဇီမြို့မှာ လက်နက်ကိုင် စစ်သွေးကြွ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် ဒီအရေးယူ ဆောင်ရွက်ချက်တွေ ပေါ်ပေါက် လာတာ ဖြစ်ပါတယ်။

နိုင်ငံရေး အရှုပ်တော်ပုံကြောင့် တရုတ် ရဲချုပ်ဟောင်း ထောင် ၁၅နှစ်ကျ




VOA News, 24 September 2012

 တရုတ်နိုင်ငံက ရဲချုပ်ဟောင်းတဦးကို တရားရုံးကနေ ထောင်ဒဏ် ၁၅ နှစ် ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ နိုင်ငံရေးအရှုပ်တော်ပုံ တခု ပေါ်ပေါက်ခဲ့ပြီး ထိပ်တန်းနိုင်ငံရေးသများ Bo Xilai ရာထူးကနေ ဖယ်ရှားခံလိုက်ရပြီးတဲ့နောက် အဲဒီဖြစ်ရပ်တွေနဲ့ ဆက်စပ် နေတဲ့ ထိပ်တန်းရဲအရာရှိဟောင်းကို အခုလို ပြစ်ဒဏ်ချမှတ်လိုက်တာပါ။

ရဲချုပ်ဟောင်း Wang Lijun အပေါ် တခြားနိုင်ငံတခုမှာ ခိုလှုံမှု၊ အာဏာအလွဲသုံးစားလုပ်မှု၊ လာဘ်စားမှု၊ ကိုယ်ကျိုးအတွက် ဥပဒေကို အသုံးချမှုတွေအတွက် အပြစ်ရှိတယ်ဆိုပြီး စီရင်ခဲ့တယ်လို့ ဆင်ဟွာက ဖော်ပြပါတယ်။
Wang ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ချန်ဒူးမြို့က အမေရိကန် ကောင်စစ်ဝန်ရုံးထဲ ထွက်ပြေး ခိုလှုံခဲ့ပါတယ်။ Bo Xilai ရဲ့ ဇနီး ဖြစ်သူ Gu Kailai ဟာ စီးပွားရေးကိစ္စ အငြင်းပွားတာကြောင့် ဗြိတိသျှစီးပွားရေးသမားတဦးကို သတ်ပစ်ခဲ့တယ်လို့ ကောင်စစ်ဝန်ရုံးမှာ Wang က အမေရိကန်သံတမန်တွေကို ပြောခဲ့တာပါ။ Gu Kailai ကို မကြာသေးခင်ကပဲ ဆိုင်းငံ့သေဒဏ် အပြစ်ပေးထားပြီး Bo Xilai ကိုတော့ ရာထူးကနေ ဖယ်ရှားခဲ့ပါတယ်။

ပြင်ပသတင်းမီဒီယာတွေ ၀င်ခွင့်မပြုဘဲ တင်းတင်းကျပ်ကျပ်နဲ့ စီစဉ်ခဲ့တဲ့ နှစ်ရက်ကြာ တရားစစ်ဆေးမှုအတွင်းမှာ Wang က သူ့ အပေါ်စွဲချက်တွေကို မငြင်းခဲ့ဘူးလို့ ဆင်ဟွာက ပြောပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

အကြမ်းဖက်သမား ဖယ်ရှားဖို့ စီစဉ်




VOA News, 24 September 2012  ----  ဒီမိုကရေစီစနစ် တိုးတက်လာရေးကို နည်းအမျိုးမျိုးနဲ့ တားဆီးနှောင့်ယှက်နေတဲ့  မြောက်ကို ရီးယားနဲ့ အရှေ့အလယ်ပိုင်းလို ဒေသတွေက အစွန်းရောက်သမားတွေကို တကမ္ဘာလုံးက ညီညီညွတ်ညွတ်လက်တွဲပြီး ဆန့်ကျင်ကြဖို့ လိုအပ်တယ် လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ပြောဆိုလိုက်ပါတယ်၊ အမေရိကန်နိုင်ငံ New York မြို့ မှာ ရှိတဲ့ နိုင်ငံခြားရေး Clinton ရဲ့ ခင်ပွန်း သမ္မတဟောင်း Bill Clinton ရဲ့ ကမ္ဘာလုံးဆိုင်ရာ ရှေ့ဆောင် ဦးရွက်ရေး Clinton Global Initiative  အဖွဲ့ ကြီး က ဦးစီးကျင်းပတဲ့နှစ်ပါတ်လည် နိင်ငံတကာ ဆွေးနွေးပွဲ မှာ သူမက ခုလိုပြောသွားတာဖြစ်ပါတယ်။

Democracy  ဆန့်ကျင်ရေးအစွန်းရောက်အင်အားစု တွေကို ဆန့်ကျင် သွားဖို့ ကျွန်မတို့ အားလုံး တညီတညွတ်ထဲ ရပ်တည် ရင် ဆိုင် သွားကြဖို့ လိုပါတယ်။ မြောက်ကို ရီးယားနဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ ဒီမိုကရေစီအသွင် ကူး ပြောင်းရေး ဆက်လက်ဖြစ်ပေါ်စေဖို့ ၀ိုင်းပြီး ထောက်ခံ အားပေးကြရပါလိမ့်မယ် လို့ ၀န်ကြီး Clinton က ပြောဆိုသွားပါတယ်။ 

အကြမ်းဖက် တိုက်ခိုက်မှု တွေကို ဆန့်ကျင်ရင်ဆိုင်ရာမှာ ကမ္ဘာ့ နိုင်ငံတွေကခေါင်းဆောင်တွေအားလုံး ညီညွတ်ကြဖို့ သိပ်ကိုအရေးကြီး ပါတယ်၊ ဘာလို့လဲဆိုတော့ ကမ္ဘာတလွှားက အစွန်းရောက်သမားတွေဟာ ကျွန်မတို့ အားလုံးအကွဲကွဲအပြားပြားနဲ့ ညီညွတ်မှု မရှိအောင် ကြိုးစားအားထုတ်နေကြလို့ပါဘဲလို့ သူမကသတိပေးပြောဆိုသွားပါတယ်။

တရားမျှတမှု ကင်းမဲ့တဲ့ လုပ်ရပ်တွေကို အားပေးတဲ့ အစိုးရနဲ့ အဖွဲ့အစည်းကြီးတွေရှိနေတဲ့ နိုင်ငံတွေထက် ကိုယ့်နိုင်ငံ စီးပွားရေးတိုးတက်ဖို့ ၊ အစိုးရနဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်း ကြီးတွေ ကောင်းမွန်ဖွံ့ဖြိုးလာဖို့ အဓိကထားလုပ်ဆောင်နေတဲ့ နိုင်ငံ တွေက နိုင်ငံတကာ အသိုင်းအ၀န်းမှာ ရှေ့ ကို တိုးတက် ရောက်ရှိလာတယ် လို့လဲ ၀န်ကြီးClinton ကပြောဆိုသွားပါတယ်။

ဒီမိုကရေစီရေးတိုးတက်အောင်လုပ်ဆောင်မှု တွေဟာ ကမ္ဘာတလွှား ကျယ်ကျယ်ပြန့်ပြန့် ထွန်းကားနေပြီး နှစ်ပေါင်းများစွာ အာဏာရှင်တွေအောက်မှာ ဖိနှိပ်ခံခဲ့ရတဲ့ နိုင်ငံတွေအတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ အခွင့်အလမ်းတွေဖန်တီးခွင့်ရနေပါပြီလို့ သူမကပြောဆိုပါတယ်။

ဒါပေမဲ့ အပြောင်းအလဲနဲ့ ရင်ဆိုင်နေရတဲ့ တိုင်းပြည်တွေအနေနဲ့ သူတို့ စိတ်ကူးမြှော်မှန်းထားတဲ့ အကောင်းဆုံးဒီမိုကရေစီရေး နမူနာတွေကို တကယ်အလုပ်ဖြစ်တဲ့ အစိုးရ တွေနဲ့ ကြွယ်ဝချမ်းသာတဲ့ နိုင်ငံ့စီးပွားရေးတွေဖြစ်လာဖို့ ဘယ်လိုအကောင်းဆုံး အကောင်အထည်ဖော် သွားနိုင်မလဲဆိုတာကို ဆုံးဖြတ်ကြဖို့ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

နှစ်ပါတ်လည် ကုလသမဂ္ဂအထွေထွေညီလာခံကြီးကို တက်ရောက်ဖို့ နိုင်ငံအသီးသီးက နိုင်ငံ့ခေါင်းဆောင်တွေ အမေရိကန်နိုင်ငံကို ရောက်လာကြချိန်မှာ သူတိုနဲ့ တွေ့ဆုံပြီး အစည်းအဝေးတက်ဖို့ အတွက်အစည်း အဝေး ကျင်းပမဲ့ New York မြို့တော် ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Clinton ရောက်ရှိနေတာဖြစ်ပါတယ်။

လာမဲ့ ရက်တွေထဲ မှာနိုင်ငံတကာ ခေါင်းဆော်င်တွေမိန့်ခွန်းပြောဆိုကြဖို့ ရှိပြီး အမေရိကန်သမ္မတ Barack Obama ကတော့ လာမဲ့ အင်္ဂါနေ့မှာ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်း ပြော ဆို မှာ ဖြစ်ပါတယ်။  အထွေထွေညီလာခံ ကြီးစပြီးကျင်းပတာနဲ့တပြိုင်နက် ဆီးရီးယားအရေးကတော့  နိုင်ငံတကာ ခေါင်းဆောင်တွေရဲ့  ဆွေးနွေးပြောဆိုမှု တွေထဲမှာ ထိပ်ဆုံးက ပါဝင်လာလိမ့်မယ်လို့ အတွင်းရေးမှုးချုပ် Ban Ki Moon ကပြောဆိုခဲ့ပါတယ်။

သမ္မတ Obama ဒီနှစ်ပြောမဲ့မိန့်ခွန်းမှာ အရှေ့အလယ်ပိုင်းဒေသက အပြောင်းအလဲတွေအကြောင်း အဓိကထားပြောဆိုဖို့ရှိပါတယ်။  အမေရိကန်ပြည်ထောင်စုက လူပုဂ္ဂိုလ်တယောက် ရိုက်ကူးတဲ့ အစ္စလာမ် ဆန့်ကျင်ရေးဗီဒီယို ကြောင့် မူဆလင် ကမ္ဘာမှာ ဖြစ်နေတဲ့ အကြမ်းဖက်ဆန္ဒပြမှုတွေနဲ့ ပါတ်သက်ပြီးပြောဆိုမယ်လို့ သိရပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

ဂျိန်းစ်ဘွန်းမင်းသား ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဖို့ မြန်မာနိုင်ငံလာမည်






Freedom News Group, 25 September 2012   တတိယ မြောက် ဂျိမ်းဘွန်း သရုပ်ဆောင် ဖြစ်သူ အသက် ၈၄ နှစ် အရွယ် ရှိ မင်းသား ကြီး ဆာရော်ဂျာ မိုးသည် သူ၏ အပန်း ဖြေ အားလပ် ရက် ခရီးစဉ် 
အတွက် မြန်မာ နိုင်ငံ ကို ရွေးချယ် ထားပြီး သူ လေးစား အားကျ သည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်
 ဒေါ်အောင်ဆန်းစုကြည် နှင့်လည်းတွေ့ ဆုံ မည် ဟု တယ်လီဂရဖ် သတင်း စာကို ယနေ့   ပြောကြား
လိုက်သည်။

ဆာဘွဲ့ရ ကမ္ဘာကျော်ဂျိမ်းစ်ဘွန်းကြီးရော်ဂျာမိုးသည် မကြာမှီကာလအတွင်းက ကမ္ဘာလှည့်ခရီးသွား
လာရောက်လည်ပါရန်တံခါးဖွင့်ခဲ့သော မြန်မာပြည်ကို သွားရန်စီမံကိန်းရှိကြောင်းကို Nick McGrath
ရဲ့ တယ်လီဂရပ်သတင်းဌာနရဲ့ ခရီးသွားဏ္ဍ တွေ့ဆုံမေးမြန်းခန်း တွင် ပြောကြားခဲ့ ခြင်း ဖြစ်သည်။

ရော်ဂျာမိုးသည် အသက် ၄၅ နှစ် မှ အသက် ၅၈ နှစ် အထိ ၁၂ နှစ် တိုင် အီယန် ဖလဲမင်း ၏ ၀တ္ထု ဖြစ်
သည့် ဂျိမ်း(စ)ဘွန်း ဇာတ်ကား များ တွင် သရုပ်ဆောင်ခဲ့ သည်။

Nick McGrath က မင်းသားကြီးအား အားလပ်ရက်မှာ ဘယ်နိုင်ငံကို သွားလည်ဖို့ဆန္ဒရှိပါသလည်း
ဟုမေးမြန်းခဲ့ရာ……………ဆာဘွဲ့ရမင်းသားကြီးက…………… ကျနော်ပြီးခဲ့တဲ့ ဇွန်လ ကအင်္ဂလန်နိုင်
ငံကို ရက်တိုခရီးတခုသွားခဲ့ပါတယ်။ ခရီးစဉ်အတွင်းမှာဘဲ အိုင်ယာလန်နိုင်ငံ ဒပ်ဗလင်မြို့ကိုရောက်ရှိ
လာတဲ့ မြန်မာဒီမိုကရေစီဒေါ်အောင်ဆန်းစုကြည်အားသွားရောက်တွေ့ဆုံခဲ့ရတာဟာလွန်စွာဝမ်းသာ
အားရဂုဏ်ယူမိပြီး မြန်မာနိုင်ငံကိုလည်းသွားရောက်လည်ပါစူးစမ်းဖို့ ရည်ရွယ်ထားပါတယ် ဟုဖြေကြားခဲ့သည်။

ရော်ဂျာမိုးသည် ကုလ သမဂ္ဂ ကလေးများ ရံပုံငွေ နှင့် အခြား လူသား အကျိုး ပြု လုပ်ငန်း များ တွင် လည်း
ပါဝင်ဆောင်ရွက် ခဲ့ သည်။

Live and Let Die, The Man With Golden Gun,The Spy Who loved Me, For Your Eyes Only,
Octopussy, A View to A Kill ဇာတ်ကား များ တွင် ရော်ဂျာ မိုး သရုပ်ဆောင်ခဲ့ သည်။
This Story is written by Aung Pan additional contributed and edited by FNG