Sunday, September 30, 2012

"တကုတင်ပြောင်း.....ဒုက္ခကောင်းကောင်းရောက်"

   ကျွန်တော်အခုပြောမယ့်အကြောင်းအရာလေးက မြန်မာနိုင်ငံမှာဖြစ်ခဲ့တာတော့ မဟုတ်ပါဘူး။ ကျွန်တော်အခုအလုပ်လုပ်နေတဲ့မလေးရှားနိုင်ငံမှာဖြစ်ခဲ့တာပါ။ အခုလည်းအဲ့ဒီ့မှာအလုပ်လုပ်နေဆဲပါပဲ။
 
   ကျွန်တော် ဒီမလေးရှားကိုလာအလုပ်နေတာ၃နှစ်ကျော်ပါပြီ။ ရောက်ခါစကစပြီး အခုအချိန်ထိ ပျော်ပျော်ရွှင်ရွှင်ပဲနေပါတယ်။ ကျွန်တော်တို့စက်ရုံမှာ မြန်မာလူမျိုးက၂၂ယောက်ရှိပါတယ်။ အားလုံးစည်းစည်းလုံးလုံးနဲ့ နေလာခဲ့ကြတာပါ။ နေတာကလည်း စက်ရုံထဲမှာပဲ သူဋ္ဌေးက အဆောင်လုပ်ပေးထားတယ်လေ။ အဲ့မှာပဲစုနေကြတာပေါ့။ များသောအားဖြင့် ကျွန်တော်တို့က အဆောင်တံခါးကိုပိတ်အိပ်လေ့မရှိပါဘူး။ အမြဲဖွင့်ထားတတ်ပါတယ်။ 

စက်ရုံမိန်းတံခါးတော့ပိတ်ထားတာပေါ့ဗျာ။ အဲ့ဒါတစ်နေ့ရောက်တော့...
အတူတူနေတဲ့ ပအိုစ့်လူမျိုး ခွန်မောင်ဗီး(နာမည်အရင်းမဟုတ်ပါ) ကောက်ခါငင်ကာထငိုပါတော့တယ်။ ည၁၂နာရီထိုးလို့ အားလုံးအိပ်နေကြတဲ့အချိန်ကြီးမှာပါ။ အဲ့ဒါနဲ့ကျွန်တော်တို့လည်းသွားမေးတာပေါ့။
"ဟေ့ကောင်ဘာဖြစ်တာလဲဟ"လို့ မေးတာပြန်မဖြေနိုင်သေးဘူး။ ရှိုက်ကြီးတငင်ကိုငိုနေတော့တာ။ ပြီးတော့မှပြောပြတယ်။"ခုနကအဆောင်ပေါ်ကိုလူ့တစ်ရပ်လောက်ရှိတဲ့ခွေးနက်ကြီးတက်လာပြီး လမ်းလျှောက်နေတာကို သူကုတင်ပေါ်ကနေတွေ့လိုက်တယ်တဲ့။ 

သူ့ခမျာအဲ့ခွေးကြီးကိုတွေ့ပြီးအသံတောင်မထွက်ရဲဘူးတဲ့။ အခုသူ့ဟာသူ အဆောင်အောက်ပြန်ဆင်းသွားတော့မှကြောက်စိတ်လွန်ပြီးငိုမိတာတဲ့။ ကျွန်တော်တို့ကလည်းပြန်ပြောတာပေါ့။ မဟုတ်ပါဘူးကွာ။ 

 အဆောင်တံခါးမပိတ်ထားလို့ခွေးတိုးပေါက်ကနေခွေးတွေစက်ရုံထဲဝင်လာပြီးအဆောင်ပေါ်တက်လာတာနေမယ်။ မင်းအိပ်ချင်မူးတူးနဲ့အမြင်မှားတာပါကွာ ဆိုလည်းမရဘူး။ အတင်းဟုတ်တယ်ပဲပြောပြီး ငိုနေတော့တာပဲ။ အဲ့ဒါနဲ့ကုတင်၂လုံးပူးပြီး သူ့အနားမှာတစ်ယောက်သွားအိပ်ပေးလိုက်ရတယ်။

  အဲ့ပြဿနာက ဒီမှာတင်မပြီးဘူး။နောက်၂ရက်လောက်ကြာတော့နောက်တစ်ခေါက်ထပ်ဖြစ်သေးတယ်။ ဒီတစ်ခါကပိုဆိုးတယ်။မြန်မာ၂၂ယောက်ထဲက တစ်ဦးတည်းသော ချင်းလူမျိုးထန်ပီးဆိုတဲ့ကောင်ကိုလည်ပင်းတက်ညှစ်လို့တဲ့။ဝူးဝါးနဲ့အော်နေတာနဲ့အားလုံးနိုးလာကြရော။ အရက်မူးပြီးအော်ဟစ်နေတယ်မှတ်နေတာ။ မဟုတ်ဘူးဗျို့။ 

သူတစ်ယာက်တည်းကုတင်ပေါ်မှာလူးလိမ့်နေတာပဲ။ အဲ့ဒါနဲခေါင့်းဆောင်တစ်ယောက်က သူမြန်မာပြည်ကနေပါလာတဲ့ ပုတီးကိုရေစိမ်ပြီးတောက်လိုက်မှငြိမ်ကျသွားတယ်။တအောင့်လောက်ကြာတော့ သူကောင်းကောင်းသတိပြန်ရလာလို့မေးကြည့်တော့ အိမ်မက်ထဲမှာလိုလို၊ အပြင်မှာတကယ်လိုလိုနဲ့ သူ့ဆီကို ကုလားမတစ်ယောက်ရောက်လာတယ်တဲ့။ သူ့ကိုကုလားလိုတွေလာပြောနေတာ သူကကုလားစကားမတတ်တော့ သူပြောတတ်တဲ့ မလေးရှားစကားနဲ့ဘာဖြစ်လို့လဲ။

 ဘာကိစ္စရှိလို့လဲလို့မေးကာရှိသေးတယ်။ ကုတင်ပေါ်တက် လည်ပင်းညှစ်တော့တာပဲတဲ့။ ကုလားမကဆာရီခြုံထားပြီး လူကောင်ကသေးသေးလေးပါ။ အဲ့ဒါကိုသူအားကုန်ရုန်းတာဘယ်လိုမှမရဘူးတဲ့။နောက်ဆုံး မခံနိုင်တော့လို့ အော်ဟစ်လိုက်တဲ့အချိန်မင်းတို့ရောက်လာတာပဲ။ မင်းတို့ဘာလုပ်လိုက်လဲတော့မသိဘူး။ အဲ့ဒီ့ကုလားမပြတင်းပေါက်ကနေအောက်ကို အသံကုန်အော်ပြီးခုန်ချသွားတယ်လို့ပြောပါသည်။

ဒါကမလေးရှားမှာအခြောက်ခံခဲ့ရတဲ့သူငယ်ချင်းတွေရဲ့အဖြစ်အပျက်လေးပါ။

ဒီတစ်ခါကျွန်တော်ကိုယ်တိုင်ကြုံခဲ့ရတဲ့အဖြစ်အပျက်လေးကိုပြောပြပါရစေ။

   ကျွန်တော်တို့အလုပ်လုပ်နေတဲ့စက်ရုံထဲမှာဖြစ်တာပါ။ ကျွန်တော်တို့စက်ရုံမှာအလုပ်လုပ်နေတဲ့ အလုပ်သမားတွေအားလုံးအတွက် သူဋ္ဌေးက စက်ရုံဝင်းထဲမှာတင် အဆောင်ဆောက်ပေးထားပါတယ်။ ဒီနိုင်ငံသားတွေကလွဲလို့ ကျန်တဲ့နိုင်ငံခြားသား အလုပ်သမားတွေက စက်ရုံထဲကအဆောင်မှာပဲနေပါတယ်။ပြဿနာကလည်း အဲ့ဒီ့အဆောင်မှာပဲစတာပါပဲ။

အရင်က ကျွန်တော်တို့စက်ရုံမှာ အလုပ်၎နှစ်လုပ်ပြီးမြန်မာနိုင်ငံကိုပြန်သွားတဲ့ အစ်ကိုကြီးတစ်ယောက်ရှိပါတယ်။နောက်တော့ သူမလေးရှားကိုပြန်တက်လာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့စက်ရုံကိုတော့မဟုတ်တော့ပါဘူး။ တစ်ခြားစက်ရုံတစ်ရုံကိုပါ။ သူ့ရဲ့စက်ရုံနဲ့ ကျွန်တော်တို့စက်ရုံကလည်းဝေးတယ်ဗျ။ ကားစီးရင်၂နာရီလောက်စီးရတယ်။ တစ်နေ့ကျတော့ အဲ့ဒီ့အစ်ကိုကြီး သူ့အိပ်ရာထဲမှာသေတယ် သတင်းကြားပါလေရော။သေပုံကလည်း ကြည့်ဦး။ ဒီမှာတော့ခိုင်နီးလို့ခေါ်တဲ့ ပါးစပ်ထဲမှာထည့်ငုံထားရတဲ့ဆေးလေးကိုသိကြမယ်ထင်ပါတယ်။ တစ်ချို့ကနှုတ်ခမ်းထဲမှာ ထည့်ငုံကြတယ်လေ။ အဲ့ဒီ့ငုံတဲ့ဆေးကို အိပ်ခါနီးငုံထားတယ်တဲ့လေ။ 

အဲ့ဒါအိပ်ပျော်သွားတော့ အဲ့ဒီ့ဆေးနင်ပြီးသေတာတဲ့။ သူ့အသုဘတောင်ကျွန်တော်တို့သွားလိုက်ရသေးတယ်။သေပြီးခြောက်တော့လည်း သူ့စက်ရုံမှာသူခြောက်ပါလား။ အရင်အလုပ်လုပ်ခဲ့တဲ့ ကျွန်တော်တို့စက်ရုံမှာလာခြောက်တာ။ အရင်ကသူအိပ်ခဲ့တဲ့ကုတင်ရှိတယ်လေ။ သူကမြန်မာနိုင်ငံကိုပြန်သွားတဲ့အချိန်တုန်းက အဲ့ကုတင်လေးက အားသွားတာပေါ့။ အဲ့နေရာလေးကပြတင်းပေါက်နဲ့နီးတော့ အလင်းရောင်ကောင်းကောင်းရတယ်လေ။ ကျွန်တော်ကလည်း စာဖတ်ဝါသနာပါတဲ့လူဆိုတော့ အဲ့ကုတင်လေးမှာပြောင်းနေလိုက်တယ်။ 

သူဒီမလေးရှားကနေပြန်သွားတဲ့နေ့ကစပြီး သူဒီကိုပြန်ရောက်လို့သေပြီးသည့်အထိဆိုပါတော့ဗျာ။သေချင်တဲ့ကျား ကုတင်ပြောင်းလို့ပဲဆိုမလားတော့မသိဘူး။:-D


            ကျွန်တော်တို့လည်း သူသေသွားတော့ ဒီမလေးရှားမှာရှိတဲ့မြန်မာဘုန်းကြီးကျောင်းကနေ ဘုန်းကြီးငါးပါးပင့်ပြီး ဆွမ်းကပ်အမျှဝေတာတွေ လုပ်ပေးလိုက်ပါတယ်။ ကုန်ကျတဲ့ငွေကိုတော့ စက်ရုံမှာရှိတဲ့မြန်မာတွေကပဲ ပူးပေါင်းကျခံပေးလိုက်ပါတယ်။ ကုသိုလ်ဖြစ်ပေါ့။ အဲ့ဒါနဲ့ကျွန်တော်က သူအိပ်ခဲ့တဲ့ကုတင်မှာနေတာဆိုတော့ ဒီကမြန်မာတွေကတောင် ကျွန်တော်ကိုနောက်နေကြသေးတယ်။ ညကျရင် လာခြောက်လိမ့်မယ်ဘာညာပေါ့။ ကျွန်တော်ကတော့မကြောက်ပါဘူး။ ငယ်ငယ်ကတည်းက ပုတီးစိတ် တရားထိုင်လုပ်လာတာဆိုတော့ အဲ့ဒီ့အားကိုးလေးလည်းရှိတာပေါ့ဗျာ။:-)

       တစ်ညပေါ့ဗျာ။ ကျွန်တော်အိပ်နေတဲ့ ကုတင်အောက်ပိုင်းမှာ တီဗီရယ်၊DVDစက်ရယ်ထားထားပါတယ်။ ကျွန်တော် အိပ်နေတုန်းတီဗီက ဘယ်သူမှလည်းမဖွင့်ပဲ ထပွင့်သွားပါတယ်။ DVDစက်တော့မပါပါဘူး။ တီဗီပဲဖွင့်လိုက်တာ။ အခန်းက အလုံခန်းကြီးဆိုတော့ အသံကဟိန်းနေတာပဲ။ ထွက်လာတာ။ အဲ့ဒါနဲ့ကျွန်တော်လည်း ကျွန်တော်ပေါ့လျှော့မှုကြောင့်ပါလို့အားလုံးကိုတောင်းပန်ပြီး တီဗီကိုထပိတ်ပြန်အိပ်နေလိုက်တယ်။

     ဒီတစ်ခါတီဗီဖွင့်တာထက်ဆိုးပါတယ်။ ကုတင်ကိုခေါင်းရင်းကနေ ကိုင်မြှောက်ပစ်ထည့်လိုက်တာ လူရောစောင်တွေခေါင်းအုံးတွေရောအောက်ကိုလျှောကျတော့တာပါပဲ။ အဲ့ဒါနဲ့ ကျွန်တော်လည်း စိတ်ထဲတော်တော်တင်းသွားတာနဲ့တောက်တစ်ချက်ခေါက်လိုက်ပြီး 

ကုတင်ပေါ်တက်ပြီးပြန်အိပ်နေလိုက်ပါတယ်။ အဲ့မှာ အိပ်လို့မရအောင် ကုတင်ကိုလှုပ်တော့တာပါပဲ။ လူကအိပ်ပျော်မယ်ကြံလိုက်ရင်း၊ သူက ကုတင်ကိုလှုပ်လို့ပြန်နှိုးသွားရင်းနဲ့ကောင်းကောင်းလည်း မအိပ်ရပါဘူး။ ကျန်တဲ့လူတွေ ဘယ်သူ့ကိုမှမခြောက်ပါဘူး။ သူ့ကုတင်မှာလာအိပ်နေမိတဲ့ ကျွန်တော်ကိုပဲရွေးခြောက်နေမှန်း သတိထားမိလာတော့ ကျွန်တော်လည်း တစ်ခြားသူငယ်ချင်းတစ်ယောက်ရဲ့ကုတင်ကျဉ်းကျဉ်းလေးမှာပဲသွားပြီး ကပ်သီးကပ်သတ်သွားအိပ်လိုက်မှပဲအဲ့ညကအဆင်ပြေသွားတော့တယ်။

ဒါပါပဲခင်ဗျာ:)))
ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့အကြောင်းလေးပါ။

သန်းခေါင်ယံ အသံစုံပေးပါလို့...

၂၀၀၄ခုနှစ် နိုဝင်ဘာလအတွင်းလောက်က ကျောက်တော်မြို့၊ ရခိုင်ပြည်နယ် မှာကိုယ်တွေ့ ကြုံခဲ့ရတဲ့ ဖြစ်ရပ်လေးပါ။
 
ကျွန်တော် ကျောင်းပြီးလို့ လုပ်အားပေး ကျောင်းဆရာ အနေနှင့် ရခိုင်ပြည်၊ ကျောက်တော်မြို့နယ် အထက် တင်မကြီးကျေးရွာအုပ်စု၊ အထက်တင်မရွာမှာ တာဝန်ကျပါတယ်။ အိမ်ခြေ ၁၀၀ကျော်ရှိတဲ့ ရွာကလေးပါ။ ကျောင်းကိစ္စနဲ ကျောက်တော်မြို့၊ ပြည်တော်သာ ရပ်ကွက်မှာ သွားရောက်ခဲ့စဉ်က ကြုံခဲ့ရတာပါ။

           အဖြစ်အပျက်က ကျောက်တော်မြို့နယ် တာဝန်ခံ ဆရာ ဇွန်ကျိုးက ဘော်ဒါဆောင်ဖွင့်ဘို့
အိမ်နဲ ခြံဝယ်ထားပါတယ်လို့ ဆိုပါတယ်။ အိမ်ကို ပြုပြင်နေတာ သစ်သားတွေ၊ သွပ်တွေကို လူတွေခိုးမှာ ကြောက်တာနဲဘဲ ညသွားအိပ်မယ်လို့ ဆိုပါတယ်။ ဒါနဲဘဲ ကျွန်တော်နဲ့ ဆရာ ဇွန်ကျိုးနဲ အတူ ညစာ စားအပြီး ၈နာရီခွဲခန့်မှာ အဲဒီအိမ်အဆောင်ကြီး ရှိရာကို အိပ်ရာခင်း အထုပ်အပိုးကိုယ့်စီနဲ နှစ်ယောက်သား သွားရောက်ခဲ့ကြပါတယ်။

 အိမ်အဆောင်ကြီးက ၂ဆောင်ပြိုင်ဆောက်ထားတာ ဖြစ်ပါတယ်။ ရခိုင်းရိုးရာအတိုင်း ဆောက်ထားတဲ့ ၂ထပ်ပျင်ထောင်အိပ်ကြီးပါ။ ဘေးဆောင်ကို ဖျက်ပြီးတော့ ကျန့်တဲ့အဆောင်ကို ဘေးဆောင်က ရတဲ့ သစ်တွေနဲ ပြန်လည်မွမ်းမံတည်ဆောက်နေတာပါ။ နှစ်ထပ်ဆောင်အောက်ထပ်ကိုတော့ အချိန်မရလို့ ၀င်မကြည့်ဖြစ်ခဲ့ဘူး.. ရောက်ရောက်ချင်း ဘေးလှေကားကနေ အပေါ်ကို နှစ်ယောက်သား တက်လာခဲ့ကြပါတယ်။ အဲဒီအချိန်မှာ ဘာကြောင့်ရယ်မသိဘူး အိမ်ထဲဝင်တဲ့အချိန်မှာဘဲ ကြက်သီးမွှေးညှင်းတွေ ထလာပါတော့တယ်။ ဆရာ ဇွန်ကျိုးမှ အပေါ်ဆောင် နှင့် အနောက်ဘက်တွေကို လိုက်လံပြသပါတယ်။ ရှေ့မျက်နှာစာမှာ ဧည့်ခန်းဖြစ်ဟန်တူပြီးတော့ အတော်အတန်ကျယ်ဝန်းပါတယ်။ 

အနံ၂၅ပေခန့်နှင့် အလျား ၁၀ပေခန့် ရှိလိမ့်မယ်ထင်ပါတယ်။ အိမ်ရဲ့ အလည်လောက်မှာတော့ ဘယ်၊ညာ ဘေးတဖက်ဆီမှာ အိပ်ခန်း ၁ခန်းစီ ရှိပါတယ်။ အလယ်ကနေ လျှောက်သွားမယ်ဆိုရင်တော့ နောက်ဖေး မီးဖိုခန်းကို ရောက်မှာ ဖြစ်ပါတယ်။ ရောက်လျှင် ရောက်ချင်းဘဲ အပေါ်ဆောင်ကို လေ့လာပြီးတာနဲ ဧည့်ခန်းမှာဘဲ အိပ်ဖို့ ပြင်ဆင်ကျပါတော့တယ်။ မိမိအိပ်ရာလိပ်ကိုယ်စီ ပြင်ဆင်ရင်း၊ ရိုးမငှက်ဖျားရောဂါ အကြောင်းကြားသိထားဖူတာကြောင့်ဇာခြင်ထောင်ကို ခြင်ကိုက်မည်စိုးသောကြောင့် ထောင်အိပ်ရပါတယ်။
အိပ်ရာပြောင်းတာရယ်၊ အိပ်လို့မရတာရယ်ကြောင့် ကျွန်တော်ကတော့ တော်တော်နှင့် အိပ်လို့ မပျော်ပါဘူး ဆရာ ဇွန်ကျိုးကတော့ အသက်ကြီးတာရယ်၊ ပင်ပန်းတာရယ်ကြောင့် ထင်ပါတယ် ဟောက်သံပေးပြီးတော့ကို စက်တော်ခေါ်နေပါတော့တယ်။


            အဲဒီလိုနဲ ည ၁၀ခွဲလောက်မှာ ထူးဆန်းစွာ ကျွန်တော်တို့ အိပ်နေသော ရပ်ကွက် အိမ်နီးနားက ခွေးတွေ စ အူပါတော့တယ်။
မကြာပါဘူး ခွေးအူသံတွေအဆုံးမှာ အိပ်ဘေး လှေကားထစ်မှ အပေါ်ထပ်သို့ လူတက်လာသကဲ့သို့ ခြေသံ တစုံကို ကြားရပါတော့တယ်။
ကျွန်တော်လဲ အိပ်လို့မရတာက တကြောင်း၊ အိမ်အောက်မှာ ပုံထားသော သစ်တွေကို လူခိုးမှာ စိုးတာက တကြောင်း ဒါနဲ့ဘဲ အိပ်လို့မပျော်ဖြစ်နေချိန် ခြေသံစကြားရသဖြင့် ဘာများဖြစ်မလဲဟူသော စိတ်ဖြင့် အသံကို နားစွင့်နေလိုက်ပါတယ်။ ထိုခြေသံ တစုံဟာ ဘေးလှေကားအတိုင်း တက်လာပြီးတော့ အပေါ်လှေကားဝကိုအရောက် ခြေသံရပ်သွား ပါတယ်။ လှေကားအ၀တွင် တံခါးကို
စေ့ရုံ စေ့ထားတာကြောင့် ဘယ်သူများဝင်လာမလဲဟူသောစိတ်ဖြင့် တံခါးဝကို ဇာခြင်ထောင်အတွင်းဘက်မှ လှမ်းကြည့်နေမိပါတယ်။ အတော်ကြာသည်အထိ လှုပ်ရှားသံမကြားရတာကြောင့် အိပ်မည်ဟု ကြံစည်လိုက်ပါတယ်။

        မျက်လုံးကို မှေးလိုက်စဉ်မှာဘဲ လှေကားဝက စေ့ထားသော တံခါးကို တွန်းဖွင့်ပြီး လူဝင်လာဟန် အသံကို နားနဲ့ ဆတ်ဆတ် ကြားလိုက်ရပါတယ်။ ဒါနဲ့ မျက်စိကို ဖွင့်ပြီးတော့ လှမ်းကြည့်လိုက်ချိန်မှာ တံခါးဝဟာ စေ့မြဲအတိုင်း စေ့ထားတာကို တွေ့ရပါတယ်။

ဒါနဲ့ဘဲ ကျွန်တော်ကိုယ်မှာလည်း ကြက်သီးမွှေးညှင်းတွေထပြီးတော့ တခုခုတော့ မှားနေပြီလို့ စတင် ခံစားလာရပါတော့တယ်။ ကျွန်တော်နှင့်အတူပါလာသော ဆရာ ဇွန်ကျိုးရှိရာသို လှမ်းကြည့်လိုက်တော့ ဆရာမှာလဲ တခူးခူးဖြင့် ဟောက်သံပေးပြီးတော့ အိပ်စက်နေတာများ မနာလိုစရာကောင်းနေပါတော့တယ်။

 ဒါနဲ့ဘဲ မိမိဘေးမှာ ဆရာ ဇွန်ကျိုးတယောက်လုံး ရှိနေပါသေးတယ်ဟူသောစိတ်ဖြင့် မိမိကိုယ်ကိုယ် အားပေးနှစ်သိမ့်ပြီးတော့ ခုနက ဖြစ်ရပ်ကို မေ့ပစ်ပြီးတော့ အိမ်စက်မည်ဟု ကြံစည်လိုက်ပါတယ်။ မကြာပါဘူး ဇာတ်လမ်းက စပါတော့တယ်... အိမ်ခေါင်မိုးက သွပ်ပြားတွေကို လက်သဲနဲ့ ကုပ်ခြစ်သံ စတင်ကြားရပါတယ်။ ကြောင်ကုပ်နေတာ ဖြစ်နိုင်ပါတယ်ဟု သံသယ စိတ်ကို ဖြေဖျောက်လို့မပြီးသေးခင်မှာဘဲ နောက်ထပ် မီးဖိုချောင်ကနေ အသံဗလံတွေကို စကြားရပါတော့တယ်.။ ထပ်စဉ်းစားလိုက်တာက ကြွက်တွေ ဖြစ်နိုင်တယ်ပေါ့...ဒါနဲ ဆက်တိုက် အိမ်ရဲ့ ထုပ်တန်းတွေ စတင်အသံမြည့်လာပြီးတော့ အိမ်အဆောင်လုံး ယိမ်းယိုင်နေပါတော့တယ်။ အိမ်ခေါင်မိုး ထုပ်တန်းတွေအပေါ် ပြေးလွှားနေဟန် ဆင့်ကဲ အသံတွေဆက်တိုက်မြည်နေတော့တာပါ။ 

ဒါနဲ့ ကျွန်တော်လည်း အိပ်လို့မရတာက တကြောင်း၊ ကျွန်တော့ကို သရဲခြောက်နေပြီဟု သိလိုက်ရတာက တကြောင်းကြောင့် ချက်ချင်း ထပြီးတော့ ဖယောင်းတိုင်မီးထွန်းလိုက်ပါတယ်။ နောက်ပြီးတော့ ဆရာဇွန်ကျိုးကို နှိးလိုက်ရပါတော့တယ်။

         အဲဒီမှာ ဆရာဇွန်ကျိုးလည်း အိပ်မှုံစုံဝါးနဲ ဘာဖြစ်တာလဲ ဆရာဟု မေးလာပါတယ်။ ကျွန်တော်ကလဲ အိပ်လို့မရကြောင်း ဆူညံနေကြောင်းကို ဆရာ ဇွန်ကျိုးကို ပြောပြလိုက်တော့ ဘာမှ မဖြစ်ပါဘူး ဆရာ ပြန်အိပ်လိုက်ပါ၊ ကျွန်တော်ကိုလည်း သူ အိပ်ရေးပျက်မည်စိုးသောကြောင့် ထပ်မနှိးပါနှင့်ဟု မှာပြီးတော့ ပြန်အိပ်ပျော်သွားပါတော့တယ်။ 

ကျွန်တော်လည်း ထပ်ပြောနေလျှင် ထူးမည်မဟုတ်မှန်းသိသောကြောင့် ဆရာဇွန်ကျိုးအား ထပ်မနိုးတော့ပါ။ ဘေးမှာ ဆရာဇွန်ကျိုး တယောက်လုံး ရှိနေတာဘဲ ဟူသော အသိဖြင့် ဘာမှ မဖြစ်နိုင်ပါဘူးဟု မိမိကိုယ်ကိုယ် အားတင်းကာ ဆက်နေလိုက်ပါတယ်။ အချိန်က ညသန်းခေါင် ၁၂နာရီ ခွဲသွားပါပြီ။ ဖယောင်းတိုင်မီးမှုတ်ပြီး ပြန်အိပ်လိုက်ရန်ပြင်ဆင်ချိန်တွင် အိပ်ရာဘေး ပြတင်းပေါက်နာမှ ကွမ်းပင်ပေါ်သို့ ဖုတ်..ဖုတ်...ဖုတ် ဖုတ်နှင့် ပြေးတက်လာသံကြားလိုက်ရပြီး ဘေး ပြတင်းပေါက်လက်ရန်းပေါ်သို့ ဒုန်းခနဲ ခုန်တက်လိုက်သံနှင့်အတူ အိမ်ကြီး ယိမ်းယိုင်သွားတာကို ခံစားလိုက်ရပါတယ်။ ဇာခြင်ထောင်ထဲမှ ကြည့်လိုက်တဲ့အခါမှာ ဘာမှ မတွေ့ရပါဘူး။ အသံကိုဘဲ ကြားနေရတာပါ။

နောက်ပြီးတော့ လူသံလိုလို၊ ညည်းသံလိုလိုတွေလည်း အဆက်မပြတ် ကြားရပါတယ်။ နောက် ကျွန်တော် အိပ်ရာဘေးထောင့်စွန်းအပေါ်မှ အရာဝထ္ထုတခု ကျလာဟန်ဖြစ်ပြီးတော့ ဇာခြင်ထောင် အပေါ်သားတွေ ကျွန်တော့ မျက်နာပြင်နား ကပ်သည်အထိ အိပြီးတော့ နိမ့်ကျလာပါတယ်။

 ဒါနဲဘဲ မဖြစ်တော့ဘူး လာထိရင်တော့ နပန်းလုံးဖို့ဘဲ ပြင်ဆင်ထားလိုက်ပါတယ်။ စိတ်ထဲမှလည်း ဘုရားထံဆုတောင်းနေလိုက်ပါတယ်။ ဘုရားရှင်ရဲ့ ဂုဏ်တော်၊ တန်ခိုးတော်ကြောင့်လားတော့မသိဘူး အတော်ငြိမ်သက်သွားပြီးတော့ ခပ်လှမ်းလှမ်းမှဘဲ အသံတွေပေးနေတော့တာပါ။

     ဒီလိုနဲဘဲ နံနက် ၄နာရီခန့် အုန်းမောင်ခေါက်သံအဆုံးမှာ ကျွန်တော်တို့ အိပ်နေတဲ့အိမ်ရှေ့မှ ခွေးတွေ စတင် အူတာ တမြို့လုံးမှာ ရှိတဲ့ခွေးတွေ ဆက်တိုက် အုပါတော့တယ်။ ထိုနောက်မှာတော့ ဘာသံမှမကြားရတော့ဘဲ ကျွန်တော်လည်း ပင်ပင်ပန်းပန်းနဲ့ အိပ်မောကျသွားပါတော့တယ်။


        နံနက်လင်းလို့ အိပ်ရာနိုးတော့ ဆရာ ဇွန်ကျိုးကို ညက အဖြစ်အပျက်တွေကို ပြောပြတော့ ဆရာ ဇွန်ကျိုးမှ အိမ်ကြီးနှင့် ပတ်သက်သော သမိုင်းကြောင်းကို ပြောပြပါတော့တယ်။ ထိုအိမ်ကြီးမှာ တစ္ဆေ၊ သရဲအလွန်ခြောက်သည်ဟု ကျောက်တော်မြိုတွင် နာမည်ကြီးကြောင်း၊ ၁နှစ်ထဲတွင် ထိုအိမ်မှ မိသားစု ၆ဦးလုံး ပုံစံအမျိုးမျိုးဖြင့် သေဆုံးသွားကြကြောင်း။ 

ထိုကြောင့် ထိုအိမ်တွင် မည်သူမျှမနေရဲတော့ဘဲ ဈေးပေါပေါဖြင့် ရောင်းချခဲကြောင်း၊ သို့သော်လဲ မည်သူ တဦးတယောက်မျှမ၀ယ်ရဲဘဲ ဒီအတိုင်း နှစ်အတန်ကြာ ထားခဲ့ကျကြောင်းနှင့် ထိုအိမ်ကြီးကို ၀ယ်လိုက်ရာ ကာလပေါက်ဈေး ထက်ဝက်ဖြင့် ၀ယ်ယူရရှိခဲ့ကြောင်း ပြောပြပါတော့တယ်။

ယခုအခါ ဘော်ဒါဆောင်အဖြစ်ပြောင်းလဲ အသုံးပြုလိုက်ပြီး ကျောင်းသားများမှာ ယခင်ကမကြာခဏ အခြောက်ခံရကြောင်း ကြားသိရပါတယ်။ နောက်ပိုင်းအဖြစ်အပျက်တွေကိုတော့ အဆက်အသွယ်မရှိတော့သဖြင့် မသိတော့ပါဘူး။
ကျောက်တော်မြို့ အထက ၁ ကျောင်းအနီး ပြည်တော်သာ ရပ်ကွက်အတွင်း ရေကန်အနီးက အိမ်ကြီးရဲ့ အကြောင်းပါဘဲ။
အားလုံးဘဲ ရွှင်လန်းချမ်းမြေပါစေကြောင်း

ရန်ကုန်ထားဝယ်ကားလမ်းကအမေးလေးတခု

အချစ်နဲ့အိမ်ထောင်ရေးကိုဒီလိုတွေးတော့........ဘာလိုသေးလဲလို့သာမေးလိုက်ချင်တယ်

တပ်နဲ့ပြည်သူလက်တွဲကူ

ဒီလို google ကိုသင်ကြိုက်လား။

ဦးလေးတို့အဲဒါလူနာနော်စိုင်းထီးဆိုင်သီချင်းဖွင့်ထားတဲ့MP3ပရေယာမဟုတ်ဘူးသိလား

မယုံနိုင်လောက်စရာ သေတွင်းကလွတ်ခဲ့ တာ...

တရုတ်နိုင်ငံတွင် ကျောက်စရစ်ခဲများသယ်ဆောင်လာသည့် ကုန်တင်ယာဉ်ကြီးတစ်စင်း ကိုယ်
ပိုင်ကားတစ်စင်းဘေးအရောက်ထိုကားလေးပေါ်သို့ တိမ်းမှောက်သွားခဲ့ ရာတွင် ထိုကိုယ်ပိုင်ကား
လေးမှာ ပြားချပ်သွားသော်လည်း ယာဉ်မောင်သူမှာအသက်မသေပဲ ထိခိုက်ဒါဏ်ရာအနနည်း
ငယ်သာရပြီးအသက်ဘေးမှာလွတ်မြောက်ခဲ့ ရာ ကယ်ဆယ်ရေးလုပ်သားများရော ဆေးရုံမှတာ
ဝတ်ရှိသူများအပါအ၀င် မြင်တွေ့ ရသူအပေါင်း အံ့ သြမဆုံးဖြစ်ခဲ့ ရပါတယ်... ထိုယာဉ်ငယ်ကလေးမှာ ယာဉ်မောင်းသူမှာ အောက်တွင်ပိပြားနေသည့် ကားထဲမှ တစ်နာရီနီးပါး
ကြာအောင် ဆွဲထုတ်ယူခဲ့ ရသည့် တိုင် အသက်မသေဘဲ ကံကောင်းထောက်မစွာလွတ်မြောက်
နိုင်ခြင်းမှာ အလွန်ပင်အံ့ သြထူးဆန်းဖွယ်ကောင်းလှပါတော့ တယ်..

A truck of crushed stone overturned and flattened the nearest car.

The rescue workers couldn’t believe their eyes when they found the driver of the car alive. The man who spent an hour in a totally smashed vehicle had only several bones broken.




ကျောက်စရစ်တွေတင်တဲ့ ကားကြီး အခုလိုတိမ်းစောင်းပြီး
မှောက်သွားခဲ့ လို့  
ကျောက်စရစ်တွေအကုန်လုံးဖုံးသွားလို့ တစ်နာရီကြာအောင်ဖယ်ရှားခဲ့ ရပြီး...
 ဒီလောက်အထိ ပိပြားသွားတဲ့ ကားလေးထဲက....
 အသက်မသေပဲ.... လွတ်မြောက်ခဲ့ တာ...


 ပြန်ပြောပြယင် ယုံမယ့် သူတောင်ရှိနိုင်မှာမဟုတ်ပါဘူး...
ပိပြားကျေမွသွားတဲ့ ကားလေးကိုပြန်ကြည့် မနေတော့သည်။

လူကိုက်ခံရမှုကြောင့် မြွေဟောက်သေဆုံး

3159 man bit cobra 2death
နီပေါနိုင်ငံမှ အသက် ၅၅ နှစ်အရွယ်ရှိ မိုဟာမက် ဆယ်လ်မို မီယာ အမည်ရတဲ့ လယ်သမားကြီးဟာ စပါးခင်းထဲမှာ မြွေဟောက် ကို သေလောက်အောင် ကိုက်ခဲခဲ့လို့ မြွေဟောက်ဟာ ပွဲချင်းပြီး သေဆုံးခဲ့ရပါတယ်။
"မြွေက လူကို ကိုက်လို့ အဆိပ်တက်ပြီး သေရတာပဲ ကြားဖူးပါတယ်။ ဖြစ်ရိုးဖြစ်စဉ် မဟုတ်လို့ ဖစ်နိုင်ပါ့မလား၊ ယုတ္တိမတန်လိုက် တာ" လို့တော့ သဘောမကျကာ စောဒကအခါခါ မတက်ပါနဲ့ဦး၊ ဖြစ်ပုံက ဒီလိုပါ။
လယ်သမားကြီး မီယာ ဟာ သူ့ရဲ့ စပါးခင်းထဲမှာ နိစ္စဒူဝ လုပ်ငန်းဆောင်တာများ လုပ်ကိုင်နေတုန်း ဖြုန်းခနဲ မြွှေအကိုက်ခံရပါ တယ်။ ဒါနဲ့ သူဟာ စိတ်ဆိုးမန်ဆိုးနဲ့ 'ဒင်းတော့ သေဖို့သာ ပြင်ပေတော့' လို့ ကြိမ်းဝါးပြီး အစိမ်းစားမတတ် သူ့ကို ကိုက်တဲ့မြွေကို အမိအရ လိုက်ဖမ်းပြီး မြွေကို မသေမချင်း ပြန်ကိုက်ရာက မြွေဟောက်ဟာ ပွဲချင်းပြီး အနိစ္စ ရောက်ရပါတယ်။
'တုတ်နဲ့ ရိုက်သတ်ရင် အသာလေးပါပဲ။ ဒါပေမယ့် ကျွန်တော်ဟာ အရမ်း ဒေါသူပုန်ထနေတဲ့ အတွက် သူ့ကို ကျွန်တော့်သွားနဲ့ ပဲ ပြန်ကိုက်သတ်လိုက်ပါတယ်။' လို့ နီပေါ ဒေသခံ သတင်းဌာနတစ်ခုရဲ့ အင်တာဗျူးမှာ ပြောဆိုသွားခဲ့ပါတယ်။
လောလောဆယ်မှာတော့ မီယာ ဟာ ဆေးကုသမှု ခံယူနေပြီး အသက် အန္တရာယ် စိုးရိမ်စရာ မရှိဘူးလို့ သိရပါတယ်။
နီပေါနိုင်ငံမှာ အဆိပ်ရှိတဲ့ မြွေများ သောင်းခြောက်ထောင်ရှိနေပြီး နှစ်စဉ် ခန့်မှန်းခြေ မြွေကိုက်ခံရမှု ဖြစ်စဉ် ၂ဝ,ဝဝဝ ကျော်ရှိပြီး၊ လူ ၁ဝဝဝ ခန့် နှစ်စဉ် အသက်ဆုံးရှုံးရကြောင်း သိရပါတယ်။

ထိပ်တန်းတက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုမည့် ဂျပန် စက်ရုပ်ကျောင်းသား


လွန်လေပြီးသော ဆယ်စုနှစ်များက
သိပ္ပံစာရေးဆရာများက စိတ်ကူးယဉ်
 ဇာတ်လမ်းများ ရေးသားခဲ့ဖူးသည်။
သို့သော် သူတို့ စိတ်ကူးယဉ်မှုများမှာ

အမှန်တကယ် ဖြစ်လာကြသည်ကို တွေ့နေရသည်။ ယခုလည်း ပညာရေးတွင်
 စိတ်လှုပ်ရှားဖွယ်ရာ သတင်းတစ်ပုဒ်ကို ဖတ်ရပြန်ပါသည်။

များမကြာမီကာလတွင် ဂျပန် သုတေသီများက ကျောင်းသင် ဘာသာရပ်မျိုးစုံကို

 စာမေးပွဲဝင်ဖြေနိုင်မည့် စက်ရုပ်နှင့် AI မှတ်ဥာဏ်ကို တီထွင်လိုက်ပြီဖြစ်သည်။

ဂျပန်နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်ကြီး ၀င်ခွင့် စာမေးပွဲကို ကောင်းမွန်စွာ ဖြေဆိုနိုင်ရန် ယုံကြည်နေကြသည်။


၂၀၁၂ ခုနှစ် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်သို့ ၀င်ခွင့်စာမေးပွဲကို အမှတ်များများဖြင့်

 အောင်မြင်နိုင်စေရန် ဖူဂျစ်ဆုနှင့် ဂျပန် အမျိုးသား သတင်းအချက်အလက်နည်းပညာ
တက္ကသိုလ်က မျှော်လင့်ထားသည်။

စက်ရုပ်သည် မေးခွန်းများကို စိစစ်တွက်ချက်ခြင်း၊ သရုပ်ခွဲခြင်းတို့လုပ်ဆောင်ရန်

 မေးခွန်းလွှာပါ ပုံသေနည်းများနှင့် ညီမျှခြင်းတို့ကို စက်ရုပ်ဘာသာစကား အက္ခရာ
သင်္ချာသို့ ပြောင်းလဲရမည် ဖြစ်ကြောင်းသိရသည်။

လူသားများ နားလည်သည့် ဘာသာစကားကို စက်ရုပ်အနေဖြင့် နားလည်ရန် အခက်

အခဲတော့ ရှိနေသေးသည်။

ထူးဆန်းသောနည်းများဖြင့် သေဆုံးသူများ

- ဘီစီ ၅ ရာစုက ဂရိပန်းချီကျော်ဇူးဆစ်ဟာ သူရဲ့ရုပ်တူပန်းချီကိုကြည့်ပြီး တအားရယ်မောရာကနေ သွေးကြောပြတ်သေသွားပါတယ်။
- ဘီစီ ၂၈၉ မှာ အာဂါသိုကလီးဆိုတဲ့လူဟာ သွားကြားထိုးတံကို မျိုချမိပြီး အသက်ရှုမရဖြစ်သေပါတယ်။
- ဧကရာဇ်ဘုရင်ကြီး အလက်ဇန်းဒါးသည်ဂရိတ်ဟာ နှစ်ရက်နှစ်ည ပျော်ပွဲရွှင်ပွဲကျင်းပရာကနေ ဖျားပြီးသေပါတယ်။


- အင်္ဂလန်ပြည်က ဂျွန်ဘုရင်ဟာ အစားလွန်ပြီးသေဆုံးပါတယ်။
- ၁၂၆၉ ခုနှစ်မှာ သူရဲကောင်း စတုတ္ထဖျီဝါရိုင်းဆိုသူဟာ စစ်ပွဲအောင်နိုင်င်္ပြီး ၀ံ့ကြွားစွာပြန်လာပါတယ်။ ရွံ့နွံတစ်ခုရောက်တဲ့အခါ ၀တ်ထားတဲ့သံချပ်ကာအကျီ င်္ရဲ့အလေးချိန်ကြောင့် မြင်းရောလူရော မြုပ်ပြီးသေပါတယ်။

- ၁၄၇၈ ခုနှစ်မှာ မြို့စားကြီးဂျော့ကို သူ့ရဲ့ညီဖြစ်တဲ့ ရစ်ချက်က ၀ိုင်အရက်စည်ထဲ နှစ်သတ်ခဲ့ပါတယ်။
- စကော့တန်မြို့စားကြီး ဂျိမ်းဒေါက်ကလပ်ဟာ သူပထမဆုံးသယ်ဆောင်တင်သွင်းလာခဲ့တဲ့ ခေါင်းဖြတ်စက်နဲ့ သူကိုယ်တိုင်အသတ်ခံရပါတယ်။
- ဗြိတိသျှစာရေးဆရာ ဖရန့်ဆစ်ဘေကွန်ဟာ ဆီးနှင်းက အသေကောင်တစ်ခုကို မပုပ်ပွအောင်တားဆီးနိုင်စွမ်းရှိမရှိဆိုတာကို စမ်းသပ်တဲ့အနေနဲ့ ကြက်တစ်ကောင်ကိုသတ်ပြီး ဗိုက်ကိုခွဲလို့ နှင်းခဲတွေဖြည့်လိုက်ပါတယ်။


အဲဒီလိုလုပ်နေရင်းနဲ့ပဲ သူ အအေးပတ်ပြီးသေသွားပါတယ်။


- ဗြိတိသျှစာရေးဆရာ သောမတ်မေဆိုသူဟာ အသက်ကြီးပြီး တဖြည်းဖြည်းဝလာတဲ့အတွက် မေးစေ့ကို အ၀တ်နဲ့ပတ်ပြီး ဦးခေါင်းကသိုင်းထားရပါတယ်။ အဲဒီသိုင်းထားတဲ့ အ၀တ်ကြောင့် အသက်ရှုကြပ်ပြီးသေပါတယ်။


- ဗြိတိသျှစာရေးဆရာ သောမတ်အုတ်ဝေး ဆိုတဲ့လူဟာ ၁၆၈၅ ခုနှစ်မှာ အလွန်ဆင်းရဲသွားပါတယ်။ အစာမရှိဘဲ ရက်ပေါင်းများစွာနေခဲ့ရတဲ့အတွက် သူတပါးထံက လက်ဖြန့်တောင်းရာက ငွေတစ်ဂီနီရပါတယ်။ ပေါင်မုန့်တစ်လုံးဝယ်စားပါတယ်။
တစ်လုတ်တည်းနဲ့ နင်ပြီး သေသွားပါတယ်။


- ပြင်သစ်စာရေးဆရာ ဂျီရပ်ဒီနာ့ဗယ့် ဟာ ၁၈၅၅ ခုနှစ်မှာ လမ်းဘေးမီးတိုင်တစ်တိုင်မှာ ဂါဝန်တစ်ထည်နဲ့ ကြိုးဆွဲချသေသွားပါတယ်။
- ၁၈၈၄ ခုနှစ်မှာ အမေရိကန်စုံထောက်အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ အယ်လင်မင်ကာတင်ဟာ ကိုယ့်လျှာကိုယ်ကိုက်မိရာကနေ အနာရှိန်တက်ပြီး သေဆုံးသွားပါတယ်။


- ဗြိတိသျှစာရေးဆရာ မြို့စားကြီး ဟယ်ရီစတင်းဘော့ဟာ ၁၉၀၅ မှာ မိတ်ဆွေတစ်ယောက်ကို အရက်မူးပြီး မီးထိုးတဲ့သံချောင်းနဲ့ ရိုက်နှက်မယ်ပြုရင်းပဲ မီးပုံထဲလဲကျသေပါတယ်။


- ဗြိတိသျှစာရေးဆရာ အားနောကင်းနက်ဟာ ပြင်သစ်ကသောက်ရေဟာ စိတ်ချရပါတယ်လို့ ဟောပြောပြီး ရေကို လက်တွေ့သောက်ပြပါတယ်။ အဲဒီရေကနေ တွိုက်ဖိုက်ရောဂါရပြီး သူသေသွားပါတယ်။


- ဗြိတိသျှကဗျာဆရာ လိုယိုနယ်ဂျွန်ဆင်ဟာ ၁၉၀၂ မှာ အရက်ဆိုင်ကုလားထိုင်ပေါ်က လိမ့်ကျပြီး သေသွားပါတယ်။

- ရုရှားဘာသာရေးဆရာကြီး ရပ်စပြူတင်ကို ၁၉၁၆ ခုနှစ်မှာ အဆိတ်ခတ်ထားတဲ့ကိတ်မုန့်၊ ၀ိုင်အရက်တွေနဲ့ လုပ်ကြံပေမယ့်မသေပါဘူး။ သေနတ်နဲ့ နှစ်ကြိမ်တိတိ ပစ်ခတ်လုပ်ကြံပေမယ့်လည်း မသေပါဘူး။ နောက်ဆုံး ကြိုးတုပ်ပြီး မြစ်ထဲတွန်းချလိုက်တော့မှ သေပါတယ်။


- အမေရိကန်မှာနေတဲ့ နပိုလီယန်ရဲ့အနွယ်တော် ဂျာရိုဗီနပိုလီယန်ဟာ သူ့ဇနီးမွေးထားတဲ့ ခွေးက ကိုက်လို့သေသွားပါတယ်။


- အမေရိကန်က ကောလိပ်တော်အရာရှိ လန်ဂလီတော်လီယားဟာ သူ့ရဲ့ အိမ်ထဲကို သူခိုးဝင်ရင် ဖမ်းမိအောင်လို့ ထောင်ချောက်ဆင်ထားပါတယ်။ ၁၉၄၇ မှာ သူ့ထောင်ချောက်ကို သူပြန်မိသွားပြီး အပ်ချုပ်စက်နဲ့ စာအုပ်တွေ ခေါင်းပေါ်ပြုတ်ကျသေပါတယ်။


- ဂရိဘုရင် အလက်ဇန်းဒါးနောက်တစ်ယောက်ဟာ သူမွေးထားတဲ့ မျောက်က သူ့ပြန်ကိုက်လိုက်လို့ သွားဆိပ်တက်ပြီး သေသွားပါတယ်။

ကောင်းကင်ယံမှ လေဖြင့် လျှပ်စစ်ဓါတ် ထုတ်ရန် စမ်းသပ်နေပြီ




မြေမျက်နှာပြင် အထက်ပေ တစ်သောင်းကျော်တွင် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရန် အတွက် လေပူဖောင်း အတွင်းတွင်
တာဘိုင်များ ထည့်သွင်းကာ စမ်းသပ်မှုကို စတင် ပြုလုပ်လိုက်ပြီ ဖြစ်သည်။ ကမ္ဘာမြေပြင် အထက်မီတာ ၃၀၀ ကျော် လာပါက လေတိုက်နှုန်းမှာ မြင့်မားလာသည့် အပြင် မြေပြင်ထက်တွင် တိုက်ခတ်နေသည့် လေထက် ပိုပြီးစွမ်းအင်ပြင်းကာ စိတ်ချရကြောင်း သိရသည်။

ယခု စမ်းသပ်မှုအရ အဆိုပါ အမြင့်တွင် တာဘိုင်များ၏ အလုပ်လုပ်မှု များမှာ ပုံမှန်ပင်  ဖြစ်ပြီး လေဘောလုံးကို ဆွဲထားသည့် ကြိုးမှတစ်ဆင့် မြေပြင်ပေါ်သို့ လျှပ်စစ်ဓါတ်အား ပြန်ပို့နိုင်ကြောင်းလည်း သိရသည်။ ယခုလို စမ်းသပ်မှုမှာ လုံးဝ အသစ်တစ်ခု ဖြစ်ပြီး ဆန်းသစ်သည့် လုပ်ဆောင်ချက် တစ်ရပ်လည်း ဖြစ်သည်။ ထို့အပြင် နောက်ထပ် အဖြစ် အဆိုပါ ပူဖောင်းတွင် ရှိသည့် တာဘိုင်တွင် ပါသော လက်များမှတစ်ဆင့် အင်ဂျင်ကို လည်ပတ်စေပြီး ရွှေ့လျားမှု ပြုစေနိုင် မည် ဖြစ်ကြောင်းလည်း သိရသည်။ ယခုလို တီထွင်မှု အတွက် အချို့မှ ပြောရာတွင် လေယာဉ်ပျံသန်းမှုများ အတွက် အန္တရာယ် ဖြစ်စေနိုင်ကြောင်း ပြောခဲ့ပြီး အချို့ကမူ ယခုလို ပြုလုပ်ခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင်နှင့် ရာသီဥတုကို ထိခိုက်နိုင်ကြောင်း ပြောခဲ့သည်။ သို့ရာတွင် ယခု တီထွင်မှုမှာ လုံးဝအစသာ ရှိနေသေးပြီး နောက်ထပ် ဆန်းစစ်မှုများစွာကို ပြုလုပ်ရဦးမည် ဖြစ်သည်ဟုလည်း သိရသည်။
http://www.euronews.com/2012/09/27/testing-wind-turbines-at-altitude/

လစ်ဗျားပြည်သူ့စစ်အဖွဲ့များကို ဖျက်သိမ်းသည့်ကိစ္စ မအောင်မြင်


ဘင်ဂါဇီမြို့တွင်း၌လှည့်လည်နေကြသော အန်ဆာအယ်လ် ရှာရီယာပြည်သူ့စစ်အဖွဲ့ဝင်များ။ ဓာတ်ပုံ - အေအက်ဖ်ပီ
ဘင်ဂါဇီ – ပြီးခဲ့သော ရက်သတ္တပတ် က ဘန်ဂါဇီမြို့မှ အစ္စလမ္မစ် ပြည်သူ့ စစ်အဖွဲ့တစ်ဖွဲ့ကို လူထုက အင်အားသုံး ဖယ်ရှားခဲ့ပြီးနောက် ယင်းကို အကြောင်း ပြု၍ လစ်ဗျားအာဏာပိုင် များက ပြည်သူ့ စစ်များ ကို စစ်အခြေစိုက်စခန်းများမှ ဖယ်ရှားပေးရန် အချိန်နှစ်ရက်ပေးထား ကြောင်း သိရသည်။

သေမင်းတမန်တောင်မှ ဘေးသင့် တောင်တက်သမားများ



အီတလီတောင်တက်သမားများဖြစ်ကြသည့် ဆီလ်ဗီယိုမွန်ဒီ နယ်လ်လီ ၅၄ နှစ် (၀ဲ)နှင့် ခရစ်ရှန် ဂေါ့ဘီ ၄၂ နှစ်တို့ကို ကယ်ဆယ်ရေးအဖွဲ့များက အချိန်မီကယ်တင်နိုင်ခဲ့သဖြင့် သေကံမရောက်ဘဲ အတူတွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ
 ခတ္တမန္ဒူ – နီပေါနိုင်ငံ၊ ဗူဒီဂန်ဒါကီမြစ် ၀ှမ်း၏ ထင်းရှူးတောအထက် တွင် ငွားငွားစွင့်စွင့် တည်ရှိနေသော မြင့်မား လှသည့် မာနာစလူး တောင်ထိပ်ရှိ အန္တရာယ်ရှိသော တောင်စောင်းများ ပေါ်တွင် လူပေါင်း ၆၀ ကျော် သေဆုံးခဲ့ သောကြောင့်

ဆီးရီးယားအတိုက်အခံများက အစိုးရ၏ဓာတုလက်နက်ထားရှိရာ နေရာများကိုဖော်ပြသည့် ဗီဒီယိုဖိုင်များလွှင့်တင်


http://news-eleven.com/images/stories/120928105429-syria-chemical-weapons-sat-photo-story-top.jpg
 ဆီးရီးယားသမ္မတ ဘာရှားအယ်အာဆတ်အစိုးရသည် ဓာတုလက်နက်များအား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို အတိုက်အခံများက စတင်အာရုံစိုက်လာနေပြီး ယင်းလက်နက်များထားရှိရာ နေရာများကိုပြသသည့် ဗီဒီယိုများအား အတိုက်အခံများက YouTube တွင် လွှင့်တင်ခဲ့ကြောင်း သိရသည်။

ကလေးကို သာမန်လူတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်နည်း



ဖခင်တစ်ဦးရဲ့ အသိပေးချက် ၁၈ ချက်
(၁) သင့်မှာရှိတဲ့ အိပ်မက်တော်တော်များများကို သင်အကောင်အထည်ဖော်ဖြစ်ချင်မှ ဖော်ဖြစ်ခဲ့မယ်။ သင့်စိတ်ကူးအိပ်မက်တွေ အကောင် အထည် ဖြစ်မြောက်ဖို့ ကလေးကိုအစားထိုး မခိုင်းစေပါနဲ့။  ဒါဟာ သင့်စိတ်ကူးအိပ်မက်ပါ… ကလေးရဲ့ စိတ်ကူးအိပ်မက် မဟုတ်ပါဘူး။
အောက်ပါလင့်ကို နှိပ်ပြီး ဆက်လက် ကြည့်ရှု့ပါ။
http://www.maukkha.org/index.php/interview-maukkha/opinion-maukkha/2329-raising-a-child

ပုပ်ရဟန်းမင်းကြီးရဲ့ ဘဏ္ဍဍာစိုးဟောင်းကို ရုံးထုတ်



ပေါလို ဂတ်ဘရီအေလာ အနေနဲ့ ကတော့ ဘာ လျှောက်လဲချက်မှ မပေးသေးပါ
  ဗာတီကန်က ပုပ်ရဟန်းမင်းကြီး ဘန်နာဒစ်ရဲ့ ဘဏ္ဍဍာစိုးဟောင်း ဖြစ်သူ ပေါလို ဂတ်ဘရီ အေလာ ကို ပုပ်ရဟန်းမင်းကြီး ရဲ့ ရုံး ကနေ လျှို့ဝှက် စာရွက် စာတမ်းတွေ ခိုးယူမှုနဲ့ စနေနေ့မှာ စတင် ရုံးထုတ်ခဲ့ ပါတယ်။
တရားစီရင်မှု စတင်တဲ့ နေ့မှာပဲ တရားရုံး ကနေ ပုပ်ရဟန်းမင်းကြီးက စေခိုင်းခဲ့တဲ့ လုံခြုံရေး ဆိုင်ရာ စုံစမ်း စစ်ဆေးမှုတွေက တွေ့ရှိချက်တွေကို သက်သေ အထောက် အထား အဖြစ် အသုံးပြုခွင့် မပေးဘူးလို့ အမိန့် ထုတ်ပြန်လိုက် ပါတယ်။

ဂွမ်တာနာမိုအကျဉ်းသားကို ကနေဒါပို့



ဂွမ်တာနာမို အကျဉ်းသား အိုမာခါဒါး
 အမေရိကန် ပြည်ထောင်စုက ဂွမ်တာနာမိုဘေး အကျဉ်းစခန်းမှာ ဖမ်းဆီး ထိန်းသိမ်းထား ခဲ့တဲ့ အသက်အငယ်ဆုံး အကျဉ်းသား အိုမာခါဒါး ကို ကျန်ရှိနေတဲ့ သူ့ရဲ့ ပစ်ဒဏ်ကို နေရင်း ကနေဒါ နိုင်ငံမှာ ဆက်လက် ကျခံဖို့ အတွက် ကနေဒါကို ပို့ဆောင် လိုက်ပါတယ်။

အဲလ်ရှာဘတ် သူပုန်တွေ ကစ်မာယို မြို့က ဆုတ်ခွာပြီ


 ဆိုမာလီနိုင်ငံက အဲလ်ရှာဘတ် အစ္စလာမ် သူပုန်တွေဟာ သူတို့ နောက်ဆုံး ခြေကုပ် ယူထားတဲ့ ကစ်မာယို ဆိပ်ကမ်း မြို့ကနေ ဆုတ်ခွာ ပေးလိုက်ပြီ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ပဋိပက္ခ သတိရှိရှိကိုင်တွယ်ရန် ကုလအတွင်းရေးမှူးချုပ်ပြောကြား


  မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ပဋိပက္ခဟာ ပြည်တွင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအပေါ် ထိခိုက်စေနိုင်တဲ့အပြင် တိုင်းပြည်နယ်နိမိတ်ကို ကျော်လွန်ပြီး တခြားနိုင်ငံတွေဆီအထိပါ သက်ရောက်မှုတွေ ရှိလာနိုင်တဲ့အတွက် သတိရှိရှိနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ အရေးကြီးကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြောလိုက်ပါတယ်။

ဘိုဒိုဇာကြီးနဲ့ဖြိုချဖျက်ဆီးခံမထိဖို့ဒီလိုအိမ်မျိုးဆောက်ကြစို့