Sunday, September 23, 2012


မောင်းကြမလား လျှပ်စစ်ကား

ဆန်ဟိုဆေးမြို့ The Tech Museum of Innovation အမည်ရှိ နည်းပညာပြတိုက်တွင် တွေ့ရသော လျှပ်စစ်ကား (ဓာတ်ပုံ – ဂျန်းဂင်း)
Moe MaKa News, 22September 2012 

 မနက်ဖြန် စက်တင်ဘာ ၂၃ တနင်္ဂနွေနေ့တွင် ကျရောက်မည့် ပလပ်ပေါက်ထိုးသည့်နေ့ကို ကျင်းပရန် အမေရိကန်မြို့ကြီး ၆၀ ကျော်တွင် အသင့်ဖြစ်နေကြသည်။
ထဲထဲဝင်ဝင် ပါဝင်မည့်သူတို့မှာ အရေအတွက် ထောင်သောင်းချီသော လျှပ်စစ်မော်တော်ယာဉ်ပိုင်ရှင်များဖြစ်သည်။ လျှပ်စစ်ဓာတ်အားသုံး ကားကြီးကားငယ် ဆိုင်ကယ် အသုံးပြုနေသူတို့က ပလပ်ပေါက်ထိုးသည့်နေ့ကျင်းပစဉ် ၎င်းတို့၏ စီးတော်ယာဉ်များအကြောင်း ပရိသတ်က စုံစမ်း မေးမြန်းလာပါက လိုလိုလားလား ဖြေကြားကြမည်ဟု အွန်လိုင်းလှုံ့ဆော်မှုများတွင် ရေးသားထားသည်ကို တွေ့နေရသည်။
ကယ်လီဖိုးနီးယားပြည်နယ်တွင် လျှပ်စစ်မော်တော်ယာဉ် အများအပြား သုံးစွဲနေကြသည်။
တခြားလောင်စာသုံး မော်တော်ယာဉ်များထက်  လျှပ်စစ်မော်တော်ယာဉ်တို့က ဈေးကြီးမြင့်သော်လည်း ရေရှည်တွင် လျှပ်စစ်ယာဉ်က အကုန်အကျ သက်သာသည်။
ဓာတ်ဆီမဲ့တော်လှန်ရေးဆင်နွဲနေသည့် လျှပ်စစ်ကားကို တဖြည်းဖြည်း လူကြိုက်များလာသည်။  မနက်ဖြန် လျှပ်စစ်ဓာတ်အားသုံး ကားကြီးကားငယ် ဆိုင်ကယ်များ လမ်းတကာ လှည့်လည်ကြသည့်အခါ ဓာတ်ဆီမဲ့၊ ဓာတ်ငွေ့မဲ့ လျှပ်စစ်ကားတို့ကို ပိုမို အာရုံစိုက်လာကြမည်ဟု မျှော်လင့်နေကြသည်။ လျှပ်စစ်ဓာတ်သုံးယာဉ်များ ဖြစ်သောကြောင့် စက်သံဆူညံခြင်း၊ မီးခိုးထွက်ခြင်းတို့နှင့် ကြုံရမည် မဟုတ်ပေ။
Fed Ex, Coca Cola, Duane Reade ကဲ့သို့သော အထင်ကရ ကုမ္မဏီကြီးများက ၎င်းတို့၏ လုပ်ငန်းသုံး လျှပ်စစ်ထရပ်ကားများကို နယူးယောက်မြို့တော်ကြီးတွင် ပြသကြမည်ဖြစ်သည်။
“အမေရိကန်မှာ လျှပ်စစ်ဓာတ်အားသုံးမော်တော်ယာဉ်အသစ် အရေအတွက် ငါးသောင်းက ၂ နှစ်အတွင်း ရောင်းကုန်သွားတယ် ဆိုတော့ အမေရိကန်တွေဟာ ဓာတ်ဆီအားပြုနေရတဲ့ အခြေအနေကို ကျော်လွန်ဖို့ အသင့်ဖြစ်နေပြီ ဆိုတာ ပြသနေပါတယ်” ဟု  Sierra Club မှ ညွှန်ကြားရေးမှူးချုပ် Michael Brune က ပြောသည်။ Sierra Club သည် အမေရိကန်တွင် နာမည်ကြီးသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ ဖြစ်သည်။
ဓာတ်ဆီဖြည့်လျှင် မိနစ်ပိုင်းအတွင်း ပြီးစီးသော်လည်း လျှပ်စစ်ဓာတ်အားဖြည့်သည့်အခါ အမြန်နှုန်းဖြင့် သွင်းလျှင်ပင် အနည်းဆုံး နာရီဝက်ခန့် အချိန်ကြာသည်။
“ပလပ်ပေါက်ထိုး အားဖြည့်ပြီး မောင်းရတဲ့ကားတွေက ဓာတ်ဆီကားတွေထက် ပိုပြီး လောင်စာဖိုး သက်သာတယ်။ အားဖြည့်နေတုန်းမှာလည်း အိပ်နေလို့ ရသေးတယ်” ဟု  Plug In America အဖွဲ့ ဥက္ကဋ္ဌ Chad Schwitters က ပြောသည်။
“ဒီသတင်းကောင်းတွေကို အများပြည်သူ သိအောင် ပြောပြဖို့အတွက် ဒီအခမ်းအနားတွေ လုပ်နေတာပါ” ဟု သူက ဆက်လက်ပြောသည်။
နိုင်ငံတကာတွင် ပါတ်ဝန်းကျင်သန့်ရှင်းရေး ဦးစားပေး မော်တော်ယာဉ်များ တိုးမြှင့် ထုတ်လုပ်လျက်ရှိပြီး တပြိုင်နက်တည်းတွင် ဓာတ်အားဖြည့်နိုင်သည့် ဆိုင်များ တိုးချဲ့ဆောက်လုပ်ရေးကိုလည်း ဆောင်ရွက်နေကြသည်။
ဂက်စ် နှင့် ဓာတ်ဆီ ပူးတွဲသုံးယာဉ် ထုတ်လုပ်သကဲ့သို့ လျှပ်စစ်နှင့် လောင်စာဆီသုံး ကားများကိုလည်း စမ်းသပ်လျက်ရှိသည်။
နိုင်ငံအများအပြားတွင် လျှပ်စစ်ကားထုတ်လုပ်သော  ကုမ္မဏီတို့က ပြည်နယ်အစိုးရ၊ ဗဟိုအစိုးရထံမှ အထောက်အပံ့၊ အကူအညီ ရနေကြသည်။
ထိုင်းနိုင်ငံတွင်လည်း လျှပ်စစ်ကား သုံးစွဲမှု အစပျိုးနေကြောင်း ဘန်ကောက်မြို့တော် အခြေစိုက် ဘန်ကောက်ပို့စ် သတင်းစာ အွန်လိုင်းတွင် ရေးထားသည်။
ထိုင်းတွင် ၂ နှစ်အတွင်း ဓာတ်အားဖြည့်ဆိုင် ၂၀ တည်ဆောက်မည်ဟု ဆိုသည်။  ဘန်ကောက်မြို့တော်တွင်  ပြီးခဲ့သောလက တဆိုင်၊ ကြာသပတေးနေ့က တဆိုင် ဖွင့်ခဲ့သည်ဟု သတင်းတွင် ရေးသားထားသည်။
လျှပ်စစ်ယာဉ်တို့ကို အားဖြည့်ဆိုင်တွင် ဓာတ်အား ဖြည့်နိုင်သကဲ့သို့ နေအိမ်တွင်လည်း ပလပ်ပေါက်ထိုးပြီး ဓာတ်အားဖြည့်နိုင်သည်။
အားဖြည့်ဆိုင် အရေအတွက်
အမေရိကန် – ၈,၀၀၀ ခန့်
နော်ဝေး – ၃,၂၃၉
ဂျပန် – ၈၀၀
တရုတ် – ၁၆၈
ထိုင်း – ၂

မိုးမခအထောက်တော် အမှတ် ၀၀၄

ပေါ်တူဂီအစိုးရက အခွန်တိုးမယ့်ကိစ္စ ပြန်သုံးသပ်


ဆန္ဒပြနေကြတဲ့ ပေါ်တူဂီ ပြည်သူများ
BBC News, 23September 2012
 ပေါ်တူဂီ နိုင်ငံမှာတော့ လူမှုဖူလုံရေး အခွန် တိုးမြှင့်မယ့် အစီအစဉ် အတွက် ဆန့်ကျင် ဆန္ဒပြနေ ကြတဲ့ အတွက် အစိုးရက ပြန်လည် သုံးသပ် နေပါတယ်။
ဒီ ဗဟို လက်ယာယိမ်း အစိုးရက ပေါ်တူဂီ နိုင်ငံ အတွက် နိုင်ငံတကာက ကူညီ ထားတဲ့ အစီအစဉ် တွေအရ ဝန်ထမ်းတွေ ဆီက ပိုပြီး အခွန်တွေ တိုးကောက်ဖို့ စီစဉ် ထားခဲ့တာ ဖြစ်ပါတယ်။
ဒီအတွက် လွန်ခဲ့တဲ့ သတင်း တပတ်လောက်က အခွန် တိုးမြှင့်မယ့် အစီအစဉ် တွေကို ကြေညာခဲ့ချိန် ကစလို့ ထောင်ပေါင်း များစွာသော လူတွေ လစ္စဘွန်းနဲ့ တခြား နေရာတွေမှာ ဆန္ဒ ပြခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒါကြောင့် သမ္မတနဲ့ သူ့ရဲ့ အကြံပေးတွေ ၈ နာရီကြာလောက် ဆွေးနွေးခဲ့ကြ အပြီးမှာ အခုလို ပြန်လည် သုံးသတ်ဖို့ ဆုံးဖြတ် ခဲ့ကြတာ ဖြစ်ပါတယ်။

ဂွမ်တာနာမို အကျဉ်းသား ၅၅ ယောက်နံမည် အမေရိကန်ထုတ်ပြန်

ကျုးဘားနိုင်ငံ၊ ဂွာတာနာမို စစ်အကျဉ်းထောင်။
 (ဇွန်လ ၂၇ ရက်၊ ၂၀၀၆)။

VOA News, 22September 2012  —- ကျုးဘားနိုင်ငံ ဂွာတာနာမို စစ်အကျဉ်းထောင်မှာ ထိန်းသိမ်း ခံထားရသူတွေထဲက မကြာခင်ပြန်လွှတ်ပေးမယ့် အကျဉ်းသား ၅၅ ဦးရဲ့ အမည်စာရင်းတွေကို အမေရိကန် အစိုးရက ထုတ်ပြန်လိုက်ပါတယ်။ ဒီစာရင်းထဲမှာ အမေရိကန်ပြည်ထောင်စုမှာ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက် အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက်ပိုင်း ကတည်းကစလို့ ၁၁ နှစ်လောက်ကြာ ထိန်းသိမ်းခံထားရတဲ့ အကြမ်းဖက်သမားအဖြစ် မသင်္ကာသူ အကျဉ်းသား စုစုပေါင်း ၁၆၇ ယောက်ထဲက ၃ ပုံ၊ ၁ ပုံ ရဲ့ နံမည်တွေ ပါဝင်ပါတယ်။
အဲဒီအထဲက အများစုကတော့ ယီမင်နိုင်ငံသားတွေ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်တုန်းက သူတို့ကို ယီမင်နိုင်ငံကို ပြန်လွှတ်လိုက်ရင် ယီမင်နိုင်ငံမှာ အခြေစိုက်တဲ့ အယ်လ်ခိုင်းဒါး အဖွဲ့တွေ နဲ့ ပူးပေါင်းသွားမှာ စိုးတဲ့ သမ္မတ အိုဘားမားက သူတို့ကို ယီမင်ကို ပြန်ပို့ရေးအစီအစဉ်ကို ဆိုင်းထားခဲ့တာဖြစ်ပါတယ်။
၂၀၀၉ ခုနှစ်တုန်းက သမ္မတအိုးဘားမား အစိုးရအနေနဲ့ ဒီအကျဉ်းသားတွေရဲ့ နာမည်တွေကို လျှို့ဝှက်ထားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပေမဲ့ သောကြာနေ့တုန်း ကတော့ ပြန်လွှတ်ပေးမယ့် အကျဉ်းသားတွေရဲ့ နံမည်တွေကို တရားဝင် ထုတ်ဖော်ကြေညာခဲ့တာပါ။
ထိန်းသိမ်းထားတဲ့ အကျဉ်းသားတွေကို တခြားနိုင်ငံ တွေဆီ လွှဲပြောင်းဖို့ ညှိနှိုင်းတဲ့အခါမှာ အပေးအယူ လုပ်ရ လွယ်ကူအောင်လို့ ဒီအကျဉ်းသားတွေနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေကို ကာကွယ်ပေးခဲ့တာ ဖြစ်တယ်လို့ သမ္မတအိုဘားမား အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ အခုအခြေအနေတွေ ပြောင်းလဲသွားပြီဖြစ်လို့ အရင်ကလို ဝရမ်းထုတ်ထားတဲ့ သက်သေပြနိုင်မှ အကျဉ်းသားတွေကို လွှဲပြောင်းပေးတာမျိုး မလိုတော့ဘူးလို့ အမေရိကန် အစိုးရက ပြောပါတယ်။
ဗွီအိုအေ (မြန်မာဌာန)

ဘန်ဂါဇီ အခြေစိုက် စစ်သွေးကြွ အဖွဲ့ကို မောင်းထုတ်

  ဆိုးသွမ်းလှတဲ့စစ်သွေးကြွတွေ ကြောင့်မတည် ငြိမ်မှုတွေ ဖြစ်နေတဲ့အပေါ်လူထုကမကျေနပ်      


 လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့မှာ အမေရိကန် သံအမတ်ကို သတ်ဖြတ် ခဲ့တဲ့ စစ်သွေးကြွ အဖွဲ့လို့ စွပ်စွဲ ခံထားရတဲ့ ဘန်ဂါဇီ အခြေစိုက် အစ္စလာမ် စစ်သွေးကြွ အဖွဲ့ကို ဘန်ဂါဇီ မြို့ကနေ မောင်းထုတ် လိုက်ကြပြီ ဖြစ်ပါတယ်။
အန်ဆာ အဲလ် ရှာရီယာ လို့ခေါ်တဲ့ ဒီအဖွဲ့ရဲ့ ဌာနချုပ်ကို ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေ ကနေ ဝင်ရောက် စီးနင်း ခဲ့တာ ဖြစ်ပါတယ်။
တရားမဝင် လက်နက်ကိုင် အဖွဲ့တွေရဲ့ အာဏာပြ ဗိုလ်ကျ မှုတွေကို ဆန့်ကျင် ကန့်ကွက်တဲ့ ကြီးမားလှတဲ့ ဆန္ဒပြမှု ဖြစ်ပွားခဲ့ပြီး နောက်မှာ အခုလို ဝင်စီးခဲ့တာ ဖြစ်ပါတယ်။

ဆန္ဒပြ လူအုပ်ကြီးဟာ ဘန်ဂါဇီမြို့ တခြား နေရာက စစ်သွေးကြွ အဖွဲ့တွေရဲ့ လက်နက်ကိုင် သေနတ် သမားတွေနဲ့လည်း ရုန်းရင်း ဆန်ခတ် ဖြစ်ပွားခဲ့ ပါသေးတယ်။
အနည်းဆုံး လူ ၁၀ ဦး သေဆုံး သွားတယ်ဆိုတဲ့ သတင်းတွေလည်း ရရှိပါတယ်။
လစ်ဗျားမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် ပြောတာ ကတော့ ဆိုးသွမ်း လှတဲ့ စစ်သွေးကြွတွေ ကြောင့် မတည်ငြိမ်မှုတွေ ဖြစ်နေတဲ့ အပေါ် လူထုက မကျေမနပ် ဖြစ်နေတာ လနဲ့ချီ ကြာနေပြီလို့ ဆိုပါတယ်။

အဓိကရုဏ်းကြောင့် ဘင်္ဂလာဒေခ်ျ့ စစ်တကောင်း ရမ်ဂါမတီတွင် အရေးပေါ် ပုဒ်မ ၁၄၄ ထုတ်


နိရဉ္စရာသတင်းဌာန. ၂၃ရက်နေ့ စက်တင်ဘာ ၂၀၁၂  

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်းတောင်တန်းနယ် သက်လူမျိုးများ နေထိုင်ရာ ရမ်ဂါမတီခရိုင်တွင် သက်ကျောင်းသားများနှင့် ပြောင်းရွှေ့ အခြေချ နေထိုင်သူ ဘင်္ဂလီ လူမျိုးများ အကြား အပြန်အလှန် တိုက်ခိုက်မူများ ပေါ်ပေါက်ပြီးနောက် ယခုအခါ  ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီဟု The Dailystar သတင်းအရ သိရသည်။
ပုဒ်မ ၁၄၄ ကို ဒေသဆိုင်ရာ အာဏာပိုင်များက ယမန်နေ့ နံနက် ၁၁ နာရီမှ ထုတ်ပြန် လိုက်ခြင်း ဖြစ်ပြီး  အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းရန် အတွက် ဖြစ်သည်ဟု အာဏာ ပိုင်များက ပြောသည်။
ဘင်္ဂလာဒေခ်ျ့ထုတ် သတင်းစာများအရ သိရသည်မှာ သက်အမျိုးသား ကျောင်းသား  (၂) ဦးနှင့် ဘင်္ဂလီကျောင်းသားများ ရမ်ဂါမတီ အစိုးရ ကောလိပ်တွင် ခိုက်ရန် ဖြစ်ပွားသည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် အပြန်အလှန် တိုက်ခိုက်မူများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ပြင်ပတွင်နေထိုင်သူ တချို့က အုတ်ခဲများ၊ တုတ်များ၊ ဓါးများဖြင့် ကောလိပ်ကျောင်း ရှိ ဒေသခံလူမျိုး စု ကျောင်းသားများကို ၀င်ရောက် တိုက်ခိုက်ရာမှ အဓိဂရုဏ်း စတင် ဖြစ်ပွားသည်ဟု သတင်းစာ က ရေးသည်။
တိုက်ခိုက်မူအတွင်း လူပေါင်း ၂၀ ဒဏ်ရာ ရရှိခဲ့ပြီး တချို့ကို ဆေးရုံတင်ပို့ခဲ့ရသည်ဟု ဆိုသည်။
ဘင်္ဂလာဒေခ်ျ့ စစ်တပ်မှ အခြေအနေကို ၀င်ရောက် ထိန်းသိန်းခဲ့ရပြီး ဈေုးဆိုင်များ၊ ကားများ ဖျက်ဆီးခံခဲ့ရသည်။
အခုအခါ အခြေအနေမှာ တည်ငြိမ်နေပြီး စစ်တပ်၊ ရဲနှင့် နယ်စပ် လုံခြုံရေး တပ်ဖွဲ့ဝင် အများအပြားကို တပ်ဖြန့်ချထားလိုက်ကြောင်း သိရသည်။
ရမ်ဂါမတီကို  ရခိုင်အမျိုးသားများက (သက်ထောင်) အဖြစ် သိရှိကြပြီး အဆိုပါ ဒေသတွင် ဌာနေတိုင်းရင်းသား သက်လူမျိုးများနှင့် မြေပြန့်မှ အခြေချနေထိုင်ရန်လာသူ ဘင်္ဂလီလူမျိုးများ အကြား ယခုကဲ့သို့ အဓိဂရုဏ်းများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်းတောင်တန်းနယ်တွင်  ရမ်ဂါမတီ (သက်ထောင်)၊ ခါကာဆိုရီ ( ဖလံထောင်)နှင့် ဘင်ဒရိုင်ဘင် ( ဗိုလ်မင်းထောင်) ဟု ခရိုင် (၃) ခုရှိပြီး အများစု လူမျိုးများမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။
( ယနေ့ တွင် ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် အစ္စလာမ်မစ် အဖွဲ့ ၁၂ ခုက တနိုင်ငံလုံး သပိတ် ခေါ်ထားမူကြောင့် ကား၊ ရထား၊ သဘောင်္များ အသွားအလာများ လုံးဝ ရပ်ဆိုင်းကာ ကျောင်းများ၊ အစိုးရရုံးများ၊ ဈေးဆိုင်များကိုလည်း ပိတ်ထားရသည်။ ယခုကဲ့သို့ တရက်တာ သပိတ် ခေါ်ယူရခြင်းမှာ ယမန်နေ့က  မွတ်ဆလင် ဆန့်ကျင်ရေး “ Innocence of Muslim”  ဗွီဒီယိုကို ဆန့်ကျင် ဆန္ဒပြသူများကို ဒက္ကားမြို့တော်တွင် ရဲတပ်ဖွဲ့က အင်အားသုံး ဖြိုခွဲမူကြောင့် ဖြစ်သည်ဟု သိရသည်။)

Saturday, September 22, 2012















နိင်ငံရပ်ခြားပလေးဘွိုင်းမော်ဒယ်မလေးများ။