Monday, September 24, 2012

မြန်မာမော်ဒယ်မလေးတဦးပါနာမည်တော့တပ်မထားပါဘူး။
ရှုစားတော်မူရန်အတွက်ရှာဖွေတင်ပြပေးလိုက်ရပါတယ်။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0PiOocpe0Sfs06AlR6HSXs6EqFnBd7VATXG7FXsWAmRMCQMlhzmGR9pYB8eh1Oiz4Q1CekYvf1u8yqZQd6dVm5kSAzJCoZ9E0lSeO0oPvReOAuV_lSQlnYKTWMQxt2G8RmVDQJ1WPiehJ/s1600/ID5C7253.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGUuGVUwNrksRagUuez-gOHvUahWe_S-_04Tk47QBTtilLlxqoZdA7x9u6o4J2MSIu7hTD2AigZ2yFEw4Ckd17UfcqSixi-glkF9r79KbBsRLhSIaQUfui9YfBVhjeuXYRDXWqZ2lFb19b/s1600/ID5C7255.jpg


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifcWpB42eo1QPn4c6gilX8-NOrnGQoclh8SGYElgtlRFHOLIpA3sdiVsflirRlSQm2xxA4YoSYh5-zdhxHu1cqqY9IeND8zttiFdWW0zwr1mEkNM7mJdtrk6TAPdtQhTxwlVH_ikGpr-G5/s1600/ID5C7263.jpg


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho3hXxUYKg0e1uPSoqhINUO6eQjSMGch2eHjiCqksWaN-NNsJOXcES5VVFicnpkgYGCDMvz9MQZAfNNLSXOWafpPFmklAy8w9QBi9_e30Fjp4ZWVLFIyLItosEfwyw8_x-Hox2EYzmMv-i/s1600/ID5C7270.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2AlCih4SQuoR6rkFEJvk9GxKFfD5xvVRP_l8RUAAzWq2wTEuUhDQUKcH8Zs3hNPCo7VlcFMKzUTcLeVygJIb3kQ6KIZPMDKME4j1PNGRlgenZ2KionrcPH-14AFWOMtDUYtrCHyMscPq2/s1600/ID5C7261.jpg

Sunday, September 23, 2012

စိတ်ရောဂါသည် တစ်ဦး တိုက်ခိုက် မှုကြောင့် မူလတန်း ကလေးငယ် သုံးဦး သေဆုံး

  မြဝတီ


(ပေကျင်း စက်တင်ဘာ ၂၂)
တရုတ် နိုင်ငံ တောင်ပိုင်းရှိ မူလတန်း ကျောင်း တစ်ခု၌ ပုဆိန်ဖြင့် တိုက်ခိုက်မှု ကြောင့် ကလေး သုံးဦး သေဆုံး၍ ၁၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံ မီဒီယာ များက စက်တင်ဘာ  ၂၁ ရက်တွင် ထုတ်ပြန် ခဲ့ကြောင်း သိရသည်။
ဖြစ်ပွားပုံမှာ ကွမ်ရှီ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ပင်နန်ခရိုင် အတွင်းရှိ မူလတန်းကျောင်း တစ်ကျောင်းမှ ကလေး အုပ်စု တစ်စုအား စိတ်ရောဂါ သည်လူတစ်ဦးက ပုဆိန်ဖြင့် တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကလေးငယ် များအား တိုက်ခိုက်ခဲ့ သည့် ဝူအမည်ရှိ အမျိုးသားအား ယခု အခါ အာဏာပိုင် များက ဖမ်းဆီး ခဲ့ပြီးနောက် အနီး တစ်ဝိုက်တွင် လုံခြုံရေးကို တိုးမြှင့် ချထား ခဲ့သည်။  အဆိုပါ တိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ အာဏာပိုင် များက  စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။ 
ထို့အပြင် တရုတ် နိုင်ငံ၌ ၂ဝ၁ဝ ပြည့်နှစ် အတွင်း ကလည်း ကလေးများ အား တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ ကလေး ၁၅ ဦး သေဆုံး၍ ၈ဝ ကျော်ဒဏ်ရာ ရရှိ ခဲ့ကြောင်း သိရသည်။        
 

ဆေးထိုးအပ်မလိုအပ်ဘဲ အာထရာဆောင်းဓါတ်မှန်နှင့် ဆေးသွင်းနိုင်ပြီ


မြန်မာ့သားကောင်း. ၂၃ရက်နေ့ စက်တင်ဘာ ၂၀၁၂ 

အမေရိကန်ပြည်ထောင်စု မက် ဆက်ချူးဆက် နည်းပညာတက္ကသိုလ် (MIT) အင်ဂျင်နီယာများက ခန္ဓာ ကိုယ်တွင်းသို့ ဆေးသွင်းနိုင်မည့် နည်းပညာသစ်တစ်မျိုး တွေ့ရှိခဲ့ကြ သည်။ အာထရာဆောင်းဓါတ်မှန်ကို အသုံးပြု၍ ဆေးထိုးအပ်မလိုဘဲ အရေပြား ဖြတ်ကျော်ဆေးသွင်းနိုင်တော့ မည် ဖြစ်သည်။
အာထရာဆောင်းဓါတ်မှန် သည် အသံလှိုင်းများဖြင့်အလုပ်လုပ်သည်။ လူတို့ကြားနိုင်သော အသံလှိုင်းထက် ကြိမ်နှုန်း (Frequency) ပိုများ၍ Ultrasound ဟုခေါ်ခြင်းဖြစ်သည်။ အာထရာဆောင်းအသံလှိုင်းသည် လူ့အရေပြားနှင့်ထိတွေ့သောအခါ အရေပြားအပေါ်ယံအလွှာကို ခေတ္တ ဖယ်ရှားပေးနိုင်သည်။ ဤသို့ဖြင့် နာ ကျင်မှုကင်းမဲ့စွာ အရေပြား၏ စိမ့်ဝင် နိုင်စွမ်းခေတ္တအားကောင်းလာသည်။

စတီးရွိုက်လိမ်းဆေးများ၊ အင်ဆူ လင်ကဲ့သို့ထိုးဆေးများ၊ ကာကွယ်ဆေး များ စသည့်ဆေးများကို အာထရာ ဆောင်းနှင့်ထိုးသွင်းနိုင်တော့မည်ဖြစ် ကြောင်းသုတေသီများကဆိုသည်။

သုတေသနတွင် အာထရာ ဆောင်း အသံလှိုင်းနှစ်မျိုး အသုံးပြုခဲ့သည်။ MIT ၏ထုတ်ပြန်ချက်အရ အသံလှိုင်း တစ်မျိုးတည်းအသုံးပြုသည်ထက် ကြိမ်နှုန်းမြင့်၊ ကြိမ်နှုန်းနိမ့် အသံလှိုင်း နှစ်မျိုးရောယှက်အ သုံးပြုခြင်းက ဆေးများ အရေပြားဖြတ်ကျော်ဝင် ရောက်နိုင်စွမ်း ပိုမိုကောင်းမွန်ကြောင်း သိရသည်။

ဇော်ကို

အထိုင်များသော အလုပ်ကြောင့် စောစောစီးစီး သေဆုံးစေနိုင်


မြန်မာ့သားကောင်း . ၂၃ရက်နေ့ စက်တင်ဘာ ၂၀၁၂ 
 
တစ်ခါထိုင်ရင် သုံး-လေးနာရီကျော်ကြာ တဲ့သူတွေကို လေ့လာ ခဲ့ရာ စောစောစီးစီး သေဆုံးနို င်ခြေ မြင့်မားေ နတယ်လို့ လေ့လာမှု နှစ်ခုအရ သိရပါတယ်။ အမေရိကန်ေ လ့လာမှုအရ တစ်နေ့ ခြောက်နာရီထက် ပိုမိုထိုင်ပြီး လေ့ကျင့်ခန်း မလုပ် တဲ့ အမျိုးသမီးေ တွက အချိန်မတို င်မီ စောစောသေဆုံးနိုင်ခြေ ၇၀ ရာခိုင်နှုန်းကျော် ပိုမိုမြင့်မားကြောင်း၊ အမျိုးသားတွေမှာတော့ အချိန်မတိုင်မီ စောစောသေဆုံးနိုင်ခြေ ၅၀ ရာခိုင်နှုန်း
ပိုမိုမြင့်မားကြောင်း လေ့လာတွေ့ရှိရပါတယ်။သြစတြေးလျ လေ့လာမှုအရ တစ်နေ့ ၁၁ နာရီကျော်ထိုင်တဲ့သူတွေက အချိန်မတိုင်မီ စောစောသေဆုံးနိုင်ခြေ ၄၀ ရာခိုင်နှုန်း ပိုမိုမြင့်မားကြောင်း တွေ့ရှိရပါတယ်။ လေ့လာမှုနှစ်ရပ်အရ လူတွေက အထိုင်များလေလေ၊ ဘဝသက်တမ်းတိုဖို့ အခွင့်အလမ်း ပိုများလေလေ ဖြစ်တာကိုတွေ့ရပါတယ်။
အထိုင်များသူတို့အတွက် ဖြေရှင်းနည်း - အထိုင်များတဲ့ အလုပ်လုပ်ရသူတွေ အနေနဲ့ နာရီဝက်ကြာ ထိုင်ပြီးတိုင်း မတ်တပ်ရပ်ပေးဖို့ လိုပါတယ်။
- ဖုန်းကို ရပ်ပြီး ပြောတာ၊ လက်ကိုင်ဖုန်းကို လမ်းလျှောက်ပြီး ပြောတာမျိုး လုပ်ပါ။
- လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောရာမှာ အီးမေး၊ ချက်တင်တွေနဲ့ ပြောမယ့်အစား သူတို့ဆီကို သွားရောက်ပြီးပြောပါ။
- နာရီများစွာ ကြာကြာထိုင်ပြီး အလုပ်လုပ်မယ့်အစား မကြာခဏ ရေသောက်လိုက်၊ အိမ်သာသွားလိုက်(ဆီးသွားလိုက်)လုပ်ပေးပါ။
ZKO(Ref; yahoo.com)

စင်္ကာပူနိုင်ငံက သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေး


ဧရာဝတီဘလော့. ၂၃ရက်နေ့ စက်တင်ဘာ ၂၀၁၂

သာယာသောနံနက်ခင်းမို့ခါ တိုင်းလျှောက်နေကျ အနီးရှိ သဘာဝ တောအုပ်နှင့် အချိုးတကျ လူပြုပြင်ထားတဲ့ အပန်းဖြေသစ်တောဥယျာဉ်ဘက် လမ်းလျှောက်ထွက်ခဲ့ပါတယ်။ ငှက်ကလေးများ တေးသီဧရိယာ – Birds Singing Area ဘက် ဖြည်းဖြည်းလျှောက်လာပြီး ကျောက်ထိုင်ခုံတန်းတစ်ခုပေါ် ထိုင်ရင်း ငှက်ကလေးများတေးသီသံကို စိတ်အေးချမ်းစွာ နားဆင်မိပါတယ်။
ပထမအကြိမ် လမ်းလျှောက်စဉ်က ငှက်ကလေးများ တေးသီဧရိယာ ဆိုင်းဘုတ်တွေ့တော့ သဘာဝ တောအုပ်ထဲက ငှက်ကလေးများလို့ထင်မိပြီး လျှောက်လာတော့မှ အောက်ဘက်က ကွင်းပြင်ကျယ်မြေပြန့်ဘက်မှာ အမြင့်ပေ၂ဝခန့် သံပိုက်တိုင်ကလေးများ ရှစ်ပေခြားခန့်အစီအရီ ထောင်ထားကာ ငှက်မွေးသူများက ခြေလျင်တစ်မျိုးကားဖြင့်တစ်ဖုံ အသီးသီးနံနက်ပိုင်းတွင် ရောက်လာကြပြီး တိုင်မှာအသင့်ရှိကြိုးဖြင့် ငှက်လှောင်အိမ်များကို တစ်တိုင်တစ်လုံးကျ အလံတင်သလို ချိတ်ဆွဲတင်ကြတာကို တွေ့ရပါတယ်။
ငှက်ကလေးများကတော့ ချိုးငှက်အပါအဝင် အသံသာငှက်မျိုးစုံပါပဲ။ သူတို့ကနေအိမ်မှာ သံသာငှက်ကလေးတွေရှိရင် မင်္ဂလာရှိတယ်လို့ စွဲယူကြဟန်ရှိပါတယ်။ လှောင်အိမ်ထဲက ငှက်ကလေးများ၊ အနီးရှိ သဘာဝ တောအုပ်ထဲက ငှက်ကလေးများရဲ့ တေးကြူသံများက သာယာပါတယ်။ ငှက်လှောင်အိမ်ကလေးများ ချိတ်ထားပြီး ပိုင်ရှင်အချို့က အနီးအနား အရိပ်ရှိ ခုံတန်းကလေးများမှာ ထိုင်ပြီး သက်သောင့်သက်သာ စကားပြောဆိုနေကြပါတယ်။ မလှမ်းမကမ်း ကိုက် ၂ဝဝသာသာမှာတော့ ဈေးသွား၊ ဈေးဝယ်စည်ကားတဲ့ ကုန်မျိုးစုံဈေးကြီး တစ်ခုရှိပြီး ဝန်းကျင် တစ်ခုလုံး သန့်ရှင်းသပ်ရပ်နေပါတယ်။ ကားပါကင် ဧရိယာကလဲ အတော်ပင်ကျယ်ဝန်းပြီး ကားအချို့ စီရရီ ရပ်ထားပါတယ်။

နေရာက စင်ကာပူနိုင်ငံ၊ အန်မိုကို သဘာဝသစ်တောဥယျာဉ်ဖြစ်ပါတယ်။ သဘာဝ သစ်တောဥယျာဉ်ကို ကနဦးရှိပြီး တောင်ကုန်းမြေမြင့်ရှိ သဘာဝ သစ်ပင်သစ်တောအတိုင်း ၇ဝ ရာခိုင်နှုန်းခန့် ထိန်းသိမ်းထားရှိကာ သင့်တော်တဲ့ အချို့နေရာများမှာ လူက ပြုပြင်ထားပေးတာ တွေ့ရပါတယ်။ အပန်းဖြေကျန်းမာရေးအတွက် တောင်ကုန်းပတ်၊ တောင်ကုန်းဖြတ် ကတ္တရာခင်း၊ ကျောက်ပြားခင်းလမ်းကလေးများ၊ တောအုပ်အတွင်း ဖြတ်လမ်းကလေးများ ရှိနေပြီး သဘာဝတောတွင်းလေသန့်ကို ရှူရှိုက်နိုင်ကြပါတယ်။ တောင်ကုန်းပေါ်နဲ့ အောက်ခြေ မြေပြန့်များမှာ ကိုယ်လက်လှုပ်ရှား ကစားလိုသူများအတွက် ကစားနိုင်တဲ့ ကိရိယာများ၊ ကလေးကစားကွင်းငယ်များ သပ်ရပ်ခိုင်ခံ့စွာထားရှိပြီး လူအို၊ လူလတ်၊ ကလေးများပါ လေ့ကျင့်ကစားနေ လေ့ရှိပါတယ်။
သဘာဝ တောအုပ်ထဲမှာ တောရစ်ငှက်၊ ရှဥ့်၊ ငုံးငှက် စသည်များ ရှိပါတယ်။ တောင်ကုန်းကြီးရဲ့ အခြားတစ်ဘက် မြေပြန့်တစ်နေရာမှာတော့ ပေ ၁ဝဝ x ၅ဝ ခန့် ရှည်မျောမျော သဘာဝ ရေကန်ငယ်တစ်ခု ရှိကာ ပဒုမ္မာကြာများ ပွင့်ဖူးငုံနေတာကို နိုင်ငံခြား ခရီးသည်အချို့က စိမ်ပြေနပြေ ဓာတ်ပုံများ၊ ဗီဒီယိုမှတ်တမ်းများ ရိုက်နေကြတာ မကြာခဏ တွေ့ရပါတယ်။ ဒီလို သဘာဝ သစ်တော ဥယျာဉ်ကျယ်များဟာ မြို့နယ် ဒေသတိုင်းမှာ ရှိနေပါတယ်။
ရေကန်ရဲ့ တစ်ဘက်ထိပ်မှာ ကျောက်တိုင်၊ ကျောက်ထုပ်များနဲ့ ပန်းနွယ်ရုံ စင်ကျယ်တစ်ခု အခိုင်အမာ လုပ်ထားပြီး နွယ်ပန်းများ မိုးယှက်နေကာအောက်မှ ကျောက်ခုံဝိုင်းများမှာ နားနေ၊ စာဖတ်လျက်ရှိကြပါတယ်။ လမ်းမကျယ်ရဲ့ အခြားဘက်ကွင်းပြင်ကျယ် မြက်ခင်းစိမ်းစိမ်းများဘေးမှာတော့ အင်တာနက် ဆက်သွယ်ရေးစနစ်နဲ့ စားသောက်နားနေခန်း ပါရှိတဲ့ နှစ်ထပ် ပြည်သူ့ စာကြည့်တိုက်တစ်ခု ဣနြေ္ဒရစွာရှိနေပြီး လူကြီး၊ လူငယ်၊ ကလေး မကျန် ပုံမှန်ဝင်၊ ထွက်နေကြပါတယ်။
သဘာဝ တောဥယျာဉ် ကုန်းမြေမြင့်ကြီးရဲ့ တစ်ဘက်ထိပ် လမ်းဆုံနားမှာတော့ ကမ္ဘာကျော် မက်ဒေါနယ် စားသောက်ဆိုင်ကြီးတစ်ခု ရှိနေကာ ဆိုင်ဝန်းကျင်က တိတ်ဆိတ် အေးချမ်းပြီး သဘာဝတောနဲ့ လူလုပ်မြေ၊ ရေအလှပြုပြင်မှုကို အချိုးညီစွာ ပေါင်းစပ်ထားပါတယ်။ ကလေးက စားခန်းတစ်ခုလဲ ထည့်သွင်းထားလို့ လူကြီးများ ဣနြေ္ဒရစွာ စားသောက်၊ စကားပြောဆို နားနေလို့ရပါတယ်။
ကျောက်ခုံတန်းမှာ အတန်ကြာနားနေပြီး လက်ယာရစ်လျှောက်လာကာ ကြာကန်ထိပ် ကျောက်စားပွဲနား ရောက်တော့ စည်းကမ်းမဲ့သူတစ်ဦး ပစ်သွားတဲ့ ဘီယာပုလင်းခွံတစ်လုံး မြေကြီးက ကျောက်သားနဲ့ထိကာ ကွဲကြေနေတာ၊ ဖော့ဘူးခွံတချို့ပစ်ထား တာတွေ့လို့ အသာကောက်ယူကာ အနီးရှိ အမှိုက်ပုံးထဲ ထည့်ခဲ့ပါတယ်။ ဒီလိုပါပဲ လမ်းလျှောက်ရင်း တစ်ခါတရံ စည်းကမ်းမဲ့သူတချို့က ဘူးခွံ၊ စက္ကူစ၊ပလတ်စတစ်စများကို ပစ်ထားတာကို တွေ့ရတတ်ပါတယ်။ သန့်ရှင်းရေး အမြဲလုပ်နေပေမယ့် လပ်ဟာတဲ့အခါတော့ ရှိပေမပေါ့။

တိုက်ခန်းနေသူများ အမှိုက်စွန့်စနစ်၊ သိမ်းစနစ်ကတော့ အလွန် ကောင်းပါတယ်။ အထပ်မြင့် တိုက်ခန်းများက မီးဖိုခန်းရှိ အမှိုက်ပေါက် အဖုံးဖွင့်ပြီး ပစ်ချလိုက်ရုံပါပဲ။ သိမ်းယူစနစ်ကလဲ နေ့တိုင်းနိုင်အောင် သိမ်းယူပြီး ရေဖျန်းသန့်ရှင်းသွားပါတယ်။ တိုက်ခန်းတိုင်းရဲ့ ဝရံတာ စင်္ကြံလှေကားများကိုလဲ အမြဲတစေ ရေထိုးပိုက်အားဖြင့် ဖျန်းပက် သန့်ရှင်း သွားကြပါတယ်။ ပြန်လည်ပြုပြင် အသုံးချနိုင်တဲ့ – Recycling စွန့်ပစ်ပစ္စည်း ဥပမာ-ပလတ်စတစ်၊ သတ္တု၊ ဖန်ထည်ပစ္စည်းများ၊ သတင်းစာထုပ် ပိုးစက္ကူဂျပ်၊ စီဒီပြားများစသည်တို့ ကို ထည့်ထားရန်၊ ပလတ်စတစ်အိတ်ကြီးများကို တစ်လတစ်ကြိမ် နေအိမ်ခန်းများသို့ ထားပေးကာ စွန့်ပစ်ပစ္စည်းများ ထည့်ပြီး သတ်မှတ်ရက်တွင် နေအိမ်ခန်းရှေ့၌ ချထားပေးပါရန် မေတ္တာရပ်ခံစာအိတ်ပေါ်တွင် ရေးထားပါတယ်။ နေအိမ်ခန်းနေသူများက Recycling စွန့်ပစ္စည်းများထည့်ကာ အခန်းရှေ့တွင်ထားပါက သက်ဆိုင်ရာအလှည့်ကျသူ(များသော အားဖြင့် စာသင်ကျောင်းများမှ လုပ်အားပေး Volunteer လူငယ်များက) လာရောက် သိမ်းယူသွားကြပါတယ်။
ဝန်းကျင်သန့်ရှင်းတဲ့ စွမ်းအင်ရယူဖို့ အိုးအိမ်တိုက်တာများမှာ နေရောင်ခြည် လျှပ်စစ်ဓာတ်အားစနစ် စတင် လုပ်ဆောင်နေကြပါပြီ။ လမ်းမီးများကိုလဲ အချိန်ကိုက်ဖွင့်၊ ပိတ်စနစ်သုံးကာ ရုံး၊ နေအိမ်ခန်း အားလုံးကလဲ လျှပ်စစ်မီး၊ ရေ၊ ဓာတ်ငွေ့များကို အလေအလွင့် မရှိအောင် စည်းကမ်းတကျ သုံးကြပါတယ်။
မှတ်သားစရာတစ်ခုကတော့ အမှိုက်အိတ် – Recycling Waste Bag မှာ ရေးထားတဲ့ စာပိုဒ်နှစ်ခုပါ။ တစ်ခုက ‘ကျွန်ုပ်တို့ အမှိုက်ထွက် နည်းပါးစေပြီး သဘာဝ သယံဇာတများကို ထိန်းသိမ်းကြစို့’နဲ့ ‘ သဘာဝဝန်းကျင်ကို ထိန်းသိမ်းကာကွယ် ကြပါစို့’ တဲ့။

ဈေးကွက်ဂျာနယ်တွင် ဖော်ပြထားသော ဆောင်းပါးဖြစ်သည်။

ဦးဦးဇော် ~

နေအိမ်ခန်းအသွင်သုံးနိုင်မည့် ပေါင်တစ်သန်းကျော်တန် ဇိမ်ခံဘတ်စ်ကား


မြန်မာ့သားကောင်း . ၂၃ရက်နေ့ စက်တင်ဘာ ၂၀၁၂

 နေအိမ်ခန်းတစ်ခုအသွင် အသုံးပြုနိုင်သော အဆင့်မြင့်နည်းပညာများ ပါဝင်သည့် Volkner Mobile Performance Bus ဟု အမည်ပေးထားသော ဇိမ်ခံဘတ်စ်ကားကြီး၏ တန်ဖိုးမှာ ပေါင်စတာလင် ၁ ဒသမ ၂ သန်းအထိပင်ရှိနိုင်ကြောင်း သိရသည်။
အဆိုပါကားကြီးပေါ်တွင် အိပ်ခန်း၊ မီးဖိုခန်း၊ ဧည့်ခန်း၊ ရေချိုးခန်းနှင့် အခြား ဇိမ်ခံဖျော်ဖြေးရေးပစ္စည်းများ ပါဝင်သည်။ ထို့အပြင် ပြိုင်ကားအရွယ် Ferrari သို့မဟုတ် Lamborghini စူပါကားတစ်စီးကိုလည်း ထည့်သွင်းသယ်ဆောင်သွားနိုင်မည် ဖြစ်သည်။


အရှည် ပေ ၄၀ ရှိသော အဆိုပါဘတ်စ်ကားကြီးကို မှာကြားဝယ်ယူလိုသူများ အနေဖြင့် ကားပေါ်တွင် မိမိတို့ စိတ်တိုင်းကျ တပ်ဆင်ထည့်သွင်းလိုသည်များ၊ မွမ်းမံပြင်ဆင်လိုသည်များကို ရွေးချယ်နိုင်ပြီး မိမိထည့်သွင်းသမျှ၊ မွမ်းမံပြင်ဆင်သမျှပေါ်မူတည်၍ ဘတ်စ်ကားတစ်စီးလျှင် ပေါင်စတာလင် ၇၅၀,၀၀၀ မှ ၁ ဒသမ ၂ သန်းအထိ ကျသင့်မည်ဖြစ်သည်။ လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်းရှိ ချမ်းသာကြွယ်ဝသူများထံမှ အမှာစာများကို လက်ခံရရှိထားပြီးဖြစ်ကြောင်း သိရသည်။
From -Planet.com.mm

ဂျပန်မှာ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြ

အမျိုးသားရေး ဝါဒီ အဖွဲ့ တခု ကနေ ဒီဆန္ဒပြပွဲကို စည်းရုံး လုပ်ဆောင် ခဲ့တာ ဖြစ်ပါတယ်
BBC News, 22September 2012 

 အရှေ့တရုတ် ပင်လယ်က ကျွန်းစု အငြင်းပွားမှု ကိစ္စ အရှိန် မြင့်လာနေချိန်၊ ဂျပန် နိုင်ငံ တိုကျို မြို့တော်မှာ လူပေါင်း ရာနဲ့ချီပြီး တရုတ် ဆန့်ကျင်ရေး ကြွေးကြော် ဆန္ဒပြခဲ့ကြ ပါတယ်။
ဂန်ဘရီ နီပွန် (ဂျပန်အရေး ဆောင်ရွက်ကြပါ) လို့ ခေါ်တဲ့ အမျိုးသားရေး ဝါဒီ အဖွဲ့ တခု ကနေ ဒီဆန္ဒပြပွဲကို စည်းရုံး လုပ်ဆောင် ခဲ့တာ ဖြစ်ပါတယ်။
ဒီကျွန်းစုတွေကို ဂျပန်က ပိုင်ဆိုင်တယ်ဆိုတာကို ပြတ်ပြတ် သားသား ကြေညာ ပြောဆို လိုကြောင်း အဲဒီ အဖွဲ့က ပြောပါတယ်။

တရုတ်နိုင်ငံ တလွှား မြို့ကြီးတွေမှာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းတွေ အတွင်း ဂျပန် ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ ပါတယ်။
ဂျပန်လို့ ဆန်ကာကူ တရုတ်လို့ ဂျောင်ယုလို့ ခေါ်တဲ့ ဒီကျွန်းစုတွေကို ဂျပန် ပုဂ္ဂလိကပိုင် လက်ထဲ ကနေ အခုလ အစောပိုင်းတုန်းက ဂျပန် အစိုးရက ဝယ်ယူလိုက်တာ ဖြစ်ပါတယ်။
အမျိုးသားရေး စိတ်ဓာတ် အင်မတန် ပြင်းထန်တဲ့ တိုကျို အုပ်ချုပ်ရေးမှူး ကနေ ဒီကျွန်းတွေကို ဝယ်ယူဖို့ စီစဉ်ထားရာ၊ အစိုးရက လက်ဦးအောင် အရင် ဝယ်ယူ လိုက်တာလည်း ဖြစ်ပါတယ်။