Saturday, September 29, 2012
လန်ဒန် ဒါဘီ မှာ ဘယ်သူ ရှုံးပွဲ စ တွေ့မလဲ
အာဆင်နယ် Vs ချယ်လ်ဆီး (ပရီးမီးယာလိဂ်ပွဲစဉ် – ၆ ) စနေည ( ၆နာရီ ၁၅ မိနစ်)
ပရီးမီးယားလိဂ်မှာ ပွဲကောင်းတွေကတော့ ဆက်တိုက်ပါပဲ။
ထိပ်သီးအသင်းတွေအနေနဲ့ ပွဲဆက်တွေများနေသလို၊ ပွဲကျပ်တွေကစားနေရတဲ့အခြေအနေက
အမှတ်ပေးဇယားဦးဆောင်သူနေရာကိုပါ အပြောင်းအလဲဖြစ်သွားစေနိုင်တဲ့
အချိန်ကာလလို့ ဆိုရမှာပါ။ ဒီတစ်ပတ်မှာပဲ ထိပ်ဆုံးက ချယ်လ်ဆီးအသင်းဟာ
အာဆင်နယ်အသင်းကို အဝေးကွင်းမှာ ရင်ဆိုင်ရတော့မှာပါ။
နောက်ဆုံး(၂)ရာသီဆက် အာဆင်နယ်ကွင်းမှာ အနိုင်မရခဲ့တဲ့ ချယ်လ်ဆီးအတွက်
ဒီပွဲမှာ အမှတ်ပြည့်မယူနိုင်ခဲ့ရင် မန်ယူကလည်း စပါးကိုအနိုင်ရခဲ့ရင်
ပထမနေရာက ဖယ်ပေးလိုက်ရမှာဖြစ်ပါတယ်။ ဒါက ယေဘုယျအခြေအနေပါ။ တကယ်တမ်းအာဆင်နယ်
– ချယ်လ်ဆီးပဲက ဒီထက်ပိုပြီးကျယ်ပြန့်တဲ့အဓိပ္ပာယ်တွေရှိနေပါတယ်။
ဘာကြောင့်လဲဆိုတော့ လန်ဒန်ဒါဘီပွဲ ဖြစ်နေတာကြောင့်ပါ။ ဒါဘီပွဲတွေတိုင်းဟာ
သာမန်ပွဲတွေနဲ့ မတူခြားနားတဲ့ ထူးခြားမှုတွေရှိနေတတ်ပါတယ်။
ချန်ပီယံပြေးလမ်းပေါ်က လန်ဒန်ဒါဘီကတော့ ရင်ခုန်စရာကြောင်းအရာများစွာနဲ့ပါ။
ဘယ်သူ စရှုံးမလဲ
လန်ဒန်မြို့မှာ အခြေစိုက်တည်ထောင်ထားတဲ့ ကလပ်အသင်းများစွာရှိတဲ့
အင်္ဂလန်မှာတော့ လန်ဒန်ဒါဘီပွဲတွေကို အဆက်မပြတ်ဆိုသလို မြင်တွေ့ရလေ့ရှိပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်မှာလည်း လန်ဒန်ကလပ်(၆)သင်းရှိနေတာကြောင့်
လန်ဒန်ဒါဘီပွဲပေါင်း၃၀ မြင်တွေ့ရမှာဖြစ်ပါတယ်။
ဒီတစ်ပတ်မှာလည်း အာဆင်နယ်နဲ့
ချယ်လ်ဆီးတို့ရဲ့ ပွဲစဉ်နဲ့အတူ QPRနဲ့ ၀က်ဟမ်းပွဲ ရှိနေတာပါ။
လာမယ့်ပွဲစဉ်တွေမှလည်း လန်ဒန်ဒါဘီပွတွေ ဆက်တိုက်ယှဉ်ပြိုင်သွားဦးမှာပါ။
ဒါပေမဲ့ ပရိသတ်တွေအဓိကစိတ်ဝင်စားတဲ့ လန်ဒန်ဒါဘီကတော့ များများစားမရှိပါဘူး။
ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့အင်အား ချင်းလည်းညီမျှတဲ့ အာဆင်နယ်၊
ချယ်လ်ဆီးနဲ့ စပါးအသင်းတို့ရဲ့ အားပြိုင်မှုကိုပဲ ရင်ခုန်ကြတာဖြစ်ပါတယ်။
စစ်တမ်းတစ်ခုအရ အာဆင်နယ်ပရိသတ်တွေဟာ ချယ်လ်ဆီးအသင်းကို
သူတို့ရဲ့တတိယမြောက်ပြိုင်ဘက်အဖြစ်သာ သဘောထားပြီး မန်ယူနဲ့
စပါးတို့ရဲ့နောက်မှာသာ သတ်မှတ်ထားတယ်လို့ဆိုပါတယ်။
ဒါပေမဲ့
မနှစ်သက်ဆုံးအသင်း၊ အမုန်းဆုံးအသင်းလို့တော့
ဆိုပါတယ်။ချယ်လ်ဆီးအသင်းပရိသတ်တွေကတော့ အာဆင်နယ်ကို လီဗာပူးလ်ရဲ့ နောက်မှာ
ဒုတိယအမုန်းဆုံးအသင်းအဖြစ်တော့ သဘောထားခဲ့ပါတယ်။
ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးနဲ့ အခါးသီးဆုံးလန်ဒန်ဒါဘီကတော့ လန်ဒန်မြို့ရဲ့
မြောက်ပိုင်းအရပ်မှာ အတူအခြေချထားတဲ့ အာဆင်နယ်နဲ့ စပါးတို့ပါ။ ဒါပေမဲ့ ၂၀၀၀
ခုနှစ်နောက်ပိုင်းမှာ အင်အားကြီးထွားလာတဲ့ ချယ်လ်ဆီးအသင်းရဲ့
ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်လာနိုင်မှုကြောင့်
ကမ္ဘာ့ဘောလုံးပရိတ်သတ်အတွက်တော့ အာဆင်နယ်နဲ့ ချယ်လ်ဆီးဆုံတွေ့တဲ့
လန်ဒန်ဒါဘီကသာ စိတ်လှုပ်ရှားစရာအကောင်းဆုံးလို့ ဆိုရမှာပါ။
လက်ရှိအချိန်မှာလည်း မန်ချက်စတာနှစ်သင်းနဲ့ အပြိုင်
ပရီးမီးယားလိဂ်ချန်ပီယံဆုကို မျှော်လင့်ခွင့်ရှိနေတာက
ဒီနှစ်သင်းပဲဖြစ်သလို၊ နှစ်သင်းစလုံး ရှုံးပွဲမရှိရလဒ်တွေနဲ့
ပုံစံကောင်းရနေတဲ့အခြေအနေက လာမယ့် ဒါဘီပွဲကို ပိုရင်ခုန်အောင်
ဖန်တီးထားသလိုပါပဲ။
နှစ်သင်းဆုံတွေ့ခဲ့တဲ့မှတ်တမ်းကိုပြန်လေ့လာကြည့်မယ်ဆိုရင် နောက်ဆုံး
(၁၀)ပွဲမှာ ပြီးခဲ့တဲ့ရာသီက တစ်ပွဲသာ သရေကျခဲ့ပြီး ကျန်(၉)ပွဲက အရှုံး
အနိုင်အဖြေပေါ်ခဲ့တာကြောင့် ဘယ်သူရှုံးပွဲစတွေ့မလဲဆိုတာ
စောင့်ကြည့်ရမယ့်ပွဲဖြစ်နေပါတယ်။ အီမရိတ်စ်ကွင်းကိုပြောင်းရွှေ့ပြီးမှ
အိမ်ကွင်းအားသာချက်ကို အသုံးမချနိုင်သလိုဖြစ်လာတဲ့ အာဆင်နယ်အသင်းအတွက် တော့
အရေးကြီးတဲ့ စမ်သပ်မှုလို့ပဲ ဆိုရမှာပါ။
ပြင်သစ်နဲ့ အီတလီ
ချယ်လ်ဆီးအသင်း ပရီးမီးယားလိဂ်မှာ အင်အားကြီးအသင်းဖြစ်လာချိန်နဲ့
ဒါဘီပြိုင်ဘက်ကို အသာစီးရယူချိန်ကလည်း တစ်သားတည်းလိုလိုပါပဲ။
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးအတွက်တော့ မော်ရင်ဟိုကစပြီး
ချယ်လ်ဆီးအသင်းရဲ့နည်းပြအဆက်ဆက်ကို အသာမရတော့ဘူးလို့ပဲဆိုရမှာပါ။
လက်ရှိနည်းပြ ဒီမတ်တီယိုကိုလည်း အာဝင်ဝင်းဂါး အနိုင်မရဖူးသေးပါဘူး။
ဒီမတ်တီယို အီိတလီနည်းပြတွေ ပိုမိုနေရာရ တွင်ကျယ်လာတဲ့အချက်ကလည်း တစ်ချိန်က
ဖာဂူဆန်းကိုသာ ပြိုင်ဘက်အဖြစ်သဘောထားခဲ့ရတဲ့ အာစင်ဝင်ဂါးအတွက်
လှပတဲ့စိန်ခေါ်မှုတွေ ဖြစ်လာပါတယ်။
ပြီးခဲ့တဲ့ ပွဲစဉ်မှာ မန်စီးတီးအသင်းရဲ့
အီတလီနည်းပြမန်စီနီဆီက အဖိုးတန်အမှတ် တစ်မှတ်ခွဲယူနိုင်ခဲ့တဲ့
အာစင်ဝင်းဂါးအနေနဲ့ လာမယ့်ပွဲမှာ ဒီမတ်တီယိုဆီက
အမှတ်အပြည့်ယူနိုင်ခဲ့ရင်တော့ ကျေနပ်စရာဖြစ်သွားမှာပါ။
ရလဒ်ကောင်းတွေဆက်တိုက်ရရှိနေတာကြောင့် မြင့်တက်နေတဲ့ ကစားသမားတွေရဲ့
ယုံကြည်မှုတွေကို ဆက်ထိန်းထားနိုင်ဖို့ကတော့ နှစ်သင်းစလုံးအတွက်
လိုအပ်နေတာကြောင့် အရှိန်ပျက်မသွားအောင် ကြိုးစားရမယ့်ပွဲလည်း ဖြစ်နေပါတယ်။
လန်ဒန်မြို့ရဲ့ အကောင်းဆုံးအသင်းဖြစ်ကြောင်း သက်သေပြပြီး ချန်ပီယံဆုအတွက်
ခွန်အားသစ်စုဆောင်းရမယ့်ပွဲမှာ ရလဒ်ကောင်းကို
ဘယ်သူပိုင်ဆိုင်သွားမလဲဆိုတာကိုတော့ ….။
နောက်ဆုံးတွေ့ဆုံခဲ့သည့်ပွဲ
၂၁- ၄ – ၂၀၁၂ အာဆင်နယ် ၀ – ၀ ချယ်လ်ဆီး
စုစုပေါင်းတွေ့ဆုံခဲ့ပွဲ ၁၇၇ ပွဲ
အာဆင်နယ်နိုင်ပွဲ ၆၈ပွဲ
ချယ်လ်ဆီးနိုင်ပွဲ ၅၇ပွဲ
သရေပွဲ ၅၂ပွဲ
အာဆင်နယ်သွင်းဂိုး ၂၃၂ဂိုး
ချယ်လ်ဆီးသွင်းဂိုး ၂၄၁ဂိုး
အီရတ်မှာ ထောင်တခု တိုက်ခိုက်ခံရ
အီရတ်နိုင်ငံ တစ်ကရစ်မြို့ က ထောင်တခုကို သေနတ် သမားတွေက တိုက်ခိုက်
ခဲ့တဲ့ အတွက် ထောင်စောင့် ၁၂ ဦး သေဆုံးသွားပြီး၊ အကျဉ်းသား ဒါဇင်နဲ့
ချီပြီး လွတ်မြောက် သွားခဲ့ပါတယ်။
ထွက်ပြေး လွတ်မြောက် သွားတဲ့ အကျဉ်းသားတွေဟာ အဲလ်ခိုင်းဒါး အမာခံ စစ်သွေးကြွတွေ ဖြစ်ကြတယ်လို့ အီရတ် ပါလီမန် အမတ်တဦးက ပြောပါတယ်။
မူဂျာ ဟီဒင်ကို အကြမ်းဖက် အဖွဲ့ သတ်မှတ်ထားရာက ပယ်ဖျက်
အီရန်က အတိုက်အခံ အဖွဲ့တခု ဖြစ်တဲ့ ပြည်သူ့ မူဂျာ ဟီဒင် အဖွဲ့ MEK ကို
အမေရိကန် ပြည်ထောင်စုက အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ထား ရာက ပယ်ဖျက်
ပေးလိုက်ပါတယ်။
ဒီအဖွဲ့ဟာ သူတို့ရဲ့ အကြမ်းဖက်မှု စွန့်လွှတ်ပြီး အပြင်းအထန် အမေရိကန် အစိုးရနဲ့ ညှိနှိုင်း ခဲ့ပြီးတဲ့နောက် အခုလို ကြေညာချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒီအဖွဲ့ဟာ သူတို့ရဲ့ အကြမ်းဖက်မှု စွန့်လွှတ်ပြီး အပြင်းအထန် အမေရိကန် အစိုးရနဲ့ ညှိနှိုင်း ခဲ့ပြီးတဲ့နောက် အခုလို ကြေညာချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။
မွတ်ဆလင် ဆန့်ကျင်ရေး ရုပ်ရှင် ရိုက်ကူးသူကို ဖမ်းဆီး
မွတ်ဆလင်ကမ္ဘာမှာ သီတင်းပတ်တွေနဲ့ချီပြီး ပြန့်နှံ့ခဲ့တဲ့ ဗွီဒီယို ရိုက်ကူးခဲ့သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါပြီ။ အပြစ်မဲ့ မွတ်ဆလင်တွေ လို့ အမည်ပေးထားတဲ့ ဗွီဒီယိုဇာတ်လမ်းကို ရိုက်ကူးခဲ့သူ Nakoula ကို အာမခံအတွက် ကြားနာမှုမတိုင်ခင် ပြည်ထောင်စုတရားရုံးကို ချက်ခြင်းလာဖို့ ဆင့်ခေါ်ထားတယ်လို့ လော့စ်အိန်ဂျလိစ်မှာရှိတဲ့ ရှေ့နေရုံးက Thom Mrozek က ကြာသာပတေးနေ့က ပြောလိုက်တာပါ။
ဒီ ဗွီဒီယိုဇာတ်လမ်းမှာ တမန်တော်မိုဟာမက်ဟာ သတ်ဖြတ်လုယက်မှု၊
လိင်ပိုင်းဆိုင်ရာ ဖောက်လွဲဖောက်ပြန်ပြုမူသူအဖြစ် ဇာတ်လမ်းဆင် ထားတာကြောင့်
မွတ်ဆလင်တွေကြားမှာ ဒေါသထွက်ခဲ့ကြရပြီး အမေရိကန် ဆန့်ကျင်ရေးတွေ
ဖြစ်ပေါ်လာခဲ့ရသလို အသက်တွေသေကျေ ခဲ့ရပါတယ်။ အမေရိကန် သံရုံးတွေ၊
ကျောင်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို လူအုပ်ကြီးတွေက မီးရှို့တာတွေကို
လည်း မြင်တွေ့ခဲ့ကြရပါတယ်။
အမေရိကန်အစိုးရက လစ်ဗျားနိုင်ငံမှာရှိနေတဲ့ ဝန်ထမ်းတွေကို လုံခြုံရေး
အရ ယာယီပြန်လည်ခေါ်ယူထားခဲ့ပါတယ်။ ဒါပေမဲ့ ရှေ့သီတင်း ပတ်ထဲမှာ
ထရစ်ပိုလီကို ဝန်ထမ်းတွေ ပြန်ပြီး တာဝန် ထမ်းဆောင်လိမ့်မယ်လို့
မျှော်လင့်ကြောင်း ပြောပါတယ်။ နယူးယောက်မြို့က ကုလသမဂ္ဂ အထွေထွေညီလာခံကို
တက်ရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က
ဝန်ထမ်းအရေအတွက် ဘယ်လောက် များများကို ပြန်ခေါ်ထားသလဲဆိုတာနဲ့ ဒီအကြောင်းနဲ့
ပတ်သက်လို့ အသေးစိတ်ဆွေးနွေးဖို့ ကို ငြင်းပယ်ခဲ့ပါတယ်။
ဗွီအိုအေ( မြန်မာဌာန )
နီပေါနိုင်ငံမှာ လေယာဉ် ပျက်ကျ
နီပေါနိုင်ငံမြို့တော် ကက်မန်ဒူမှာ လေယာဉ် တစင်း ပျက်ကျသွားလို့ လေယာဉ်ပေါ်ပါ လူပေါင်း ၁၉ ဦး သေဆုံးသွား ပါတယ်။
တောင်တက် သမား အဖွဲ့ တဖွဲ့ကို တင်ဆောင်ထားတဲ့ ဒီလေယာဉ်ဟာ ဧဝရက်
တောင်တန်း ဒေသက ကက်မန်ဒူ ကနေ သိပ်မဝေးလှတဲ့ လူခ်လာ မြို့ကို သွားဖို့
ပျံတက်ချိန်မှာ ပျက်ကျ သွားတာ ဖြစ်ပါတယ်။
သေဆုံးသွားသူတွေဟာ ဗြိတိသျှ လူမျိုး ၇ ဦး၊ တရုတ် ၅ ဦး နဲ့ ကျန်တဲ့သူတွေ ကတော့ နီပေါ လူမျိုးတွေ ဖြစ်ကြ ပါတယ်။
သေဆုံးသွားသူတွေဟာ ဗြိတိသျှ လူမျိုး ၇ ဦး၊ တရုတ် ၅ ဦး နဲ့ ကျန်တဲ့သူတွေ ကတော့ နီပေါ လူမျိုးတွေ ဖြစ်ကြ ပါတယ်။
Subscribe to:
Posts (Atom)













