Friday, October 5, 2012

လူသေမောင်းတဲ့ ကားကို လိုက်ဖမ်းခဲ့ရတဲ့ Vegas ရဲ



တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက Las Vegas ရဲတစ်ဦးဟာ သူ့ရဲ့ ရဲကားနဲ့ ကင်းလှည့်နေစဉ် မောင်းသူမပါဟု ယူဆရတဲ့ Nissan Maxima မော်တော်ကား တစ်စီး မီးနီဖြတ် မောင်းလာတာကို တွေ့ခဲ့ရပါတယ်။

ဒါဟာ သာမန် ယာဉ်စည်းကမ်းချိုးဖောက်မှု တစ်ခု မဟုတ်ပါဘူးလို့ လူသတ်မှု ဌာနက ရဲအရာရှိ Ray Steiber က ပြောကြား ခဲ့ပါတယ်။

အဆိုပါ Maxima ကားဟာ ယဉ်မောင်းထိုင်ခုံမှာ လူလိုက်ပါခြင်း မရှိဘဲ မာတင် လူသာကင်း လမ်းမကြီး အတိုင်း တောင်ဘက် သို့ မောင်းနှင်သွားတာကို တွေ့ရတဲ့အခါ ကင်းလှည့်ရဲ အရာရှိဟာ လန့်ဖျပ်သွားခဲ့တယ်လို့ သိရပါတယ်။

ယင်းရဲအရာရှိဟာ သူ့ရဲ့ ကင်းလှည့်ယာဉ်နဲ့ Maxima ကားရဲ့ နောက်က လိုက်သွားခဲ့တဲ့အခါ Maxima ကားဟာ လမ်းလယ်တုံး ကို ဖြတ်ကျော်ပြီး တစ်ဖက်ယာဉ်ကျောကို ဖြတ်ကာ ဘုရားကျောင်းတစ်ခု အနီးက မြက်ခင်းဘက်ကို ဦးတည်သွား ခဲ့ ပြန်ပါတယ်။

သို့သော်လည်း ကားဟာ ရပ်မသွားဘဲ မာတင် လူသာကင်း လမ်းမကြီးအတိုင်း မြောက်စူးစူးကို ပြန်လည် မောင်းနှင်သွားပြီး ဂျင်မီ ရိပ်သာလမ်းနဲ့ မာတင် လူသာကင်း လမ်းမကြီး ဆုံရာအနီးမှာ အခြား ကားတစ်စီးကို ဝင်တိုက်ခဲ့ပါတယ်။

Maxima ကား ရပ်သွားတဲ့အတွက် ရဲအရာရှိက ကားအတွင်းကို ကြည့်လိုက်တဲ့ အခါမှာတော့ ယာဉ်မောင်း ထိုင်ခုံပေါ်မှာ သေနတ်နဲ့ အချက်ပေါင်းများစွာ အပစ်ခံ ထားရလို့ ပျော့ခွေ နေတဲ့ ယောက်ျားတစ်ယောက်ကို တွေ့ရ ပါတော့တယ်။

အသက် ၃၀ အရွယ်ခန့်ရှိတဲ့ အဆိုပါ အမည်မသိသူဟာ ၎င်းကို ရဲအရာရှိက တွေ့ရှိချိန်မှာ သေဆုံးနေပြီလို့ သိရပြီး ယာဉ်တိုက် မှုကြောင့် အခြား ထိခိုက်ဒဏ်ရာရမှု မရှိဘူးလို့ သိရပါတယ်။

ကြက်သွေးရောင် Maxima ကားရဲ့ ယာဉ်မောင်းဘက်အခြမ်း ကိုယ်ထည်မှာ သေနတ် ကျည်ဆံဖောက်ရာများ တွေ့ရတယ်လို့ လည်း Steiber က ဆိုပါတယ်။

သေနတ်နဲ့ အပစ်ခံရသူဟာ ကားရဲ့ accelerator ခြေနင်းကို နင်းထားချိန်မှာ အပစ်ခံရတာ ဖြစ်နိုင်ပြီး မီးနီဖြတ်မောင်းချိန်မှ ယာဉ် ရပ်တန့်သွားချိန်အထိ လိုက်လံ ဖမ်းဆီးချိန် ၁၀ စက္ကန့်မှ ၁၅ စက္ကန့်အထိသာ ကြာမြင့်တယ်လို့လည်း ၎င်းက ဆိုပါတယ်။

ရဲတပ်ဖွဲ့ အနေနဲ့ ဘာတွေ ဖြစ်ပျက်ခဲ့တယ်ဆိုတာကို စုံစမ်းနေပြီး သေဆုံးသူဟာ ကားပေါ်မှာ ဘယ်လောက်ကြာကြာ သတိလစ် မေ့မြော နေပြီး မည်သည့် အချိန်ကတည်းက သေနတ်ဖြင့် ပစ်ခံခဲ့ရတယ်ဆိုသည်ကို မသိသေးကြောင်းလည်း Steiber က ပြောကြားခဲ့ပါတယ်။

Steiber ရဲ့ အဆိုအရ Las Vegas ရဲတပ်ဖွဲ့ဟာ Maxima ကားကို မတွေ့မီ အချိန်ပိုင်းအတွင်းမှာပဲ သေနတ် ပစ်ခတ်မှုများ ဖြစ်ပွား ခဲ့ကြောင်း 911 သို့ ဖုန်းခေါ်ဆိုမှုတွေ ရရှိခဲ့တယ်လို့လည်း သိရပြီး မာတင် လူသာကင်း လမ်းမကြီးရဲ့ မြောက်ဘက်ပိုင်း Lake Mead လမ်းဆုံ တစ်နေရာက ခေါ်ဆိုခြင်း ဖြစ်တယ်လို့ သိရပါတယ်။

ယင်းပစ်ခတ်မှုနဲ့ ပတ်သက်ပြီး သတင်းတစ်စုံတစ်ရာ သိရှိပါက Las Vegas မြို့ ရဲတပ်ဖွဲ့ လူသတ်မှုဌာနသို့ သတင်းပေးပို့ကြn ရန် ကြေညာထားကြောင်းလည်း သိရပါတယ်။

 Click to enlarge
ဟိုနေ.ကသဘက်အကြောင်းကိုဖတ်ရင်း.......ကျမရဲ.ကိုယ်တွေ.တောမဟုတ်ဘူးနော်၊
ဒါပေမဲ.တကယ်ဖြစ်ရပ်မှန်ဆိုတာတော.အာမခံပါတယ်။ကျမတို.အဖွားလက်ထက်ကတည်း
ကမွေးစားခဲတဲ.အိမ်အကူအမျိုးသမီးပေါ.သူနာမည်ကမရွှေပဲထားလိုက်ပါတော.သူကမန္တလေးမြောက်
ပြင်မှာနေတယ်၊သူတို.နားမှာကြက်မွှေးမြူရေးခြံတွေရှိတယ်၊

အဲဒီထဲကကြက်ခြံတစ်ခြံမှာညစောင်.အလုပ်လုပ်တဲ.ဦးဘသွင်ဆိုတဲ.လူကြီးတယ်ယောက်ရှိတယ်။
သူကကြက်ခြံမှာညစောင်.ဆိုတော.သောက်ပြီးလာတယ်၊ညစောင်.ရင်းလည်းတဂွတ် ဂွတ်သောက်ေ နတာပဲ၊ဒီလို နဲ. သူစောင်.ရတဲ.ကြက်ခြံထဲကကြက်တွေပျောက်ပျောက်လာတယ်၊တရက်လည်းမဟုတ်ဘူး
၊နှစ်ရက်လည်းမဟုတ်ဘူး၊နေ.တိုင်းလိုလိုကိုကြက်တွေလျှော.လျှော.နေတော.ကြာတော.ပိုင်ရှင်က
တင်းပြီးခေါ်ဆူပါလေရော၊ခင်ဗျားသေချာဂရုမစိုက်ဘူးတို.၊ဘာဘူးညာဘူးတို.ပြောရင်းကနေနောက်ဆုံးအ
လုပ်ဖြုတ်ရလိမ်.မယ်ဆိုမှပဲသူလည်းဖြုန်သွားတော.တယ်။။။။

နောက်ဆုံးတော.ကတိပြုလိုက်တာပေါ.နော်နောက်ဒီလိုမဖြစ်စေရပါဘူး၊ကျနော်ဂရုတစိုက်နဲ.စောင်
.ပါမယ်ဆိုပြီး။။။ပြီးသွားတာပေါ.။။

ဒါပေမဲ.ဦးဘသွင်ရင်ထဲမှာတော.တကယ်မပြီးသေးဘူး၊သူရေရေလည်လည်တင်းနေတာကြက်သူခိုးအပေါ်ပဲ။
ဒါနဲ.ညဘက်ရောက်တော.သူလည်းသေသေချာချာဂရုတစိုက်နဲ.ကိုစောင်.ကြည်.နေတာပေါ.နော်။

ညသခေါင်ယံလည်းကျော်ရောကြက်တွေအော်သံကြားတော.အသာလေးဓါတ်မီးလေးဆွဲပြီးကြက်ခြံထည်းဝင်
လာကြည်.လိုက်တော.။။။။ဘာကောင်ကြီးမှန်းလည်းမသိဘူးမဲမဲကြီးတဲ.၊ကိုယ်မှာလည်းအမွှေးအမှင်တွေနဲ.
၊မျက်လုံးကြီးနှစ်လုံးကလည်းထမင်းစားပုဂံပြားလောက်ကြီးသတဲ.နီရဲနေတာပဲတဲ.။ကုန်းကုန်း၊ကုန်းကုန်းနဲ
.ကြက်ခြံထဲမှာကြက်တွေကိုဖမ်းလိုက်စားလိုက်နဲ.လုပ်နေရော၊ကြက်တွေကလည်းဆူညံနေတာပဲဟိုပြေး
ဒီပြေးနဲ.၊အဲဒီမှာဦးဘသွင်ကြီးလည်းရေရေလည်လည်ဒေါကီးပြီးတော.ဘာမှန်ညာမှန်းမသိတော.ပဲလက်ထဲက
ဓါတ်မီးနဲ.ပစ်ပေါက်ထဲ.လိုက်သတဲ. "ဗုတ်" ဆိုပြီးအဲ.ဒီအကောင်ကြီးရဲ.ကျောပြင်ကြီးကိုသွားမှန်ပါလေေ ရာ
၊ဒီတော.လည်းအဲ.ဒီအေ ကာင်ကြီးကလည်းဦးဘသွင်ဆီကိုသူရဲ.ရဲရဲတောက်နေတဲ.မျက်လုံးကြီးနှစ်လုံးနဲ.
စူးစူးစိုက်စိုက်လှည်.ကြည်.ပြီးဦးဘသွင်ရှိရာကိုပြေးဝင်လာသတဲ၊ဦးဘသွင်ကလည်းသူစောင်.တဲ.ကြက်ခြံ
မှာနေ.တိုင်းဝင်ပြီးခိုးခိုးစားနေတာကြီးကိုမိပြီဆိုတော.ဒေါနဲမောနဲ.လာစမ်းကွာသူသေသေ၊ကိုယ်သေသေ
သတ်မယ်ဆိုတဲ.အသိနဲ(အရက်အရှိန်လေးလည်းပါတာပေါ.)၊အဲ.ဒီအကောင်ကြီးနဲလုံးထွေးသတ်ပုတ်ကြရော။

အဲ.ဒီအကောင်ကြီးကအပေါ်စီးကနေပြီးဖိထားတာပဲတဲ.၊ဦးဘသွင်ကလည်းရအောင်ရုန်းပြီးထိုးလည်း
အဲ.ဒီအကောင်ကြီးကအင်.ဆိုတဲ.အသံလေးတချက်တောင်မထွက်ဘူးဆိုပဲ။ဒါနဲ.လုံးထွေးနေကြ
တာတော်တော်လေးကြားတော.ဦးဘသွင်ကြီးလည်းတော်တော်လေးမောဟိုက်လာတာနဲ."ဟ.ကောင်နေအုံး
ကွ၊ငါမောလာပြီခဏနားဦးမယ်"လို.ပြောလိုက်တော.၊ဆက်မသတ်ပဲဘေးနားမှာငုတ်တုတ်ကြီးထိုင်နေသတဲ.၊
အမောပြေတော.ဦးဘသွင်ထလိုက်တာနဲ.အဲ.ဒီအကောင်ကြီးကလည်းဝင်လုံးပြန်ရောတဲ.၊ဒါနဲ.တခါဦးဘ
သွင်ကမောလာတော.နေဦးဆိုနားလိုက်၊ပြန်သတ်လိုက်နဲ.နောက်ဆုံးတော..ဦးဘသွင်လဲနားနေရင်စဉ်းစားမိ
သတဲ.ဒီလောက်သတ်ပုတ်လုံးထွေးနေတာတောင်မှဒီကောင်ကြီးမမောဘူးငါပဲမောနေတာ၊ဆက်သတ်လဲ
အကြောင်းမထူးဘူးဆိုပြီးအဲ.ဒီနေရာကနေထပြေးတော.သတဲ.။

အဲ.ဒါကတော.မရွှေပြောပြလို.နားထောင်ခဲ.ရတဲ.သဘက်နဲ.သတ်တဲ.အကြောင်းပေါ.နော်။ဒီတခါပြောမှာ
ကတော.ကျမရဲ.ကျောင်းနေဘက်သူငယ်ချင်းရဲ.ညီမလေးအကြောင်းပါပဲ။။။။။သူကအိမ်ထောင်ကျတော
.ယောက္ခမတွေအိမ်မှာလိုက်နေတယ်၊ဒါပေမဲ.သူအမျိုးသားကမူဆယ်တက်တဲ.နေ.ဆိုရင်တော.သူ.
အမေအိမ်ပြန်လာနေတယ်၊သူ.အမျိုးသားပြန်လာမှပဲယောက္ခအိမ်ကိုပြန်တယ်၊

တရက်ကျမသူငယ်ချင်းအိမ်ကိုအလည်သွားရင်းသူရောက်တုန်းရောက်ခိုက်နဲ.ဆုံပါလေရော။။။။အဲ.ဒီမှာ
သူကပြောပြတယ်သူ.ယောက္ခမအိမ်မှာအမဲသားချက်စားလို.မရကြောင်း၊အမဲသားချက်စားတဲ.နေ.တွေ
ဆိုရင်ဘီလူး၊သဘက်တွေစီးကြောင်းပြောပြတယ်။

သူယောက္ခမအိမ်တအိမ်တည်းမဟုတ်ကြောင်းအဲ.ဒီနေရာပတ်ဝန်းကျင်ကအိမ်တွေအားလုံးခြေလေးချောင်း
သားစားလို.မရကြောင်း၊စားရင်အဲ.ဒီအိမ်ကတစ်ယောက်မဟုတ်တစ်ယောက်ကိုဝင်စီးကြောင်းပြောပြတယ်၊

အဲ.တော.ကျမလည်းမေးကြည်.တာပေါ.နော်နင်ရောအစီးခံရဘူးလားဆိုတော.သူမကရယ်တယ်လေ။။။။။
ကျမကနားမလည်တော.သူငယ်ချင်းက၀င်ထောက်တယ်။။။အမလေးသူကအမြဲအစီးခံနေကြတဲ.
၊ကျမကနင်မကြောက်ဘူးလား၊ဘယ်လိုနေလဲပြောပြစမ်းပါဆိုတော.မှသူကလည်းဇာတ်ရေလည်အောင်
ရှင်းပြတယ်။သူအိမ်ထောင်ကျပြီးအဲ.ဒီအိမ်ရောက်တော.အားလုံးကပြောထားတယ်အမဲ၊ဆိတ်စားလို.မရ
ဘူးဆိုတော.သူလည်းခပ်ပေါ.ပေါ.ပဲနေလိုက်တယ်။

တနေ.သူ.အမေအိမ်ကနေအမဲသားဟင်းနဲ.စားပြီးပြန်လာတဲ.တနေ.။။အဲ.ဒီညမှာသူအိပ်နေတုန်းနောက်
ကနေသူ.ကိုလာဖက်တယ်ပထမသူကသူ.အမျိုးသားထင်ပြီးဆက်အိပ်နေတာသူကိုဖက်ထားတဲ.
လက်ကြီးကတဖြည်းဖြည်းနဲ.လေးလာတော.မှသူကလက်ကိုဖယ်ဖို.စမ်းလိုက်တော.လက်ကြီးကအမွှေးတွေ
နဲဆိုတာသတိထားမိတယ်သူကလည်းအားစိုက်ပြီးအတင်းရုန်းရင်းနဲ.တော်တော်ကြာမှလျှော.သွားသတဲ.။

သူအမျိုးသားကတော.ဘာမှမသိရှာဘူးတဲ.အိပ်နေတုန်းပဲတဲ။နောက်သူကလည်းဘာစိတ်ကူးပေါက်တယ်မ
သိဘူး၊သူ.အမေအိမ်ကနေပြန်မဲ.နေ.တိုင်းတမင်ကိုအမဲသားဟင်းကိုစားဖြစ်အောင်စားပြီးမှပြန်လေ.
ရှိသတဲ.။

ညတိုင်းလဲလာပြီးအနောက်ကနေသိုင်းဖက်ရင်ဖက်၊မဖက်ရင်အပေါ်ကနေခွစီးသတဲ.၊သူကလည်းအပြိုင်ကို
သတ်တာပဲတဲ.။

ဘယ်သူကိုမှလည်းမပြောဘူးတဲ.အဆူခံရမှာစိုးလို.တဲ.။။။။။ကျမကတော.တားခဲ.ပါသေးတယ်ဆက်မလုပ်သင်
.ကြောင်းပေါ.လေ။

ဒီလိုနဲ.ကျမလည်းဟိုရောက်၊ဒီရောက်နဲ.ဇာတိမြေနဲ.ဝေးနေတာကြာပြီရှစ်နှစ်လောက်ကြာပြီးမှပဲဇာတိမြေ
ကိုခြေချဖြစ်ခဲ.တယ်။

သိတဲ.အတိုင်းပဲရှစ်နှစ်ဆိုတဲ.အချိန်ကာလကအရာရာတိုင်းကိုပြောင်းလဲစေခဲ.တယ်။

 မပြောင်းလဲတာဆိုလို.သူငယ်ချင်းတွေကြားမှာရှိနေတတ်တဲ.သံယောဇဉ်၊မဟုတ်ဘူးလား တရက်ကျမလဲသူငယ်ချင်းဆီအလည်သွားခဲ.တယ်။။။။သူကတော.အပျိုကြီးပဲရှိသေးတယ်၊
ရောက်တယ်ဆိုရင်ပဲကိုယ်တွေလဲေ၇ပက်မ၀င်စကားတွေပြောကြရင်း" အငယ်မတောင်ဆုံးသွားပြီ"
သူငယ်ချင်းကပြောလာတဲ.စကားကြောင်းကျမကြောင်သွားတယ်၊နောက်မှဆက်မေးမိတော.
သူကအဲလိုပဲလုပ်မြဲဆက်လုပ်နေတုန်းပဲတဲ.ဆိုတော.ငါတို.လဲသိပ်အလေးမထားတော.ဘူးတဲ။ဒါပေမဲ.
သူညီမကတဖြည်းဖြည်းပိန်ပိန်လာတယ်တဲ.၊တနေ.တခြားမျက်ကွင်းတွေညိုညိုလာတယ်၊နောက်ကိုယ်ဝန်
လည်းရှိနေတော.သူတို.အားလုံးကလဲလွယ်လွယ်ပဲတွေးကြတာကိုယ်ဝန်ကြောင်..အားနည်းတာနေမှာပဲပေါ.။

ကိုယ်ဝန်ခြောက်လလောက်ရောက်တော.သူတခါပြောတယ်အခုထိသူကိုလာလာပြီးလုံးသတ်နေကြောင်း
သူမနိုင်တော.ကြောင်း၊ဒါနဲ.သူတို.လည်းအဆောင်အယောင်တွေဘာတွေလုပ်ပေးခဲ.ပေမဲ.တနေ.တော.
သူညီမတယောက်အသက်ပါပေးလိုက်ရကြောင်း၊ကိုယ်ဝန်ကြီးနဲ.ဘာရောဂါမှမရှိပဲဆုံးသွားကြောင်းပြောပြရှာ
သည်။ဆုံးတာလည်းသူကုတင်ပေါ်မှာပဲဆုံးသွားကြောင်း၊ဒါကြောင်.အရာရာတိုင်းကိုစူးစမ်းလေ.လာခြင်တဲ
.လူရဲ.စိတ်ကိုအတိုင်းအတာတခုထိရှိနေရန်ကိုယ်ကိုကိုယ်အမြဲသတိရှိနေဖို.လိုအပ်တယ်ဆိုတာ
ဟာဒီဇတ်လမ်းလေးနဲ.အသိပေးခြင်ပါတယ်။
အခုထိအဲ.ဒီညီမလေးကိုမြင်ယောင်နေမိတယ်။

စင်္ကာပူရဲ့ တစ္ဆေကြီးပွဲတော် ရောက်ပြီဆိုဒါလေးတွေ သတိထားကြရအောင်

ယုံချင်ယုံမယုံချင်နေ။

သူငယ်ချင်းတို့ ကို ဒီတစ်ခေါက်မျှဝေချင်တာကတော့ တစ္ဆေကြီးပွဲတော်နဲ့ပတ်သက်နဲ့ ဗဟုသုတလေးတွေနဲ့ ထိုပွဲတော်ကာလအတွင်းမှာ သတိထားစေချင်တဲ့ အချက်လေးတွေပါ။

စလုံးမှာ ရောက်နေတာ နှစ်နဲ့ချီပြီးကြာနေပြီဖြစ်တဲ့ သူငယ်ချင်းတွေအနေနဲ့တော့ နှစ်စဉ် ၈လပိုင်းမှာ စင်္ကာပူတရုတ်လူမျိုးတွေ ထုံးတမ်းစဉ်လာအရပြုလုပ်ကြတဲ့ တစ္ဆေကြီးပွဲတော်ဆိုတာကို သတိထားမိကြပါလိမ့်မယ်။ ထိုပွဲတော်မှာ သူတို့တွေ ဘာတွေလုပ်ကြတာလဲ၊

အဓိကရည်ရွယ်ချက်ကဘာလဲ ဆိုတာကို တစ်ချို့ သူငယ်ချင်းတွေအနေနဲ့ ကြားဖူးနားဝတော့ရှိ ချင်ရှိကြမယ်ထင်တယ်။ ထိုပွဲတော်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားကြလိမ့်မယ်လို့ ထင်လို့  စုဆည်းရသမျှလေးတွေကို ဝေမျှလိုက်တယ်နော်-

တစ္ဆေကြီးပွဲတော်ကို တစ္ဆေကြီးကန်တော့ပွဲလို့လည်း ခေါ်ကြပါတယ်။ တရုတ်လ ၇လပိုင်း(အင်္ဂလိပ်လ ၈လပိုင်း) ရောက်ရင် ငရဲမင်းဟာ ငရဲကျနေတဲ့ တစ္ဆေတွေကို လွတ်လပ်ခွင့်အနေနဲ့ လူ့ ပြည်ကို ပြန်ခွင့် တစ်လသတ်မှတ်ပေးပြီး ငရဲတံခါးကို ဖွင့်ပေးလိုက်တယ်တဲ့။ တစ္ဆေတွေဟာ တစ်နှစ်ပတ်လုံး ငရဲပြည်မှာ ငရဲခံကြလို့  ထို လွတ်လပ်ခွင့် အချိန်ရောက်ပြီဆိုတာနဲ့ လူ့ ပြည်မှာရှိတဲ့ သူတို့ဆိုင်ရာ ဆွေမျိုးများဆီကို အပြေးအလွှားလာရောက်ကြသတဲ့။

လူ့ ပြည်က ဆွေမျိုးများကလည်း အစဉ်အလာရှိခဲ့အတိုင်း ကွယ်လွန်ကြပြီးဖြစ်တဲ့ မိမိတို့ရဲ့ ဆွေမျိုးတွေကို ရည်စူးပြီး

သစ်သီးတွေ၊ မုန့်တွေ၊ အရက်တွေ၊ ရေနွေးတွေနဲ့ ပူဇော်ပသကြတယ်။ ရွှေစကူ ငွေစကူများကို ကွယ်လွန်ပြီးဆွေမျိုးများ တမလွန်ဘ၀မှာ အလိုရှိရာအသုံးပြုနိုင်ဖို့ ကို ရည်ရွယ်ပြီးမီးရှို့ ပေးကြသေးတယ်။
ဒါတွေကတော့ ယေဘူယျအားဖြင့် သူငယ်ချင်းတို့လည်း သိပြီးသားဖြစ်ချင်ဖြစ်နေမှာနော်။

အဓိကပြောချင်တာကတော့ အဲ့ဒီကာလမှာ သတိထားစရာအချက်လေးတွေပါ-
ဒို့ တစ်တွေက ဗုဒ်ဓဘာသာတွေဆိုပေမယ့် သူများနိုင်ငံမှာရောက်နေတော့ သူတို့နိုင်ငံမှာ ပြုလုပ်လေ့ရှိတဲ့ ဓလေ့ထုံးစံတွေကို မယုံချင်နေလို့ရပေမယ့် တစ်ချို့ အပိုင်းတွေမှာ လိုက်နာစရာတွေ သတိပြုစရာတွေကိုလည်း လစ်လျူမရှုသင့်ဘူးလို့ထင်တယ်- နော်။

ကဲ- တစ္ဆေကြီးပွဲတော်ကာလမှာ ဘာတွေရှောင်ကြဉ်ရမလဲဆိုတာ လေ့လာကြည့်ရအောင်

၁) အိပ်ယာ ကုတင်ဦးပိုင်းမှာ ချူ၊ ခေါင်းလောင်းကလေးများ ချိတ်ဆွဲမထားပါနဲ့ တဲ့- လေတိုက်လို့ ထွက်ပေါ်လာတဲ့ခေါင်းလောင်းသံက တစ္ဆေတွေကို ဖိတ်ခေါ်သလိုဖြစ်တတ်ပါသတဲ့။

၂) ထိုကာလအတွင်း ခြေသလုံးမွှေးများကို မနှုတ်ပါနဲ့ တဲ့- ခြေသလုံးမွှေးတစ်မွှေးက တစ္ဆေ၃ကောင်ကို နိုင်ပါသတဲ့- ဒါ့ကြောင့်ခြေသလုံးမွှေးပေါတဲ့သူအနားဆိုရင် တစ္ဆေတွေက မကပ်ရဲလို့ပါတဲ့။

၃) ညအချိန်ပိုင်းမှာ အ၀တ်များကို ချိတ်လှမ်းခြင်းမပြုပါနဲ့တဲ့- တစ္ဆေတွေက ချိတ်ထားတဲ့ အ၀တ်တွေကိုမြင်လို့  ကြိုက်သွားရင် ယူဝတ်ပြီး လျှောက်သွားတတ်လို့ပါတဲ့- နောက်ပြီး သူတို့ရဲ့ အနံ့အသက်တွေ ချန်ရစ်ခဲ့တတ်တယ်တဲ့။

၎) ညအချိန်မတော်မှာ နာမည်ကို အကျယ်ကြီးအော်မခေါ်ပါနဲ့တဲ့- တစ္ဆေတွေဟာ ထိုနာမည်ကို မှတ်သားထားတတ်လို့ပါတဲ့။

၅) ညအချိန်မှာ ဟိုကြည့်ဒီကြည့် လျှောက်မကြည့်ပါနဲ့တဲ့- ဘာလို့လဲဆိုတော့ တစ္ဆေတွေက ခြောက်လှန့်တတ်လို့ပါတဲ့။

၆) ညတစ်ညလုံး အိပ်ရေးပျက်မခံသင့်ပါဘူးတဲ့- လူတွေရဲ့ ကံဟာ ညအချိန်မှာ အားနည်းတတ်ပေမဲ့ တစ္ဆေများရဲ့ ကံကမြင့်တတ်တာကြောင့်  ခြောက်လှန့်ခြင်း၊ ပူးကပ်ခြင်းများ ဖြစ်တတ်လို့ပါတဲ့။

၇) နံရံများအား မှီကပ်ခြင်းကို ရှောင်ကြဉ်ပါတဲ့- တစ္ဆေများဟာ နံရံမှာကပ်ပြီးအနားယူရတတ်ကြလို့ပါတဲ့- နံရံကအေးတယ်မို့လား- ထိုအချိန်မှာ အလွယ်တကူ သရဲပူးခြင်းများ ဖြစ်နိုင်လို့ပါတဲ့။

၈)ညအချိန် လမ်းပေါ်မှာ မိမိအမည်(သို့) အသံတစ်စုံတရာပေးမှုကို ပြန်လည်မထူးပါနဲ့တဲ့- ထိုသို့ ကြားခဲ့ရင်လည်း ခေါ်တဲ့သူ အသံပြုတဲ့သူက တစ္ဆေများဖြစ်တတ်လို့ပါတဲ့။

၉) ထိုကာလမှာ မိမိကို တခြားသူတယောက်ယောက်မှ ပုခုံးပုတ်ခြင်း၊ ပုခုံးဖက်ခြင်းများကို လက်မခံသင့်ပါဘူးတဲ့- အကြောင်းကတော့ လူရဲ့ ခံနာကိုယ်ရဲ့ အပိုင်း ၃ပိုင်းမှာ ကံမြင့်စေတဲ့ မီးတောက် ၃ခုရှိနေလို့ပါတဲ့- ငယ်ထိပ်နဲ့ ပုခုံး၂ဖက်တို့မှာ ကံကြမာရဲ့ မီးတောက်များရှိနေပါတယ်တဲ့- တကယ်လို့ တစ်ဦးတစ်ယောက်က လာရောက်ထိတွေ့ လျှင် ထိုမီးတောက်များကို ငြိမ်းစေနိုင်လို့ပါတဲ့- အဲ ငြိမ်းသွားခဲ့ရင်တော့ တစ္ဆေများမှ ကိုယ့်ကို ခြောက်လှန့်ခြင်း၊ ပူးကပ်ခြင်းများပြုလုပ်နိုင်လို့ပါတဲ့။

၁၀) အိပ်ယာဝင်ချိန်မှာ ဖိနပ်များကို ကုတင်ဆီသို့  ဦးတည်ပြီး မထားသင့်ပါဘူးတဲ့- တစ္ဆေတွေက ဖိနပ်ဦးတည်ရာမှာ လူသားတွေရှိနေတတ်တာ သိရင် သူတို့လည်း တူတူ ၀င်အိပ်တတ်လို့ပါတဲ့။

၁၁) အစားစားချိန် ထမင်းပန်းကန်အလယ်မှာ တူ၊ ဇွန်း ခက်ရင်းများကို စိုက်မထားပါနဲ့တဲ့- ထိုပုံစံက တစ္ဆေများကို ဖိတ်ခေါ်တဲ့ပုံစံဖြစ်လို့  -သူတို့လည်း တူတူလာစားတတ်လို့ပါတဲ့။

၁၁) ညအချိန်မှာ ဓါတ်ပုံရိုက်ခြင်းကို ရှောင်ကြဉ်ပါတဲ့- တစ္ဆေများကိုပါ ရိုက်မိသွားပြီး ထိုပုံနှင့်အတူ မိမိအိမ်သို့ လိုက်ပါနိုင်လို့ပါတဲ့။

၁၂) တစ္ဆေများကို တင်မြှောက် ပူဇော်ထားတဲ့ အစားအသောက်များကို မထီမဲ့မြင်ပြုခြင်း၊ ခိုးယူခြင်းများပြုလုပ်ခြင်းကို အထူးဆင်ခြင်ရပါမယ်တဲ့- ထိုသို့ ပြုမှုမိပါက နားမလည်နိုင်သော၊ ဖြေရှင်းမရနိုင်သော၊ မလိုလားအပ်တဲ့ ကံဆိုးမှုများနဲ့ ကြုံတွေ့ တတ်လို့ပါတဲ့။

ကဲ- သူငယ်ချင်းတို့ ရေ တစ္ဆေကြီးကန်တော့ပွဲကာလမှာ သတိထားစရာအချက်ကလေးတွေကတော့ ဒို့ သိသလောက်တော့ ဒီလောက်ပါပဲကွယ်- စိတ်ဝင်စားသော တခြားသူငယ်ချင်းများကို လက်တို့ပြီးတော့ ပြောပြလိုက်အုန်းနော်။

သြော်- သူငယ်ချင်းတို့ အနေနဲ့ ဒီအကြောင်းနဲ့ ပတ်သက်ပြီး တစ်ခြား သိထားတဲ့ ဗဟုသုတလေးဘာလေးများ ရှိသေးရင်လည်း ပြောပြပေးသွားပါအုန်းလို့ ။

(မိမိသိခဲ့ရသမျှ ဗဟုသုတများကို ဝေမျှခြင်းဖြစ်ပါသည်။ အမှားအယွင်းတစ်စုံတစ်ရာ ပါခဲ့ပါက နားလည်ခွင့်လွှတ်ပေးစေချင်ပါသည်။)
ကျေးဇူးအထူးတင်လျှက်-
ခင်မင်လေးစားမှုများစွာဖြင့်-

ပျားရည် အတုအစစ် ခွဲခြားသိစေရန် ...........




ပျားရည်ဂုဏ် ၊ အရည်အသွေးအရ ပျားရည်စစ် ၊ မစစ် ကို မီးခြစ်ဆံထိပ်ဖြားတွင် ပျားရည်စက်တို့ ၍ မီးခြစ်နိုင်ခြင်း ၊ သတင်းစာ စက္ကူပေါ်တွင် ပျားရည်စက်ကို တင်ကြည့်လျှင် အောက်သို့ ပေါက်ကျမသွားဘဲ ဘေးသို့  အစိုဓာတ်ပြန့် သွားခြင်း ၊ ပျားရည်တစ်ဇွန်းနှင့် စားဆီသန့် တစ်ဇွန်းကို ရောမွေကြည့်ပါက ပျားရည် တစ်ဇွန်းသာ ရရှိခြင်း ၊ ပျားရည်ကို ပုလင်းတွင် အပြည့်ထည့်ပါက အပူလွန်ကဲပြီး ပုလင်းဖင်ကျွံကာပေါက်ကွဲထွက်ခြင်း စသည့် နည်းများဖြင့် စမ်းသပ်နိုင်ပြီး ပျားရည်၏ စသည့် ဂုဏ်များဖြင့် ပြည့်စုံသည် ။

နှစ်လွန်သိုလှောင်ထားသော ပျားရည်သည် ဆေးဖက်ဝင်၍ အရောင်မှာ အဝါမှ အညိုရောင် ၊ အမည်းရောင်သို့ ပြောင်းသွားသော်လည်း ဆေးဖော်စပ်သူများအတွက် အကောင်းဆုံး ဆေးဖက်ဝင် ပျားရည်ဘဲ ဖြစ်ပါတော့သည် ။

ကမ္ဘာ.အဆိပ်အပြင်းဆုံး သတ္တ၀ါ (၁၀) မျိုး


Acohjuiw
1
ကမ္ဘာ.အဆိပ်အပြင်းဆုံးဆုကိုရရှိထားပါတဲ.ဂျယ်လီငါး(မြန်မာအခေါ်ဂျက်လီငါး၊ရေတန်းငါး)ဖြစ်ပါတယ်။ဂျယ်
လီငါးရဲ.အဆိပ်ဟာလူရဲ.နှလုံး၊အာရုံကြောစုစည်းမူ.စနစ်၊အရေပြားဆဲလ် စတာတွေကိုချက်ခြင်းစီးဝင်ပျံနှံနိုင်ပါတယ်။ဂျယ်လီငါးရဲ.အညံဆုံးကိုခန္တာအစိတ်အပိုင်းတ ​ခုသည်ပင် လူတယောက်အား မခံမရပ်အောင်အလွယ်တကူ နာကျင်စေပါတယ် ထိုသို.ထိတွေခံလိုက်ရသော သူ၏ဒုက္ခသည်ကား စိတ်တုန်လူပ်ခြောက်ခြား၍ နှလုံးကောင်းစွာ အလုပ်မလုပ်နိုင်ပဲ ကမ်းခြေရောက်အောင် မကူးခတ်နိုင်ပဲ သေဆုံးရတတ်သည်။ မြန်မာနိုင်ငံရှိကမ်းခြေများ မိုးတွင်းကာလ တွင် ရေတန်းငါးတခါတရံကျရောက်တတ်ပြီး ထိုငါးနှင်.ထိမိပါက မီးလောင်ဒဏ်ရာကဲ.သို. ဖြစ်ပေါ်တတ်သည်။အဆိပ်ပြင်းလှတဲ. ဂျယ်လီငါးကတော. အာရှနဲ.သြစတေးလျှ ပင်လယ်ရေပိုင်နက်အချို.မှာ တွေရတတ်ပါတယ်
Adptlgoo

2. King Cobra

လူသိများလှတဲ မြွေဟောက်ဘုရင် ဟာ အဆိပ်ရှိမြွေသတ္တ၀ါတွေထဲမှာအရှည်ဆုံးဖြစ်ပါတယ်။၅.၆ မီတာ(၁၈ပေ၅လက်မခန်.)ထိကြီးထွားနိုင်ပါတယ်။သူ.ရဲ.အခြားနာမည်တခုကတော.Ophiophagus hannah ဖြစ်ပါတယ်။Ophiophagus ကို လုံးစေ.ပတ်စေ. ပြောရမယ်ဆိုရင် မြွေစားသူ လို.ပြောရမှာဖြစ်ပြီး သူဟာ မြွေအချင်းချင်းလဲပြန်စားပါတယ်။တချက်ကိုက်ရုံနဲ. လူမပြောနှင်. အရွယ်ရောက်ပြီးသော အာရှဆင်တကောင်ပင်လျှင် ၃နာရီအတွင်းသေစေနိုင်သည်အထိ အဆိပ်ပြင်းလှသည်။အာရှတိုက် တောင်ပိုင်းနှင်.အရှေ.တောင်အာရှတောနက် များတွင်တွေရတတ်သည်။

Abf5keey

3. Marbled Cone Snail

စကျင်ကျောက်ပုံစံနှင်ခရုဖြစ်ပါတယ်။ကြည်.လှသလောက်အဆိပ်ပြင်းလှတဲ.အကောင်တွေထဲမှာ သူလဲပါပါတယ်။သူ.အဆိပ်ရည်တစက် နှင်.ပင်လူ၂၀ထက်မနည်းသေစေနိုင်ပါတယ်။ဆားငံရည်ပျော်ဝင်နေတဲ
.ရေနွေးရှိရာဒေသတွေမှာ တွေရတတ်ပါတယ် သူဆူးထိမိခဲရင်အနှေးနှင်အမြန်ကြီးမားစွာဒုက္ခပေးတဲ.အကျိုးခံစားရမှာဖြစ်ပါတယ်။ ရောင်ရမ်ခြင်း၊မလူပ်ရှားနိုင်
ဘဲတဆစ်ဆစ်ခံစားရပြီး
ဆိုးဝါးတဲ.ဖြစ်စဉ်အဖြစ် သွပ်ချာပါဒ လိုက်သလို တုံဆိုင်းသွားပြီး အသက်ရူရခက်လာပြီး စသည်.ရောဂါလက္ခဏာ များပြတတ်ပါတယ်။
Adg8pfsz

4. Blue-Ringed Octopus

အပြာရောင်လပ်စွပ်ကွင်းပုံစံလေးနဲ.ရေဘ၀ဲပါ။အရွယ်အစားကတော.ဂေါက်သီး တလုံးရဲ . အရွယ်ခန်.ရှိ.ပါတယ် ။ သူ.လဲလူတယောက်ကို လွယ်လွယ်သေစေနိုင်ပါတယ်။လူ၂၆ယောက်ခန်.ကို မိနစ်ပိုင်းအတွင်းသေစေနိုင်တဲ.အဆိပ် ပမာဏကို သယ်ဆောင်ထားသူ ဖြစ်ပါတယ်။ သူ.လက်တံနဲ.ထိမိ.တာနဲ.အာရုံကြောများမှတဆင်အဆိပ်ပြန်.၀င်ပြီးကြွက်သားများ ပျောညံအားနည်းလြာ
ပီးလေးလံထုံထိုင်းလာကာ အသက်ရူရပ် သေဆုံးတတ်ပါသည်။ဂျပန်နှင်သြစတေးလျှရှိ ပစိဖိတ်သမုဒ္ဒရာ ဒီရေ ၀င်ရောက်တဲ.ရေကန်များ မှာတွေ.နိုင်ပါတယ်။
Adu7e6dt

5. Death Stalker Scorpion

ဒီကင်းမြီးကောက်ကတော.ကိုက်ခံရပြီဆိုအာရုံကြောများမှအဆိပ်ပြန်.ပြီး လေငန်းစွဲသလို ဖြစ်
 မေးမြှော့သေဆုံးနိုင်ပါတယ်။ သူ.ကိုတော.အာဖရိကတောင်ပိုင်းနှင်.အရှေ.အလယ်ပိုင်းတွေမှာတွေရတတ်ပါတယ်။
Actncho6

6. Stonefish

ဒီကျောက်ငါးကတောအလှပြိုင်ပွဲမှာဝင်ပြိုင်ရင်ဆုမရနိုင်ဘူးလား။သူလဲကမ္ဘာ.အဆိပ်ပြင်းငါး ​တမျိုးပါပဲ ထိတ်လန်.ပြိးတစ်ရူးတွေသေဆုံးကာနာရီးအနည်းငယ်အတွင်းမှာ ဆေးကုသမူမပြုလုပ်ရင် သေဆုံနိုင်ပါတယ် ပိစိဖိတ်နှင်အိန္ဒိယသမုဒ္ဒရာအပူပိုင်းရေတိမ်သောနေရာနှင်.ပင်လယ်နီqueensland သောင်ခုံကျောက်တန်းများ တွင် တွေ.ရှိနိုင်သည်။
Adeweb9a

7. The Brazilian wandering spider

ဘရာဇီးမှာလှည်.လည်သွားလာနေတဲ.ဒီငှက်ပျောသီးပင်.ကူဟာလူကိုအန္တရာယ်ပေးနိုင်ဆုံးဖြစ်ပြီး နေ.
ပိုင်းတွေမှာ အိမ်ရဲ.အတွင်းပိုင်း အင်္ကျီင်္ ၊ဖိနပ်၊ကားစသည်ဆို.မှာ ပုန်းခိုတတ်ပါတယ်
Acbzb0pq

8. Inland Taipan

အပူပိုင်းမြွေဒေသမှ အဆိပ်ပြင်းလှတဲ. မြွေပါပဲ ၄၅ မိနစ်အတွင်းမှာ သေစေနိုင်ပါတယ်
Acdj9pox

9. Poison Dart Frog

အဆိပ်လက်နက်နဲ.ဖားလှလှလေးပါ။မိုးမျာတဲ.တောနက်ထဲမှာပြောလွားနေတတ်ပြီးတခါတရံ တောင်အမေရိက
အလယ်ပိုင်းမှာတွေရပါတယ်။၂လက်မခန်အရှည်ရှိပါတယ်။လူနဲ.အခြားနို.တိုက်သတ္တ၀ါ ​တွေကို သေစေနိုင်ပါတယ်
Adrror2y


10. Puffer Fish

pufferငါးအကိုက်ခံ ပြီဆိုရင် ရေစီကြမ်းတဲ.နှလုံးကိုအရိုက်ခံရသလိုပါပဲသူ.ရဲ.နုတ်ခမ်းထူထူနဲ.
လျှာတွေကလဲအဆိပ်ရှိပါတ ​ ယ်အကိုက်ခံရတဲ.လူဟာကြွက်သားတွေတုန်.ဆိုင်းသွားမယ်ရင်ဘက်ပိုင်းနှင်.
ဝမ်းဗိုက်ပိုင်ြး ​ကား ထိခိုက်ခံစားရပြီး၂၄နာရီအတွင်း သေနိုင်ပါတယ်၊၊

ဗဟုသုတတိုးပွားနိုင်ကြပါစေ။








































အဝေးကြည့်မှန်ပြောင်းအသုံးပြုမည်



(ဝါရှင်တန် အောက်တိုဘာ ၄)
စကြဝဠာကြီး၏ ကျယ်ပြန့်မှု နှုန်းကို တိတိကျကျ တိုင်းတာသိရှိ နိုင်စေရန် အတွက် နက္ခတ္တဗေဒ ပညာရှင်များသည်  နာဆာ အဖွဲ့မှSpitzerအမည်ရှိ  အာကာသ အဝေး ကြည့်မှန် ပြောင်းကို အသုံးပြုရန် စီစဉ်လျက်ရှိကြောင်း နာဆာအဖွဲ့က အောက်တို ဘာ ၃ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။

စကြဝဠာကြီးသည် ၁၉၉ဝ ပြည့်လွန် နှောင်းပိုင်းတွင် အချိန်နှင့်အမျှ တဖြည်းဖြည်း ပိုမိုကျယ်ပြန့် လာသည်ကို နက္ခတ္တဗေဒ ပညာရှင်များက တွေ့ရှိခဲ့ ကြပြီး စကြဝဠာကြီး၏ သက်တမ်းနှင့် အရွယ်အစားကို သိရှိရန်အတွက် ၎င်း၏ ကျယ်ပြန့်မှု နှုန်းထားကို   တိုင်းတာ စစ်ဆေးမှု၊  လေ့လာ ဆန်းစစ်မှုများ ပြုလုပ် လျက် ရှိကြောင်း သိရသည်။

စကြဝဠာကြီး၏ ကျယ်ပြန့်မှု နှုန်းထားကို တိုင်းတာရန် အတွက် အသုံးပြုမည့် နာဆာအဖွဲ့မှ Spitzer အဝေးကြည့် မှန်ပြောင်းတွင် လှိုင်းအလျား ရှည်လျားသည့် အနီအောက် ရောင်ခြည်ကို ထည့်သွင်း တပ်ဆင် အသုံးပြုထားသည့် အတွက် တိုင်းတာမှု အသစ်များ ပြုလုပ်ရာတွင် ပိုမိုကောင်းမွန် စေ မည်ဖြစ်ကြောင်း နက္ခတ္တဗေဒနှင့် ပတ်သက်၍ ထုတ်ဝေသော ဂျာနယ် တစ်စောင် တွင် ဖော်ပြ ထားသည်။

မိုးပျံဘူဘောင်းတံတားလေး။



ဒီတံတားကတော့ japan မှာရှိတဲ့ ဥယျာဉ်တစ်ခုကပါ ၊.... လူကူးတံတားလေးဖြစ်ပါတယ် ဘာအထောက်အကူမှမပါဘဲ ပာိုက်ဒရိုဂျင် ထည့်ထားတဲ့လေဘောလုံး အကူအညီနဲ့  ကြံ့ခိုင်နေတာပါ၊ ဆယ်နှစ်လောက် ခံတယ်လို့ ဆိုပါတယ် အနာဂတ်တံတားတွေကို ဒီလိုနည်းနဲ့ ဆောက်လုပ်မယ်လို့ လဲ့ ပြောပါတယ်၊