
Friday, October 5, 2012
အမျိုးသမီးများရာသီလာသော နေ့ရက်တိုင်း လန်းဆန်းနေစေရန်

မိန်းကလေးတွေရဲ့ ဘဝမှာ အပျိုဖော်ဝင်ချိန်မှစပြီး သွေးမဆုံးမချင်း (ကိုယ်ဝန်ဆောင်တာ၊ ပဋိသန္ဓေတားဆေး သောက်တာ၊ ရာသီထိမ်တာ စတဲ့ အကြောင်းရင်းတွေ မရှိဘူးဆိုရင်) လစဉ် ဓမ္မတာ ရာသီလာလေ့ ရှိပါတယ်။ တစ်ကြိမ်ရာသီလာတိုင်း ပျမ်းမျှအားဖြင့် အချိန်သုံးရက်မှ ငါးရက်ခန့် ကြာမြင့်တတ်ပါတယ်။ ရာသီလာတဲ့အချိန်မှာ အမျိုးသမီးအများစုဟာ ဗိုက်အောင့်တာ၊ လေပွတာ၊ ရင်သားနာကျင်တာ၊ အစာချဉ်ခြင်းတပ်တာ၊ စိတ်မသက်မသာ ခံစားရတာ၊ ခေါင်းကိုက်တာနဲ့ ညောင်းညာကိုက်ခဲမှု စတဲ့ဝေဒနာတွေကို ခံစားရလေ့ရှိပါတယ်။ တချို့ အမျိုးသမီးတွေမှာတော့ ရာသီမလာခင် ရက်အနည်းငယ် အလိုကတည်းက ဒီဝေဒနာတွေကို ပြင်းပြင်းထန်ထန် ခံစားရတတ်တဲ့အတွက် ဒါကို ရာသီအကြိုဝေဒနာ (Premenstrual Syndrome) လို့ခေါ်ပါတယ်။
ရာသီလာတဲ့ အချိန်အတော အတွင်းမှာ ခေါင်းလျှော်ရေချိုးရင် အအေးမိတတ်တယ်ဆိုတဲ့ အယူအဆ ကြောင့် ရေမချိုး၊ ခေါင်းမလျှော်ဘဲ မနေသင့်ပါဘူး။ တကယ်တော့ ရာသီလာချိန် နေ့ရက်တွေမှာ ပုံမှန်အတိုင်း ကျန်းမာသန့်ရှင်းနေအောင် ထိန်းသိမ်းနေထိုင်ဖို့ အရေးကြီးပါတယ်။
၁။ ရာသီလာစဉ် မိန်းမကိုယ်မှ အနံ့ဆိုးထွက်ခြင်း ကင်းစေရန်
မိန်းကလေးအများစုဟာ သူတို့ရဲ့ မိန်းမကိုယ်မှ အနံ့ဆိုးထွက်နေမှာ ဒါမှမဟုတ် သူတို့ရာသီလာမှန်းတခြားသူတွေ ရိပ်မိသွားမှာကို စိုးရိမ်တတ်ကြပါတယ်။ တကယ်တော့ ပုံမှန်အခြေအနေမှာ မိန်းမကိုယ်ကနေ ဘာအနံ့မှ မထွက်တတ်ပေမယ့် ရာသီသွေးဆင်းချိန်မှာတော့ အနံ့အသက် အနည်းငယ် ထွက်နိုင်ပါတယ်။ ဒီအခြေအနေအတွက် စိတ်မပူပါနဲ့။ ရာသီလာစဉ် အတောအတွင်းမှာ လစဉ်သုံး ဂွမ်းထုပ်ကို မကြာခဏ လဲလှယ်ပေးတာ၊ နေ့စဉ် အချိန်မှန် ရေချိုး ခေါင်းလျှော်တာ၊ ရေချိုးပြီးတိုင်း သန့်ရှင်းခြောက်သွေ့ကာ မီးပူတိုက်ထားတဲ့ အဝတ်အစားနဲ့ အတွင်းခံ အဝတ်အစားတွေကို ဝတ်ဆင်တာ စတဲ့ အလေ့အထတွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။ အဲဒီလို ပြုလုပ်ပြီးတာတောင် အချိန်ကြာတဲ့အထိ ငါးညှီနံ့လို အနံ့ဆိုးထွက်နေရင်၊ ပုံမှန်ထက် ပိုမိုဆိုးရွားတဲ့ အနံ့မျိုးရနေရင်၊ ဒီလိုအနံ့ထွက်တာနဲ့အတူ မိန်းမကိုယ် ယားယံတာ၊ အနာဖြစ်တာတို့ တွဲရှိရင် မိန်းမကိုယ်မှိုစွဲတဲ့ အခြေအနေ ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကာ ကုသမှု ခံယူသင့်ပါတယ်။
၂။ မိန်းမကိုယ်ကို အလွန်အမင်း သန့်ရှင်းရေးလုပ်ခြင်းကြောင့် မထိခိုက်စေရန်
တချို့ မိန်းကလေးတွေဟာ ရာသီလာချိန်မှာ မိန်းမကိုယ် အတွင်းပိုင်းထဲအထိ ရေပန်းနဲ့ဆေးကြောတာ၊ အနံ့ဆိုးပျောက်အောင် အနံ့မွှေးလွန်းတဲ့ ဆပ်ပြာနဲ့ တိုက်ချွတ် ဆေးကြောတာနဲ့ အမွေးနံ့သာ ဖျန်းဆေးသုံးတာ စတဲ့ နည်းလမ်းတွေကို အလွန်အကျွံ ဆောင်ရွက်တတ်ကြပါတယ်။ မိန်းမကိုယ်အတွင်းပိုင်းထဲအထိ ဆေးကြောတာက မိန်းမကိုယ်တစ်ဝိုက် pH ဓာတ်ကို မညီမမျှ ဖြစ်စေတာကြောင့် ဓာတ်မတည့်မှု ဖြစ်တာ၊ ယားယံတာနဲ့ ကူးစက်ပိုး ဝင်တာတွေအထိတောင် ဖြစ်နိုင်ခြေရှိပါတယ်။ အမွှေးနံ့သာဖျန်းဆေးတွေ၊ အနံ့အသက် ပျောက်ဆေးတွေကို သုံးစွဲတာကလည်း ဓာတ်မတည့်မှု၊ ပိုးဝင်တာနဲ့ ယားယံကာ စပ်ဖျဉ်းဖျဉ်း ဖြစ်တာတွေအထိ ဖြစ်တတ်နိုင်ပါတယ်။ မိန်းမကိုယ်မှာ သဘာဝ သန့်စင်ဆေးကြောတဲ့စနစ် ရှိပြီးသားပါ။ ဓာတုပစ္စည်းပါဝင်တဲ့ ဘယ်သန့်စင်ရေး အသုံးအဆောင်ကိုမှ မသုံးသင့်ပါဘူး။ ရာသီလာတဲ့ နေ့ရက်တွေမှာ တခြားနေ့တွေမှာလိုပဲ အမွှေးရနံ့မပါတဲ့ ဆပ်ပြာပျော့နဲ့ ကြက်သီးနွေးရေကိုသုံးပြီး မိန်းမကိုယ်အပေါ်ယံကို ဆေးကြောသန့်စင် ပေးနိုင်ပါတယ်။ ဝမ်းသွားပြီး သန့်စင်ဆေးကြောတဲ့အခါ အရှေ့ဘက်မှ အနောက်ဘက်ကို သန့်စင်ပေးပါ။ ရေချိုးတဲ့အခါ ကြက်သီးနွေးရေသုံးပြီး ချိုးပေးရင် ရာသီလာချိန်အတွင်း ခံစားရတတ်တဲ့ ကိုက်ခဲနာကျင်မှုကို သက်သာစေပါတယ်။
၃။ ရာသီလာစဉ် မိန်းမကိုယ် ယားယံခြင်း ကင်းစေရန်
ရာသီလာချိန် အတောအတွင်းနဲ့ ရာသီလာပြီးချိန်တွေမှာ မိန်းမကိုယ်တစ်ဝိုက် အရေပြား ယားယံတာ၊ အဖုငယ်တွေ ပေါက်တာတွေက ဓာတ်မတည့်တဲ့ အခြေအနေပါ။ ဒီလို ဓာတ်မတည့်မှုတွေ ဖြစ်ပေါ်ရတာက လစဉ်သုံး ဂွမ်းထုပ်ပဝါကို လဲလှယ်သင့်တဲ့အချိန်မှာ မလဲလှယ်မိတာကြောင့်ပါ။ တကယ်လို့ အောက်ခံ ဘောင်းဘီမှာ ရာသီသွေး စွန်းထင်းသွားရင် ဂွမ်းထုပ်ပဝါနဲ့အတူ အောက်ခံ ဘောင်းဘီကိုပါ အသစ်လဲလှယ် ဝတ်ဆင်ပါ။ အောက်ခံဘောင်းဘီကို လေဝင်လေထွက်ကောင်းပြီး သက်သောင့်သက်သာ ရှိစေတဲ့ ချည်သားဘောင်းဘီ အမျိုးအစား ရွေးဝတ်ဖို့ လိုအပ်ပါတယ်။
၎။ ရာသီလာစဉ် ကိုက်ခဲခြင်း ကင်းစေရန်
တချို့ မိန်းကလေးတွေမှာ လစဉ် ဓမ္မတာရာသီလာတိုင်း ကိုက်ခဲနာကျင်မှုကို ပြင်းပြင်းထန်ထန် ခံစားရတဲ့အတွက် ရာသီလာမယ့် နေရက်တွေကို ကြိုတွေးပြီး စိတ်ညစ်နေတတ်ပါတယ်။
ဒီလိုမဖြစ်စေဖို့ လိုက်နာသင့်တဲ့ အချက်တွေကို အကြံပြုချင်ပါတယ်။
(၁) စိတ်ဖိစီးမှု မဖြစ်အောင် နေထိုင်ပါ
စိတ်ပူပင်သောကများတာ၊ စိတ်ရှုပ်တာ၊ စိတ်ညစ်တာတွေကြောင့် ရာသီလာစဉ် ကိုက်ခဲနာကျင်မှု ဖြစ်တတ်သလို ရာသီမမှန်တာမျိုးလည်း ဖြစ်တတ်ပါတယ်။
(၂) အာဟာရပြည့်ဝသော အစာစားပါ
အဆီအအိမ့်စာတွေရှောင်ပြီး ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို များများစားပေးရပါမယ်။ အစာအာဟာရကို ပြည့်ဝမျှတအောင်စားပြီး ဝမ်းမချုပ်အောင် ဂရုစိုက်သင့်ပါတယ်။ အချိန်မှန်စားပြီး အချိန်မှန်မှန် အိပ်စက် အနားယူသင့်ပါတယ်။
(၃) လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်းအနေနဲ့ လမ်းလျှောက်တာ၊ ရေကူးတာ၊ ခပ်သွက်သွက်ပြေးတာ၊ စက်ဘီးစီးတာ စတဲ့ပေါ့ပါးတဲ့ လေ့ကျင့်ခန်းတွေကို တစ်နေ့ မိနစ် ၃၀ ခန့် ချွေးထွက်တဲ့အထိ လုပ်ဆောင်ပေးသင့်ပါတယ်။ ဒီလို လုပ်တာကြောင့် ခန္ဓာကိုယ်ရှိ အဆီပိုတွေကင်းစေပြီး ကြွက်သားတွေကို သန်စွမ်းလာစေ ပါတယ်။
(၄) ရာသီလာစဉ် နာကျင်ကိုက်ခဲနေလျှင် စိတ်ဖြေလျှော့ပါ
ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမှုကြောင့် ဒေါသမထွက်ပါနဲ့။ ဒေါသကြောင့် နာကျင်မှုကို ပိုဆိုးစေလို့ပါ။ အိပ်ရာထဲမှာ လဲလျောင်းအနားယူပြီး ဝင်လေ၊ ထွက်လေ မှတ်တာမျိုး၊ တရားစာ ရွတ်တာမျိုး လုပ်ဆောင်ရင်း ဝမ်းဗိုက်မှာ ရေနွေးအိတ် ကပ်ထားပေးပါ။ ကြက်သီးနွေးရေထဲမှာစိမ်ပြီး ရေချိုးပေး တာကြောင့်လည်း ဝေဒနာသက်သာပြီး စိတ်ရောကိုယ်ပါ လန်းဆန်း စေပါ တယ်။
(၅) ကိုက်ခဲနာကျင်နေလျှင် အကိုက်အခဲပျောက်ဆေးသောက်ပါ
ရာသီလာစဉ် ကိုက်ခဲနာကျင်မှု ဝေဒနာကြောင့် အိပ်မပျော်ပါက အကိုက်အခဲ ပျောက်ဆေး တစ်မျိုး (ဥပမာ- Mefenamic Acid 500mg) ကို အစာစားပြီး သောက်ပေးနိုင်ပါတယ်။
ရာသီသွေးလာနေစဉ်အတွင်ကိုက်ခဲခြင်းမှပျောက်ကင်းနိုင်ကြပါစေ။
အမေရိကန်နိုင်ငံ အိမ်ဖြူတော်ရှိ ကွန်ပျူတာ များ၏ လုံခြုံရေး စနစ်အား ဆိုက်ဘာ တိုက်ခိုက်ခံ ရသည် ဆိုခြင်း
အမေရိကန်
နိုင်ငံ အိမ်ဖြူတော်ရှိ ကွန်ပျူတာများ၏ လုံခြုံရေးစနစ်အား အယောင်ဆောင်
အီးမေးလ် များဖြင့် ချိုးဖောက် ဝင်ရောက် တိုက်ခိုက်မှု ခံခဲ့ရကြောင်း
သိရှိရပါသည်။ အိမ်ဖြူတော်ရှိ ကွန်ပျူတာများ၏ ကွန်ရက် အား Spear-phishing
အမည်ရှိ ဆိုက်ဘာ တိုက်ခိုက်မှု တစ်ခုခံခဲ့ရ သော်လည်း ၎င်းသည် သီးခြားသတ်မှတ်
ထားသော သတင်းအချက် အလက်များ မပါဝင် သည့်အတွက် မည်သည့် သတင်းအချက် အလက်မျှ
ခိုးယူခံခဲ့ရခြင်း မရှိကြောင်း အိုဘားမား အစိုးရအဖွဲ့မှ အမည် မဖော်လိုသော
အရာရှိတစ်ဦး ၏ ပြောကြားချက်ကို ကိုးကား၍ ဒေသခံ မီဒီယာများမှ အောက်တိုဘာလ
၁ ရက်နေ့တွင် ထုတ်ပြန် ခဲ့ပါသည်။ တရုတ်ဟက်ကာများ အနေဖြင့် အမေရိကန်
အစိုးရ၏ နျူကလီးယား ထိန်းချုပ်ရေး ဆိုင်ရာ ကွန်ပျူတာ ကွန်ရက်စနစ် အား
ချိုးဖောက် တိုက်ခိုက်ခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်၌ အခိုင်အမာ ဖော်ပြထား
ပါသည်။
အဆိုပါ
ဖြစ်စဉ်တွင် စနစ်များအား သီးခြား တိုက်ခိုက် ခံခဲ့ရသော်လည်း အချက်အလက်များ
ပါရှိခြင်း မရှိကြောင်း၊ ထို့ပြင် ကွန်ရက် စနစ်များအား ချိုးဖောက်
ဝင်ရောက်ရန် ကြံစည် အားထုတ်မှု အနေဖြင့် အကျိုးမရှိ ကြောင်း
အမည်ဖော်ပြ ထားခြင်း မရှိသော အရာရှိ၏ ပြောကြားချက်ကို ကိုးကား၍
ဖော်ပြခဲ့ပါသည်။ တရုတ်နိုင်ငံကို အခြေပြု ပေါ်ပေါက် လာသော ဆိုက်ဘာ
တိုက်ခိုက်မှုသည် အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန အပါအဝင် အစိုးရအဖွဲ့
အစည်းများအား ဦးတည် တိုက်ခိုက် လာသဖြင့် အလေးထား သွားရမည် ဖြစ်ကြောင်း
အမေရိကန် ထောက်လှမ်းရေး အကြီးအကဲမှ ပြောကြား ခဲ့ပါသည်။
၂ဝ၁၁ခုနှစ်
နိုဝင်ဘာလအတွင်းကလည်း ဆိုက်ဘာ တိုက်ခိုက်မှုမှ တစ်ဆင့် အမေရိကန်၏
အဆင့်မြင့် နည်းပညာ အချက် အလက်များ စနစ်တကျ ခိုးယူခံရမှုကြောင့် အမေရိကန်
ထောက်လှမ်းရေး အဖွဲ့မှ တရုတ်နိုင်ငံအား ပြစ်တင် ပြောဆိုမှုများ ပြုလုပ်
ခဲ့ပါသည်။
အိန္ဒိယ တပ်မတော် အကြီးအကဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ချစ်ကြည်ရေး ခရီးအလည် အပတ် သွားရောက်ခြင်း
အိန္ဒိယ
တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်ကြီး Bikram Singh သည် ဘင်္ဂလားဒေ့ရှ်
နိုင်ငံ သို့ အောက်တိုဘာလ ၂ ရက်နေ့မှ ၅ ရက် နေ့အထိ ချစ်ကြည်ရေး ခရီးအဖြစ်
အလည်အပတ် သွားရောက် ခဲ့ကြောင်း သိရှိရပါသည်။ ခရီးစဉ်အတွင်း နှစ်နိုင်ငံ
အကြား စစ်ဘက်ရေးရာ ပူးပေါင်း ဆောင်ရွက်ခြင်း ကိစ္စရပ်များအား အလေး
ထားဆွေးနွေး သွားမည်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် ယခုထက် ပိုမို၍
ဆက်ဆံရေး တိုးတက် ကောင်းမွန် လာအောင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း
ကာကွယ်ရေး ဝန်ကြီးဌာနမှ အောက်တို ဘာလ ၂ ရက်နေ့က ထုတ်ဖော် ပြောကြား
ခဲ့ပါသည်။
ဗိုလ်ချုပ်ကြီး
Bikram Singhသည် အိန္ဒိယနိုင်ငံတွင် အရှေ့ပိုင်းတိုင်း စစ်တိုင်းမှူး အဖြစ်
၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလ တွင် တာဝန် ထမ်းဆောင် ခဲ့ပြီး တာဝန်
ထမ်းဆောင်နေစဉ် အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ အလည်အပတ် ရောက်ရှိခဲ့
ဖူးကြောင်း သိရှိရပါသည်။ အများ ပြည်သူတို့၏ အကျိုးကို ရှေးရှု၍ အိန္ဒိယနှင့်
ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အကြား အပြန်အလှန်ဆက်ဆံရေးမှာ ထူးခြား
ကောင်းမွန်စွာ ရပ်တည်နိုင် ခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောကြား
ခဲ့ပါသည်။ ထို့ပြင် ဗိုလ်ချုပ်ကြီး Bikram Singh သည် ဘင်္ဂလားဒေ့ရှ် သမ္မတ
Zillur Rahman ၊ ဝန်ကြီးချုပ် Sheikh Hasina နှင့် အခြားအဆင့်မြင့်
အရာရှိများနှင့် လည်း တွေ့ဆုံရန် စီစဉ် ထားကြောင်း သိရှိရ ပါသည်။
နယူးဇီလန် ကာကွယ်ရေး ဝန်ကြီး တပ်ဖွဲ့များ ရုပ်သိမ်းရေး အတွက် အာဖဂန် အာဏာပိုင် များနှင့် ဆွေးနွေးခြင်း
နယူးဇီလန်
ကာကွယ်ရေး ဝန်ကြီး Jonathan Coleman သည် လာမည့်နှစ် ဧပြီလတွင် နယူးဇီလန်
တပ်ဖွဲ့များ ရုပ်သိမ်းရေး ကိစ္စ ဆွေးနွေးရန် အတွက် ပြီးခဲ့သည့်
ရက်ပိုင်းအတွင်းက အာဖဂန်သို့ သွားရောက် ခဲ့ကြောင်း ထုတ်ဖော် ပြောကြား
ခဲ့ပါသည်။ နယူး ဇီလန် ပြန်လည် တည်ဆောက်ရေး အဖွဲ့(PRT)နှင့် Bamyan
ပြည်နယ်သို့ သွားရောက် လည်ပတ်ခဲ့သော ကာကွယ်ရေး ဝန်ကြီး Coleman သည်
Bamyan နှင့် Kabul မှ အရာရှိများနှင့် တွေ့ဆုံ ဆွေးနွေး ခဲ့ပါသည်။
ယခုကဲ့သို့ လည်ပတ် ခြင်းသည် ပြည်နယ်၏ လုံခြုံရေးကို အထောက်အကူ ပေးနေသည့်
အရေးကြီး အလုပ်တစ်ခု အတွက် PRT ကိုအကူအညီပေးသည့် အခွင့်အလမ်း
တစ်ခုဖြစ်ကြောင်း ၎င်းက ဆိုပါသည်။ နယူးဇီလန် တပ်ဖွဲ့များ ရုပ်သိမ်း
နိုင်ရေးနှင့် စပ်လျဉ်း၍ ယခုအချိန်မှ စတင်ပြီး ဧပြီလ အတွင်း ဆောင်ရွက်
ဖွယ်ရာများကို အပြီးဆောင်ရွက်ရန် Bamyan ပြည်နယ် အာဏာပိုင်များ၊ ဒေသဆိုင်ရာ
လုံခြုံရေး အကြီးအကဲ များနှင့် ဆွေးနွေးနိုင် ခဲ့ကြောင်း ၎င်းက ဆိုပါသည်။
နယူးဇီလန် တပ်ဖွဲ့များ ရှိနေသော ဆယ်စုနှစ်တွင် ထိုဒေသရှိ ပြည်သူ များ၏
လူနေမှု ဘဝများကိုများစွာ ပြောင်းလဲ စေခဲ့ကြောင်း ဆက်လက် ပြောကြားပါသည်။
Coleman သည် ယင်းပြည်နယ်ရှိ နယူးဇီလန် က ဆောင် ရွက်နေသော ဆိုလာ
စွမ်းအင်စီမံကိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေးနှင့် ပညာရေး
ဆိုင်ရာ စီမံကိန်းများကို သွားရောက် လည်ပတ် ခဲ့ပါသည်။
နယူးဇီလန် ကာကွယ်ရေး ဝန်ကြီးသည် ကဘူးမြို့သို့ တစ်ရက်ကြာ ရောက်ရှိစဉ် အတွင်း အာဖဂန်၏ ကာကွယ်ရေး
ဝန်ကြီးသစ် Bismillah Khan Mohammad နှင့် တွေ့ဆုံခဲ့ပြီး နိုင်ငံတကာ
လုံခြုံရေး အထောက်အကူ ပြုအဖွဲ့ (ISAF) တပ်မှူးကြီးများ နှင့် လည်း တွေ့ ဆုံ
ဆွေးနွေး ခဲ့ပါသည်။ အာဖဂန်တွင် တာဝန်ထမ်းဆောင် သည်မှာ လာမည့်နှစ်
ဧပြီလတွင် ဆယ်နှစ် ပြည့်မြောက် တော့မည့် မိမိ၏ တပ်ဖွဲ့ အများစုကို
ပြန်လည်ရုပ်သိမ်း တော့မည် ဖြစ်ကြောင်း နယူးဇီလန် အစိုးရက ပြီးခဲ့သည့်
လအတွင်း အတည်ပြု ပြောကြား ခဲ့သည်။ အောက်တိုဘာ လဆန်းမှစပြီး ဒေသဆိုင်ရာ
လုံခြုံရေး တပ်ဖွဲ့များ လွှဲပြောင်း တာဝန် ထမ်းဆောင် တော့မည့် နယူးဇီလန်
တပ်ဖွဲ့များ ရုပ်သိမ်းမှုကို ISAF က ကြေညာခဲ့ပြီး အခြားသော တာဝန် ထမ်းဆောင်
ဘက်များ အပေါ်တွင်လည်း ကောင်းမွန်သည့် အချက်ပြမှု တစ်ရပ်ဖြစ်ကြောင်း အစိုးရက
ဆိုပါသည်။ နယူးဇီလန် ကာကွယ်ရေး တပ်ဖွဲ့သစ်မှ နည်းပြ အနည်းငယ်ကို အာဖဂန်
အမျိုးသား ကြည်းတပ် သင်တန်းကျောင်းတွင် ခန့်အပ် ပေးသွားမည်ဖြစ်ပြီး
ISAFဌာနချုပ် တွင် ၂ဝ၁၃ ခုနှစ်နောက်ပိုင်း ဆက်လက် ထားရှိသွား မည်
ဖြစ်ပါသည်။ ယခင်ကမူ နယူးဇီလန် အစိုးရသည် ယင်း၏ တပ်ဖွဲ့များ ရုပ်သိမ်းမှုကို
၂ဝ၁၄ ခုနှစ်တွင်ရုပ်သိမ်း သွားမည်ဟု ကြေညာ ပြီး နောက်ပိုင်းတွင်
လာမည့်နှစ်သို့ ပြောင်းသွားကာ ဧပြီလကို အတည်ပြု ခဲ့သည်။
ဆွီဒင်နိုင်ငံအတွင်းရှိ အစိုးရဝက်ဘ်ဆိုက်များ တိုက်ခိုက်ခံရ
ဆွီဒင်နိုင်ငံ
အတွင်းရှိ အစိုးရ အဖွဲ့၏ ဝက်ဘ်ဆိုက်များကို ဟက်ကာများက အောက်တိုဘာ ၂ ရက်
ညပိုင်းနှင့် ၃ ရက် နံနက်ပိုင်းက တိုက်ခိုက်ခဲ့ကြောင်း နိုင်ငံတွင်း
သတင်းဌာန များက အောက်တိုဘာ ၃ ရက်တွင် ပြောကြား ခဲ့သည်ဟု သိရသည်။
တိုက်ခိုက်ခံ
ရသော ဝက်ဘ်ဆိုက်များမှာ အမျိုးသား တရားရုံးများ ဆိုင်ရာ
စီမံခန့်ခွဲရေးရုံး၊ အမျိုးသား ကျန်းမာရေးနှင့် လူမှုဖူလုံရေး
ဘုတ်အဖွဲ့များမှ ဝက်ဘ်ဆိုက်များ ဖြစ်ပြီး ဝက်ဘ်ဆိုက် များကို
တိုက်ခိုက်ခဲ့ သည့် ဟက်ကာများ၏ အမည်များကို မသိရှိရ သေးကြောင်း ဆွီဒင်
နေ့စဉ်ထုတ် သတင်း စာကြီး ဖြစ်သည့် Dagens Nyheter က ဖော်ပြခဲ့ သည်ဟု သိရသည်။
ဆွီဒင်
အစိုးရအဖွဲ့၊ လွှတ်တော်နှင့် ရဲတပ်ဖွဲ့များ၏ ဝက်ဘ်ဆိုက်များကို ဆိုက်ဘာ
တိုက်ခိုက်မည်ဟု ဟက်ကာ များက ခြိမ်းခြောက် ခဲ့ပြီးနောက် ယခုကဲ့သို့
တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ဆွီဒင် လက်နက်ကိုင် တပ်ဖွဲ့၏ ဝက်ဘ်ဆိုက်နှင့် အခြား အစိုးရပိုင် ဝက်ဘ်ဆိုက်များသည် တစ်လ အတောအတွင်းဟက်ကာ များ၏ တိုက်ခိုက်မှုကိုနှစ်ကြိမ် တိုင်တိုင် ခံခဲ့ရကြောင်း သိရသည်။
ရေပန်းဖြင့်ရေချိုးခြင်းကြောင့် ဘက်တီးရီးယားများ အသက်ရှူလမ်းကြောင်းသို့  လွယ်ကူစွာဝင်ရောက်နိုင်
သုတေသီများလေ့လာမှုတစ်ရပ်တွင် ရေပန်းဖြင့် ရေချိုးခြင်းသည် ကောင်းကျိုးထက် ဆိုးကျိုးကို ပိုမိုများပြားစေနိုင်ကြောင့် လေ့လာတွေ့ ရှိခဲ့ကြသည် ။
ရေပန်းပိုက်ခေါင်းသည် သန့် ရှင်းမှု မရှိသည့်အခါ၌ မျက်နှာမှတစ်ဆင့် ပိုက်ခေါင်းရှိ ဘက်တီးရီးယားများသည် အသက်ရှူလမ်းကြောင်းအတွင်းသို့ တိုက်ရိုက်ဝင်ရောက်ရန်အတွက် အခွင့်အလမ်းများကြောင်းလေ့လာတွေ့ ရှိခဲ့ရသည် ။
သာမန်လူများတွင် ရေပိုက်ခေါင်းမှတစ်ဆင့် ဘတ်တီးရီးယားကူးစက်မှုနည်းပါးသော်လည်း သက်ကြီးရွယ်အိုများ ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် အေ့စ် ရောဂါဝေဒနာရှင်ကဲ့သို့ ကိုယ်ခံအား မကောင်းသူများ အတွက်ဆိုးရွားသည့် အကျိုးသက်ရောက်မှုဖြစ်စေသောကြောင့် တွေ့ ရှိရသည် ။
သိပ္ပံပညာရှင်များ အနေဖြင့် လွန်ခဲ့သည်နှစ်များတွင် အဆုတ်မှတစ်ဆင့်ကူးစက်မှု ဝေဒနာလမ်းစများကို အဖြေရှာရာတွင် ရေပန်းနှင့် ရေချိုးခြင်းသည် ကြွေဇလုံဖြင့် ချိုးခြင်းထက် အဆပေါင်းများစွာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မှု ပိုမိုဖြစ်စေနိုင်ကြောင်းသိရသည် ။
Subscribe to:
Posts (Atom)